(Zawgyi / Unicode)
လက္ရွိ ျမန္မာႏိ္ုင္ငံ ရင္ဆိုင္ေနရတဲ့ အေျခအေနကို ႏိုင္ငံတကာအေနနဲ႔ ကိုင္တြယ္ေဆာင္ရြက္ရာမွာ ေၾကညာခ်က္ေတြ ထုတ္ျပန္တာေတြထက္ ပိုၿပီး လုပ္ေဆာင္သင့္ေနၿပီလို႔ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ ကုလအထူးကိုယ္စားလွယ္က တိုက္တြန္းခဲ့ပါတယ္။ မေန႔တုန္းက က်င္းပတဲ့ ျမန္မာ့အေရး ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ အတြင္းမွာ အခုလို တိုက္တြန္းေျပာဆိုခဲ့တာပါ။ ဗြီအိုေအသတင္းေထာက္ Lisa Schlein ေပးပို႔ထားတဲ့သတင္းကို အေျခခံၿပီး မခြာညိဳ တင္ဆက္ေပးပါမယ္။
ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ အထူးကုိယ္စားလွယ္ Tom Andrews က ဒီအခ်ိန္ဟာ ျမန္မာျပည္သူေတြအတြက္ ေဘးအႏၱရာယ္က်ေနတဲ့ အေျခအေနျဖစ္ေၾကာင္း လူ႔အခြင့္အေရးေကာင္စီ ေဆြးေႏြးပဲြအတြင္း ေျပာခဲ့ပါတယ္။
ကမၻာတဝန္းလံုးအေနနဲ႔ ျမန္မာျပည္သူေတြနဲ႔အတူ စည္းလံုးညီညြတ္စြာ ရပ္တည္ေပးရမယ္လို႔ သူက တိုက္တြန္းပါတယ္။ ျပည္သူေတြရဲ႕ ဆႏၵကို ဆန္႔က်င္ၿပီး အာဏာသိမ္းတဲ့လုပ္ရပ္ဟာ တရားလက္လြတ္ အရွက္မဲ့တဲ့လုပ္ရပ္ ျဖစ္တယ္လို႔ သူက သံုးႏႈန္းၿပီး ဒါကို ခြင့္ျပဳလို႔မရဘူးလို႔ ေျပာခဲ့ပါတယ္။
ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပေနသူေတြအေပၚ ရဲတပ္ဖြဲ႔ေတြနဲ႔ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြရဲ႕ တုံ႔ျပန္ေဆာင္ရြက္မႈေတြမွာလည္း အၾကမ္းဖက္မႈေတြ ပိုမ်ားလာေနတယ္လို႔ ဆိုပါတယ္။ ျမန္မာလံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြက က်ည္အစစ္သံုးၿပီး ဆႏၵျပမႈကို ပစ္ခတ္ခဲ့တဲ့ အေထာက္အထားေတြကို ေထာက္ျပၿပီး ဒါဟာ ႏိုင္ငံတကာဥပေဒကို ခ်ိဳးေဖာက္တာ ျဖစ္တယ္လို႔လည္း ကုလ အထူးကိုယ္စားလွယ္က စြပ္စြဲပါတယ္။
အာဏာရွင္ဆန္ဆန္ ဖမ္းဆီးထိန္းသိမ္းမႈေတြနဲ႔ ၿခိမ္းေျခာက္မႈေတြဟာလည္း ပိုမ်ားလာေနတယ္လို႔လည္း ေျပာပါတယ္။ စစ္ေကာင္စီအေနနဲ႔ စစ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ ႏိုင္ငံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တို႔ အပါအဝင္ အစိုးရဝန္ထမ္းအရာရွိေတြ၊ အရပ္ဘက္ လူထုအဖြဲ႔အစည္းဝင္ေတြ အေယာက္ ၂၂၀ ကို ဖမ္းဆီးထားေၾကာင္းလည္း သူက ေျပာပါတယ္။
“စာရြက္ေပၚက ေၾကညာခ်က္ထက္ ပုိတဲ့ လက္ေတြ႔အလုပ္ကို က်ေနာ္တို႔ ပိုၿပီးလုပ္ဖို႔လုိပါတယ္။ ကုလသမဂၢႀကီးအေနနဲ႔ ဒီထက္ပိုၿပီး အေရးယူေဆာင္ရြက္ဖို႔ လိုပါတယ္။ ဒီအစည္းအေဝးကေန က်ေနာ္ တုိက္တြန္းပါတယ္။ ကုလသမဂၢန႔ဲ အဖြ႔ဲဝင္ႏုိင္ငံ အားလံုး အနည္းဆံုးေတာ့ ဖမ္းဆီးထားခံရသူ အားလံုး ႁခြင္းခ်က္မရွိ ျပန္လႊတ္ေပးဖို႔၊ အေျခခံလူ႔အခြင့္အေရးအတြက္ ေတာင္းဆိုေနၾကတဲ့ ျမန္မာျပည္သူေတြအေပၚ ညႇဥ္းပန္းႏွိပ္စက္ေနတာနဲ႔ တရားစြဲဆိုေနတာေတြကို ရပ္တန္႔ဖို႔ စတဲ့ အနည္းဆံုးေတာ့ အဓိကအခ်က္ေလးခ်က္ကို ေတာင္းဆိုေပးၾကရပါမယ္။”
အာဏာသိမ္းစစ္ေကာင္စီအေနနဲ႔ ေရြးေကာက္ခံအစိုးရကို ခ်က္ခ်င္း အာဏာျပန္လႊဲေပးဖို႔ကိုလည္း သူက ေတာင္းဆိုပါတယ္။ တာဝန္ရွိသူေတြ ျပစ္ဒဏ္က လြတ္ၿငိမ္းခြင့္ရေနတာ အဆံုးသတ္ရမယ္၊ စစ္ေခါင္းေဆာင္ေတြဟာ သူတို႔လုပ္သမွ်အတြက္ တာဝန္ယူရမယ္လို႔လည္း ေျပာပါတယ္။
လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ ဒုတိယမဟာမင္းႀကီး Nada al-Nashif ကလည္း တာဝန္ရွိသူေတြ အျပစ္ကင္းလြတ္ခြင့္ရေနတာကို ထပ္ၿပီး ေထာက္ျပခဲ့ပါတယ္။
“စစ္တပ္ေပၚမွာ အရပ္ဘက္အုပ္ခ်ဳပ္ေရးက ထိန္းခ်ဳပ္ႏိုင္မႈ အားနည္းခဲ့တဲ့ႏွစ္ေတြ အရမ္းၾကာလာေတာ့ တိုင္းျပည္ရဲ႕ ႏုိင္ငံေရးနဲ႔ စီးပြားေရး အေျခခံအေဆာက္အအံုေတြမွာ စစ္တပ္ရဲ႕လႊမ္းမိုးမႈက အရမ္းမ်ားလာပါတယ္။ ဒါ့အျပင္ ဆယ္စုႏွစ္ေတြနဲ႔ခ်ီၿပီး လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြ က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈေတြကိုလည္း အေရးုယူ အျပစ္ေပးတာေတြ မရွိပါဘူး။ ဒါေတြဟာ ျမန္မာႏုိင္ငံရဲ႕ ဒီမိုကေရစီစနစ္နဲ႔ ဒီမိုကေရစီ တိုးတက္ျဖစ္ထြန္းေရးေတြမွာ လာၿပီး အဟန္႔အတား ျဖစ္ေနေစပါတယ္။”
ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ ဦးျမင့္သူကေတာ့ ဒီလို ျငင္းခုံေျပာဆိုမႈေတြကို အခုိင္အမာ ခုခံကာကြယ္သြားပါတယ္။ သူ႔ရဲ႕အစုိးရဟာ ေရြးေကာက္ပြဲ မဲမသမာမႈေတြကို အေရးယူ ေဆာင္ရြက္ခဲ့တာသာ ျဖစ္ေၾကာင္းနဲ႔ ႏုိင္ငံေတာ္အေျခခံဥပေဒနဲ႔အညီ ေဆာင္ရြက္ခဲ့တာျဖစ္ေၾကာင္း ကုလလူ႔အခြင့္အေရးေကာင္စီကို ေျပာပါတယ္။
ျမန္မာႏုိင္ငံရဲ႕ အေျခအေနဟာ အရမ္းကို ႐ႈပ္ေထြးေနၿပီး ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးဟာလည္း အေျခမခုိင္ေသးေၾကာင္း သံအမတ္ႀကီးက ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာႏုိင္ငံရဲ႕ အေျခအေနကို အခုထက္ပိုၿပီး နားလည္သေဘာေပါက္လာၾကဖို႔နဲ႔ ႏိုင္ငံတကာအသိုင္းအဝုိင္းဆီကေန အျပဳသေဘာေဆာင္တဲ့ ဆက္ဆံေရးမ်ဳိးကို ေမွ်ာ္လင့္ေၾကာင္းတို႔ကိုလည္း သံအမတ္ႀကီး ဦးျမင့္သူက ေျပာသြားခဲ့ပါတယ္။
--------------------------
(Unicode)
ကြေညာချက်တွေထက် ပိုလုပ်ဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း
လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခြေအနေကို နိုင်ငံတကာအနေနဲ့ ကိုင်တွယ်ဆောင်ရွက်ရာမှာ ကြေညာချက်တွေ ထုတ်ပြန်တာတွေထက် ပိုပြီး လုပ်ဆောင်သင့်နေပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က တိုက်တွန်းခဲ့ပါတယ်။ မနေ့တုန်းက ကျင်းပတဲ့ မြန်မာ့အရေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အတွင်းမှာ အခုလို တိုက်တွန်းပြောဆိုခဲ့တာပါ။ ဗွီအိုအေသတင်းထောက် Lisa Schlein ပေးပို့ထားတဲ့သတင်းကို အခြေခံပြီး မခွာညို တင်ဆက်ပေးပါမယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ဒီအချိန်ဟာ မြန်မာပြည်သူတွေအတွက် ဘေးအန္တရာယ်ကျနေတဲ့ အခြေအနေဖြစ်ကြောင်း လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲအတွင်း ပြောခဲ့ပါတယ်။
ကမ္ဘာတဝန်းလုံးအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ပေးရမယ်လို့ သူက တိုက်တွန်းပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး အာဏာသိမ်းတဲ့လုပ်ရပ်ဟာ တရားလက်လွတ် အရှက်မဲ့တဲ့လုပ်ရပ် ဖြစ်တယ်လို့ သူက သုံးနှုန်းပြီး ဒါကို ခွင့်ပြုလို့မရဘူးလို့ ပြောခဲ့ပါတယ်။
ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူတွေအပေါ် ရဲတပ်ဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေမှာလည်း အကြမ်းဖက်မှုတွေ ပိုများလာနေတယ်လို့ ဆိုပါတယ်။ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျည်အစစ်သုံးပြီး ဆန္ဒပြမှုကို ပစ်ခတ်ခဲ့တဲ့ အထောက်အထားတွေကို ထောက်ပြပြီး ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ကုလ အထူးကိုယ်စားလှယ်က စွပ်စွဲပါတယ်။
အာဏာရှင်ဆန်ဆန် ဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ ခြိမ်းခြောက်မှုတွေဟာလည်း ပိုများလာနေတယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ စစ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ အပါအဝင် အစိုးရဝန်ထမ်းအရာရှိတွေ၊ အရပ်ဘက် လူထုအဖွဲ့အစည်းဝင်တွေ အယောက် ၂၂၀ ကို ဖမ်းဆီးထားကြောင်းလည်း သူက ပြောပါတယ်။
“စာရွက်ပေါ်က ကြေညာချက်ထက် ပိုတဲ့ လက်တွေ့အလုပ်ကို ကျနော်တို့ ပိုပြီးလုပ်ဖို့လိုပါတယ်။ ကုလသမဂ္ဂကြီးအနေနဲ့ ဒီထက်ပိုပြီး အရေးယူဆောင်ရွက်ဖို့ လိုပါတယ်။ ဒီအစည်းအဝေးကနေ ကျနော် တိုက်တွန်းပါတယ်။ ကုလသမဂ္ဂနဲ့ အဖွ့ဲဝင်နိုင်ငံ အားလုံး အနည်းဆုံးတော့ ဖမ်းဆီးထားခံရသူ အားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ အခြေခံလူ့အခွင့်အရေးအတွက် တောင်းဆိုနေကြတဲ့ မြန်မာပြည်သူတွေအပေါ် ညှဉ်းပန်းနှိပ်စက်နေတာနဲ့ တရားစွဲဆိုနေတာတွေကို ရပ်တန့်ဖို့ စတဲ့ အနည်းဆုံးတော့ အဓိကအချက်လေးချက်ကို တောင်းဆိုပေးကြရပါမယ်။”
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ရွေးကောက်ခံအစိုးရကို ချက်ချင်း အာဏာပြန်လွှဲပေးဖို့ကိုလည်း သူက တောင်းဆိုပါတယ်။ တာဝန်ရှိသူတွေ ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ရနေတာ အဆုံးသတ်ရမယ်၊ စစ်ခေါင်းဆောင်တွေဟာ သူတို့လုပ်သမျှအတွက် တာဝန်ယူရမယ်လို့လည်း ပြောပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ဒုတိယမဟာမင်းကြီး Nada al-Nashif ကလည်း တာဝန်ရှိသူတွေ အပြစ်ကင်းလွတ်ခွင့်ရနေတာကို ထပ်ပြီး ထောက်ပြခဲ့ပါတယ်။
“စစ်တပ်ပေါ်မှာ အရပ်ဘက်အုပ်ချုပ်ရေးက ထိန်းချုပ်နိုင်မှု အားနည်းခဲ့တဲ့နှစ်တွေ အရမ်းကြာလာတော့ တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အခြေခံအဆောက်အအုံတွေမှာ စစ်တပ်ရဲ့လွှမ်းမိုးမှုက အရမ်းများလာပါတယ်။ ဒါ့အပြင် ဆယ်စုနှစ်တွေနဲ့ချီပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကိုလည်း အရေးုယူ အပြစ်ပေးတာတွေ မရှိပါဘူး။ ဒါတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေးတွေမှာ လာပြီး အဟန့်အတား ဖြစ်နေစေပါတယ်။”
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးမြင့်သူကတော့ ဒီလို ငြင်းခုံပြောဆိုမှုတွေကို အခိုင်အမာ ခုခံကာကွယ်သွားပါတယ်။ သူ့ရဲ့အစိုးရဟာ ရွေးကောက်ပွဲ မဲမသမာမှုတွေကို အရေးယူ ဆောင်ရွက်ခဲ့တာသာ ဖြစ်ကြောင်းနဲ့ နိုင်ငံတော်အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ကုလလူ့အခွင့်အရေးကောင်စီကို ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရမ်းကို ရှုပ်ထွေးနေပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာလည်း အခြေမခိုင်သေးကြောင်း သံအမတ်ကြီးက ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အခြေအနေကို အခုထက်ပိုပြီး နားလည်သဘောပေါက်လာကြဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဆီကနေ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုးကို မျှော်လင့်ကြောင်းတို့ကိုလည်း သံအမတ်ကြီး ဦးမြင့်သူက ပြောသွားခဲ့ပါတယ်။