သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ အေပၚအမႈတိုးတဲ႔ကိစၥ အေမရိကန္ ရႈတ္ခ်


အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Ned Price

(Zawgyi/Unicode)

စစ္အာဏာသိမ္း အဖြဲ႕က ေဒၚေအာင္ဆန္းစုၾကည္ အေပၚမွာ အမႈထပ္တိုးလိုက္တဲ႔ ကိစၥကို အေမရိကန္ ႏုိင္ငံျခားေရး ဌာနက ရႈတ္ခ်လိုက္ၿပီး ဖမ္းဆီးထားသူ အားလံုး ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုပါတယ္။ ဒါ႔အျပင္ တရုတ္ဘက္က ျမန္မာ့ စစ္အာဏာသိမ္းမႈကို ျပတ္ျပတ္သားသား ဆန္႔က်င္ ရႈတ္ခ်ဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။

“ဒီကိစၥမွာ တရုတ္ဘက္က ပိုၿပီး ထိထိေရာက္ေရာက္ ပါ၀င္တာကို အေမရိကန္ဘက္က ေတြ႔ျမင္လိုပါတယ္။ ျမန္မာ့ စစ္အာဏာသိမ္းမႈကို ျပတ္ျပတ္သားသား ရႈတ္ခ်ဖို႔ တရုတ္ အစိုးရထံကို အေမရိကန္ အစိုးရဘက္က လူသိရွင္ၾကား ေျပာဆိုထားသလို သီးသန္႔လည္း အေၾကာင္းၾကားခဲ႔ၿပီး ျဖစ္ပါတယ္။ ဒီစစ္အာဏာသိမ္းမႈကို တရုတ္ဘက္က အတိအလင္း ကန္႔ကြက္ ရႈတ္ခ်တာ မလုပ္မခ်င္း အေမရိကန္ဘက္က ဆက္ၿပီး အေၾကာင္းၾကားသြားမွာ ျဖစ္တယ္” လို႔ အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Ned Price က အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။

ျမန္မာႏုိင္ငံတြင္းက အေမရိကန္ အစိုးရ ၀န္ထမ္းေတြနဲ႔ မိသားစုေတြ ထြက္ခြာခြင့္လည္း ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ေဖေဖာ္၀ါရီလ ၁၄ ရက္ေန႔က ခြင့္ျပဳခဲ႔ေၾကာင္း ေျပာခြင့္ရက ေျပာပါတယ္။ ျပည္ပမွာ ရွိတဲ႔ အေမရိကန္ ႏုိင္ငံသားေတြရဲ႕ ေဘးကင္းလံုၿခံဳေရးက ထိပ္တန္း ဦးစားေပး ျဖစ္ေၾကာင္း၊ အေမရိကန္ အစိုးရ ၀န္ထမ္းေတြနဲ႔ မိသားစု၀င္ေတြ အေနနဲ႔ ဆႏၵ ရွိရင္ ျမန္မာႏုိင္ငံကေန ထြက္ခြာႏုိင္ေၾကာင္း ေျပာခြင့္ရက ေျပာပါတယ္။

ဒီကိစၥကို ရက္ ၃၀ တခါ ျပန္လည္ ဆန္းစစ္မွာ ျဖစ္သလို ျမန္မာႏုိင္ငံတြင္း လံုၿခံဳေရးကိုလည္း သံုးသပ္ေနမွာ ျဖစ္ေၾကာင္း၊ ေနာက္ထပ္ အေရးယူ ေဆာင္ရြက္ဖို႔ လိုအပ္လာရင္လည္း အေမရိကန္ဘက္က ေဆာင္ရြက္မွာ ျဖစ္တယ္လုိ႔ ေျပာခြင့္ရ Ned Price က ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............

ဒေါ်အောင်ဆန်းစုကြည် အပေါ်အမှုတိုးတဲ့ကိစ္စ အမေရိကန် ရှုတ်ချ

(Unicode)

စစ်အာဏာသိမ်း အဖွဲ့က ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အမှုထပ်တိုးလိုက်တဲ့ ကိစ္စကို အမေရိကန် နိုင်ငံခြားရေး ဌာနက ရှုတ်ချလိုက်ပြီး ဖမ်းဆီးထားသူ အားလုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် တရုတ်ဘက်က မြန်မာ့ စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင် ရှုတ်ချဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

“ဒီကိစ္စမှာ တရုတ်ဘက်က ပိုပြီး ထိထိရောက်ရောက် ပါဝင်တာကို အမေရိကန်ဘက်က တွေ့မြင်လိုပါတယ်။ မြန်မာ့ စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ရှုတ်ချဖို့ တရုတ် အစိုးရထံကို အမေရိကန် အစိုးရဘက်က လူသိရှင်ကြား ပြောဆိုထားသလို သီးသန့်လည်း အကြောင်းကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒီစစ်အာဏာသိမ်းမှုကို တရုတ်ဘက်က အတိအလင်း ကန့်ကွက် ရှုတ်ချတာ မလုပ်မချင်း အမေရိကန်ဘက်က ဆက်ပြီး အကြောင်းကြားသွားမှာ ဖြစ်တယ်” လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံတွင်းက အမေရိကန် အစိုးရ ဝန်ထမ်းတွေနဲ့ မိသားစုတွေ ထွက်ခွာခွင့်လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ခွင့်ပြုခဲ့ကြောင်း ပြောခွင့်ရက ပြောပါတယ်။ ပြည်ပမှာ ရှိတဲ့ အမေရိကန် နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးက ထိပ်တန်း ဦးစားပေး ဖြစ်ကြောင်း၊ အမေရိကန် အစိုးရ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ အနေနဲ့ ဆန္ဒ ရှိရင် မြန်မာနိုင်ငံကနေ ထွက်ခွာနိုင်ကြောင်း ပြောခွင့်ရက ပြောပါတယ်။

ဒီကိစ္စကို ရက် ၃၀ တခါ ပြန်လည် ဆန်းစစ်မှာ ဖြစ်သလို မြန်မာနိုင်ငံတွင်း လုံခြုံရေးကိုလည်း သုံးသပ်နေမှာ ဖြစ်ကြောင်း၊ နောက်ထပ် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်လာရင်လည်း အမေရိကန်ဘက်က ဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြောခွင့်ရ Ned Price က ပြောဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG