သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆိုက္ဘာလံုၿခံဳေရး ကန္႔သတ္မႈ ထိေရာက္ႏိုင္မလား 


မွတ္တမ္းဓါတ္ပံု ၂၀၁၃ ႏို၀င္ဘာတုန္းက Hanoi ၿမိဳ႕မွာ Facebook သံုးေနတဲ့ တတ္ၾကြလႈပ္ရွားသူ တဦး

(Zawgyi/Unicode)

ျမန္မာႏိုင္ငံက အာဏာသိမ္းစစ္အုပ္စုအေနနဲ႔ ဆန္႔က်င္ဆႏၵျပေနတဲ့လႈပ္ရွားမူေတြကို ကန္႔သတ္ထိန္းခ်ဳပ္ႏိုင္ေရး အင္တာနက္ဆိုင္ဘာလံုၿခံဳေရးဥပေဒေတြျပင္ေနေပမဲ့၊ အဲဒီဥပေဒၾကမ္းပါ တားဆီးကန္႔သတ္ခ်က္ေတြကို အဓိကလႈပ္ရွားေနတဲ့ လူငယ္ေတြရဲ့ ေခတ္သစ္လူမူမီဒီယာနည္းပညာေတြနဲ႔ ေက်ာ္လႊားသြားႏိုင္မွာပါလို႔ ဒီလႈပ္ရွားမူမွာပါဝင္ေနသူေတြကဆိုပါတယ္။ ကိုဝင္းမင္းကေမးထားပါတယ္။

အခုလို အင္တာနက္ဆိုင္ဘာလံုၿခံဳေရးဥပေဒၾကမ္းအေၾကာင္းကို လက္ရွိ စစ္အာဏာသိမ္းမႈကို ဆန္႔က်န္ ဆႏၵျပေနတဲ့ ရန္ကုန္ ေဆးတကၠသိုလ္ (၂) က ေက်ာင္းသားသမဂၢ ဥကၠ႒ ကို ဥကၠာျမတ္က

“ ဒီဆိုင္ဘာလံုၿခံဳေရးဥပေဒၾကမ္းက အရင္ကတည္းက စၿပီးေတာ့ ဆြဲထားတယ္။ ဒါေပမယ့္ အခုထြက္လာတဲ့ မူၾကမ္းက သူတို႔ လိုသလို ေျပာင္းထားတယ္။ ဆိုလိုတာက အခုက်ေနာ္တို႔ လူငယ္ေတြက ဒီ နည္းပညာနဲ႔ ေပါင္းစပ္ၿပီးေတာ့မွ စစ္အာဏာရွင္ ေခါင္းေဆာင္ေတြကို ဆန္႔က်င္တာဆိုေတာ့ ဒီ ဥပေဒၾကမ္းကို အေစာဆံုး သူတို႔ ျပဌာန္းတယ္ဆိုတာကေတာ့ ဒါ လူငယ္ေတြကို ကန္႔သတ္ဖို႔ ႀကိဳးစားတယ္လို႔ က်ေနာ္ျမင္ပါတယ္။”

ဒါ့အျပင္ ရန္ကုန္က ဆႏၵျပပြဲေတြမွာ တက္ၾကြစြာ လႈပ္ရွားေနတဲ့ မြန္လူငယ္ ကိုသန္႔စင္ၿဖိဳးကလည္း

“ ဒါကေတာ့ ျဖတ္ေတာက္္တာေပါ့ သတင္းကို အဓိကေတာ့ Information စီးဆင္းမႈကို သူတို႔ ျဖတ္ေတာက္တာလို႔ပဲ က်ေနာ္ယူဆတယ္။ က်ေနာ္တုိ႔ရဲ႕ အသံေတြ က်ေနာ္တို႔ရဲ႕ Movement ေတြကို က်ယ္က်ယ္ျပန္႔ျပန္႕ ထပ္မျဖစ္ေစခ်င္လို႔ က်ေနာ္ရိုးရိုးေလးပဲျမင္တယ္ဗ်။”

ဒီအေပၚ ၁၉၈၈ ဒီမိုကေရစီ အေရးေတာ္ပံုမွာ ပါ၀င္ခဲ့ၿပီး လက္ရွိလည္း လူငယ္ေတြနဲ႔ ပူးေပါင္းပါ၀င္ လႈပ္ရွားေနတဲ့ ကို၀င္းတင္က

“ဒီ အင္တာနက္ေတြ သံုးလို႔မရေအာင္ေပါ့ဗ်ာ သူတို႔လုပ္မယ္ဆိုတာေတာ့ က်ေနာ္တို႔ၾကားေနတာ ၾကာပါၿပီ။ တကယ္လက္ေတြ႔ သူတို႔ အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္းကေနစၿပီးေတာ့ အဲဒီ အင္တာနက္ေတြ အကုန္လံုးက က်သြားတာေပါ့ေလ။”

ဒီေနရာမွာ အခုလို အင္တာနက္ သံုးရ ခက္လာေနပံုကို သတိထားမိတဲ့ ကိုသန္႔စင္ၿဖိဳးကလည္း

“အဓိကေတာ့ Facebook မွာေပါ့ေနာ္ ပိုသံသယရွိတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္း က်ေနာ္တို႔ အင္တာနက္အပိတ္ခံလိုက္ရတဲ့ အေျခအေန ၿပီးသြားတဲ့ေနာက္မွာ က်ေနာ္ ေတာက္ေလွ်ာက္ ႏိုင္ငံေရးနဲ႔ ပတ္သက္ၿပီးၾကည့္တဲ့ေနာက္ပိုင္းမွာ က်ေနာ့္ Connection ေတြမေကာင္းေတာ့ဘူး။ က်ေနာ္ VPN ခံၿပီးသံုးတဲ့အေျခအေနမွာ နည္းနည္းေကာင္းတယ္၊ ေနာက္ပိုင္းမွာ Connection အရမ္း weak ျဖစ္တယ္။ အခုဆိုရင္ က်ေနာ့္ MPT ဖုန္းေလးနဲ႔ အြန္လိုင္းဖြင့္ၿပီးသံုးတာဆိုရင္ သံုးလို႔မရဘူး၊ လံုး၀ New Feed မတက္ဘူး။ Facebook မွ မဟုတ္ဘူး Safari တို႔ Chrome တို႔မွာ၀င္ရင္ တခုမွ ၀င္လို႔မရဘူး။ က်ေနာ့္ တျခားဖုန္းကေန Hotspot လုပ္ၿပီးေတာ ့သံုးမွပဲ သံုးလို႔ရတယ္။ ဒီေန႔ေန႔လည္က က်ေနာ္ Live ၃ ခု ၄ ခုေလာက္ လႊင့္လိုက္တယ္။ အဲဒါက်ေတာ့ ခ်က္ခ်င္းႀကီး က်ေနာ့္ရဲ႕ device ေပါ့ေနာ္ ၊ က်ေနာ္ထင္တယ္ ဖုန္းနံပတ္ေပၚကိုပဲ အဓိကထားၿပီးေတာ့ သူတို႔ ban တာလားေပါ့ေနာ္ ၊ အခုေတာ့ Ban တဲ့ အဆင့္ေတာ့ မေရာက္ေသးဘူး။”

အလားတူ အခုလို ဆန္႔က်င္ဆႏၵျပေနတဲ့ လႈပ္ရွားမႈေတြ ရွိေနခ်ိန္မွာ ဒီ အင္တာနက္ ကန္႔သတ္မႈေၾကာင့္ ဖမ္းဆီးမႈေတြက အထူးသျဖင့္ နယ္ေတြမွာ လူမျမင္ သူမျမင္ ပိုျဖစ္မွာ စိုးရိမ္ရတယ္လို႔ ေဆးတကၠသိုလ္ (၂) က ေက်ာင္းသားသမဂၢ ဥကၠ႒ ကို ဥကၠာျမတ္က ဆိုပါတယ္။

“ၿပီးခဲ့တဲ့ ရက္ေတြကဆိုရင္ အင္တာနက္ ပ်က္ေတာက္သြားတဲ့အခါမွာ သူက Information delay ေတြေရာ ျဖစ္လာတယ္ခင္ဗ်။ အဲဒီေတာ့ Social Media Network အားနည္းသြားမယ္ဆိုရင္ေတာ့ မမွန္ကန္တဲ့ သတင္းေတြ ၊ သတင္းအေမွာင္ခ်တာေတြ ျဖစ္လာႏိုင္တယ္။ အခုက ဘာျဖစ္သလဲဆိုေတာ့ ဒီ မတရား ဖမ္းဆီးခံရတဲ့လူေတြ ရွိလာတယ္။ ဥပမာဆိုရင္ က်ေနာ္တို႔ နယ္ၿမိဳ႕ေတြမွာဆိုရင္ ညဆိုရင္ အဲဒီလိုမ်ိဳး အဖမ္းအဆီးေတြရွိတယ္။ CDM ဦးေဆာင္သူေတြကို အခုဆိုရင္ စၿပီးေတာ့ ဖမ္းေနၿပီေပါ့ေနာ္။ အဲဒီလိုမ်ိဳး အဖမ္းအဆီးသတင္းေတြက အဲလိုပဲ လူမသိ သူမသိနဲ႔ အဖမ္းခံရတဲ့ ဆရာ၀န္ေတြလည္း ရွိလာတယ္။ အဲဒီသတင္းေတြက မေရာက္လာဘူးဆိုရင္ ျပည္သူေတြက မသိႏိုင္ဘူး။ မသိႏိုင္တဲ့အခါက်ရင္ က်ေနာ္တို႔ လူထုအခ်င္းခ်င္း ကာကြယ္ဖို႔က အားနည္းသြားလိမ့္မယ္ဗ်။”

ဒါေပမယ့္ အခုလို အင္တာနက္ ကန္႔သတ္မႈေၾကာင့္ေတာ့ လက္ရွိ လႈပ္ရွားမႈကို ရပ္တန္႔ေစမွာ မဟုတ္ဘူးလို႔ ေျပာင္းလဲသြားေနပံုကို ကို၀င္းတင္က

“ဒီလို ျဖတ္ေတာက္လို႔လည္း က်ေနာ္တို႔ လုပ္ငန္းစဥ္ႀကီးက လက္ရွိ ေရြ႕ေနတဲ့ အေရြ႕ႀကီးကေတာ့ ၿပီးသြားမွာေတာ့ မဟုတ္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒီဘက္ေခတ္မွာ generation ေျပာင္းသြားၿပီ။ က်ေနာ္တို႔ ၈၈ ပံုစံမ်ိဳးနဲ႔ မတူေတာ့ဘူးေလ။ ကေလးေတြရဲ႕ နည္းပညာ အခုလက္ရွိ ဒီ ၂၀၂၁ တို႔ကို ေဖာ္ေဆာင္ေနတာက လူငယ္ေတြ အမ်ားစု ။ သူတို႔ေတြမွာ နည္းပညာေတြရွိတယ္။ အစြမ္းေတြ အမ်ားႀကီးရွိပါတယ္။ ေနာက္ အျခားအျခားေသာ ႏိုင္ငံတကာကေနၿပီးေတာ့ က်ေနာ္တို႔နဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ တကယ္ IT ပညာကို ကၽြမ္းက်င္ေနတဲ့ ျမန္မာလူငယ္ေတြ ႏိုင္ငံျခားမွာ အမ်ားႀကီးရွိပါတယ္။ သူတုိ႔ဘက္က အကူအညီေတြလည္း အမ်ားႀကီးရပါတယ္ခင္ဗ်။”

အလားတူ ကို ဥကၠာျမတ္ကလည္း

“က်ေနာ္တို႔အေနနဲ႔ကေတာ့ Cyber security Law ကိုေတာ့ စိုးရိမ္မႈရွိတာေပါ့ေနာ္ ။ ဒါေပမယ့္ ဒါႀကီးျဖစ္လာၿပီဆိုရင္ ဘယ္လိုပဲ ဖိႏိွပ္ဖိႏိွပ္ က်ေနာ္တို႔ ရေအာင္ေဖာက္ထြက္မယ္ဆိုတဲ့ ယံုၾကည္ခ်က္ေတာ့ ထားတယ္ခင္ဗ်။ က်ေနာ္တို႔ လူငယ္ေတြအခ်င္းခ်င္းကလည္း နည္းပညာနဲ႔ ပတ္သက္ၿပီးေတာ့ အခ်င္းခ်င္း ေ၀မွ်ၿပီးေတာ့ ေက်ာ္လႊားသြားႏိုင္ဖို႔ ။ အခုလက္တေလာဆို က်ေနာ္တို႔ဆို VPN ေက်ာ္ၿပီးေတာ့သြားရတယ္ခင္ဗ်။ တရုတ္ႏိုင္ငံမွာလည္း လူငယ္ေတြက firewall ကာထားတာေတာင္မွာ သူတို႔ Facebook သံုးႏိုင္တာ၊ က်ေနာ္တို႔ေရာ ဒီကာလမွာ ဒါကို ေဖာက္ထြက္ၿပီးေတာ ့သံုးႏုိင္မယ္လို႔ ယံုၾကည္ၾကတယ္ခင္ဗ်။ အကုန္လံုးက အခုအခ်ိန္မွာ ဒီ Cyber security Law က လူငယ္ေတြကို စိတ္အားေလ်ာ့က်သြားေအာင္ လုပ္ေနတဲ့ဟာလို႔ ျမင္ၿပီး က်ေနာ္တို႔ဒီ အေပၚမွာ ပိုၿပီးေတာ့ ဒီ ဥပေဒကို တိုက္မယ္၊ က်ေနာ္တုိ႔ ရေအာင္ ေက်ာ္လႊားၿပီးေတာ ့ဒီေတာ္လွန္ေရးကို ဆက္လုပ္မွာပါ။”

တကယ္ေတာ့ အခုလုပ္ရွားမႈမွာ ပါ၀င္ေနတဲ့ သူေတြကလည္း ဒီ အင္တာနက္ ကန္႔သတ္မႈေၾကာင့္ ဆႏၵျပပြဲေတြအေပၚ သက္ေရာက္တဲ့ ၊ တကယ္တမ္းမွာ လူမႈစီးပြားေရးအေပၚ ပိုထိခိုက္မွာ စိုးရိမ္တယ္လို႔ ဆိုေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ဆိုက်ဘာလုံခြုံရေး ကန့်သတ်မှု ထိရောက်နိုင်မလား

(Unicode)

မြန်မာနိုင်ငံက အာဏာသိမ်းစစ်အုပ်စုအနေနဲ့ ဆန့်ကျင်ဆန္ဒပြနေတဲ့လှုပ်ရှားမူတွေကို ကန့်သတ်ထိန်းချုပ်နိုင်ရေး အင်တာနက်ဆိုင်ဘာလုံခြုံရေးဥပဒေတွေပြင်နေပေမဲ့၊ အဲဒီဥပဒေကြမ်းပါ တားဆီးကန့်သတ်ချက်တွေကို အဓိကလှုပ်ရှားနေတဲ့ လူငယ်တွေရဲ့ ခေတ်သစ်လူမူမီဒီယာနည်းပညာတွေနဲ့ ကျော်လွှားသွားနိုင်မှာပါလို့ ဒီလှုပ်ရှားမူမှာပါဝင်နေသူတွေကဆိုပါတယ်။ ကိုဝင်းမင်းကမေးထားပါတယ်။

အခုလို အင်တာနက်ဆိုင်ဘာလုံခြုံရေးဥပဒေကြမ်းအကြောင်းကို လက်ရှိ စစ်အာဏာသိမ်းမှုကို ဆန့်ကျန် ဆန္ဒပြနေတဲ့ ရန်ကုန် ဆေးတက္ကသိုလ် (၂) က ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကို ဥက္ကာမြတ်က

“ ဒီဆိုင်ဘာလုံခြုံရေးဥပဒေကြမ်းက အရင်ကတည်းက စပြီးတော့ ဆွဲထားတယ်။ ဒါပေမယ့် အခုထွက်လာတဲ့ မူကြမ်းက သူတို့ လိုသလို ပြောင်းထားတယ်။ ဆိုလိုတာက အခုကျနော်တို့ လူငယ်တွေက ဒီ နည်းပညာနဲ့ ပေါင်းစပ်ပြီးတော့မှ စစ်အာဏာရှင် ခေါင်းဆောင်တွေကို ဆန့်ကျင်တာဆိုတော့ ဒီ ဥပဒေကြမ်းကို အစောဆုံး သူတို့ ပြဌာန်းတယ်ဆိုတာကတော့ ဒါ လူငယ်တွေကို ကန့်သတ်ဖို့ ကြိုးစားတယ်လို့ ကျနော်မြင်ပါတယ်။”

ဒါ့အပြင် ရန်ကုန်က ဆန္ဒပြပွဲတွေမှာ တက်ကြွစွာ လှုပ်ရှားနေတဲ့ မွန်လူငယ် ကိုသန့်စင်ဖြိုးကလည်း

“ ဒါကတော့ ဖြတ်တောက်တာပေါ့ သတင်းကို အဓိကတော့ Information စီးဆင်းမှုကို သူတို့ ဖြတ်တောက်တာလို့ပဲ ကျနော်ယူဆတယ်။ ကျနော်တို့ရဲ့ အသံတွေ ကျနော်တို့ရဲ့ Movement တွေကို ကျယ်ကျယ်ပြန့်ပြန့် ထပ်မဖြစ်စေချင်လို့ ကျနော်ရိုးရိုးလေးပဲမြင်တယ်ဗျ။”

ဒီအပေါ် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး လက်ရှိလည်း လူငယ်တွေနဲ့ ပူးပေါင်းပါဝင် လှုပ်ရှားနေတဲ့ ကိုဝင်းတင်က

“ဒီ အင်တာနက်တွေ သုံးလို့မရအောင်ပေါ့ဗျာ သူတို့လုပ်မယ်ဆိုတာတော့ ကျနော်တို့ကြားနေတာ ကြာပါပြီ။ တကယ်လက်တွေ့ သူတို့ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကနေစပြီးတော့ အဲဒီ အင်တာနက်တွေ အကုန်လုံးက ကျသွားတာပေါ့လေ။”

ဒီနေရာမှာ အခုလို အင်တာနက် သုံးရ ခက်လာနေပုံကို သတိထားမိတဲ့ ကိုသန့်စင်ဖြိုးကလည်း

“အဓိကတော့ Facebook မှာပေါ့နော် ပိုသံသယရှိတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း ကျနော်တို့ အင်တာနက်အပိတ်ခံလိုက်ရတဲ့ အခြေအနေ ပြီးသွားတဲ့နောက်မှာ ကျနော် တောက်လျှောက် နိုင်ငံရေးနဲ့ ပတ်သက်ပြီးကြည့်တဲ့နောက်ပိုင်းမှာ ကျနော့် Connection တွေမကောင်းတော့ဘူး။ ကျနော် VPN ခံပြီးသုံးတဲ့အခြေအနေမှာ နည်းနည်းကောင်းတယ်၊ နောက်ပိုင်းမှာ Connection အရမ်း weak ဖြစ်တယ်။ အခုဆိုရင် ကျနော့် MPT ဖုန်းလေးနဲ့ အွန်လိုင်းဖွင့်ပြီးသုံးတာဆိုရင် သုံးလို့မရဘူး၊ လုံး၀ New Feed မတက်ဘူး။ Facebook မှ မဟုတ်ဘူး Safari တို့ Chrome တို့မှာဝင်ရင် တခုမှ ဝင်လို့မရဘူး။ ကျနော့် တခြားဖုန်းကနေ Hotspot လုပ်ပြီးတော့သုံးမှပဲ သုံးလို့ရတယ်။ ဒီနေ့နေ့လည်က ကျနော် Live ၃ ခု ၄ ခုလောက် လွှင့်လိုက်တယ်။ အဲဒါကျတော့ ချက်ချင်းကြီး ကျနော့်ရဲ့ device ပေါ့နော် ၊ ကျနော်ထင်တယ် ဖုန်းနံပတ်ပေါ်ကိုပဲ အဓိကထားပြီးတော့ သူတို့ ban တာလားပေါ့နော် ၊ အခုတော့ Ban တဲ့ အဆင့်တော့ မရောက်သေးဘူး။”

အလားတူ အခုလို ဆန့်ကျင်ဆန္ဒပြနေတဲ့ လှုပ်ရှားမှုတွေ ရှိနေချိန်မှာ ဒီ အင်တာနက် ကန့်သတ်မှုကြောင့် ဖမ်းဆီးမှုတွေက အထူးသဖြင့် နယ်တွေမှာ လူမမြင် သူမမြင် ပိုဖြစ်မှာ စိုးရိမ်ရတယ်လို့ ဆေးတက္ကသိုလ် (၂) က ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကို ဥက္ကာမြတ်က ဆိုပါတယ်။

“ပြီးခဲ့တဲ့ ရက်တွေကဆိုရင် အင်တာနက် ပျက်တောက်သွားတဲ့အခါမှာ သူက Information delay တွေရော ဖြစ်လာတယ်ခင်ဗျ။ အဲဒီတော့ Social Media Network အားနည်းသွားမယ်ဆိုရင်တော့ မမှန်ကန်တဲ့ သတင်းတွေ ၊ သတင်းအမှောင်ချတာတွေ ဖြစ်လာနိုင်တယ်။ အခုက ဘာဖြစ်သလဲဆိုတော့ ဒီ မတရား ဖမ်းဆီးခံရတဲ့လူတွေ ရှိလာတယ်။ ဥပမာဆိုရင် ကျနော်တို့ နယ်မြို့တွေမှာဆိုရင် ညဆိုရင် အဲဒီလိုမျိုး အဖမ်းအဆီးတွေရှိတယ်။ CDM ဦးဆောင်သူတွေကို အခုဆိုရင် စပြီးတော့ ဖမ်းနေပြီပေါ့နော်။ အဲဒီလိုမျိုး အဖမ်းအဆီးသတင်းတွေက အဲလိုပဲ လူမသိ သူမသိနဲ့ အဖမ်းခံရတဲ့ ဆရာဝန်တွေလည်း ရှိလာတယ်။ အဲဒီသတင်းတွေက မရောက်လာဘူးဆိုရင် ပြည်သူတွေက မသိနိုင်ဘူး။ မသိနိုင်တဲ့အခါကျရင် ကျနော်တို့ လူထုအချင်းချင်း ကာကွယ်ဖို့က အားနည်းသွားလိမ့်မယ်ဗျ။”

ဒါပေမယ့် အခုလို အင်တာနက် ကန့်သတ်မှုကြောင့်တော့ လက်ရှိ လှုပ်ရှားမှုကို ရပ်တန့်စေမှာ မဟုတ်ဘူးလို့ ပြောင်းလဲသွားနေပုံကို ကိုဝင်းတင်က

“ဒီလို ဖြတ်တောက်လို့လည်း ကျနော်တို့ လုပ်ငန်းစဉ်ကြီးက လက်ရှိ ရွေ့နေတဲ့ အရွေ့ကြီးကတော့ ပြီးသွားမှာတော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဘက်ခေတ်မှာ generation ပြောင်းသွားပြီ။ ကျနော်တို့ ၈၈ ပုံစံမျိုးနဲ့ မတူတော့ဘူးလေ။ ကလေးတွေရဲ့ နည်းပညာ အခုလက်ရှိ ဒီ ၂၀၂၁ တို့ကို ဖော်ဆောင်နေတာက လူငယ်တွေ အများစု ။ သူတို့တွေမှာ နည်းပညာတွေရှိတယ်။ အစွမ်းတွေ အများကြီးရှိပါတယ်။ နောက် အခြားအခြားသော နိုင်ငံတကာကနေပြီးတော့ ကျနော်တို့နဲ့ ချိတ်ဆက်ပြီးတော့ တကယ် IT ပညာကို ကျွမ်းကျင်နေတဲ့ မြန်မာလူငယ်တွေ နိုင်ငံခြားမှာ အများကြီးရှိပါတယ်။ သူတို့ဘက်က အကူအညီတွေလည်း အများကြီးရပါတယ်ခင်ဗျ။”

အလားတူ ကို ဥက္ကာမြတ်ကလည်း

“ကျနော်တို့အနေနဲ့ကတော့ Cyber security Law ကိုတော့ စိုးရိမ်မှုရှိတာပေါ့နော် ။ ဒါပေမယ့် ဒါကြီးဖြစ်လာပြီဆိုရင် ဘယ်လိုပဲ ဖိနှိပ်ဖိနှိပ် ကျနော်တို့ ရအောင်ဖောက်ထွက်မယ်ဆိုတဲ့ ယုံကြည်ချက်တော့ ထားတယ်ခင်ဗျ။ ကျနော်တို့ လူငယ်တွေအချင်းချင်းကလည်း နည်းပညာနဲ့ ပတ်သက်ပြီးတော့ အချင်းချင်း ဝေမျှပြီးတော့ ကျော်လွှားသွားနိုင်ဖို့ ။ အခုလက်တလောဆို ကျနော်တို့ဆို VPN ကျော်ပြီးတော့သွားရတယ်ခင်ဗျ။ တရုတ်နိုင်ငံမှာလည်း လူငယ်တွေက firewall ကာထားတာတောင်မှာ သူတို့ Facebook သုံးနိုင်တာ၊ ကျနော်တို့ရော ဒီကာလမှာ ဒါကို ဖောက်ထွက်ပြီးတော့သုံးနိုင်မယ်လို့ ယုံကြည်ကြတယ်ခင်ဗျ။ အကုန်လုံးက အခုအချိန်မှာ ဒီ Cyber security Law က လူငယ်တွေကို စိတ်အားလျော့ကျသွားအောင် လုပ်နေတဲ့ဟာလို့ မြင်ပြီး ကျနော်တို့ဒီ အပေါ်မှာ ပိုပြီးတော့ ဒီ ဥပဒေကို တိုက်မယ်၊ ကျနော်တို့ ရအောင် ကျော်လွှားပြီးတော့ဒီတော်လှန်ရေးကို ဆက်လုပ်မှာပါ။”

တကယ်တော့ အခုလုပ်ရှားမှုမှာ ပါဝင်နေတဲ့ သူတွေကလည်း ဒီ အင်တာနက် ကန့်သတ်မှုကြောင့် ဆန္ဒပြပွဲတွေအပေါ် သက်ရောက်တဲ့ ၊ တကယ်တမ်းမှာ လူမှုစီးပွားရေးအပေါ် ပိုထိခိုက်မှာ စိုးရိမ်တယ်လို့ ဆိုနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG