သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

အာဏာသိမ္းစစ္ေကာင္စီ ဥပေဒထုတ္ျပန္ခ်က္မ်ား တရားမဝင္ဟု NLD ေၾကညာ


စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပသူမ်ားအား ဖမ္းဆီးမႈေၾကာင့္ မႏၱေလးၿမိဳ႕မွာ ဆႏၵျပသူမ်ားနဲ႔ ရဲတပ္ဖြဲ႔ ထိပ္တုိက္ေတြ႔ေနတဲ့ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၃၊ ၂၀၂၁)

(Zawgyi / Unicode)

အာဏာသိမ္း စစ္ေကာင္စီက ထုတ္ျပန္တဲ့ အမိန္႔၊ ၫႊန္ၾကားခ်က္၊ ဥပေဒေတြ အားလံုးဟာ တရားမဝင္ဘူးလို႔ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပြဲမွာ ျပတ္ျပတ္သားသား အႏုိင္ရထားတဲ့ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီက ေျပာလိုက္ပါတယ္။

အင္တာနက္နဲ႔ အြန္လိုင္း ဆက္သြယ္ေရးကို တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္သြားမယ့္ ဆိုင္ဘာလံုၿခံဳေရးဥပေဒ ဆိုတာကို ျပ႒ာန္းဖို႔ စစ္ေကာင္စီက ျပင္ဆင္ေနခ်ိန္မွာပဲ NLD ပါတီက အခုလို ေျပာလိုက္တာပါ။

ဒီဥပေဒ အတည္ျဖစ္သြားၿပီဆိုရင္ အင္တာနက္ဝန္ေဆာင္မႈ ေပးေနတဲ့ လုပ္ငန္းေတြအေနနဲ႔ သူတို႔ဝန္ေဆာင္မႈကို သံုးစြဲသူေတြ တည္ရွိတဲ့ေနရာကို ေဖာ္ျပရမွာျဖစ္ၿပီး အခ်က္အလက္ေတြကိုလည္း ၃ ႏွစ္စာအထိ သိမ္းဆည္းထားရမွာ ျဖစ္ပါတယ္။

အာဏာပိုင္ေတြက ေတာင္းဆိုရင္ အဲဒီအခ်က္အလက္ေတြကို ထုတ္ေပးရမွာျဖစ္ၿပီး ထိန္းသိမ္းထားဖို႔ ပ်က္ကြက္သူေတြကို ေထာင္ဒဏ္ ၃ ႏွစ္ ဒါမွမဟုတ္ ေငြဒဏ္ ေဒၚလာ ၇,၅၀၀ ဒါမွမဟုတ္ ႏွစ္မ်ဳိးလံုး ခ်မွတ္ႏုိင္တယ္ဆုိတာ လက္ရွိျဖန္႔ေဝထားတဲ့ ဥပေဒမူၾကမ္းထဲမွာ ေဖာ္ျပထားပါတယ္။

ဒီဥပေဒသာ ျပ႒ာန္းၿပီးၿပီဆိုရင္ ျမန္မာႏုိင္ငံတြင္း အင္တာနက္ အသံုးျပဳသူေတြအေနနဲ႔ အခ်ိန္မေရြး ဖမ္းဆီးအေရးယူ ေထာင္ခ်ခံရႏုိင္တဲ့ အႏၲရာယ္နဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ဒီဥပေဒမူၾကမ္းကို ျပည္တြင္းျပည္ပမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ကန္႔ကြက္ေနၾကတာပါ။

ႏုိင္ငံေတာ္ရဲ႕ ဥပေဒျပဳေရးအာဏာဟာ လူထုရဲ႕ဆႏၵမဲနဲ႔ ေရြးေကာက္တင္ေျမႇာက္ခံထားရတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ကုိယ္စားလွယ္ေတြရဲ႕ အသိအမွတ္ျပဳမႈနဲ႔ ဖြဲ႔စည္းထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ကုိယ္စားျပဳေကာ္မတီ (CRPH) မွာပဲ တည္ရွိၿပီး တရားဝင္ အစိုးရအဖြဲ႔ဆီကေန မတရားတဲ့ နည္းလမ္းနဲ႔ အာဏာကို လုယူထားတဲ့ စစ္ေကာင္စီမွာ မရွိဘူးလို႔ NLD ပါတီရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အာဏာသိမ်းစစ်ကောင်စီ ဥပဒေထုတ်ပြန်ချက်များ တရားမဝင်ဟု NLD ကြေညာ

အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်တဲ့ အမိန့်၊ ညွှန်ကြားချက်၊ ဥပဒေတွေ အားလုံးဟာ တရားမဝင်ဘူးလို့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြောလိုက်ပါတယ်။

အင်တာနက်နဲ့ အွန်လိုင်း ဆက်သွယ်ရေးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်သွားမယ့် ဆိုင်ဘာလုံခြုံရေးဥပဒေ ဆိုတာကို ပြဋ္ဌာန်းဖို့ စစ်ကောင်စီက ပြင်ဆင်နေချိန်မှာပဲ NLD ပါတီက အခုလို ပြောလိုက်တာပါ။

ဒီဥပဒေ အတည်ဖြစ်သွားပြီဆိုရင် အင်တာနက်ဝန်ဆောင်မှု ပေးနေတဲ့ လုပ်ငန်းတွေအနေနဲ့ သူတို့ဝန်ဆောင်မှုကို သုံးစွဲသူတွေ တည်ရှိတဲ့နေရာကို ဖော်ပြရမှာဖြစ်ပြီး အချက်အလက်တွေကိုလည်း ၃ နှစ်စာအထိ သိမ်းဆည်းထားရမှာ ဖြစ်ပါတယ်။

အာဏာပိုင်တွေက တောင်းဆိုရင် အဲဒီအချက်အလက်တွေကို ထုတ်ပေးရမှာဖြစ်ပြီး ထိန်းသိမ်းထားဖို့ ပျက်ကွက်သူတွေကို ထောင်ဒဏ် ၃ နှစ် ဒါမှမဟုတ် ငွေဒဏ် ဒေါ်လာ ၇,၅၀၀ ဒါမှမဟုတ် နှစ်မျိုးလုံး ချမှတ်နိုင်တယ်ဆိုတာ လက်ရှိဖြန့်ဝေထားတဲ့ ဥပဒေမူကြမ်းထဲမှာ ဖော်ပြထားပါတယ်။

ဒီဥပဒေသာ ပြဋ္ဌာန်းပြီးပြီဆိုရင် မြန်မာနိုင်ငံတွင်း အင်တာနက် အသုံးပြုသူတွေအနေနဲ့ အချိန်မရွေး ဖမ်းဆီးအရေးယူ ထောင်ချခံရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒီဥပဒေမူကြမ်းကို ပြည်တွင်းပြည်ပမှာ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်နေကြတာပါ။

နိုင်ငံတော်ရဲ့ ဥပဒေပြုရေးအာဏာဟာ လူထုရဲ့ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အသိအမှတ်ပြုမှုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှာပဲ တည်ရှိပြီး တရားဝင် အစိုးရအဖွဲ့ဆီကနေ မတရားတဲ့ နည်းလမ်းနဲ့ အာဏာကို လုယူထားတဲ့ စစ်ကောင်စီမှာ မရှိဘူးလို့ NLD ပါတီရဲ့ ဒီကနေ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG