သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုပိုများလာဖွယ် လူ့အခွင့်အရေး ကိုယ်စားလှယ် သတိပေး


ဖေဖော်ဝါရီ ၁၂ ရက်နေ့က မော်လမြိုင်မှာ ဆန္ဒပြသူများကို ရဲက ဖမ်းဆီးစဉ်
ဖေဖော်ဝါရီ ၁၂ ရက်နေ့က မော်လမြိုင်မှာ ဆန္ဒပြသူများကို ရဲက ဖမ်းဆီးစဉ်

(Zawgyi/Unicode)

မြန်မာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အစိုးရကို တရားမဝင် ဖြုတ်ချပြီးနောက် အကြမ်းဖက်မှုတွေ တွေ့မြင်ခဲ့ရပြီး ဒီကနေ့ ဗုဒ္ဓဟူနေ့မှာတော့ ပိုပြီး အကြမ်းဖက်လာမယ့် အရေးကို စိုးရိမ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို အင်္ဂါနေ့က စပြီး အမှုကြားနာ စစ်ဆေးခဲ့ပြီးနောက် ရန်ကုန်မြို့လည်မှာ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ဆန္ဒပြချီတက်ဖို့ ဆော်သြထားသလို နိုင်ငံတဝန်းက မြို့တွေ နယ်တွေမှာလည်း ဆန္ဒပြပွဲတွေ ပေါ်လာနိုင်ကြောင်း သူက ပြောဆိုထားတာပါ။ နယ်စွန်တွေက စစ်သားတွေကို ရန်ကုန်ကို ရွှေ့လာနေတယ်ဆို့ သတင်းပေးပို့ချက်တွေကိုလည်း ရထားကြောင်း၊ အရင်တုန်းကတော့ ဒီလို တပ်ဖွဲ့တွေ အရွှေ့အပြောင်းလုပ်ပြီးရင် အကြီးအကျယ် ဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ၊ အစဖျောက်မှုတွေ ရှိခဲ့တယ်လို့လည်း သူ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အကြီးအကျယ် ဆန္ဒပြဖို့ အစီအစဉ်နဲ့ တပ်တွေ အရွှေ့အပြောင်း လုပ်နေတဲ့ ဖြစ်ထွန်းမှု ၂ ခု အပေါ်မှာ ထိတ်လန့်ရကြောင်း၊ ဒီအချက်ဟာဆိုရင် မြန်မာ လူထု အပေါ်မှာ စစ်တပ်က တခုခု ကြီးကြီးမားမား ကျူးလွန်တော့မယ့် အခြေအနေမျိုး ဖြစ်နိုင်တယ်လို့လည်း သူက ပြောဆိုထားပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ဆန္ဒပြ ချီတက်ကြဖို့ ရှိနေသူတွေကို ဖမ်းဆီးတာတွေ အကြမ်းဖက်တာတွေ မလုပ်ဘဲ ခွင့်ပြုဖို့ အတွက် မြန်မာ စစ်တပ် အာဏာပိုင်တွေ အပေါ်မှာ သြဇာညောင်းတဲ့ အစိုးရတွေ၊ ပုဂ္ဂိုလ်တွေ ၊ လုပ်ငန်းကြီးတွေဘက်က ဖျောင်းဖျ နားချကြဖို့လည်း သူက အရေးပေါ် တောင်းဆိုထားပါတယ်။ မြန်မာ လူထု အပေါ် ရက်စက် ကြမ်းကြုတ်မှုတွေ လုပ်ခဲ့ရင် တာဝန်ရှိသူတိုင်း တာဝန်ခံရမှာဖြစ်ပြီး ဒီလို တိုက်ခိုက်ဖို့ ညွှန်ကြားလာရင်လည်း ငြင်းဆန်ကြရမယ်လို့ သူက ထပ်လောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)




XS
SM
MD
LG