(Zawgyi/ Unicode)
ျမန္မာ့ စစ္အာဏာသိမ္းမႈ၊ ဆႏၵျပပြဲေတြကို ဖိႏွိပ္မႈေတြမွာ တာ၀န္ရွိသူ အဆင့္ဆင့္ တာ၀န္ယူ တာ၀န္ခံရမယ္လို႔ ျမန္မာ့ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ အထူးသံတမန္ Tom Andrews က မွတ္ခ်က္ေပး ေျပာဆိုပါတယ္။ ျမန္မာ့ လူငယ္ ဆႏၵျပသူေတြရဲ႕ ခံယူခ်က္ ျမန္မာ စစ္ဗိုလ္ခ်ဳပ္ႀကီးေတြရဲ႕ သေဘာထားကိုလည္း သူက မွတ္ခ်က္ေပးပါတယ္။ မသိဂၤ ီထုိက္ ေျပာျပမွာပါ။
စစ္တပ္ အာဏာသိမ္းၿပီလို႔ သိလိုက္တဲ႔ အခ်ိန္ကစလို႔ ကိုယ့္နည္း ကိုယ့္ဟန္နဲ႔ ဆန္႔က်င္ ဆႏၵျပပြဲ အသီးသီး ထြက္ေပၚလာတဲ႔ ျမန္မာျပည္သူေတြ အေပၚ သူ႔အျမင္ကို ျမန္မာ့ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ အထူးသံတမန္ Tom Andrews က အခုလို မွတ္ခ်က္ေပးပါတယ္။
“ရက္စက္ ၾကမ္းၾကဳတ္တဲ႔ ၿဖိဳခြင္းမႈေတြကို အတိတ္တုန္းက မ်က္ျမင္ႀကံဳေတြ႔ခဲ႔ရသလို စစ္တပ္ဟာ အခ်ိန္မေရြး ၿဖိဳခြင္းလိုက္ႏုိင္တယ္ ဆိုတဲ႔ အခ်က္ကိုလည္း သူတို႔ စိုးရိမ္ၾကပါတယ္။ သူတို႔ရဲ႕ အဓိက စိုးရိမ္ခ်က္က ဘာလဲ။ သူတို႔ အစိုးရိမ္ဆံုး အခ်က္ကေတာ့ ရက္စက္ၾကမ္းၾကဳတ္တဲ႔ စစ္အာဏာရွင္ စနစ္ ျပန္ျဖစ္ၿပီး ဒီစနစ္ေအာက္မွာ ေနထိုင္ရမယ့္ ကိစၥပါ။ သူတို႔ အဲဒီစနစ္ကို ျပန္မေရာက္ မခံပါဘူး။”
ဖမ္းထားတဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦး၀င္းျမင့္တို႔ကိုလည္း ေရွ႕ေနနဲ႔ ေတြ႔ခြင့္ မေပးေသးပါဘူး။ ဒါ႔အျပင္ ဒီသတင္းပတ္ အတြင္းမွာဘဲ ဗီြဒီယို ကြန္းဖရင့္နဲ႔ တရားရံုး ၾကားနာမႈ လုပ္ဖို႔ ရွိေနတာပါ။
“တရားရံုး ၾကားနာမႈမွာ တရားမွ်တမႈရွိမယ္လို႔ က်ေနာ္ မထင္ပါဘူး။ အာဏာသိမ္း စစ္အုပ္စုဟာ တရားမွ်တမႈဆိုတာ မရွိပါဘူး။ ဒါက လုပ္ဇာတ္ပါ။ ဘယ္သူမွလည္း သူတို႔ကို မယံုပါဘူး။”
အရပ္သား အစိုးရကို ျဖဳတ္ခ်ၿပီး အာဏာယူထားတဲ႔ စစ္တပ္နဲ႔ ပတ္သက္လို႔လည္း သူက အခုလို မွတ္ခ်က္ေပးပါတယ္။
“ဘယ္သူမွ မယံုၾကည္တဲ႔ အဆီအေငၚ မတည့္တာေတြကို သူတို႔က ေျပာေနတာပါ။ သူတို႔ နားမလည္ပါဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ သူတို႔က လံုး၀ ပိတ္ေလွာင္ၿပီး အထီးက်န္ ျဖစ္ေနတာပါ။ သူတို႔ဘက္က မ်ားမ်ားေျပာေလ သူတို႔ဟာ က်ိဳးေၾကာင္းဆီေလ်ာ္သူေတြပါလို႔ ေဖာ္ညႊန္းဖို႔ ႀကိဳးစားေလ လူေတြၾကားမွာ ပ်က္ရယ္ျပဳစရာ ပိုၿပီး ျဖစ္ရပါတယ္။ သူတို႔ မ်ားမ်ားေျပာေလ သူတို႔ အက်ိဳးယုတ္ေလပါဘဲ။”
“အထင္နဲ႔ အျမင္ တျခားစီ ျဖစ္တဲ႔ အေၾကာင္းကေတာ့ ဗိုလ္ခ်ဳပ္ႀကီးေတြက သူတို႔ အစြမ္းအစနဲ႔ ႏုိင္ငံစည္းလံုးေရး လုပ္ပံုလုပ္နည္းေတြ ဟာဆိုရင္ က်ေနာ္ တခါမွ မႀကံဳဖူး မျမင္ဖူးပါဘူး။ ဒါေပမယ့္လည္း သူတို႔ အတြက္ ကံမေကာင္း အေၾကာင္းမလွတဲ႔ အခ်က္ကေတာ့ ရက္စက္ၾကမ္းၾကဳတ္တဲ႔၊ စစ္တပ္၊ အာဏာရွင္ အစိုးရ လက္ေအာက္ ျပန္ေရာက္မယ့္ အႀကံအစည္ကို ဆန္႔က်င္တဲ႔ သူတို႔ကို အတိုက္အခံ လုပ္သူေတြက စည္းလံုးသြားပါတယ္။”
စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေၾကာင္း ေၾကြးေၾကာ္ၿပီး လမ္းေပၚထြက္ ဆႏၵျပၾကသူေတြထဲမွာ Generation Z လို႔ ေခၚၾကတဲ႔ လူငယ္ မ်ိဳးဆက္သစ္ေတြ အမ်ားႀကီး ပါ၀င္ခဲ႔ၾကပါတယ္။ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ အထူးသံတမန္ Tom Andrews က ဒီလူငယ္ မ်ိဳးဆက္ေတြ အေပၚမွာလည္း မွတ္ခ်က္ေပးပါတယ္။
“မိဘ အဘိုးအဘြားေတြထံက တဆင့္ၾကားရတဲ႔ ရက္စက္တဲ႔ စစ္အုပ္ခ်ဳပ္ေရးနဲ႔ ေနထုိင္ရတဲ႔ ထိတ္လန္႔ဖြယ္ အေၾကာင္းေတြကို သူတို႔ ၾကားသိထားပါတယ္။ လြတ္လပ္မႈ ရွိတာက ဘယ္လိုလဲ ဆိုတာကိုလည္း သူတို႔ အေတြ႔အႀကံဳကေန သိထားပါတယ္။ ဒါေၾကာင့္လည္း သူတို႔ မိဘ ဘိုးဘြားေတြ ေျပာၾကတဲ႔ ထိတ္လန္႔ဖြယ္ အေျခအေနမ်ိဳး သူတို႔ ဘယ္ေတာ့မွ မေနရဖို႔နဲ႔ လြတ္လပ္မႈအတြက္ သူတို႔ ပိုင္းျဖတ္ထားၾကတာပါ။”
စစ္အာဏာသိမ္းမႈ၊ ဆႏၵျပပြဲေတြကို ဖိႏွိပ္မႈေတြမွာ တာ၀န္ရွိသူ အဆင့္ဆင့္ တာ၀န္ယူ တာ၀န္ခံရမယ္လို႔ ျမန္မာ့ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ အထူးသံတမန္ Tom Andrews က သတိေပးထားပါတယ္။
“သိထားရမွာက အာဏာပိုင္ အဆင့္ဆင့္ရဲ႕ ေအာက္ေျခ တာ၀န္ရွိသူ၊ စစ္သားတေယာက္ဘဲ ျဖစ္ျဖစ္ ၊ လမ္းေပၚက တေယာက္ေယာက္ဘဲ ျဖစ္ျဖစ္ ညႊန္ၾကားခ်က္ အတိုင္း လုပ္ရတာပါလို႔ ဆင္ေျခ ေပးလို႔ မရပါဘူး။ ဒါနဲ႔ အက်ိဳးအေၾကာင္းျပလို႔ မရပါဘူး။ ဘယ္အဆင့္က တာ၀န္ရွိသူဘဲ ျဖစ္ျဖစ္ တာ၀န္ယူမႈ တာ၀န္ခံမႈ ရွိရပါမယ္။ က်ေနာ္တို႔က ေစာင့္ၾကည့္ေနပါတယ္။”
အရပ္သား အစိုးရကို ျဖဳတ္ခ်ၿပီး အာဏာယူထားတဲ႔ စစ္ေကာင္စီကေတာ့ သူတို႔ကို အာဏာသိမ္းတယ္လို႔ မသံုးဖို႔ ထုတ္ျပန္ထားတာပါ။ ဒါေပမယ့္ ႏုိင္ငံတ၀န္း သန္းခ်ီတဲ႔ ဆႏၵျပသူေတြက စစ္အာဏာသိမ္းမႈ အျဖစ္ ဆန္႔က်င္ ဆႏၵျပေနၾကတာ ျဖစ္သလို အေမရိကန္ ျပည္ေထာင္စု ဘက္ကလည္း စစ္အာဏာသိမ္းမႈ အျဖစ္ သတ္မွတ္ထားပါတယ္။
.................
မြန်မာစစ်အာဏာသိမ်းမှုအပေါ် ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် Tom Andrew ရဲ့ မှတ်ချက်စကားများ
(Unicode)
မြန်မာ့ စစ်အာဏာသိမ်းမှု၊ ဆန္ဒပြပွဲတွေကို ဖိနှိပ်မှုတွေမှာ တာဝန်ရှိသူ အဆင့်ဆင့် တာဝန်ယူ တာဝန်ခံရမယ်လို့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Tom Andrews က မှတ်ချက်ပေး ပြောဆိုပါတယ်။ မြန်မာ့ လူငယ် ဆန္ဒပြသူတွေရဲ့ ခံယူချက် မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သဘောထားကိုလည်း သူက မှတ်ချက်ပေးပါတယ်။ မသိင်္ဂ ီထိုက် ပြောပြမှာပါ။
စစ်တပ် အာဏာသိမ်းပြီလို့ သိလိုက်တဲ့ အချိန်ကစလို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဆန့်ကျင် ဆန္ဒပြပွဲ အသီးသီး ထွက်ပေါ်လာတဲ့ မြန်မာပြည်သူတွေ အပေါ် သူ့အမြင်ကို မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Tom Andrews က အခုလို မှတ်ချက်ပေးပါတယ်။
“ရက်စက် ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုတွေကို အတိတ်တုန်းက မျက်မြင်ကြုံတွေ့ခဲ့ရသလို စစ်တပ်ဟာ အချိန်မရွေး ဖြိုခွင်းလိုက်နိုင်တယ် ဆိုတဲ့ အချက်ကိုလည်း သူတို့ စိုးရိမ်ကြပါတယ်။ သူတို့ရဲ့ အဓိက စိုးရိမ်ချက်က ဘာလဲ။ သူတို့ အစိုးရိမ်ဆုံး အချက်ကတော့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင် စနစ် ပြန်ဖြစ်ပြီး ဒီစနစ်အောက်မှာ နေထိုင်ရမယ့် ကိစ္စပါ။ သူတို့ အဲဒီစနစ်ကို ပြန်မရောက် မခံပါဘူး။”
ဖမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကိုလည်း ရှေ့နေနဲ့ တွေ့ခွင့် မပေးသေးပါဘူး။ ဒါ့အပြင် ဒီသတင်းပတ် အတွင်းမှာဘဲ ဗွီဒီယို ကွန်းဖရင့်နဲ့ တရားရုံး ကြားနာမှု လုပ်ဖို့ ရှိနေတာပါ။
“တရားရုံး ကြားနာမှုမှာ တရားမျှတမှုရှိမယ်လို့ ကျနော် မထင်ပါဘူး။ အာဏာသိမ်း စစ်အုပ်စုဟာ တရားမျှတမှုဆိုတာ မရှိပါဘူး။ ဒါက လုပ်ဇာတ်ပါ။ ဘယ်သူမှလည်း သူတို့ကို မယုံပါဘူး။”
အရပ်သား အစိုးရကို ဖြုတ်ချပြီး အာဏာယူထားတဲ့ စစ်တပ်နဲ့ ပတ်သက်လို့လည်း သူက အခုလို မှတ်ချက်ပေးပါတယ်။
“ဘယ်သူမှ မယုံကြည်တဲ့ အဆီအငေါ် မတည့်တာတွေကို သူတို့က ပြောနေတာပါ။ သူတို့ နားမလည်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့က လုံး၀ ပိတ်လှောင်ပြီး အထီးကျန် ဖြစ်နေတာပါ။ သူတို့ဘက်က များများပြောလေ သူတို့ဟာ ကျိုးကြောင်းဆီလျော်သူတွေပါလို့ ဖော်ညွှန်းဖို့ ကြိုးစားလေ လူတွေကြားမှာ ပျက်ရယ်ပြုစရာ ပိုပြီး ဖြစ်ရပါတယ်။ သူတို့ များများပြောလေ သူတို့ အကျိုးယုတ်လေပါဘဲ။”
“အထင်နဲ့ အမြင် တခြားစီ ဖြစ်တဲ့ အကြောင်းကတော့ ဗိုလ်ချုပ်ကြီးတွေက သူတို့ အစွမ်းအစနဲ့ နိုင်ငံစည်းလုံးရေး လုပ်ပုံလုပ်နည်းတွေ ဟာဆိုရင် ကျနော် တခါမှ မကြုံဖူး မမြင်ဖူးပါဘူး။ ဒါပေမယ့်လည်း သူတို့ အတွက် ကံမကောင်း အကြောင်းမလှတဲ့ အချက်ကတော့ ရက်စက်ကြမ်းကြုတ်တဲ့၊ စစ်တပ်၊ အာဏာရှင် အစိုးရ လက်အောက် ပြန်ရောက်မယ့် အကြံအစည်ကို ဆန့်ကျင်တဲ့ သူတို့ကို အတိုက်အခံ လုပ်သူတွေက စည်းလုံးသွားပါတယ်။”
စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ကြွေးကြော်ပြီး လမ်းပေါ်ထွက် ဆန္ဒပြကြသူတွေထဲမှာ Generation Z လို့ ခေါ်ကြတဲ့ လူငယ် မျိုးဆက်သစ်တွေ အများကြီး ပါဝင်ခဲ့ကြပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Tom Andrews က ဒီလူငယ် မျိုးဆက်တွေ အပေါ်မှာလည်း မှတ်ချက်ပေးပါတယ်။
“မိဘ အဘိုးအဘွားတွေထံက တဆင့်ကြားရတဲ့ ရက်စက်တဲ့ စစ်အုပ်ချုပ်ရေးနဲ့ နေထိုင်ရတဲ့ ထိတ်လန့်ဖွယ် အကြောင်းတွေကို သူတို့ ကြားသိထားပါတယ်။ လွတ်လပ်မှု ရှိတာက ဘယ်လိုလဲ ဆိုတာကိုလည်း သူတို့ အတွေ့အကြုံကနေ သိထားပါတယ်။ ဒါကြောင့်လည်း သူတို့ မိဘ ဘိုးဘွားတွေ ပြောကြတဲ့ ထိတ်လန့်ဖွယ် အခြေအနေမျိုး သူတို့ ဘယ်တော့မှ မနေရဖို့နဲ့ လွတ်လပ်မှုအတွက် သူတို့ ပိုင်းဖြတ်ထားကြတာပါ။”
စစ်အာဏာသိမ်းမှု၊ ဆန္ဒပြပွဲတွေကို ဖိနှိပ်မှုတွေမှာ တာဝန်ရှိသူ အဆင့်ဆင့် တာဝန်ယူ တာဝန်ခံရမယ်လို့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Tom Andrews က သတိပေးထားပါတယ်။
“သိထားရမှာက အာဏာပိုင် အဆင့်ဆင့်ရဲ့ အောက်ခြေ တာဝန်ရှိသူ၊ စစ်သားတယောက်ဘဲ ဖြစ်ဖြစ် ၊ လမ်းပေါ်က တယောက်ယောက်ဘဲ ဖြစ်ဖြစ် ညွှန်ကြားချက် အတိုင်း လုပ်ရတာပါလို့ ဆင်ခြေ ပေးလို့ မရပါဘူး။ ဒါနဲ့ အကျိုးအကြောင်းပြလို့ မရပါဘူး။ ဘယ်အဆင့်က တာဝန်ရှိသူဘဲ ဖြစ်ဖြစ် တာဝန်ယူမှု တာဝန်ခံမှု ရှိရပါမယ်။ ကျနော်တို့က စောင့်ကြည့်နေပါတယ်။”
အရပ်သား အစိုးရကို ဖြုတ်ချပြီး အာဏာယူထားတဲ့ စစ်ကောင်စီကတော့ သူတို့ကို အာဏာသိမ်းတယ်လို့ မသုံးဖို့ ထုတ်ပြန်ထားတာပါ။ ဒါပေမယ့် နိုင်ငံတဝန်း သန်းချီတဲ့ ဆန္ဒပြသူတွေက စစ်အာဏာသိမ်းမှု အဖြစ် ဆန့်ကျင် ဆန္ဒပြနေကြတာ ဖြစ်သလို အမေရိကန် ပြည်ထောင်စု ဘက်ကလည်း စစ်အာဏာသိမ်းမှု အဖြစ် သတ်မှတ်ထားပါတယ်။