သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္နယ္ တိုင္း ၀န္ႀကီးခ်ဳပ္ေတြနဲ႔ NLD တာ၀န္ရွိသူေတြ ျပန္လည္ ဖမ္းဆီးခံေနရ


တနသၤာရီတိုင္း၀န္ႀကီးခ်ဳပ္ ဦးျမင့္ေမာင္ (ဓါတ္ပံု- Tanintharyi Region Facebook)

(Zawgyi/Unicode)

ဆႏၵျပပြဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာစစ္တပ္က မေန႔က တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ၀န္ႀကီးခ်ဳပ္တခ်ဳိ႕ကို ထပ္မံ ဖမ္းဆီး ေခၚေဆာင္သြားပါတယ္။ တနသၤာရီတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးျမင့္ေမာင္ကို ဖမ္းသြားတဲ့သတင္းနဲ႔ ပတ္သက္လို႔ တသၤာရီတိုင္း မဲဆႏၵနယ္ေျမ အမွတ္ (၂) ကိုယ္စားလွယ္ ဦးရဲျမင့္ေဆြကို ဗြီအိုေအ သတင္းေထာက္ မေမခက ေမးျမန္းထားပါတယ္။

ေမး။ ။ တနသၤာရီတိုင္း၀န္ႀကီးခ်ဳပ္ကို ျပန္ၿပီးေတာ့ ထိန္းသိမ္းသြားတယ္လို႔ ေျပာေနလို႔ အဲဒါ ဆရာတို႔ ဘာၾကားလဲလို႔။

ေျဖ။ ။ ၈ နာရီေက်ာ္ေက်ာ္ ေလာက္ကေနၿပီးေတာ့ သူ႔ေနအိမ္ကေန လာေခၚသြားတယ္လို႔ ၾကားရတယ္ခင္ဗ် ေနာက္ဆံုးအေျခအေနကေလ။

ေမး။ ။ ေနအိမ္ဆိုတာက ၀န္ႀကီးခ်ဳပ္ေနအိမ္ကလား။

ေျဖ။ ။ ဟုတ္တယ္ခင္ဗ် ၀န္ႀကီးခ်ဳပ္ေနအိမ္ကေန ခင္ဗ်။ ၀န္ႀကီးခ်ဳပ္ေနအိမ္မွာပဲ အရင္က အက်ယ္ခ်ဳပ္ခ်ထားတာကို အဲဒီကေနၿပီးေတာ့ ေခၚသြားတယ္လို႔ ေျပာတယ္ခင္ဗ်။

ေမး။ ။ လာေခၚသြားတဲ့လူေတြက ဘယ္လိုပံုစံမ်ိဳးေတြမ်ား ဆရာတို႔ သိထားတာရွိပါသလဲ။

ေျဖ။ ။က်ေနာ္တို႔ သိသေလာက္ကေတာ့ တပ္ကလူေတြ လာေရႊ႕သြားတယ္လို႔ အဲလိုသိထားတယ္ခင္ဗ် ။ က်ေနာ္တို႔လည္း ျမင္တာေတာ့မဟုတ္ဘူးေပါ့ေနာ္။ ျမင္တဲ့သူေတြ Information ေပးလို႔ က်ေနာ္တုိ႔ သိရတာေပါ့ေနာ္။

ေမး။ ။ ဘယ္ကို ေခၚသြားမယ္ ဘာေၾကာင့္အဲလို ျပန္ၿပီးေတာ့ ေခၚသြားတယ္ဆိုတာေရာ ဆရာတို႔ သိရပါသလားရွင့္။

ေျဖ။ ။ မသိရေသးပါဘူးခင္ဗ်။

ေမး။ ။ဆရာတို႔ေရာ ဘာမ်ား ခန္႔မွန္းမိတာမ်ိဳး ရွိသလဲ ၊ ၀န္ႀကီးခ်ဳပ္ေတာ္ေတာ္မ်ားမ်ားကို အက်ယ္ခ်ဳပ္ ခ်ထားတာေလ။ အခု အက်ယ္ခ်ဳပ္ကေန ထပ္ၿပီးေတာ့ ျပန္ၿပီးေတာ့ ေခၚသြားတယ္ဆိုေတာ့ ဆရာတို႔ ဘယ္လိုမ်ား သံုးသပ္ပါသလဲရွင့္။

ေျဖ။ ။က်ေနာ္တို႔အဲဒါ ခန္႔မွန္းရေတာ့ နည္းနည္းခက္ေနတယ္ခင္ဗ်။ ဘယ္ေနရာ ျပန္ေခၚသြားသလဲေပါ့ေနာ္ ။ နည္းနည္းေတာ့ ခန္႔မွန္းရ ခက္ေနတယ္ခင္ဗ်။ က်ေနာ္တို႔ဘက္ကလည္း အဲဒါကို အတည္ျပဳဖို႔အတြက္ ႀကိဳးစားေနတုန္းပဲခင္ဗ်။ ဘယ္ေနရာကို ေခၚသြားသလဲဆိုတာေလ။

ေမး။ ။ သူ႔မိသားစုအေျခအေနကေရာ ဘယ္လိုမ်ားရွိပါသလဲ မိသားစုေတြကေတာ့ ၀န္ႀကီးခ်ဳပ္အိမ္ရာမွာပဲ က်န္ခဲ့တာဆိုေတာ့ သူတို႔ေတြကို ဘယ္လိုမ်ား ဆက္ၿပီးေတာ့ ထားထားပါသလဲရွင့္။

ေျဖ။ ။ အဲဒါလည္း ျပည့္ျပည့္စံုစံု က်ေနာ္တို႔ မသိရေသးဘူးခင္ဗ်။ ေရႊ႕တယ္ဆိုတာကေလ ၀န္ႀကီးခ်ဳပ္တေယာက္တည္းကိုပဲ ေရႊ႕လိုက္တာလား ၊ သူ႔မိသားစုေတြကိုလည္း ေရႊ႕လိုက္တာလားဆိုတာ တိတိက်က် က်ေနာ္တို႔ Confirm လုပ္လုိ႔မရေသးဘူးခင္ဗ်။ က်ေန္ာတို႔ ႀကိဳးစားေနတုနး္ပဲ။

ေမး။ ။ မေန႔ညကဆိုရင္လည္း NLD ဗဟိုရံုးခ်ဳပ္ကို သူတို႔ ၀င္စီးတာရွိတယ္၊ ၿပီးခဲ့တဲ့ ရက္ေတြမွာ ျပည္နယ္နဲ႔ တိုင္းေတြမွာလည္း ၀င္စီးတာေတြရွိတယ္။ တနသၤာရီတိုင္းဘက္မွာေရာ အဲလို ၀င္စီးတာေတြရွိလား။

ေျဖ။ ။အခုေလာေလာဆည္အေျခအေနမွာ တနသၤာရီတိုင္းဘက္မွာ အဲလိုျဖစ္စဥ္ေတြမရွိဘူး။ မရွိေသးပါဘူးခင္ဗ်။

ေမး။ ။ အကိုတို႔ဘက္ကေရာ သံုးသပ္ပါသလဲရွင့္။ ဘယ္လိုအျမင္ရွိသလဲ ဒီလိုျပန္ၿပီးေတာ့ ေခၚသြားတာက တခ်ိဳ႕တိုင္းနဲ႔ ျပည္နယ္ေတြမွာ ၿပီးခဲ့တဲ့ ရက္ေတြက အဲလို ေခၚေခၚသြားတာမ်ိဳးေတာ့ ရွိတယ္ေပါေ့နာ္။ အန္တီ နန္းခင္ေထြးျမင့္တို႔ဆိုရင္ ဆႏၵျပပြဲေတြမွာ ဖုန္းနဲ႔ speech ေပးလို႔ ႏႈတ္ဆက္လို႔ ဆိုတာမ်ိဳးေတြေပါ့ေနာ္ သူတို႔ဘက္ကေတာ့ ထင္ျမင္ယူဆခ်က္ရွိတယ္။ ဆရာတို႔ ဘက္ကေတာ့ ဘယ္လိုထင္ျမင္ယူဆခ်က္ရွိပါသလဲ။

ေျဖ။ ။ ေလာေလာဆည္ က်ေနာ္တုိ႔လည္း အဲလိုပဲ ထင္ထားတယ္ေပါေ့နာ္။ ၀န္ႀကီးခ်ဳပ္ကို လာေခၚသြားတာ ျပည္သူနဲ႔အတူ ေထာက္ခံတယ္ဆိုတဲ့ speech ေျပာတာေလးေတြ အြန္လိုင္း လူမႈကြန္ယက္ေပၚ တက္လာတယ္။ အဲဒါေတြနဲ႔မ်ား ဆက္စပ္မႈရွိသလားေပါ့ေနာ္။ အဲလိုမ်ိဳးေတြ႕ထားတာေလးလည္းရွိတယ္။ ဒီသံပံုးတီးတဲ့ ဓါတ္ပံုေလးတခု တက္လာတာလည္း ေတြ႔ရတယ္၊ ေနာက္ ၁ မိနစ္စာေလာက္ ျပည္သူနဲ႔အတူ ရွိတယ္ဆိုတဲ့ မက္ေဆ့ေပးတဲ့ Video clip ေလးတခုလည္း တက္လာတာေပါ့ေနာ္။ အဲဒါေတြနဲ႔မ်ား ဆက္စပ္မႈရွိသလားေပါ့ေနာ္ အဲလိုမ်ိဳး က်ေနာ္ သံသယ ရွိတယ္။

ေမး။ ။ အဲဒါကေရာ ၀န္ႀကီးခ်ဳပ္က ဘယ္ေန႔တုန္းက တင္လိုက္တာလဲရွင့္။ က်ေနာ္သိသေလာက္ဆိုရင္ ၂၄ နာရီေတာ့ ေက်ာ္သြားၿပီခင္ဗ်။ Social network တခုမွာ တင္ထားတာ က်ေနာ္ေတြ႔လိုက္တာ က်ေနာ္လည္း သူမ်ားတင္ထားတာေတြ႔တာ။ သူ႔အေကာင့္ကေတာ့ ပထမတႀကိမ္ ထိန္းသိမ္းခံရကတည္းက အာဏာသိမ္းတဲ့လူေတြက သူ႔ Password ကိုယူခဲ့တယ္လို႔ က်ေနာ္အဲလိုၾကားတယ္။ သူတျခားအေကာင့္နဲ႔ သံုးေနတယ္လို႔လည္း ၾကားရတယ္။”

ရခိုင္၀န္ႀကီးခ်ဳပ္ ဦးညီပုနဲ႔ NLD ဥပေဒ အေထာက္အကူျပဳအဖြဲ႔က ေရွ႕ေနႀကီး ဦးေက်ာ္ဟိုး တို႔ ဖမ္းဆီးခံရတဲ့ သတင္းနဲ႔ ပတ္သက္လို႔လည္း မိသားစု၀င္ေတြနဲ႔ နီးစပ္သူက အခုလိုေျပာပါတယ္။

“အခုည ၁၁ နာရီေလာက္က ဦးညီပုကို လာဖမ္းသြားတယ္ စစ္တပ္က ၊ သူ႔မိသားစု၀င္ေတြက ေျပာတယ္။ ဦးေက်ာ္ဟိုးကိုလည္း လာဖမ္းတယ္လို႔ NLD ဥပေဒ အေထာက္အကူျပဳအဖြဲ႔ကေလ။”

ကရင္ျပည္နယ္က စီမံ၀န္ႀကီး ဦးသန္းႏုိင္ကို ဖမ္းဆီးသြားတဲ့အေပၚမွာေတာ့ ၾကာအင္းဆိပ္ႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာတင္၀င္းကို ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။

“ေမး။ ။ ကရင္ စီမံဘ႑ာ၀န္ႀကီး ဦးသန္းႏုိင္ကို ဘယ္ေန႔ကေန ေခၚသြားတာလဲ ။ ေနာက္တခုက ၀န္ႀကီးနဲ႔ ပတ္သက္ၿပီးေတာ့ အခုေနာက္ပိုင္း ဘာမ်ား ထပ္သိရတာမ်ိဳး ရွိပါသလဲ။

ေျဖ။ ။ စီမံဘ႑ာ၀န္ႀကီး ကို က်ေနာ္သိတာေတာ့ မေန႔က ညေနပိုင္းက အဲဒါပဲ က်ေနာ္တို႔ဆီ သတင္းေရာက္ပါတယ္။ ျပန္ေခၚသြားတယ္ဆိုတဲ့ ဟာေလး က်ေနာ္တို႔ ၾကားလိုက္တယ္။ အခ်ိန္အတိအက်ေတာ့ က်ေန္ာတို႔ မရဘူး။ အဲလိုပဲ ျပန္ေခၚသြားၿပီတဲ့ အဲဒါပဲ တက္လာတယ္။ အခ်ိန္ေတြ မွတ္ထားတာေတာ့မသိဘူး ညေနပိုင္းမွာ ျပန္ေခၚသြားတယ္ဆိုၿပီးေတာ့ အဲလိုပဲ ၾကားလိုက္တယ္။

ေမး။ ။ အက်ဥ္းေထာင္ပို႔ေဆာင္တယ္ဆိုတဲ့ ကိစၥလည္း ဘာမွ မသိရေသးဘူးေပါ့။

ေျဖ။ ။မသိရေသးဘူး၊ အက်ဥ္းေထာင္ဆိုရင္လည္း ဘယ္အက်ဥ္းေထာင္လဲဆိုတာ ရွိတယ္ေလ။ က်ေနာ္တို႔မွာေတာ့ အနီးစပ္ဆံုးကေတာ့ ဘားအံမွာ အက်ဥ္းေထာင္ရွိတယ္၊ အဲဒီေထာင္ပဲ ျဖစ္ဖို႔မ်ားတယ္။ ေမာ္လၿမိဳင္ေထာင္တို႔ဘာတုိ႔ေတာ့ ေခၚဖို႔ မရွိဘူး။ အဲဒီေတာ့ ဘားအံအက်ဥ္းေထာင္ပဲ ပို႔ဖုိ႔ရွိတယ္၊ အဲဒီမွာ ဘားအံအက်ဥ္းေထာင္ဆိုရင္လည္း ဘာသတင္းမွာ မထြက္လာဘူး။ က်ေနာ္တို႔လည္း ခုနလိုပဲ လိုက္ေမးၾကည့္တာ မရဘူး၊ သတင္း ထြက္လာတဲ့ အခါက်မွ သိမွာပဲ။

ေမး။ ။ ကရင္၀န္ႀကီးခ်ဳပ္အေျခအေနကေရာ ဆရာတို႔ ဘာမ်ား သိထားတာရွိပါသလဲ။

ေျဖ။ ။ကရင္၀န္ႀကီးခ်ဳပ္ က်န္းမာေရးေကာင္းပါတယ္။ ေဆးေတြဘာေတြေသာက္တာေတာ့ မရွိပါဘူး

ေမး။ ။ စီမံဘ႑ာ၀န္ႀကီးနဲ႔ သူ႔မိသားစု၀င္ေတြကေရာ အခုလက္ရွိ အေျခအေနမွာ ဘယ္လိုအေျခအေနမ်ိဳးမ်ား ရွိပါသလဲ။ သူတို႔ေတြ ၀န္ႀကီးအိမ္ယာထဲမွာပဲ ထိန္းသိမ္းထားတာလား၊ ဘယ္လိုပံုစံမ်ိဳး သူတို႔ကို ထိန္းသိမ္းထားသလဲ။ မေန႔က က်ေတာ့ ဘယ္လိုပံုစံမ်ိဳး သူ႔ကိုလာေခၚသြားသလဲရွင့္။

ေျဖ။ ။ အဲဒါေတာ့ က်ေတာ္လည္း အနီးကပ္ေတာ့မသိဘူး။ ဒါေပမယ့္ ၀န္ႀကီးအိမ္ယာမွာေတာ့ မရွိေတာ့ဘူးခင္ဗ်။သူ႔မိသားစု၀င္ေတြကေတာ့ သူတို႔အိမ္မွာပဲ သြားျပန္ေနၾကတယ္။ တက္လာတဲ့ ၀န္ႀကီးေတြကို အဲဒီေနရာမွာထည့္တယ္ ၊ ေနရာေတြဖယ္ခိုင္းၿပီးေတာ့ ။ က်ေနာ္အဲဒီေလာက္ေတာ့ သိတယ္။

ေမး။ ။ ဟုတ္ သူ႔ကို သူ႔အိမ္မွာပဲ ေခၚသြားတယ္ဆိုတဲ့ သေဘာေပါ့ေနာ္။

ေျဖ။ ။ဟုတ္ပါတယ္။

ေမး။ ။ ဟုတ္ကဲ့ပါ ကရင္၀န္ႀကီးခ်ဳပ္ကေတာ့ သူ႔အိမ္ယာမွာပဲ ေခၚသြားတယ္၊ ဒါေပမယ့္ အခုအခ်ိန္အထိေရာ သူ႔မိသားစုေတြက အဲဒီအိမ္ယာမွာ ရွိသလား ၊ ေနာက္ၿပီးေတာ့ သူတို႔ေတြေရာ ဘယ္လို အေျခအေနမ်ိဳး ရွိပါသလဲရွင့္။

ေျဖ။ ။ ဟုတ္ကဲ့ လာျပန္ေခၚသြားတယ္။ အဲဒီအိမ္မွာ သူ႔အမ်ိဳးသား တေယာက္ပဲက်န္တယ္၊ သူတို႔က ကေလးေတြဘာေတြမရွိဘူးေလ။ အဲဒါေၾကာင့္ သူ႔အမ်ိဳးသားတေယာက္ပဲ က်န္ေတာ့ သူ႔ဟာသူ သူ႔အိမ္မွာ သြားျပန္ေနတယ္။ သူ႔အိမ္မွာ သြားျပန္ေနတယ္ဆိုတာက သူ႔မိသားစုအိမ္ သပ္သပ္ရွိတယ္။ အဲဒီမွာ သြားျပန္ေနတယ္ အဲဒါပဲ က်ေနာ္တို႔ သိထားတယ္။

ေမး။ ။ ဟုတ္ကဲ့ပါရွင့္ ကရင္၀န္ႀကီးခ်ဳပ္ ပုဒ္မ ၃ ခုနဲ႔ တရားစြဲခံရတယ္ဆိုတဲ့ကိစၥကေတာ့ မေသခ်ာေသးဘူးေပါ့ေနာ္။

ေျဖ။ ။အဲဒီလိုပဲ ၾကားတယ္။ အဲဒီလို ၃ ခုနဲ႔ ဆိုတာၾကားတယ္၊ အဲဒီ ၃ ခုနဲ႔က ဟိုမတိုင္ခင္ကတည္းက ေျပာသံ ၾကားေနတယ္။ အဲဒါေၾကာင့္ က်ေနာ္တို႔က ဒီဟာကို ေကာလဟာလလို႔ပဲ ထားထားၿပီးေတာ့ တကယ္ရံုးတက္လာၿပီး စြဲတယ္ဆိုၿပီးေျပာမွာပဲ ။ ရံုးတက္လာၿပီဆိုရင္ ေျပာၾကမွာေပါ့ က်ေနာ္တို႔ ျမင္တဲ့အပိုင္းမွာ ဥပေဒသမားေတြ နဲ႔လည္း က်ေနာ္တုိ႔ ညိွစရာေတြရွိေတာ့ အဲဒီအသံကို လံုး၀ မထြက္လာေသးဘူး။

ေမး။ ။ ဆိုေတာ့ ေကာလဟာလ ၾကားပါတယ္ဆိုတဲ့ ဥပေဒ ပုဒ္မ ၃ ခုနဲ႔ စြဲမယ္ဆိုတဲ့ ပုဒ္မေတြက ဘာေတြမ်ားလဲရွင့္။

ေျဖ။ ။အဲဒါကို က်ေနာ္တို႔က လံုး၀ကို မသိတာ ၊ ဘာပုဒ္မေတြလဲ ။

ေမး။ ။ ဆိုေတာ့ ပုဒ္မ ၃ ခုနဲ႔ စြဲမယ္ဆိုတာပဲ သိတာ ၊ ဘာေတြနဲ႔လဲဆိုတာေတာ့ အတိအက်မသိဘူးေပါ့။

ေျဖ။ ။အဲလိုပဲ ေျပာတာ ၊ အဲဒါေတာင္ သူ႔ကို မစြဲခင္ကတည္းက စြဲမယ္လို႔ အဲလိုေျပာသံၾကားေနတယ္။ ဘာပုဒ္မမွန္းမသိဘူး။

ေမး။ ။ စီမံဘ႑ာေရး၀န္ႀကီးကိုလည္း အက်ဥး္ေထာင္ပို႔တာ ဆရာတို႔ ေသခ်ာ confirm မေပးႏိုင္ဘူးေပါ့ေနာ္ ဆရာ။

ေျဖ။ ။ ဟုတ္တယ္ အမွန္ကေတာ့ သူတို႔ ေနာက္တခါ ျပန္ေခၚသြားတဲ့လူေတြမွန္သမွ် သူတို႔ အက်ဥ္းေထာင္ကိုပဲ ျပန္ပို႔တာ က်ေနာ္တို႔ၾကားတယ္ အဲဒါေၾကာင့္ ။ ဒီ စီမံဘ႑ာေရး၀န္ႀကီး ကိုလည္း ၊ ၀န္ႀကီးခ်ဳပ္ကိုလည္း အဲလိုပဲ ေခၚတာ ၊ ဟိုပထမတႀကိမ္တုန္းကေတာ့ ေတာင္ကေလးဆိုတဲ့၂၀၂ မွာထားတယ္။ အဲဒီကိုေတာ့ ျပန္မေခၚသြားေတာ့ဘူးထင္တယ္။ အဲလိုပဲ ၾကားလို႔ေလ။ တခ်ိဳ႕ကလည္း ေထာင္ထဲေရာက္ေနသလိုလို ေျပာတယ္၊ တကယ္ တိတိက်က် က်ေနာ္တို႔လည္း ဘာမွ မရဘူး။”

တိုက္႐ိုက္ လင့္ခ္


..............

ပြည်နယ် တိုင်း ဝန်ကြီးချုပ်တွေနဲ့ NLD တာဝန်ရှိသူတွေ ပြန်လည် ဖမ်းဆီးခံနေရ

(Unicode)

ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်က မနေ့က တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တချို့ကို ထပ်မံ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ဖမ်းသွားတဲ့သတင်းနဲ့ ပတ်သက်လို့ တင်္သာရီတိုင်း မဲဆန္ဒနယ်မြေ အမှတ် (၂) ကိုယ်စားလှယ် ဦးရဲမြင့်ဆွေကို ဗွီအိုအေ သတင်းထောက် မမေခက မေးမြန်းထားပါတယ်။

မေး။ ။ တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို ပြန်ပြီးတော့ ထိန်းသိမ်းသွားတယ်လို့ ပြောနေလို့ အဲဒါ ဆရာတို့ ဘာကြားလဲလို့။

ဖြေ။ ။ ၈ နာရီကျော်ကျော် လောက်ကနေပြီးတော့ သူ့နေအိမ်ကနေ လာခေါ်သွားတယ်လို့ ကြားရတယ်ခင်ဗျ နောက်ဆုံးအခြေအနေကလေ။

မေး။ ။ နေအိမ်ဆိုတာက ဝန်ကြီးချုပ်နေအိမ်ကလား။

ဖြေ။ ။ ဟုတ်တယ်ခင်ဗျ ဝန်ကြီးချုပ်နေအိမ်ကနေ ခင်ဗျ။ ဝန်ကြီးချုပ်နေအိမ်မှာပဲ အရင်က အကျယ်ချုပ်ချထားတာကို အဲဒီကနေပြီးတော့ ခေါ်သွားတယ်လို့ ပြောတယ်ခင်ဗျ။

မေး။ ။ လာခေါ်သွားတဲ့လူတွေက ဘယ်လိုပုံစံမျိုးတွေများ ဆရာတို့ သိထားတာရှိပါသလဲ။

ဖြေ။ ။ကျနော်တို့ သိသလောက်ကတော့ တပ်ကလူတွေ လာရွှေ့သွားတယ်လို့ အဲလိုသိထားတယ်ခင်ဗျ ။ ကျနော်တို့လည်း မြင်တာတော့မဟုတ်ဘူးပေါ့နော်။ မြင်တဲ့သူတွေ Information ပေးလို့ ကျနော်တို့ သိရတာပေါ့နော်။

မေး။ ။ ဘယ်ကို ခေါ်သွားမယ် ဘာကြောင့်အဲလို ပြန်ပြီးတော့ ခေါ်သွားတယ်ဆိုတာရော ဆရာတို့ သိရပါသလားရှင့်။

ဖြေ။ ။ မသိရသေးပါဘူးခင်ဗျ။

မေး။ ။ဆရာတို့ရော ဘာများ ခန့်မှန်းမိတာမျိုး ရှိသလဲ ၊ ဝန်ကြီးချုပ်တော်တော်များများကို အကျယ်ချုပ် ချထားတာလေ။ အခု အကျယ်ချုပ်ကနေ ထပ်ပြီးတော့ ပြန်ပြီးတော့ ခေါ်သွားတယ်ဆိုတော့ ဆရာတို့ ဘယ်လိုများ သုံးသပ်ပါသလဲရှင့်။

ဖြေ။ ။ကျနော်တို့အဲဒါ ခန့်မှန်းရတော့ နည်းနည်းခက်နေတယ်ခင်ဗျ။ ဘယ်နေရာ ပြန်ခေါ်သွားသလဲပေါ့နော် ။ နည်းနည်းတော့ ခန့်မှန်းရ ခက်နေတယ်ခင်ဗျ။ ကျနော်တို့ဘက်ကလည်း အဲဒါကို အတည်ပြုဖို့အတွက် ကြိုးစားနေတုန်းပဲခင်ဗျ။ ဘယ်နေရာကို ခေါ်သွားသလဲဆိုတာလေ။

မေး။ ။ သူ့မိသားစုအခြေအနေကရော ဘယ်လိုများရှိပါသလဲ မိသားစုတွေကတော့ ဝန်ကြီးချုပ်အိမ်ရာမှာပဲ ကျန်ခဲ့တာဆိုတော့ သူတို့တွေကို ဘယ်လိုများ ဆက်ပြီးတော့ ထားထားပါသလဲရှင့်။

ဖြေ။ ။ အဲဒါလည်း ပြည့်ပြည့်စုံစုံ ကျနော်တို့ မသိရသေးဘူးခင်ဗျ။ ရွှေ့တယ်ဆိုတာကလေ ဝန်ကြီးချုပ်တယောက်တည်းကိုပဲ ရွှေ့လိုက်တာလား ၊ သူ့မိသားစုတွေကိုလည်း ရွှေ့လိုက်တာလားဆိုတာ တိတိကျကျ ကျနော်တို့ Confirm လုပ်လို့မရသေးဘူးခင်ဗျ။ ကျနေ်ာတို့ ကြိုးစားနေတုန်းပဲ။

မေး။ ။ မနေ့ညကဆိုရင်လည်း NLD ဗဟိုရုံးချုပ်ကို သူတို့ ဝင်စီးတာရှိတယ်၊ ပြီးခဲ့တဲ့ ရက်တွေမှာ ပြည်နယ်နဲ့ တိုင်းတွေမှာလည်း ဝင်စီးတာတွေရှိတယ်။ တနင်္သာရီတိုင်းဘက်မှာရော အဲလို ဝင်စီးတာတွေရှိလား။

ဖြေ။ ။အခုလောလောဆည်အခြေအနေမှာ တနင်္သာရီတိုင်းဘက်မှာ အဲလိုဖြစ်စဉ်တွေမရှိဘူး။ မရှိသေးပါဘူးခင်ဗျ။

မေး။ ။ အကိုတို့ဘက်ကရော သုံးသပ်ပါသလဲရှင့်။ ဘယ်လိုအမြင်ရှိသလဲ ဒီလိုပြန်ပြီးတော့ ခေါ်သွားတာက တချို့တိုင်းနဲ့ ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ရက်တွေက အဲလို ခေါ်ခေါ်သွားတာမျိုးတော့ ရှိတယ်ပေါေ့နာ်။ အန်တီ နန်းခင်ထွေးမြင့်တို့ဆိုရင် ဆန္ဒပြပွဲတွေမှာ ဖုန်းနဲ့ speech ပေးလို့ နှုတ်ဆက်လို့ ဆိုတာမျိုးတွေပေါ့နော် သူတို့ဘက်ကတော့ ထင်မြင်ယူဆချက်ရှိတယ်။ ဆရာတို့ ဘက်ကတော့ ဘယ်လိုထင်မြင်ယူဆချက်ရှိပါသလဲ။

ဖြေ။ ။ လောလောဆည် ကျနော်တို့လည်း အဲလိုပဲ ထင်ထားတယ်ပေါေ့နာ်။ ဝန်ကြီးချုပ်ကို လာခေါ်သွားတာ ပြည်သူနဲ့အတူ ထောက်ခံတယ်ဆိုတဲ့ speech ပြောတာလေးတွေ အွန်လိုင်း လူမှုကွန်ယက်ပေါ် တက်လာတယ်။ အဲဒါတွေနဲ့များ ဆက်စပ်မှုရှိသလားပေါ့နော်။ အဲလိုမျိုးတွေ့ထားတာလေးလည်းရှိတယ်။ ဒီသံပုံးတီးတဲ့ ဓါတ်ပုံလေးတခု တက်လာတာလည်း တွေ့ရတယ်၊ နောက် ၁ မိနစ်စာလောက် ပြည်သူနဲ့အတူ ရှိတယ်ဆိုတဲ့ မက်ဆေ့ပေးတဲ့ Video clip လေးတခုလည်း တက်လာတာပေါ့နော်။ အဲဒါတွေနဲ့များ ဆက်စပ်မှုရှိသလားပေါ့နော် အဲလိုမျိုး ကျနော် သံသယ ရှိတယ်။

မေး။ ။ အဲဒါကရော ဝန်ကြီးချုပ်က ဘယ်နေ့တုန်းက တင်လိုက်တာလဲရှင့်။ ကျနော်သိသလောက်ဆိုရင် ၂၄ နာရီတော့ ကျော်သွားပြီခင်ဗျ။ Social network တခုမှာ တင်ထားတာ ကျနော်တွေ့လိုက်တာ ကျနော်လည်း သူများတင်ထားတာတွေ့တာ။ သူ့အကောင့်ကတော့ ပထမတကြိမ် ထိန်းသိမ်းခံရကတည်းက အာဏာသိမ်းတဲ့လူတွေက သူ့ Password ကိုယူခဲ့တယ်လို့ ကျနော်အဲလိုကြားတယ်။ သူတခြားအကောင့်နဲ့ သုံးနေတယ်လို့လည်း ကြားရတယ်။”

ရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့ NLD ဥပဒေ အထောက်အကူပြုအဖွဲ့က ရှေ့နေကြီး ဦးကျော်ဟိုး တို့ ဖမ်းဆီးခံရတဲ့ သတင်းနဲ့ ပတ်သက်လို့လည်း မိသားစုဝင်တွေနဲ့ နီးစပ်သူက အခုလိုပြောပါတယ်။

“အခုည ၁၁ နာရီလောက်က ဦးညီပုကို လာဖမ်းသွားတယ် စစ်တပ်က ၊ သူ့မိသားစုဝင်တွေက ပြောတယ်။ ဦးကျော်ဟိုးကိုလည်း လာဖမ်းတယ်လို့ NLD ဥပဒေ အထောက်အကူပြုအဖွဲ့ကလေ။”

ကရင်ပြည်နယ်က စီမံဝန်ကြီး ဦးသန်းနိုင်ကို ဖမ်းဆီးသွားတဲ့အပေါ်မှာတော့ ကြာအင်းဆိပ်ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောတင်ဝင်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“မေး။ ။ ကရင် စီမံဘဏ္ဍာဝန်ကြီး ဦးသန်းနိုင်ကို ဘယ်နေ့ကနေ ခေါ်သွားတာလဲ ။ နောက်တခုက ဝန်ကြီးနဲ့ ပတ်သက်ပြီးတော့ အခုနောက်ပိုင်း ဘာများ ထပ်သိရတာမျိုး ရှိပါသလဲ။

ဖြေ။ ။ စီမံဘဏ္ဍာဝန်ကြီး ကို ကျနော်သိတာတော့ မနေ့က ညနေပိုင်းက အဲဒါပဲ ကျနော်တို့ဆီ သတင်းရောက်ပါတယ်။ ပြန်ခေါ်သွားတယ်ဆိုတဲ့ ဟာလေး ကျနော်တို့ ကြားလိုက်တယ်။ အချိန်အတိအကျတော့ ကျနေ်ာတို့ မရဘူး။ အဲလိုပဲ ပြန်ခေါ်သွားပြီတဲ့ အဲဒါပဲ တက်လာတယ်။ အချိန်တွေ မှတ်ထားတာတော့မသိဘူး ညနေပိုင်းမှာ ပြန်ခေါ်သွားတယ်ဆိုပြီးတော့ အဲလိုပဲ ကြားလိုက်တယ်။

မေး။ ။ အကျဉ်းထောင်ပို့ဆောင်တယ်ဆိုတဲ့ ကိစ္စလည်း ဘာမှ မသိရသေးဘူးပေါ့။

ဖြေ။ ။မသိရသေးဘူး၊ အကျဉ်းထောင်ဆိုရင်လည်း ဘယ်အကျဉ်းထောင်လဲဆိုတာ ရှိတယ်လေ။ ကျနော်တို့မှာတော့ အနီးစပ်ဆုံးကတော့ ဘားအံမှာ အကျဉ်းထောင်ရှိတယ်၊ အဲဒီထောင်ပဲ ဖြစ်ဖို့များတယ်။ မော်လမြိုင်ထောင်တို့ဘာတို့တော့ ခေါ်ဖို့ မရှိဘူး။ အဲဒီတော့ ဘားအံအကျဉ်းထောင်ပဲ ပို့ဖို့ရှိတယ်၊ အဲဒီမှာ ဘားအံအကျဉ်းထောင်ဆိုရင်လည်း ဘာသတင်းမှာ မထွက်လာဘူး။ ကျနော်တို့လည်း ခုနလိုပဲ လိုက်မေးကြည့်တာ မရဘူး၊ သတင်း ထွက်လာတဲ့ အခါကျမှ သိမှာပဲ။

မေး။ ။ ကရင်ဝန်ကြီးချုပ်အခြေအနေကရော ဆရာတို့ ဘာများ သိထားတာရှိပါသလဲ။

ဖြေ။ ။ကရင်ဝန်ကြီးချုပ် ကျန်းမာရေးကောင်းပါတယ်။ ဆေးတွေဘာတွေသောက်တာတော့ မရှိပါဘူး

မေး။ ။ စီမံဘဏ္ဍာဝန်ကြီးနဲ့ သူ့မိသားစုဝင်တွေကရော အခုလက်ရှိ အခြေအနေမှာ ဘယ်လိုအခြေအနေမျိုးများ ရှိပါသလဲ။ သူတို့တွေ ဝန်ကြီးအိမ်ယာထဲမှာပဲ ထိန်းသိမ်းထားတာလား၊ ဘယ်လိုပုံစံမျိုး သူတို့ကို ထိန်းသိမ်းထားသလဲ။ မနေ့က ကျတော့ ဘယ်လိုပုံစံမျိုး သူ့ကိုလာခေါ်သွားသလဲရှင့်။

ဖြေ။ ။ အဲဒါတော့ ကျတော်လည်း အနီးကပ်တော့မသိဘူး။ ဒါပေမယ့် ဝန်ကြီးအိမ်ယာမှာတော့ မရှိတော့ဘူးခင်ဗျ။သူ့မိသားစုဝင်တွေကတော့ သူတို့အိမ်မှာပဲ သွားပြန်နေကြတယ်။ တက်လာတဲ့ ဝန်ကြီးတွေကို အဲဒီနေရာမှာထည့်တယ် ၊ နေရာတွေဖယ်ခိုင်းပြီးတော့ ။ ကျနော်အဲဒီလောက်တော့ သိတယ်။

မေး။ ။ ဟုတ် သူ့ကို သူ့အိမ်မှာပဲ ခေါ်သွားတယ်ဆိုတဲ့ သဘောပေါ့နော်။

ဖြေ။ ။ဟုတ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါ ကရင်ဝန်ကြီးချုပ်ကတော့ သူ့အိမ်ယာမှာပဲ ခေါ်သွားတယ်၊ ဒါပေမယ့် အခုအချိန်အထိရော သူ့မိသားစုတွေက အဲဒီအိမ်ယာမှာ ရှိသလား ၊ နောက်ပြီးတော့ သူတို့တွေရော ဘယ်လို အခြေအနေမျိုး ရှိပါသလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ လာပြန်ခေါ်သွားတယ်။ အဲဒီအိမ်မှာ သူ့အမျိုးသား တယောက်ပဲကျန်တယ်၊ သူတို့က ကလေးတွေဘာတွေမရှိဘူးလေ။ အဲဒါကြောင့် သူ့အမျိုးသားတယောက်ပဲ ကျန်တော့ သူ့ဟာသူ သူ့အိမ်မှာ သွားပြန်နေတယ်။ သူ့အိမ်မှာ သွားပြန်နေတယ်ဆိုတာက သူ့မိသားစုအိမ် သပ်သပ်ရှိတယ်။ အဲဒီမှာ သွားပြန်နေတယ် အဲဒါပဲ ကျနော်တို့ သိထားတယ်။

မေး။ ။ ဟုတ်ကဲ့ပါရှင့် ကရင်ဝန်ကြီးချုပ် ပုဒ်မ ၃ ခုနဲ့ တရားစွဲခံရတယ်ဆိုတဲ့ကိစ္စကတော့ မသေချာသေးဘူးပေါ့နော်။

ဖြေ။ ။အဲဒီလိုပဲ ကြားတယ်။ အဲဒီလို ၃ ခုနဲ့ ဆိုတာကြားတယ်၊ အဲဒီ ၃ ခုနဲ့က ဟိုမတိုင်ခင်ကတည်းက ပြောသံ ကြားနေတယ်။ အဲဒါကြောင့် ကျနော်တို့က ဒီဟာကို ကောလဟာလလို့ပဲ ထားထားပြီးတော့ တကယ်ရုံးတက်လာပြီး စွဲတယ်ဆိုပြီးပြောမှာပဲ ။ ရုံးတက်လာပြီဆိုရင် ပြောကြမှာပေါ့ ကျနော်တို့ မြင်တဲ့အပိုင်းမှာ ဥပဒေသမားတွေ နဲ့လည်း ကျနော်တို့ ညှိစရာတွေရှိတော့ အဲဒီအသံကို လုံး၀ မထွက်လာသေးဘူး။

မေး။ ။ ဆိုတော့ ကောလဟာလ ကြားပါတယ်ဆိုတဲ့ ဥပဒေ ပုဒ်မ ၃ ခုနဲ့ စွဲမယ်ဆိုတဲ့ ပုဒ်မတွေက ဘာတွေများလဲရှင့်။

ဖြေ။ ။အဲဒါကို ကျနော်တို့က လုံးဝကို မသိတာ ၊ ဘာပုဒ်မတွေလဲ ။

မေး။ ။ ဆိုတော့ ပုဒ်မ ၃ ခုနဲ့ စွဲမယ်ဆိုတာပဲ သိတာ ၊ ဘာတွေနဲ့လဲဆိုတာတော့ အတိအကျမသိဘူးပေါ့။

ဖြေ။ ။အဲလိုပဲ ပြောတာ ၊ အဲဒါတောင် သူ့ကို မစွဲခင်ကတည်းက စွဲမယ်လို့ အဲလိုပြောသံကြားနေတယ်။ ဘာပုဒ်မမှန်းမသိဘူး။

မေး။ ။ စီမံဘဏ္ဍာရေးဝန်ကြီးကိုလည်း အကျဥ်းထောင်ပို့တာ ဆရာတို့ သေချာ confirm မပေးနိုင်ဘူးပေါ့နော် ဆရာ။

ဖြေ။ ။ ဟုတ်တယ် အမှန်ကတော့ သူတို့ နောက်တခါ ပြန်ခေါ်သွားတဲ့လူတွေမှန်သမျှ သူတို့ အကျဉ်းထောင်ကိုပဲ ပြန်ပို့တာ ကျနော်တို့ကြားတယ် အဲဒါကြောင့် ။ ဒီ စီမံဘဏ္ဍာရေးဝန်ကြီး ကိုလည်း ၊ ဝန်ကြီးချုပ်ကိုလည်း အဲလိုပဲ ခေါ်တာ ၊ ဟိုပထမတကြိမ်တုန်းကတော့ တောင်ကလေးဆိုတဲ့၂၀၂ မှာထားတယ်။ အဲဒီကိုတော့ ပြန်မခေါ်သွားတော့ဘူးထင်တယ်။ အဲလိုပဲ ကြားလို့လေ။ တချို့ကလည်း ထောင်ထဲရောက်နေသလိုလို ပြောတယ်၊ တကယ် တိတိကျကျ ကျနော်တို့လည်း ဘာမှ မရဘူး။”

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG