သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဌာန်းရမယ့်အချိန်မဟုတ်ဘူးလို့ ကွန်ပျူတာအသင်းများထုတ်ပြန်


ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင်တခုမှာ ကွန်ပျူတာသုံးနေသူများ။ (နိုဝင်ဘာ ၂၁၊ ၂၀၁၁)
ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင်တခုမှာ ကွန်ပျူတာသုံးနေသူများ။ (နိုဝင်ဘာ ၂၁၊ ၂၀၁၁)

[Zawgyi/Unicode]

အာဏာသိမ်း စစ်ကောင်စီက ပြဌာန်းဖို့ပြင်ဆင်နေတဲ့ ဆိုင်ဘာလုံခြုံရေးဥပဒေမူကြမ်းဟာ အသေးစိတ် ဆွေးနွေးပြင်ဆင်ဖို့ လိုအပ်နေပြီးတော့ အခုအချိန်အခါဟာလည်း ဒီဥပဒေကိုပြဌာန်းဖို့ အချိန်အခါကောင်း မဟုတ်ဘူးလို့ မြန်မာနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ ကွန်ပျူတာဆိုင်ရာ အသင်းတွေအားလုံးက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

ဒီဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ကြားထဲမှာလုပ်ရမယ့် အဆင့်တွေကို ကျော်လွန်ပြီးတော့ အစောတလျင်ပြဌာန်းမယ်ဆိုရင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နဲ့ ကွန်ပျူတာအသင်းတွေအနေနဲ့ပြင်းပြင်းထန်ထန် ကန့်ကွက်မယ်လို့လည်း ပြောပါတယ်။

ဒီဥပဒေမူကြမ်းဟာ နိုင်ငံ့အကျိုး၊ ပြည်သူတွေအကျိုးနဲ့ စီးပွားရေးလုပ်ငန်းကဏ္ဍအားလုံးတို့ရဲ့ အကျိုးအတွက် အသေးစိတ်ထပ်ပြီး ဆွေးနွေးပြင်ဆင်ဖို့ လိုတဲ့အကြောင်း၊ လိုအပ်တဲ့ အထောက်အကူပြု အကြောင်းအချက်တွေ၊ လုပ်ငန်းစဉ်တွေကို အဆင့်ဆင့် မဖြစ်မနေလုပ်ဆောင်ရမယ်လို့လည်း ဒီအသင်းတွေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

[Unicode Version]





XS
SM
MD
LG