သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနနဲ႔ ဆက္သြယ္ေမးျမန္းခ်က္


တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္

(Zawgyi/Unicode)

၂၀၀၈ ဖြဲ႕စည္းပုံအရ ႏိုင္ငံေတာ္သမၼတကို ရာဇဝတ္ေၾကာင္းနဲ႔ တရားစြဲဆိုလို႔ မရဘူးလို႔ ျပဌာန္းထားတဲ့အတြက္ သမၼတဦးဝင္းျမင့္ကို တရားစြဲဆိုမႈဟာ ဥပေဒေၾကာင္းအရ ပ်က္ျပယ္ေနတယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ဗြီအိုေအကိုေျပာပါတယ္။ အလားတူႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အေပၚ စြပ္စြဲခ်က္ကို ၾကည့္ရင္လည္းလက္တေလာ ဘာမွမလုပ္ႏိုင္ေအာင္ ထိန္းသိမ္းထားလိုတဲ့ ရည္႐ြယ္ခ်က္မ်ိဳးနဲ႔ လုပ္ေဆာင္တယ္လို႔ ျမင္ေၾကာင္း ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။ အဂၤါေန႔က စစ္ေကာင္စီကေန ေဒၚေအာင္ဆန္းစုၾကည္အေပၚ အရင္ စြဲခ်က္တခုအျပင္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ နဲ႔ ေနာက္ထပ္စြဲခ်က္တင္လိုက္ပါတယ္။

အဲဒီလို စြဲခ်က္အသစ္ မတိုင္ခင္ နာရီပိုင္းအတြင္း ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ အက်ိဳးေဆာင္ေရွ႕ေနအျဖစ္ လိုက္ပါေဆာင္႐ြက္ခြင့္ရဖို႔ ႀကိဳးပမ္းေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

အင္ၾကင္းႏိုင္။ ။ ဆရာတို႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္ရဖို႔ ႀကိဳးပမ္းေနတဲ့ အေျခအေန ဘယ္လိုရွိလဲ။

ေရွ႕ေန ဦးခင္ေမာင္ေဇာ္ ။ ။ က်ေနာ္တို႔နဲ႔ တိုက္႐ိုက္ေတြ႕ခြင့္မရေသးပါဘူးခင္ဗ်။ ေနာက္တခါ ခ႐ိုင္တရားသူႀကီးက ေျပာလိုက္တာကလည္း က်ေနာ္တို႔ကို သူတို႔ ေရွ႕ေနကိုယ္စားလွယ္စာ တင္မထားရင္ Virtual Video Conference မွာ က်ေနာ္တို႔ ပါခြင့္မရွိေသးဘူးလို႔ ေျပာပါတယ္ခင္ဗ်။ ႐ုံးတင္တဲ့ေန႔မွာ သက္ဆိုင္တဲ့ တရားသူႀကီးေပါ့ ၊ အမႈကိုင္တဲ့ တရားသူႀကီးက သူတို႔ကို ေမးမွာပါတဲ့ ။ ေသခ်ာေပါက္ ေရွ႕ေနဌားမလား၊ ေရွ႕ေနဌားမယ္ဆိုရင္ ဘယ္သူ႔ကို ဌားမလဲ (သို႔မဟုတ္) စဥ္းစားဖို႔ ရွိေသးသလားေပါ့ ။ဘယ္သူ႔ကို ဌားမယ္ဆိုရင္ေတာ့ အဲဒီေရွ႕ေန ကိုယ္စားလွယ္စာတင္ဖို႔အတြက္ စီစဥ္ေပးပါ ဆိုၿပီးေတာ့ ရဲကို တရား႐ုံးက ၫႊန္ၾကားမယ္လို႔ ေျပာပါတယ္ခင္ဗ်။

အင္ၾကင္းႏိုင္။ ။ အဲဒီေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို ႐ုံးတင္မယ့္ ရက္ခ်ိန္းေတြအခုဘယ္လို ရွိသလဲရွင့္။

ေရွ႕ေန ဦးခင္ေမာင္ေဇာ္ ။ ။ ေဒၚေအာင္ဆန္းစုၾကည္ကို ႐ုံးတင္မယ့္ ရက္ခ်ိန္းက ဒီလိုဗ်၊ က်ေနာ္တို႔ႏိုင္ငံမွာက Case Management Program ဆိုတာ ရွိတယ္ခင္ဗ်။ Case Management Program ဆိုတာက တရား႐ုံးေတြကို တင္လာၿပီဆိုရင္ တရားခံဘက္နဲ႔ တရားလိုဘက္ ၊ ေနာက္တရားသူႀကီး ၃ ဦး ဒီအတြက္ သပ္သပ္ေပ့ါေလ။ ဒါက ဘယ္လိုအမႈမ်ိဳးျဖစ္တယ္ ၊ ႐ိုးရွင္းလြယ္ကူသလား၊ ဒါဆိုရင္ ၆ လအတြင္းဆက္မယ္၊ အလယ္အလတ္လား ဒါဆိုရင္ ၁ ႏွစ္အတြင္း၊ ခက္ခဲသလား ရႈတ္ေထြးသလား ဒါဆိုရင္ ၂ ႏွစ္ေပါ့ေလ။ အဲဒီလို အမႈကို အမ်ိဳးအစားသတ္မွတ္မယ္ေပါ့ဗ်ာ။ ေနာက္တခါ ႐ုံးခ်ိန္းေတြကို တရားလိုဘက္ သက္ေသေတြ စစ္ၿပီးတဲ့အထိေပါ့ဗ်ာ။ ႐ုံးခ်ိန္းေတြကို ဘယ္ေန႔ ဘယ္အထိ ဆိုတဲ့ကိစၥ အဲဒါေလးေတြကို စီစဥ္တာ အဲဒါကို Case Management Program လို႔ ေခၚပါတယ္။ အဲဒါက ၂ ဖက္ ေရွ႕ေနေတြပါမယ္ဆိုရင္ ေရွ႕ေနေတြနဲ႔ တရားသူႀကီး ညႇိရပါတယ္ခင္ဗ်။ အဲဒါမ်ိဳးကေတာ့ အခုက ေရွ႕ေနေတြလည္း မရွိေသးေတာ့ Case Management Program မလုပ္ႏိုင္ေသးဘူးေပါ့ဗ်ာ။ တရားသူႀကီးကိုယ္တိုင္လည္း ႐ုံးကို အမႈတင္တဲ့အခါမွာ ရဲကို ေျပာမယ္လို႔ ေျပာပါတယ္။ Case Management Program ၂ ဖက္ ေရွ႕ေနေတြစုံမွ လုပ္ရမွာျဖစ္တဲ့အတြက္ တရားခံဘက္က ေရွ႕ေန ဌားမယ္ဆိုရင္ ဌားတဲ့ ေရွ႕ေန ေတြနဲ႔ ဆက္သြယ္လို႔ရေအာင္ ေဆာင္႐ြက္ေပးဖို႔ဆိုၿပီးေတာ့ ညႇိႏႈိင္းမယ္လို႔ ေျပပါတယ္။ အခုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႐ုံးခ်ိန္း ဘယ္လို ဘယ္လိုဆိုတာ ရက္အတိအက် ဘယ္ေန႔ ဘယ္လိုဆိုတာ မရွိေသးပါဘူးခင္ဗ်။

အင္ၾကင္းႏိုင္။ ။ ဆရာတို႔ အက်ိဳးေဆာင္ေရွ႕ေနေတြအေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ ၊ သမၼတ ဦးဝင္းျမင့္တို႔အမႈေတြကို ဘယ္လိုမ်ိဳး လိုက္ပါေဆာင္႐ြက္ေပးေနတာလဲရွင့္။ အခုအေနအထားကေလ။

ေရွ႕ေန ဦးခင္ေမာင္ေဇာ္ ။ ။ အခုအေနအထားကေတာ့ ဒီလိုဗ်၊ သူတို႔ကို ဖမ္းသြားသြားခ်င္းမွာပဲ ၊ ဖမ္းသြားတယ္ ၊ ဖမ္းသြားၿပီးေတာ့ ေနာက္ေန႔ Social Media မွာ တက္လာတယ္ေပါ့ဗ်ာ ၊ သူတို႔ကို ရမန္ယူတယ္ဆိုၿပီေတာ့ ဘယ္ပုဒ္မ ဘယ္ဥပေဒ ေတြနဲ႔ ရမန္ယူတယ္ဆိုၿပီးေတာ့ Social Media မွာ ရမန္ေတာင္းတဲ့စာေပါ့ေနာ္ ။ ခ်ဳပ္ရမန္ေတာင္းတဲ့စာနဲ႔ အဲဒီ စြပ္စြဲခ်က္ေတြ တက္လာတာနဲ႔ NLD က CEC ကေနၿပီးေတာ့ အဲဒီအခ်ိန္မွာ ဦးဝင္းထိန္ ဦးေဆာာင္ၿပီးေတာ့ က်ေနာ့္ကို လွမ္းၿပီးေတာ့ အကူအညီေတာင္းတယ္။ က်ေနာ္ကို စာနဲ႔ေရးၿပီးေတာ့ တရားဝင္ခန႔္ထားတာ ၊ တရားဝင္ သူတို႔ႏွစ္ေယာက္ရဲ႕ ေရွ႕ေနအျဖစ္နဲ႔ ေဆာင္႐ြက္ေပးဖို႔ ခန႔္တဲ့စာ ပို႔ထားပါတယ္။ အဲဒီေနာက္ ဦးဝင္းထိန္ကလည္း အခုက အဖမ္းခံလိုက္ရၿပီေပါ့ဗ်ာ။ ၁၉ ရက္ေန႔ ထုတ္မယ္ အဲဒီအခ်ိန္မွာလည္း သူကေနၿပီးေတာ့ ေရွ႕ေနအျဖစ္ လိုတယ္ဆိုရင္ က်ေနာ္လိုက္မွာေပါ့ဗ်ာ။ ဆိုေတာ့ NLDCEC က ေနၿပီးေတာ့ တာဝန္ေပးေတာ့ ျဖစ္လာတာပါ။ သူတို႔နဲ႔ တိုက္႐ိုက္မေတြ႕ေသးေတာ့ သူတို႔ရဲ႕ official defense council ေတာ့ မျဖစ္ေသးဘူးေပါ့။ officially မျဖစ္ေသးပါဘူး။

အင္ၾကင္းႏိုင္။ ။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္တို႔ကို စြဲထားတဲ့ အမႈေတြအေပၚမွာ ဆရာတို႔ သုံးသပ္ခ်က္ ဘယ္လိုရွိလဲ။

ေရွ႕ေနဦး ခင္ေမာင္ေဇာ္။ ။ အမႈက ႐ုံးေပၚကို မေရာက္ေသးတဲ့အတြက္ စစ္ေဆးစီရင္ဆဲ အမႈေတာ့ မဟုတ္ေသးဘူး။ စြပ္စြဲခ်က္ပဲ ရွိပါေသးတယ္။ အဲေတာ့ စစ္ေဆးစီရင္ဆဲ အမႈဆိုရင္ အဲဒီအမႈကို လိုက္ပါေနတဲ့ ေရွ႕ေန က်င့္ဝတ္အရ မွန္တယ္၊ မွားတယ္၊ အေကာင္းအဆိုး၊ ေနာက္ ခိုင္ခိုင္မာမာ ေကာက္ခ်က္ခ်တဲ့ ေကာ္မန႔္မ်ိဳးေတြ မေပးသင့္ဘူးေပါ့။ ဒါ အခုဟာက ရံုးက လက္ခံတဲ့ အဆင့္မေရာက္ေသးတဲ့အတြက္ေၾကာင့္ စြပ္စဲြခ်က္ေတြကို ေျပာမယ္ဆိုရင္ေတာ့- ဥပမာအရ အာဏာသိမ္းပိုက္ထားတဲ့သူေတြ ဆုပ္ကိုင္ထားတဲ့ ၂၀၀၈ အေျခခံဥပေဒအရကိုပဲႏိုင္ငံေတာ္သမၼတဆိုရင္ အခုထိ ႏိုင္ငံေတာ္သမၼတ ျဖစ္ေနေသးတယ္။ အဲေတာ့ ဦး၀င္းျမင့္က သမၼတေနရာမွာပဲ ရွိေသးတယ္ဗ်။ သမၼတကို ရာဇ၀တ္ေၾကာင္း၊ တရားမေၾကာင္း ေျဖရွင္းဖို႔ တာ၀န္မရွိေစရလို႔ ျပဌာန္းထားတာရွိပါတယ္။ အဲေတာ့ ဥပေဒေၾကာင္းအရကိုပဲ ပ်က္ျပယ္ေနတယ္လို႔ က်ေနာ္ယူဆပါတယ္။ ဒါက ဦး၀င္းျမင့္ပါ။

ေနာက္ ေဒၚေအာင္ဆန္းစုၾကည္ကို စြပ္စဲြထားတဲ့ကိစၥကေတာ့ သူ႔ရဲ႕ ကိုယ္ရံေတာ္တပ္ဖဲြ႕က သံုးတဲ့ ဖုန္းကို သူကေနၿပီး ႏိုင္ငံျခားကေန ဥပေဒနဲ႔ မညီပဲ ယူလာတယ္ဆိုၿပီး စြပ္စဲြတာေပါ့ဗ်ာ။ ပို႔ကုန္သြင္းကုန္ ဥပေဒနဲ႔ စဲြတာပါ။ အဲဒါလည္း ဥပေဒနဲ႔ မညီဘူးလို႔ ယူဆပါတယ္။ အဲတာေၾကာင့္လည္း ဒီအမႈကို ဥပေဒနဲ႔အညီ ေဆာင္ရြက္ေပးမယ္လို႔ က်ေနာ္ ဆံုးျဖတ္ထားပါတယ္။

အင္ၾကင္းႏိုင္။ ။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦး၀င္းျမင့္ကို ဘယ္သူေတြက စဲြခ်က္တင္ထားလဲ ဆရာ။

ေရွ႕ေနဦးခင္ေမာင္ေဇာ္။ ။ အဲဒါကေတာ့ တာ၀န္ေပးထားတဲ့ ဒုရဲမွဴး ႏွစ္ေယာက္ဗ်။

အင္ၾကင္းႏိုင္။ ။ သမၼတ ဦး၀င္းျမင့္ကို သဘာ၀ေဘးအႏၱရာယ္ စီမံခန္႔ခဲြမႈ ပုဒ္မ (၂၅) နဲ႔ စဲြထားတဲ့ အခ်က္ကို ဘယ္လို နားလည္လို႔ရမလဲ။

ေရွ႕ေန ဦးခင္ေမာင္ေဇာ္။ ။ သူတို႔အေၾကာင္းျပတာကေတာ့ သူ႔ေရွ႕မွာ NLD ေထာက္ခံတဲ့ လူစုႀကီးျဖတ္သြားတယ္ေပါ့ဗ်ာ။ ျဖတ္သြားတဲ့အခါက်ေတာ့ သူနဲ႔သူ႔ဇနီးက လက္ေ၀ွ႕ရမ္းျပတယ္ေပါ့ဗ်ာ။ အဲဒါက သဘာ၀ေဘးအႏၱရာယ္ပုဒ္မ (၂၅)မွာပါတဲ့ သဘာ၀ေဘးအႏၱရာယ္ျဖစ္ေစတဲ့ အျပုအမူကို သိလ်က္နဲ႔ ျဖစ္ေစ၊ မသိလ်က္နဲ႔ ျဖစ္ေစ လုပ္ကိုင္တယ္ဆိုၿပီးေတာ့ စဲြတာပဲဗ်။ ခုန ေျပာသလို ဥပေဒ သက္သက္အရ မဟုတ္ပဲနဲ႔ အမႈအေၾကာင္းအရာ သူတို႔ စြပ္စဲြခ်က္အရ ျပန္စဥ္းစားရင္လည္း ေတာ္ေတာ္ကို အလွမ္းကြာေနတဲ့ ကိစၥလို႔ က်ေနာ္ယူဆပါတယ္။

အင္ၾကင္းႏိုင္။။ ဒီလို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦး၀င္းျမင့္တို႔ကို စဲြခ်က္တင္ထားတဲ့ ပုဒ္မေတြကို ၾကည့္ျခင္းအားျဖင့္ တရားစဲြဖို႔ ႀကိဳးစားေနသူေတြရဲ႕ ရည္ရြယ္ခ်က္၊ ဘယ္အတိုင္းအထိ သူတို႔က ဘယ္လိုပံုစံမ်ဳိးနဲ႔ ဥပမာ- ေထာင္ခ်ဖို႔လား စသျဖင့္ သူတို႔ရဲ႕ ရည္ရြယ္ခ်က္ကို ဆရာဘယ္လို သံုးသပ္လဲ။

ေရွ႕ေနဦးခင္ေမာင္ေဇာ္။ ။ ဒီေနရာမွာ က်ေနာ္ေျပာခ်င္တာက က်ေနာ္က ႏိုင္ငံေရးမွာလည္း အေတြ႕အႀကံဳအေတာ္ရွိပါတယ္။ ဒါေပမဲ့ ဒီအလုပ္မွာ က်ေနာ္က ေရွ႕ေန အလုပ္လုပ္ေနတဲ့အတြက္ေၾကာင့္ ေရွ႕ေန အေနနဲ႔ စဥ္းစားရင္ က်ေနာ္အဲဒါကို ေခါင္းထဲ မထည့္ျဖစ္ပါဘူး။ အဲေတာ့ သတ္သတ္စဥ္းစားမယ္ဆိုရင္ေတာ့ လတ္တေလာမွာ disable မလႈပ္မရွားႏိုင္ေအာင္ေဆာင္ရြက္ထားတဲ့ ကိစၥမ်ဳိးပဲလို႔ က်ေနာ္ထင္ပါတယ္။ ျပစ္ဒဏ္က သံုးႏွစ္ အလြန္ဆံုးက်ခံရမယ့္ ပုဒ္မေတြျဖစ္ပါတယ္။ ေနာက္ အာမခံ ေပးလို႔ မရတဲ့ ပုဒ္မေတြျဖစ္တဲ့အတြက္ေၾကာင့္ အမႈရင္ဆိုင္ေနရတဲ့ ကာလအတြင္း အာမခံမေပးပဲနဲ႔ ထိန္းသိမ္းခ်င္လည္း ထိန္းသိမ္းထားႏိုင္တဲ့ သေဘာျဖစ္ပါတယ္။ ေနာက္ မျဖစ္ျဖစ္ေအာင္ အျပစ္ေပးလိုက္မယ္ဆိုရင္လည္း သံုးႏွစ္ေလာက္ အျပစ္ေပးႏိုင္တဲ့ အေျခအေနမ်ဳိးျဖစ္တယ္။

တကယ္တကယ္ ထိထိေရာက္ေရာက္ တအားကို ျပင္းျပင္းထန္ထန္ လုပ္ခ်င္တယ္ဆိုရင္လည္း တျခားဥပေဒ၊ တျခားပုဒ္မေတြလည္း ျဖစ္ႏိုင္တာေပါ့။ စစ္အစိုးရလက္ထက္တေလ်ာက္လံုးလည္း ဥပေဒ ပုဒ္မ သံုးမ်ဳိး တင္ၿပီး သီးျခားစီဆိုၿပီး ေထာင္ဒဏ္ ႏွစ္ (၁၀၀) ခ်မွတ္တာမ်ိဳးလုပ္ခဲ့တဲ့ အေျခအေနမ်ဳိးလည္းရွိခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အက်ဳိးေဆာင္အျဖစ္ ေရွ႕ေနပါ၀ါ ရဖို႔ ခြင့္ျပဳခ်က္ ေစာင့္ေနရတဲ့ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

.............

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေနဲ့ ဆက်သွယ်မေးမြန်းချက်

(Unicode)

၂၀၀၈ ဖွဲ့စည်းပုံအရနိုင်ငံတော်သမ္မတကို ရာဇဝတ်ကြောင်းနဲ့ တရားစွဲဆိုလို့ မရဘူးလို့ ပြဌာန်းထားတဲ့အတွက် သမ္မတဦးဝင်းမြင့်ကို တရားစွဲဆိုမှုဟာ ဥပဒေကြောင်းအရ ပျက်ပြယ်နေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဗွီအိုအေကိုပြောပါတယ်။ အလားတူနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွပ်စွဲချက်ကို ကြည့်ရင်လည်းလက်တလော ဘာမှမလုပ်နိုင်အောင် ထိန်းသိမ်းထားလိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်ဆောင်တယ်လို့ မြင်ကြောင်း ဦးခင်မောင်ဇော်က ပြောပါတယ်။ အင်္ဂါနေ့က စစ်ကောင်စီကနေ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရင် စွဲချက်တခုအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ နဲ့ နောက်ထပ်စွဲချက်တင်လိုက်ပါတယ်။

အဲဒီလို စွဲချက်အသစ် မတိုင်ခင် နာရီပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကျိုးဆောင်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကိုမအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ ဆရာတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ အခြေအနေ ဘယ်လိုရှိလဲ။

ရှေ့နေ ဦးခင်မောင်ဇော် ။ ။ ကျနော်တို့နဲ့ တိုက်ရိုက်တွေ့ခွင့်မရသေးပါဘူးခင်ဗျ။ နောက်တခါ ခရိုင်တရားသူကြီးက ပြောလိုက်တာကလည်း ကျနော်တို့ကို သူတို့ ရှေ့နေကိုယ်စားလှယ်စာ တင်မထားရင် Virtual Video Conference မှာ ကျနော်တို့ ပါခွင့်မရှိသေးဘူးလို့ ပြောပါတယ်ခင်ဗျ။ ရုံးတင်တဲ့နေ့မှာ သက်ဆိုင်တဲ့ တရားသူကြီးပေါ့ ၊ အမှုကိုင်တဲ့ တရားသူကြီးက သူတို့ကို မေးမှာပါတဲ့ ။ သေချာပေါက် ရှေ့နေဌားမလား၊ ရှေ့နေဌားမယ်ဆိုရင် ဘယ်သူ့ကို ဌားမလဲ (သို့မဟုတ်) စဉ်းစားဖို့ ရှိသေးသလားပေါ့ ။ဘယ်သူ့ကို ဌားမယ်ဆိုရင်တော့ အဲဒီရှေ့နေ ကိုယ်စားလှယ်စာတင်ဖို့အတွက် စီစဉ်ပေးပါ ဆိုပြီးတော့ ရဲကို တရားရုံးက ညွှန်ကြားမယ်လို့ ပြောပါတယ်ခင်ဗျ။

အင်ကြင်းနိုင်။ ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်မယ့် ရက်ချိန်းတွေအခုဘယ်လို ရှိသလဲရှင့်။

ရှေ့နေ ဦးခင်မောင်ဇော် ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်မယ့် ရက်ချိန်းက ဒီလိုဗျ၊ ကျနော်တို့နိုင်ငံမှာက Case Management Program ဆိုတာ ရှိတယ်ခင်ဗျ။ Case Management Program ဆိုတာက တရားရုံးတွေကို တင်လာပြီဆိုရင် တရားခံဘက်နဲ့ တရားလိုဘက် ၊ နောက်တရားသူကြီး ၃ ဦး ဒီအတွက် သပ်သပ်ပေ့ါလေ။ ဒါက ဘယ်လိုအမှုမျိုးဖြစ်တယ် ၊ ရိုးရှင်းလွယ်ကူသလား၊ ဒါဆိုရင် ၆ လအတွင်းဆက်မယ်၊ အလယ်အလတ်လား ဒါဆိုရင် ၁ နှစ်အတွင်း၊ ခက်ခဲသလား ရှုတ်ထွေးသလား ဒါဆိုရင် ၂ နှစ်ပေါ့လေ။ အဲဒီလို အမှုကို အမျိုးအစားသတ်မှတ်မယ်ပေါ့ဗျာ။ နောက်တခါ ရုံးချိန်းတွေကို တရားလိုဘက် သက်သေတွေ စစ်ပြီးတဲ့အထိပေါ့ဗျာ။ ရုံးချိန်းတွေကို ဘယ်နေ့ ဘယ်အထိ ဆိုတဲ့ကိစ္စ အဲဒါလေးတွေကို စီစဉ်တာ အဲဒါကို Case Management Program လို့ ခေါ်ပါတယ်။ အဲဒါက ၂ ဖက် ရှေ့နေတွေပါမယ်ဆိုရင် ရှေ့နေတွေနဲ့ တရားသူကြီး ညှိရပါတယ်ခင်ဗျ။ အဲဒါမျိုးကတော့ အခုက ရှေ့နေတွေလည်း မရှိသေးတော့ Case Management Program မလုပ်နိုင်သေးဘူးပေါ့ဗျာ။ တရားသူကြီးကိုယ်တိုင်လည်း ရုံးကို အမှုတင်တဲ့အခါမှာ ရဲကို ပြောမယ်လို့ ပြောပါတယ်။ Case Management Program၂ ဖက် ရှေ့နေတွေစုံမှ လုပ်ရမှာဖြစ်တဲ့အတွက် တရားခံဘက်က ရှေ့နေ ဌားမယ်ဆိုရင် ဌားတဲ့ ရှေ့နေ တွေနဲ့ ဆက်သွယ်လို့ရအောင် ဆောင်ရွက်ပေးဖို့ဆိုပြီးတော့ ညှိနှိုင်းမယ်လို့ ပြေပါတယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးချိန်း ဘယ်လို ဘယ်လိုဆိုတာ ရက်အတိအကျ ဘယ်နေ့ ဘယ်လိုဆိုတာ မရှိသေးပါဘူးခင်ဗျ။

အင်ကြင်းနိုင်။ ။ ဆရာတို့ အကျိုးဆောင်ရှေ့နေတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၊ သမ္မတ ဦးဝင်းမြင့်တို့အမှုတွေကို ဘယ်လိုမျိုး လိုက်ပါဆောင်ရွက်ပေးနေတာလဲရှင့်။ အခုအနေအထားကလေ။

ရှေ့နေ ဦးခင်မောင်ဇော် ။ ။ အခုအနေအထားကတော့ ဒီလိုဗျ၊ သူတို့ကို ဖမ်းသွားသွားချင်းမှာပဲ ၊ ဖမ်းသွားတယ် ၊ ဖမ်းသွားပြီးတော့ နောက်နေ့ Social Media မှာ တက်လာတယ်ပေါ့ဗျာ ၊ သူတို့ကို ရမန်ယူတယ်ဆိုပြီတော့ ဘယ်ပုဒ်မ ဘယ်ဥပဒေ တွေနဲ့ ရမန်ယူတယ်ဆိုပြီးတော့ Social Media မှာ ရမန်တောင်းတဲ့စာပေါ့နော် ။ ချုပ်ရမန်တောင်းတဲ့စာနဲ့ အဲဒီ စွပ်စွဲချက်တွေ တက်လာတာနဲ့ NLD က CEC ကနေပြီးတော့ အဲဒီအချိန်မှာ ဦးဝင်းထိန် ဦးဆောာင်ပြီးတော့ ကျနော့်ကို လှမ်းပြီးတော့ အကူအညီတောင်းတယ်။ ကျနော်ကို စာနဲ့ရေးပြီးတော့ တရားဝင်ခန့်ထားတာ ၊ တရားဝင် သူတို့နှစ်ယောက်ရဲ့ ရှေ့နေအဖြစ်နဲ့ ဆောင်ရွက်ပေးဖို့ ခန့်တဲ့စာ ပို့ထားပါတယ်။ အဲဒီနောက် ဦးဝင်းထိန်ကလည်း အခုက အဖမ်းခံလိုက်ရပြီပေါ့ဗျာ။ ၁၉ ရက်နေ့ ထုတ်မယ် အဲဒီအချိန်မှာလည်း သူကနေပြီးတော့ ရှေ့နေအဖြစ် လိုတယ်ဆိုရင် ကျနော်လိုက်မှာပေါ့ဗျာ။ ဆိုတော့ NLDCEC က နေပြီးတော့ တာဝန်ပေးတော့ ဖြစ်လာတာပါ။ သူတို့နဲ့ တိုက်ရိုက်မတွေ့သေးတော့ သူတို့ရဲ့ official defense council တော့ မဖြစ်သေးဘူးပေါ့။ officially မဖြစ်သေးပါဘူး။

အင်ကြင်းနိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စွဲထားတဲ့ အမှုတွေအပေါ်မှာ ဆရာတို့ သုံးသပ်ချက် ဘယ်လိုရှိလဲ။

ရှေ့နေဦး ခင်မောင်ဇော်။ ။ အမှုက ရုံးပေါ်ကို မရောက်သေးတဲ့အတွက် စစ်ဆေးစီရင်ဆဲ အမှုတော့ မဟုတ်သေးဘူး။ စွပ်စွဲချက်ပဲ ရှိပါသေးတယ်။ အဲတော့ စစ်ဆေးစီရင်ဆဲ အမှုဆိုရင် အဲဒီအမှုကို လိုက်ပါနေတဲ့ ရှေ့နေ ကျင့်ဝတ်အရ မှန်တယ်၊ မှားတယ်၊ အကောင်းအဆိုး၊ နောက် ခိုင်ခိုင်မာမာ ကောက်ချက်ချတဲ့ ကော်မန့်မျိုးတွေ မပေးသင့်ဘူးပေါ့။ ဒါ အခုဟာက ရုံးက လက်ခံတဲ့ အဆင့်မရောက်သေးတဲ့အတွက်ကြောင့် စွပ်စွဲချက်တွေကို ပြောမယ်ဆိုရင်တော့- ဥပမာအရ အာဏာသိမ်းပိုက်ထားတဲ့သူတွေ ဆုပ်ကိုင်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေအရကိုပဲနိုင်ငံတော်သမ္မတဆိုရင် အခုထိ နိုင်ငံတော်သမ္မတ ဖြစ်နေသေးတယ်။ အဲတော့ ဦးဝင်းမြင့်က သမ္မတနေရာမှာပဲ ရှိသေးတယ်ဗျ။ သမ္မတကို ရာဇဝတ်ကြောင်း၊ တရားမကြောင်း ဖြေရှင်းဖို့ တာဝန်မရှိစေရလို့ ပြဌာန်းထားတာရှိပါတယ်။ အဲတော့ ဥပဒေကြောင်းအရကိုပဲ ပျက်ပြယ်နေတယ်လို့ ကျနော်ယူဆပါတယ်။ ဒါက ဦးဝင်းမြင့်ပါ။

နောက် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ကိစ္စကတော့ သူ့ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့က သုံးတဲ့ ဖုန်းကို သူကနေပြီး နိုင်ငံခြားကနေ ဥပဒေနဲ့ မညီပဲ ယူလာတယ်ဆိုပြီး စွပ်စွဲတာပေါ့ဗျာ။ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ စွဲတာပါ။ အဲဒါလည်း ဥပဒေနဲ့ မညီဘူးလို့ ယူဆပါတယ်။ အဲတာကြောင့်လည်း ဒီအမှုကို ဥပဒေနဲ့အညီ ဆောင်ရွက်ပေးမယ်လို့ ကျနော် ဆုံးဖြတ်ထားပါတယ်။

အင်ကြင်းနိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ဘယ်သူတွေက စွဲချက်တင်ထားလဲ ဆရာ။

ရှေ့နေဦးခင်မောင်ဇော်။ ။ အဲဒါကတော့ တာဝန်ပေးထားတဲ့ ဒုရဲမှူး နှစ်ယောက်ဗျ။

အင်ကြင်းနိုင်။ ။ သမ္မတ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ (၂၅) နဲ့ စွဲထားတဲ့ အချက်ကို ဘယ်လို နားလည်လို့ရမလဲ။

ရှေ့နေ ဦးခင်မောင်ဇော်။ ။ သူတို့အကြောင်းပြတာကတော့ သူ့ရှေ့မှာ NLD ထောက်ခံတဲ့ လူစုကြီးဖြတ်သွားတယ်ပေါ့ဗျာ။ ဖြတ်သွားတဲ့အခါကျတော့ သူနဲ့သူ့ဇနီးက လက်ဝှေ့ရမ်းပြတယ်ပေါ့ဗျာ။ အဲဒါက သဘာဝဘေးအန္တရာယ်ပုဒ်မ (၂၅)မှာပါတဲ့ သဘာဝဘေးအန္တရာယ်ဖြစ်စေတဲ့ အပြုအမူကို သိလျက်နဲ့ ဖြစ်စေ၊ မသိလျက်နဲ့ ဖြစ်စေ လုပ်ကိုင်တယ်ဆိုပြီးတော့ စွဲတာပဲဗျ။ ခုန ပြောသလို ဥပဒေ သက်သက်အရ မဟုတ်ပဲနဲ့ အမှုအကြောင်းအရာ သူတို့ စွပ်စွဲချက်အရ ပြန်စဉ်းစားရင်လည်း တော်တော်ကို အလှမ်းကွာနေတဲ့ ကိစ္စလို့ ကျနော်ယူဆပါတယ်။

အင်ကြင်းနိုင်။။ ဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စွဲချက်တင်ထားတဲ့ ပုဒ်မတွေကို ကြည့်ခြင်းအားဖြင့် တရားစွဲဖို့ ကြိုးစားနေသူတွေရဲ့ ရည်ရွယ်ချက်၊ ဘယ်အတိုင်းအထိ သူတို့က ဘယ်လိုပုံစံမျိုးနဲ့ ဥပမာ- ထောင်ချဖို့လား စသဖြင့် သူတို့ရဲ့ ရည်ရွယ်ချက်ကို ဆရာဘယ်လို သုံးသပ်လဲ။

ရှေ့နေဦးခင်မောင်ဇော်။ ။ ဒီနေရာမှာ ကျနော်ပြောချင်တာက ကျနော်က နိုင်ငံရေးမှာလည်း အတွေ့အကြုံအတော်ရှိပါတယ်။ ဒါပေမဲ့ ဒီအလုပ်မှာ ကျနော်က ရှေ့နေ အလုပ်လုပ်နေတဲ့အတွက်ကြောင့် ရှေ့နေ အနေနဲ့ စဉ်းစားရင် ကျနော်အဲဒါကို ခေါင်းထဲ မထည့်ဖြစ်ပါဘူး။ အဲတော့ သတ်သတ်စဉ်းစားမယ်ဆိုရင်တော့ လတ်တလောမှာ disable မလှုပ်မရှားနိုင်အောင်ဆောင်ရွက်ထားတဲ့ ကိစ္စမျိုးပဲလို့ ကျနော်ထင်ပါတယ်။ ပြစ်ဒဏ်က သုံးနှစ် အလွန်ဆုံးကျခံရမယ့် ပုဒ်မတွေဖြစ်ပါတယ်။ နောက် အာမခံ ပေးလို့ မရတဲ့ ပုဒ်မတွေဖြစ်တဲ့အတွက်ကြောင့် အမှုရင်ဆိုင်နေရတဲ့ ကာလအတွင်း အာမခံမပေးပဲနဲ့ ထိန်းသိမ်းချင်လည်း ထိန်းသိမ်းထားနိုင်တဲ့ သဘောဖြစ်ပါတယ်။ နောက် မဖြစ်ဖြစ်အောင် အပြစ်ပေးလိုက်မယ်ဆိုရင်လည်း သုံးနှစ်လောက် အပြစ်ပေးနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်။

တကယ်တကယ် ထိထိရောက်ရောက် တအားကို ပြင်းပြင်းထန်ထန် လုပ်ချင်တယ်ဆိုရင်လည်း တခြားဥပဒေ၊ တခြားပုဒ်မတွေလည်း ဖြစ်နိုင်တာပေါ့။ စစ်အစိုးရလက်ထက်တလျောက်လုံးလည်း ဥပဒေ ပုဒ်မ သုံးမျိုး တင်ပြီး သီးခြားစီဆိုပြီး ထောင်ဒဏ် နှစ် (၁၀၀) ချမှတ်တာမျိုးလုပ်ခဲ့တဲ့ အခြေအနေမျိုးလည်းရှိခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်အဖြစ် ရှေ့နေပါဝါ ရဖို့ ခွင့်ပြုချက် စောင့်နေရတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG