(Zawgyi/Unicode)
ျမန္မာျပည္မွာ စစ္အာဏာသိမ္းမႈ၊ ေနာက္ ဆႏၵျပသူေတြကို ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈေတြ အတြက္ စစ္တပ္ရဲ႕ကြပ္ကဲမႈ အဆင့္ဆင့္က တာ၀န္ခံရမွာ ျဖစ္ေၾကာင္း ကုလသမဂၢရဲ႕ ျမန္မာ့ လူ႔အခြင့္အေရးဆိုင္ရာ အထူးသံတမန္ Tom Andrews က သတိေပးလိုက္ပါတယ္။ အထက္က ညႊန္ၾကားခ်က္ အရ အမိန္႔အရ ဆိုတာနဲ႔ ဆင္ေျခေပးလို႔ မရဘူးလို႔လည္း AFP နဲ႔ ေတြ႔ဆံုေမးျမန္းခန္းမွာ ေျပာပါတယ္။
“ေအာက္ေျခအဆင့္ တာ၀န္ရွိသူဘဲျဖစ္ျဖစ္၊ စစ္သားတဦးဘဲ ျဖစ္ျဖစ္၊ လမ္းေပၚက လူတဦးဦးဘဲ ျဖစ္ျဖစ္ အထက္က ခိုင္းလို႔ လုပ္ရတာပါဆိုၿပီး ဆင္ေျခ ေပးလို႔ မရဘူးဆိုတာကို သိရပါမယ္။ အဲဒါနဲ႔ အေၾကာင္းျပလို႔ မရပါဘူး။ ဘယ္အဆင့္က လူဘဲ ျဖစ္ျဖစ္ တာ၀န္ယူရ တာ၀န္ခံရပါမယ္။ အားလံုးက ေစာင့္ၾကည့္ေနပါတယ္” လို႔ ကုလသမဂၢရဲ႕ ျမန္မာ့ လူ႔အခြင့္အေရးဆိုင္ရာ အထူးသံတမန္ Tom Andrews က ေျပာဆိုခဲ႔တာပါ။
ဖမ္းထားတဲ႔ ေဒၚေအာင္ဆန္းစုၾကည္၊ ေနာက္ သမၼတ ဦး၀င္းျမင့္တို႔ကို ဒီသီတင္းပတ္ အတြင္း ဗီြဒီယို ကြန္ဖရင့္နဲ႔ တရားရံုးက ၾကားနာမယ့္ ကိစၥဟာလည္း တရားမွ်တမႈ ရွိမယ္လို႔ မယံုၾကည္ေၾကာင္း သူက ေျပာပါတယ္။
“တရားေရး လုပ္ငန္းစဥ္က မွ်တမႈ ရွိမယ္လို႔ မေမွ်ာ္လင့္ပါဘူး။ အာဏာသိမ္း စစ္အုပ္စုဟာ တရားမွ်တမႈ ဆိုတာ မရွိပါဘူး။ ဒါက လုပ္ဇာတ္ပါ။ ဘယ္သူမွလည္း သူတို႔ကို မယံုပါဘူး” လို႔ ကုလသမဂၢရဲ႕ ျမန္မာ့ လူ႔အခြင့္အေရးဆိုင္ရာ အထူးသံတမန္ Tom Andrews က ေျပာဆိုခဲ႔တာပါ။
ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က အရပ္သား အစိုးရ ေခါင္းေဆာင္ေတြကို ဖမ္းၿပီး အာဏာယူခဲ႔တဲ႔ စစ္ေကာင္စီက သူတို႔ကို စစ္အာဏာသိမ္းတယ္လို႔ မသံုးဖို႔ ထုတ္ျပန္ထားတာပါ။ ဒါေပမယ့္လည္း ျမန္မာျပည္တြင္း ဆႏၵျပသူေတြကလည္း စစ္အာဏာသိမ္း အဖြဲ႔လို႔ သံုးႏႈန္းဆန္႔က်င္ေနၾကသလို အေမရိကန္ ျပည္ေထာင္စုကလည္း စစ္အာဏာသိမ္းမႈ အျဖစ္ သတ္မွတ္ထားတာပါ။
..............
နှိပ်ကွပ်မှုအတွက် အထက်အမိန့်အရလို့ ဆင်ခြေပေးတာ လက်မခံနိုင် (ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်)
(Unicode)
မြန်မာပြည်မှာ စစ်အာဏာသိမ်းမှု၊ နောက် ဆန္ဒပြသူတွေကို ဖိနှိပ်ချုပ်ချယ်မှုတွေ အတွက် စစ်တပ်ရဲ့ကွပ်ကဲမှု အဆင့်ဆင့်က တာဝန်ခံရမှာ ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် Tom Andrews က သတိပေးလိုက်ပါတယ်။ အထက်က ညွှန်ကြားချက် အရ အမိန့်အရ ဆိုတာနဲ့ ဆင်ခြေပေးလို့ မရဘူးလို့လည်း AFP နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။
“အောက်ခြေအဆင့် တာဝန်ရှိသူဘဲဖြစ်ဖြစ်၊ စစ်သားတဦးဘဲ ဖြစ်ဖြစ်၊ လမ်းပေါ်က လူတဦးဦးဘဲ ဖြစ်ဖြစ် အထက်က ခိုင်းလို့ လုပ်ရတာပါဆိုပြီး ဆင်ခြေ ပေးလို့ မရဘူးဆိုတာကို သိရပါမယ်တဲ့။ အဲဒါနဲ့ အကြောင်းပြလို့ မရပါဘူး။ ဘယ်အဆင့်က လူဘဲ ဖြစ်ဖြစ် တာဝန်ယူရ တာဝန်ခံရပါမယ်။ အားလုံးက စောင့်ကြည့်နေပါတယ်” လို့ ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် Tom Andrews က ပြောဆိုခဲ့တာပါ။
ဖမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ နောက် သမ္မတ ဦးဝင်းမြင့်တို့ကို ဒီသီတင်းပတ် အတွင်း ဗွီဒီယို ကွန်ဖရင့်နဲ့ တရားရုံးက ကြားနာမယ့် ကိစ္စဟာလည်း တရားမျှတမှု ရှိမယ်လို့ မယုံကြည်ကြောင်း သူက ပြောပါတယ်။
“တရားရေး လုပ်ငန်းစဉ်က မျှတမှု ရှိမယ်လို့ မမျှော်လင့်ပါဘူး။ အာဏာသိမ်း စစ်အုပ်စုဟာ တရားမျှတမှု ဆိုတာ မရှိပါဘူး။ ဒါက လုပ်ဇာတ်ပါ။ ဘယ်သူမှလည်း သူတို့ကို မယုံပါဘူး” လို့ ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် Tom Andrews က ပြောဆိုခဲ့တာပါ။
ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သား အစိုးရ ခေါင်းဆောင်တွေကို ဖမ်းပြီး အာဏာယူခဲ့တဲ့ စစ်ကောင်စီက သူတို့ကို စစ်အာဏာသိမ်းတယ်လို့ မသုံးဖို့ ထုတ်ပြန်ထားတာပါ။ ဒါပေမယ့်လည်း မြန်မာပြည်တွင်း ဆန္ဒပြသူတွေကလည်း စစ်အာဏာသိမ်း အဖွဲ့လို့ သုံးနှုန်းဆန့်ကျင်နေကြသလို အမေရိကန် ပြည်ထောင်စုကလည်း စစ်အာဏာသိမ်းမှု အဖြစ် သတ်မှတ်ထားတာပါ။