သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္တာနက္ ထိန္းခ်ဳပ္မယ့္ဥပေဒ ျပဌာန္းဖို႔ စစ္ေကာင္စီျပင္ဆင္ေန


ျမန္မာႏိုင္ငံမွာ အာဏာသိမ္းယူထားတဲ့ စစ္ေကာင္စီက ဆိုင္ဘာလံုၿခံဳေရး ဥပေဒတရပ္ကို မၾကာခင္ ထုတ္ျပန္ႏိုင္ဖုိ႔ ျပင္ဆင္ေနပါတယ္။ Cyber Security Law ဆိုၿပီး အင္တာနက္ အြန္လိုင္းဆက္သြယ္မႈေတြအေပၚ ထိန္းခ်ဳပ္မယ့္ ဥပေဒမူၾကမ္းကို ကြန္ပ်ဴတာပညာကၽြမ္းက်င္သူေတြ၊ ဆက္သြယ္ေရးဆိုင္ရာ လုပ္ငန္းလုပ္ေနတဲ့ လုပ္ငန္း႐ွင္ေတြကို ျဖန္႔ေဝထားၿပီး ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔မတိုင္ခင္ ဥပေဒမူၾကမ္းထဲက ျပင္ဆင္သင့္တာေတြ ေျပာဖုိ႔ ညႊန္ၾကားထားပါတယ္။

အဲဒီဥပေဒဟာ သတင္းအခ်က္အလက္ ျဖန္႔ေဝမႈေတြကိုထိန္းခ်ဳပ္ၿပီး ကန္႔သတ္ခ်က္ ခ်ဳိးေဖာက္သူေတြကို အေရးယူမယ့္ ဥပေဒျဖစ္တယ္လို႔ ျပည္တြင္းက နည္းပညာကၽြမ္းက်င္သူေတြက ေထာက္ျပေနၾကပါတယ္။ အင္တာနက္ဆက္သြယ္ေရးကို ထိန္းခ်ဳပ္ႏိုင္ဖုိ႔ လိုအပ္တဲ့နည္းပညာရပ္ဆိုင္ရာ အေထာက္အကူေတြကို တ႐ုတ္ႏိုင္ငံကေန မွာယူ တင္သြင္းခဲ့ၿပီး အင္တာနက္ဆက္သြယ္ေရးနဲ႔ ဝန္ေဆာင္မႈလုပ္ငန္းကုမၸဏီေတြဆီ ေပးပို႔တပ္ဆင္ခိုင္းေနၿပီလို႔ ရန္ကုန္ၿမိဳ႕က ဆိုင္ဘာလံုၿခံဳေရး ကြ်မ္းက်င္သူပညာရွင္တေယာက္က VOA ျမန္မာပိုင္းကိုေျပာပါတယ္။

စစ္အုပ္ခ်ဳပ္ေရးအဖြဲ႔က အင္တာနက္အသံုးျပဳမႈကို အႀကီးအက်ယ္ ကန္႔သတ္မယ့္ internet firewall အတြက္ တ႐ုတ္အစိုးရက ျမန္မာႏိုင္ငံကို စက္ကိရိယာေတြနဲ႔ ကၽြမ္းက်င္သူေတြကို ပို႔ေပးေနတဲ့ သတင္းက မမွန္ဘူးလို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Wang Wenbin က ဗုဒၶဟူးေန႔သတင္းစာ႐ွင္းပြဲမွာတုံးက ျငင္းဆန္ထားပါတယ္။

"ျမန္မာႏိုင္ငံနဲ႔ဆက္ႏြယ္ၿပီး တ႐ုတ္နဲ႔ပတ္သက္တဲ့ သတင္းမွားေတြ၊ ေကာလဟာလေတြ အရင္ကလည္း ထြက္ခဲ့ဖူးပါတယ္။ အဲဒီလို မမွန္ကန္တဲ့ေျပာဆိုမႈေတြကို လြယ္လြယ္ မယံုပါနဲ႔" လို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာနေျပာခြင့္ရက ေျပာသြားတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ဆိုင္ဘာလံုၿခံဳေရးဥပေဒ ထုတ္ေတာ့မယ္ဆိုတဲ့ သတင္းေတြနဲ႔အတူ တ႐ုတ္က ကုန္ပစၥည္းေသတၱာေတြ ရန္ကုန္ေလဆိပ္ေရာက္လာတဲ့ ပံုေတြ ထြက္ေပၚလာခဲ့ပါတယ္။ အဲဒါေတြဟာ အင္တာနက္ဆက္သြယ္မႈ ပိတ္ပင္ ကန္႔သတ္ေရးမွာ အသံုးျပဳဖုိ႔ ပစၥည္းေတြလို႔ သတင္းေတြ ထြက္ခဲ့ၿပီးေနာက္ တ႐ုတ္က ခုလို ျငင္းဆန္တာျဖစ္ပါတယ္။

Unicode

မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီက ဆိုင်ဘာလုံခြုံရေး ဥပဒေတရပ်ကို မကြာခင် ထုတ်ပြန်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ Cyber Security Law ဆိုပြီး အင်တာနက် အွန်လိုင်းဆက်သွယ်မှုတွေအပေါ် ထိန်းချုပ်မယ့် ဥပဒေမူကြမ်းကို ကွန်ပျူတာပညာကျွမ်းကျင်သူတွေ၊ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းလုပ်နေတဲ့ လုပ်ငန်းရှင်တွေကို ဖြန့်ဝေထားပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့မတိုင်ခင် ဥပဒေမူကြမ်းထဲက ပြင်ဆင်သင့်တာတွေ ပြောဖို့ ညွှန်ကြားထားပါတယ်။

အဲဒီဥပဒေဟာ သတင်းအချက်အလက် ဖြန့်ဝေမှုတွေကိုထိန်းချုပ်ပြီး ကန့်သတ်ချက် ချိုးဖောက်သူတွေကို အရေးယူမယ့် ဥပဒေဖြစ်တယ်လို့ ပြည်တွင်းက နည်းပညာကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်။ အင်တာနက်ဆက်သွယ်ရေးကို ထိန်းချုပ်နိုင်ဖို့ လိုအပ်တဲ့နည်းပညာရပ်ဆိုင်ရာ အထောက်အကူတွေကို တရုတ်နိုင်ငံကနေ မှာယူ တင်သွင်းခဲ့ပြီး အင်တာနက်ဆက်သွယ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီတွေဆီ ပေးပို့တပ်ဆင်ခိုင်းနေပြီလို့ ရန်ကုန်မြို့က ဆိုင်ဘာလုံခြုံရေး ကျွမ်းကျင်သူပညာရှင်တယောက်က VOA မြန်မာပိုင်းကိုပြောပါတယ်။

စစ်အုပ်ချုပ်ရေးအဖွဲ့က အင်တာနက်အသုံးပြုမှုကို အကြီးအကျယ် ကန့်သတ်မယ့် internet firewall အတွက် တရုတ်အစိုးရက မြန်မာနိုင်ငံကို စက်ကိရိယာတွေနဲ့ ကျွမ်းကျင်သူတွေကို ပို့ပေးနေတဲ့ သတင်းက မမှန်ဘူးလို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin က ဗုဒ္ဓဟူးနေ့သတင်းစာရှင်းပွဲမှာတုံးက ငြင်းဆန်ထားပါတယ်။

"မြန်မာနိုင်ငံနဲ့ဆက်နွယ်ပြီး တရုတ်နဲ့ပတ်သက်တဲ့ သတင်းမှားတွေ၊ ကောလဟာလတွေ အရင်ကလည်း ထွက်ခဲ့ဖူးပါတယ်။ အဲဒီလို မမှန်ကန်တဲ့ပြောဆိုမှုတွေကို လွယ်လွယ် မယုံပါနဲ့" လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရက ပြောသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆိုင်ဘာလုံခြုံရေးဥပဒေ ထုတ်တော့မယ်ဆိုတဲ့ သတင်းတွေနဲ့အတူ တရုတ်က ကုန်ပစ္စည်းသေတ္တာတွေ ရန်ကုန်လေဆိပ်ရောက်လာတဲ့ ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါတွေဟာ အင်တာနက်ဆက်သွယ်မှု ပိတ်ပင် ကန့်သတ်ရေးမှာ အသုံးပြုဖို့ ပစ္စည်းတွေလို့ သတင်းတွေ ထွက်ခဲ့ပြီးနောက် တရုတ်က ခုလို ငြင်းဆန်တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG