သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီေရာင္းမယ့္ အစိုးရေငြတိုက္စာခ်ဳပ္ မဝယ္ဖို႔ CRPH တိုက္တြန္း


ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) (ဓာတ္ပံု - Committee Representing Pyidaungsu Hluttaw - CRPH's Facebook)

[Zawgyi/Unicode]

စစ္ေကာင္စီက ေစ်းၿပိဳင္စနစ္နဲ႔ေရာင္းမယ္လုိ႔ ေၾကညာထားတဲ့ အစိုးရ ေငြတိုက္စာခ်ဳပ္ေတြကို မဝယ္ၾကဖို႔ ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဖြဲ႔စည္းထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) က ဒီကေန႔ရက္စြဲနဲ႔ သတင္းထုတ္ျပန္ပါတယ္။

သက္တမ္း ၂ ႏွစ္နဲ႔ ၄ ႏွစ္ရွိတ့ဲ အစိုးရေငြတိုက္စာခ်ဳပ္ က်ပ္သန္းေပါင္း ၂၀၀,၀၀၀ ဖိုးကို ေလလံတင္ ေရာင္းမယ္လုိ႔ စီမံကိန္း၊ ဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီးဌာန၊ ေငြတိုက္ဦးစီးဌာနက ေၾကညာခဲ့တာပါ။

အစိုးေငြြတုိက္စာခ်ဳပ္ (Treasury Bond) ေတြကို ပံုမွန္အားျဖင့္ တလတႀကိမ္ အေရာင္းအဝယ္ လုပ္ေလ့ရွိပါတယ္။

ဝယ္ယူသူေတြအေနနဲ႔ သတ္မွတ္သက္တမ္းျပည့္တဲ့အခါ သတ္မွတ္အတိုးေတြအတိုင္း အက်ဳိးအျမတ္ ရတာျဖစ္ပါတယ္။ ဝယ္တဲ့သူေတြက အစိုးရကို ေငြထုတ္ေခ်းသလိုျဖစ္ၿပီး ေနာက္ဆက္တြဲကေတာ့ အဲဒါေတြဟာ ျပည္တြင္းေႂကြးၿမီေတြ ျဖစ္သြားတာပါ။ ေငြတိုက္စာခ်ဳပ္ ဝယ္ယူထားသူေတြကို အစိုးရက အတိုးေပးရမယ့္အခ်ိန္ ေရာက္တဲ့အခါ ဘယ္ကရတဲ့ေငြနဲ႔ ေပးမလဲဆိုတာကလည္း ရွင္းရွင္းလင္းလင္း မရွိပါဘူး။

ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီကေတာ့ ဒီေငြတိုက္စာခ်ဳပ္ေတြကို ဝယ္ယူသူေတြအေနနဲ႔ ေနာက္ဆက္တြဲဆံုး႐ံႈးမႈေတြ ျဖစ္လာမယ္ဆိုရင္ ဝယ္သူေတြရဲ႕တာဝန္သာျဖစ္ၿပီး ျပည္သူ႔အစိုးရက တာဝန္ယူေဆာင္ရြက္ေပးမွာ မဟုတ္ဘူးလို႔ သတင္းထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

"အာဏာသိမ္း စစ္ေကာင္စီဟာ ႏုိင္ငံေတာ္အာဏာကို အသံုးျပဳႏိုင္တဲ့ တရားဝင္တဲ့ အဖြဲ႔အစည္း မဟုတ္တဲ့အတြက္ ေငြတိုက္စာခ်ဳပ္ေတြ ေရာင္းခ်တာအပါအဝင္ ဘယ္လို အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး၊ တရားစီရင္ေရးလုပ္ငန္းကိုမွ လုပ္ပိုင္ခြင့္မရွိဘူး။" လို႔လည္း ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်ကောင်စီရောင်းမယ့် အစိုးရငွေတိုက်စာချုပ် မဝယ်ဖို့ CRPH တိုက်တွန်း

စစ်ကောင်စီက ဈေးပြိုင်စနစ်နဲ့ရောင်းမယ်လို့ ကြေညာထားတဲ့ အစိုးရ ငွေတိုက်စာချုပ်တွေကို မဝယ်ကြဖို့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီကနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

သက်တမ်း ၂ နှစ်နဲ့ ၄ နှစ်ရှိတဲ့ အစိုးရငွေတိုက်စာချုပ် ကျပ်သန်းပေါင်း ၂၀၀,၀၀၀ ဖိုးကို လေလံတင် ရောင်းမယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနက ကြေညာခဲ့တာပါ။

အစိုးငွေတိုက်စာချုပ် (Treasury Bond) တွေကို ပုံမှန်အားဖြင့် တလတကြိမ် အရောင်းအဝယ် လုပ်လေ့ရှိပါတယ်။

ဝယ်ယူသူတွေအနေနဲ့ သတ်မှတ်သက်တမ်းပြည့်တဲ့အခါ သတ်မှတ်အတိုးတွေအတိုင်း အကျိုးအမြတ် ရတာဖြစ်ပါတယ်။ ဝယ်တဲ့သူတွေက အစိုးရကို ငွေထုတ်ချေးသလိုဖြစ်ပြီး နောက်ဆက်တွဲကတော့ အဲဒါတွေဟာ ပြည်တွင်းကြွေးမြီတွေ ဖြစ်သွားတာပါ။ ငွေတိုက်စာချုပ် ဝယ်ယူထားသူတွေကို အစိုးရက အတိုးပေးရမယ့်အချိန် ရောက်တဲ့အခါ ဘယ်ကရတဲ့ငွေနဲ့ ပေးမလဲဆိုတာကလည်း ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကတော့ ဒီငွေတိုက်စာချုပ်တွေကို ဝယ်ယူသူတွေအနေနဲ့ နောက်ဆက်တွဲဆုံးရှုံးမှုတွေ ဖြစ်လာမယ်ဆိုရင် ဝယ်သူတွေရဲ့တာဝန်သာဖြစ်ပြီး ပြည်သူ့အစိုးရက တာဝန်ယူဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

"အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို အသုံးပြုနိုင်တဲ့ တရားဝင်တဲ့ အဖွဲ့အစည်း မဟုတ်တဲ့အတွက် ငွေတိုက်စာချုပ်တွေ ရောင်းချတာအပါအဝင် ဘယ်လို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးလုပ်ငန်းကိုမှ လုပ်ပိုင်ခွင့်မရှိဘူး။" လို့လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

XS
SM
MD
LG