သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ဥကၠလာဖမ္းဆီးမႈ မေက်နပ္သူေတြ စုရံုးကန္႔ကြက္ 


ေတာင္ဥကၠလာဖမ္းဆီးမႈ မေက်နပ္သူေတြ စုရံုးကန္႔ကြက္ (ဓါတ္ပံု-Nyan Sin Sat Facebook live)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြ ရက္အတန္ၾကာ ျဖစ္ေပၚခဲ့ၿပီး အဲဒီေနာက္ဆက္တြဲအျဖစ္နဲ႔ လုံျခံဳေရးတပ္ဖြဲ႔ေတြက ေနအိမ္ေတြမွာ လိုက္လံ ဖမ္းဆီးမႈေတြ ဒီ တရက္၊ ႏွစ္ရက္အတြင္း ရက္အတြင္းမွာ ဆက္တိုက္ဆိုသလို ျပဳလုပ္လာေနတာမွာ မေန႔ညက ေတာင္ဥကၠလာၿမိဳ႕နယ္၊ (၇) ရပ္ကြက္က ရဲစခန္းကို ၿမိဳ႕ခံလူထုက ဝိုင္း၀န္း ဆႏၵျပတဲ့အထိ အေျခအေနေတြ တင္းမာမႈ ျဖစ္သြားခဲ့ပါတယ္။ အျပည့္အစုံကိုေတာ့ ကိုေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။

ရန္ကုန္ၿမိဳ႕၊ ေတာင္ဥကၠလာၿမိဳ႕နယ္က (၇) ရပ္ကြက္မွာေနထိုင္တဲ့ ဟိန္းမင္းေအာင္ ဆိုတဲ့ Facebook အေကာင့္ပိုင္ရွင္က သူတို႔အိမ္ကို ညဘက္ အခ်ိန္မေတာ္မွာ ရဲေတြ၊ ရာအိမ္မွဴးေတြ ေရာက္လာၿပီး ဖမ္း၀ရမ္းျပ ဖမ္းတဲ့ကိစၥကို တိုက္႐ိုက္ ထုတ္လႊင့္ျပသတာက ရဲစခန္းေရွ႕မွာ လူေတြရာနဲ႔ခ်ီၿပီး ဆႏၵျပတဲ့အေျခအေနအထိ ႀကီးထြားသြားခဲ့တာပါ။

“ရာအိမ္မွဴး ။ ။ ငါတို႔ေခၚေနတာ မၾကားဘူးလား

ေျဖ။ ။ ဒီအခ်ိန္က အိပ္ေနၿပီေလ။

ရာအိမ္မွဴး ။ ။အိပ္ေနရင္လည္း အေရးႀကီးလို႔ေခၚရတာ … ငါရာအိမ္မွဴးပဲ တံခါးဖြင့္ေပး

ေျဖ။။ ဘာကိစၥလဲ

ရာအိမ္မွဴး။ ။ကိစၥရွိလို႔ တံခါးဖြင့္ခိုင္းတာ

ေျဖ။။ ဘာကိစၥတုန္း ၊ ဘာကိစၥရွိလို႔လဲ ဒီအခ်ိန္ႀကီးကေတာ့ မျဖစ္လို႔ပါ။ ဘာျဖစ္လို႔လဲ တခ်က္ေလာက္ေျပာပါ။

ရဲ ။ ။ ညီေလး တခ်က္ေလာက္ လာပါလား၊ အကိုက ေတာင္ဥကၠလာရဲစခန္းက ရဲအရာရွိပါ။ ညီေလးနာမည္က။

ရဲ ။ ။ ေတာင္ဥကၠလာၿမိဳ႕နယ္တရားရံုးက အမႈ ၇၅ အရ ညီေလးတို႔ကို ပုဒ္မ ၅၀၅ ခ အရ အမႈဖြင့္ထားတဲ့အတြက္ အကိုတို႔ လာေခၚတာပါ။ တကယ္လို႔ ညီေလးအေနနဲ႔ ဒီ ပုဒ္မ က ေထာင္ဒဏ္နဲ႔ ေငြဒဏ္နဲ႔ ရွိတယ္။”

အသက္ ၂၄ ႏွစ္ရွိၿပီျဖစ္တဲ့ ကိုဟိန္းမင္းေအာင္ဟာ ဂူတဝါဟန ဂိုဏ္းခ်ဳပ္အျဖစ္ သူ႔ကိုယ္သူ ေၾကညာထားသူ ျဖစ္ပါတယ္။ သူ႔ဂိုဏ္းဟာ အေမာင့္ပေရာဂါနဲ႔ ေလာကအစီအစဥ္ေတြနဲ႔ဆိုင္တဲ့ အေဆာင္အေယာင္ေတြကို အြန္လိုင္းမွာ ေရာင္းခ်ေနတာလည္း ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း သူ႔ဂိုဏ္းသေဘာအရ မယ္ေတာ္တဦးကို တိုင္တည္ၿပီး စစ္အစိုးရကို က်ိန္တဲ့စာေတြ၊ ႏိုင္ငံေတာ္ကို မေကာင္းတဲ့သူေတြလက္က ကာကြယ္ေပးဖို႔အျပင္ ေဆးဖေယာင္းထြန္းၿပီး ႀကိမ္စာတိုက္ ဆုေတာင္းဖို႔ တိုက္တြန္းထားတဲ့ စာေတြကို သူ႔အေကာင့္ေပၚမွာ တင္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ အဲဒီ Post ကေတာ့ အခုသူအေကာင့္မွာ မရွိေတာ့ပါဘူး။

သူ႔ကို ဖမ္းဖို႔လာတဲ့သူေတြထဲက ရာအိမ္မွဴးဆိုသူကလည္း လူမႈကြန္ယက္မွာ သူအဲဒီလို တင္ထားတဲ့ဟာေတြေၾကာင့္ အခုလို ဖမ္းဖို႔လာရတဲ့အေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဖမ္းမယ္ဆိုလဲ အခုလို ညႀကီးအခ်ိန္မေတာ္၊ အထူးသျဖင့္ ကာျဖဴးထုတ္ထားတဲ့အခ်ိန္ႀကီးမွာ ဖမ္းဖို႔မသင့္ေတာ္တာေၾကာင့္ မနက္လင္းမွ လာဖမ္းဖို႔ ေျပာေပမယ့္ ေနာက္ဆုံး တံခါးခ်ဳိး၀င္မယ္ဆိုၿပီး လုပ္တဲ့အခ်ိန္မွာ သူ႔ဘက္က အေလ်ာ့ေပးၿပီး အဖမ္းခံခဲ့တာပါ။

သူ႔အေပၚ ဆြဲတဲ့အမႈနဲ႔ ပုဒ္မနဲ႔ ဘယ္လိုမွမဟပ္စပ္တဲ့အတြက္ အဲဒါကို Facebook ကေန တိုက္႐ိုက္ၾကည့္ေနသူ ေတာ္ေတာ္မ်ားမ်ားက မေက်မခ်မ္းျဖစ္ၿပီး ရဲစခန္းေရွ႕မွာ သြားဆႏၵျပၾကတာမွာ အစပိုင္းမွာ လူက သိပ္မမ်ားေပမယ့္ ေနာက္ပိုင္း တျဖည္းျဖည္းနဲ႔ လူအုပ္က ၅၀၀ ေက်ာ္ေလာက္အထိ ျဖစ္သြားခဲ့ပါတယ္။

“ဖေယာင္းတိုင္ေတြနဲ႔ လာေနၾကပါၿပီ ။ က်ေနာ္တို႔ ဖေယာင္းတိုင္ထြန္းလို႔ ဖမ္းမယ္ဆိုရင္ …ဖေယာင္းတိုင္ထြန္းရင္ ဖမ္းမယ္ဆို …”

ေနာက္ ဖေယာင္းထြန္းလို႔ ဖမ္းတယ္ဆိုရင္ သူတို႔လည္း ဖေယာင္းတိုင္တြန္းတယ္။ သူတို႔ကိုလည္း ဖမ္းပါဆိုၿပီး ဆႏၵျပေနသူ အေတာ္မ်ားမ်ားက အဲဒီ ရဲစခန္းေရွ႕မွာဘဲ ဖေယာင္းတိုင္ေတြ ထြန္းၾကတာအျပင္ မတရား ဖမ္းဆီးခံထားရသူကို ျပန္လႊတ္ေပးဖို႔ ေႂကြးေၾကာ္သံေတြ ေအာ္ဟစ္ၾကပါတယ္။

“ မတရားဖမ္းဆီးထားတဲ့ တို႔ျပည္သူ… ခ်က္ခ်င္းလႊတ္ ၊ ခ်က္ခ်င္းလႊတ္

မတရားဖမ္းဆီးထားတဲ့ တို႔ျပည္သူ… ခ်က္ခ်င္းလႊတ္ ၊ ခ်က္ခ်င္းလႊတ္

မတရားဖမ္းဆီးထားတဲ့ တို႔ျပည္သူ… ခ်က္ခ်င္းလႊတ္ ၊ ခ်က္ခ်င္းလႊတ္”

အဲဒီလို ဆႏၵျပသူေတြရဲ႕အသံေတြနဲ႔ ဆူညံေနတဲ့ၾကားမွာဘဲ အဖမ္းခံထားရသူရဲ႕ မိခင္ဆိုသူ အမ်ဳိးသမီးတေယာက္လဲ ေရာက္လာၿပီး သူေရာက္ေနေၾကာင္း သူ႔သားကို လွမ္းေျပာတဲ့အသံကလည္း ေႂကြးေၾကာ္သံေတြ ဆူညံမႈေတြၾကားက ထြက္လာခဲ့ပါတယ္။

“သားရယ္ သားအေမ သားကို လာၾကည့္ေနတယ္ သားရယ္။”

ဆႏၵျပတဲ့ေနရာမွာ ကိုယ္တိုင္ေရာက္ေနတဲ့ ကိုေအာင္ျမင့္ျမတ္ကေတာ့ သူတို႔အေနနဲ႔ ဖမ္းထားတဲ့သူကို မလြတ္မခ်င္း ဆက္လက္ ေတာင္းဆို ဆႏၵျပသြားမယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။

“ႏိုင္ငံေတာ္ အၾကည္အညိဳပ်က္ေစမႈ ပုဒ္မက ဖေယာင္းတိုင္ထြန္းတာနဲ႔ ဘယ္လို ဆက္စပ္သြားလဲဆိုတာေတာ့ က်ေနာ္တို႔ မသိဘူး။ သူတုိ႔ အဲလိုေျပာတာကို က်ေနာ္တို႔ နားနဲ႔ၾကားတာပါခင္ဗ်။ က်ေနာ္တို႔ဆီမွာ လူအင္အားက ၃၊ ၄ ၊ ၅၀၀ နည္းနည္းျခင္းနဲ႔ မ်ားလာတယ္ဆိုေတာ့ နည္းနည္းေတာ့ မ်ားလာတယ္ခင္ဗ်။ အကုန္လံုးလည္း ဖေယာင္းတိုင္ထြန္းၿပီးေတာ့ လႊတ္ေပးဖို႔ ေတာင္းဆိုတာေတြ လုပ္ေနပါၿပီခင္ဗ်။ သူတို႔ကေတာ့ လႊတ္ေပးဖို႔ လုပ္လို႔မရဘူး ၊ စအဖ ကေနၿပီးေတာ့ ဖမ္းခိုင္းတယ္။ ေနာက္ၿပီးေတာ့ တရားရံုးကေနၿပီးေတာ့ ၀ရမ္းထုတ္ၿပီးေတာ့ ဖမ္းခိုင္းတယ္ဆိုၿပီးေတာ့ ေျပာတယ္ခင္ဗ်။ အခုအခ်ိန္ထိေတာ့ လႊတ္ေပးဖို႔ေတာ့ မျမင္ေသးဘူးခင္ဗ်။ တေျဖးေျဖးနဲ႔ေတာ့ ၀န္းရံတဲ့လူကေတာ့ မ်ားလာၿပီခင္ဗ်။ အမ်ား ဆႏၵကေတာ့ လႊတ္တဲ့အထိ မနက္မိုးလင္းတဲ့အထိ၊ အင္အားေတြ မ်ားလာမယ္လို႔လည္း ယံုၾကည္တယ္ အဲဒီအထဲမွာ မလႊတ္မခ်င္းလည္း ထိုင္ေစာင့္မယ္လို႔ အဲလိုေတာ့ တေယာက္နဲ႔တေယာက္ သေဘာတူထားပါတယ္ခင္ဗ်။”

ကိုဟိန္းမင္းေအာင္ကို အမႈဖြင့္ တရားစြဲဆိုတဲ့သူဟာ ေထြအုပ္ျဖစ္ေၾကာင္း ရဲစခန္းေရွ႕မွာ ဆႏၵျပေနသူေတြကို လာေရာက္ စကားေျပာခဲ့တဲ့ ေရွ႕ေနတဦးက ေျပာျပခဲ့ပါတယ္။ ဒါေပမယ့္ ဒီကိစၥမွာ တရားသူႀကီးအေနနဲ႔ ဖမ္း၀ရမ္းထုတ္ေပးပိုင္ခြင့္ ရွိမရွိဆိုတာကို သူ႔တို႔ ျပန္လည္ ဆန္းစစ္သြားမယ္လို႔ ဆိုပါတယ္။

ေနာက္ဆုံးသိရတဲ့အေျခအခ်ိန္အထိ ရဲစခန္းေရွ႕မွာ ေတာင္းဆို ဆႏၵျပမႈေတြ ဆက္လက္ ျပဳလုပ္ေနၾကဆဲ ျဖစ္တာေၾကာင့္ မနက္မိုးလင္းလာတဲ့အခ်ိန္မွာ ဆႏၵျပမယ့္သူေတြ သူတို႔နဲ႔အတူ လာေရာက္ ပူးေပါင္းလာႏိုင္ေျခ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

တောင်ဥက္ကလာဖမ်းဆီးမှု မကျေနပ်သူတွေ စုရုံးကန့်ကွက်

(Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရက်အတန်ကြာ ဖြစ်ပေါ်ခဲ့ပြီး အဲဒီနောက်ဆက်တွဲအဖြစ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နေအိမ်တွေမှာ လိုက်လံ ဖမ်းဆီးမှုတွေ ဒီ တရက်၊ နှစ်ရက်အတွင်း ရက်အတွင်းမှာ ဆက်တိုက်ဆိုသလို ပြုလုပ်လာနေတာမှာ မနေ့ညက တောင်ဥက္ကလာမြို့နယ်၊ (၇) ရပ်ကွက်က ရဲစခန်းကို မြို့ခံလူထုက ဝိုင်းဝန်း ဆန္ဒပြတဲ့အထိ အခြေအနေတွေ တင်းမာမှု ဖြစ်သွားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်က (၇) ရပ်ကွက်မှာနေထိုင်တဲ့ ဟိန်းမင်းအောင် ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က သူတို့အိမ်ကို ညဘက် အချိန်မတော်မှာ ရဲတွေ၊ ရာအိမ်မှူးတွေ ရောက်လာပြီး ဖမ်းဝရမ်းပြ ဖမ်းတဲ့ကိစ္စကို တိုက်ရိုက် ထုတ်လွှင့်ပြသတာက ရဲစခန်းရှေ့မှာ လူတွေရာနဲ့ချီပြီး ဆန္ဒပြတဲ့အခြေအနေအထိ ကြီးထွားသွားခဲ့တာပါ။

“ရာအိမ်မှူး ။ ။ ငါတို့ခေါ်နေတာ မကြားဘူးလား

ဖြေ။ ။ ဒီအချိန်က အိပ်နေပြီလေ။

ရာအိမ်မှူး ။ ။အိပ်နေရင်လည်း အရေးကြီးလို့ခေါ်ရတာ … ငါရာအိမ်မှူးပဲ တံခါးဖွင့်ပေး

ဖြေ။။ ဘာကိစ္စလဲ

ရာအိမ်မှူး။ ။ကိစ္စရှိလို့ တံခါးဖွင့်ခိုင်းတာ

ဖြေ။။ ဘာကိစ္စတုန်း ၊ ဘာကိစ္စရှိလို့လဲ ဒီအချိန်ကြီးကတော့ မဖြစ်လို့ပါ။ ဘာဖြစ်လို့လဲ တချက်လောက်ပြောပါ။

ရဲ ။ ။ ညီလေး တချက်လောက် လာပါလား၊ အကိုက တောင်ဥက္ကလာရဲစခန်းက ရဲအရာရှိပါ။ ညီလေးနာမည်က။

ရဲ ။ ။ တောင်ဥက္ကလာမြို့နယ်တရားရုံးက အမှု ၇၅ အရ ညီလေးတို့ကို ပုဒ်မ ၅၀၅ ခ အရ အမှုဖွင့်ထားတဲ့အတွက် အကိုတို့ လာခေါ်တာပါ။ တကယ်လို့ ညီလေးအနေနဲ့ ဒီ ပုဒ်မ က ထောင်ဒဏ်နဲ့ ငွေဒဏ်နဲ့ ရှိတယ်။”

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ကိုဟိန်းမင်းအောင်ဟာ ဂူတဝါဟန ဂိုဏ်းချုပ်အဖြစ် သူ့ကိုယ်သူ ကြေညာထားသူ ဖြစ်ပါတယ်။ သူ့ဂိုဏ်းဟာ အမောင့်ပရောဂါနဲ့ လောကအစီအစဉ်တွေနဲ့ဆိုင်တဲ့ အဆောင်အယောင်တွေကို အွန်လိုင်းမှာ ရောင်းချနေတာလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း သူ့ဂိုဏ်းသဘောအရ မယ်တော်တဦးကို တိုင်တည်ပြီး စစ်အစိုးရကို ကျိန်တဲ့စာတွေ၊ နိုင်ငံတော်ကို မကောင်းတဲ့သူတွေလက်က ကာကွယ်ပေးဖို့အပြင် ဆေးဖယောင်းထွန်းပြီး ကြိမ်စာတိုက် ဆုတောင်းဖို့ တိုက်တွန်းထားတဲ့ စာတွေကို သူ့အကောင့်ပေါ်မှာ တင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ Post ကတော့ အခုသူအကောင့်မှာ မရှိတော့ပါဘူး။

သူ့ကို ဖမ်းဖို့လာတဲ့သူတွေထဲက ရာအိမ်မှူးဆိုသူကလည်း လူမှုကွန်ယက်မှာ သူအဲဒီလို တင်ထားတဲ့ဟာတွေကြောင့် အခုလို ဖမ်းဖို့လာရတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဖမ်းမယ်ဆိုလဲ အခုလို ညကြီးအချိန်မတော်၊ အထူးသဖြင့် ကာဖြူးထုတ်ထားတဲ့အချိန်ကြီးမှာ ဖမ်းဖို့မသင့်တော်တာကြောင့် မနက်လင်းမှ လာဖမ်းဖို့ ပြောပေမယ့် နောက်ဆုံး တံခါးချိုးဝင်မယ်ဆိုပြီး လုပ်တဲ့အချိန်မှာ သူ့ဘက်က အလျော့ပေးပြီး အဖမ်းခံခဲ့တာပါ။

သူ့အပေါ် ဆွဲတဲ့အမှုနဲ့ ပုဒ်မနဲ့ ဘယ်လိုမှမဟပ်စပ်တဲ့အတွက် အဲဒါကို Facebook ကနေ တိုက်ရိုက်ကြည့်နေသူ တော်တော်များများက မကျေမချမ်းဖြစ်ပြီး ရဲစခန်းရှေ့မှာ သွားဆန္ဒပြကြတာမှာ အစပိုင်းမှာ လူက သိပ်မများပေမယ့် နောက်ပိုင်း တဖြည်းဖြည်းနဲ့ လူအုပ်က ၅၀၀ ကျော်လောက်အထိ ဖြစ်သွားခဲ့ပါတယ်။

“ဖယောင်းတိုင်တွေနဲ့ လာနေကြပါပြီ ။ ကျနော်တို့ ဖယောင်းတိုင်ထွန်းလို့ ဖမ်းမယ်ဆိုရင် …ဖယောင်းတိုင်ထွန်းရင် ဖမ်းမယ်ဆို …”

နောက် ဖယောင်းထွန်းလို့ ဖမ်းတယ်ဆိုရင် သူတို့လည်း ဖယောင်းတိုင်တွန်းတယ်။ သူတို့ကိုလည်း ဖမ်းပါဆိုပြီး ဆန္ဒပြနေသူ အတော်များများက အဲဒီ ရဲစခန်းရှေ့မှာဘဲ ဖယောင်းတိုင်တွေ ထွန်းကြတာအပြင် မတရား ဖမ်းဆီးခံထားရသူကို ပြန်လွှတ်ပေးဖို့ ကြွေးကြော်သံတွေ အော်ဟစ်ကြပါတယ်။

“ မတရားဖမ်းဆီးထားတဲ့ တို့ပြည်သူ… ချက်ချင်းလွှတ် ၊ ချက်ချင်းလွှတ်

မတရားဖမ်းဆီးထားတဲ့ တို့ပြည်သူ… ချက်ချင်းလွှတ် ၊ ချက်ချင်းလွှတ်

မတရားဖမ်းဆီးထားတဲ့ တို့ပြည်သူ… ချက်ချင်းလွှတ် ၊ ချက်ချင်းလွှတ်”

အဲဒီလို ဆန္ဒပြသူတွေရဲ့အသံတွေနဲ့ ဆူညံနေတဲ့ကြားမှာဘဲ အဖမ်းခံထားရသူရဲ့ မိခင်ဆိုသူ အမျိုးသမီးတယောက်လဲ ရောက်လာပြီး သူရောက်နေကြောင်း သူ့သားကို လှမ်းပြောတဲ့အသံကလည်း ကြွေးကြော်သံတွေ ဆူညံမှုတွေကြားက ထွက်လာခဲ့ပါတယ်။

“သားရယ် သားအမေ သားကို လာကြည့်နေတယ် သားရယ်။”

ဆန္ဒပြတဲ့နေရာမှာ ကိုယ်တိုင်ရောက်နေတဲ့ ကိုအောင်မြင့်မြတ်ကတော့ သူတို့အနေနဲ့ ဖမ်းထားတဲ့သူကို မလွတ်မချင်း ဆက်လက် တောင်းဆို ဆန္ဒပြသွားမယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မက ဖယောင်းတိုင်ထွန်းတာနဲ့ ဘယ်လို ဆက်စပ်သွားလဲဆိုတာတော့ ကျနော်တို့ မသိဘူး။ သူတို့ အဲလိုပြောတာကို ကျနော်တို့ နားနဲ့ကြားတာပါခင်ဗျ။ ကျနော်တို့ဆီမှာ လူအင်အားက ၃၊ ၄ ၊ ၅၀၀ နည်းနည်းခြင်းနဲ့ များလာတယ်ဆိုတော့ နည်းနည်းတော့ များလာတယ်ခင်ဗျ။ အကုန်လုံးလည်း ဖယောင်းတိုင်ထွန်းပြီးတော့ လွှတ်ပေးဖို့ တောင်းဆိုတာတွေ လုပ်နေပါပြီခင်ဗျ။ သူတို့ကတော့ လွှတ်ပေးဖို့ လုပ်လို့မရဘူး ၊ စအဖ ကနေပြီးတော့ ဖမ်းခိုင်းတယ်။ နောက်ပြီးတော့ တရားရုံးကနေပြီးတော့ ဝရမ်းထုတ်ပြီးတော့ ဖမ်းခိုင်းတယ်ဆိုပြီးတော့ ပြောတယ်ခင်ဗျ။ အခုအချိန်ထိတော့ လွှတ်ပေးဖို့တော့ မမြင်သေးဘူးခင်ဗျ။ တဖြေးဖြေးနဲ့တော့ ဝန်းရံတဲ့လူကတော့ များလာပြီခင်ဗျ။ အများ ဆန္ဒကတော့ လွှတ်တဲ့အထိ မနက်မိုးလင်းတဲ့အထိ၊ အင်အားတွေ များလာမယ်လို့လည်း ယုံကြည်တယ် အဲဒီအထဲမှာ မလွှတ်မချင်းလည်း ထိုင်စောင့်မယ်လို့ အဲလိုတော့ တယောက်နဲ့တယောက် သဘောတူထားပါတယ်ခင်ဗျ။”

ကိုဟိန်းမင်းအောင်ကို အမှုဖွင့် တရားစွဲဆိုတဲ့သူဟာ ထွေအုပ်ဖြစ်ကြောင်း ရဲစခန်းရှေ့မှာ ဆန္ဒပြနေသူတွေကို လာရောက် စကားပြောခဲ့တဲ့ ရှေ့နေတဦးက ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာ တရားသူကြီးအနေနဲ့ ဖမ်းဝရမ်းထုတ်ပေးပိုင်ခွင့် ရှိမရှိဆိုတာကို သူ့တို့ ပြန်လည် ဆန်းစစ်သွားမယ်လို့ ဆိုပါတယ်။

နောက်ဆုံးသိရတဲ့အခြေအချိန်အထိ ရဲစခန်းရှေ့မှာ တောင်းဆို ဆန္ဒပြမှုတွေ ဆက်လက် ပြုလုပ်နေကြဆဲ ဖြစ်တာကြောင့် မနက်မိုးလင်းလာတဲ့အချိန်မှာ ဆန္ဒပြမယ့်သူတွေ သူတို့နဲ့အတူ လာရောက် ပူးပေါင်းလာနိုင်ခြေ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG