သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကရင္နဲ႔ စစ္ကိုင္းဝန္ႀကီးခ်ဳပ္ေတြကို ထပ္မံဖမ္းဆီး


ကရင္ျပည္နယ္ဝန္ၾကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္(ဝဲ) နဲ႔ စစ္ကိုင္းတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ဦးျမင့္ႏိုင္ (ယာ)။

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ ဒုတိယအႀကိမ္အျဖစ္ ကရင္ျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းတို႔က ဝန္ႀကီးခ်ဳပ္ေတြကို အာဏာပိုင္ေတြက ထိန္းသိမ္းလိုက္ပါတယ္။ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ဆႏၵျပပြဲေတြ ႏိုင္ငံအႏွံ႔ ေပၚေပါက္ေနခ်ိန္မွာပဲ တိုင္းနဲ႔ျပည္နယ္ အစိုးရအႀကီးအကဲေတြကို ေနာက္တႀကိမ္ ထိန္းသိမ္းလိုက္တာပါ။ အျပည့္အစုံကိုေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေမခ ေျပာျပေပးပါမယ္။

ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္နဲ႔ စစ္ကိုင္းတိုင္း ဝန္ႀကီးခ်ဳပ္ေဒါက္တာျမင့္ႏိုင္တို႔ကို ဒီေန႔ပဲ အာဏာပိုင္ေတြက ေနာက္တႀကိမ္ ဖမ္းဆီးလိုက္တဲ့အေၾကာင္း နီးစပ္သူေတြက ေျပာပါတယ္။ စစ္အာဏာသိမ္းမႈကို ကန႔္ကြက္ဆႏၵျပေနသူေတြကို အားေပးစကားေျပာအၿပီး ဒီကေန႔ မြန္းလြဲပိုင္းမွာပဲ ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ကို အက်ယ္ခ်ဳပ္ထားတဲ့ ေနအိမ္မွာပဲ လုံၿခဳံေရးတပ္ဖြဲ႕ေတြက လာေရာက္ေခၚေဆာင္ သြားတာလို႔လည္း ကရင္၊ ဗမာတိုင္းရင္းသားေရးရာ ဝန္ႀကီးေဟာင္း ဦးေတဇာထြဋ္လႈိင္ေထြးက ဗြီအိုေအကို အတည္ျပဳပါတယ္။

“ေန႔လယ္ ၂ နာရီေလာက္က အရင္လိုပဲ စစ္တပ္နဲ႔ ရဲနဲ႔ ျပန္ေခၚသြားတယ္။ ၿပီးခဲ့တဲ့တေခါက္က ေခၚတဲ့ ဘားအံေတာင္ကေလးက ၂၀၂ တပ္ရင္းကို ေခၚသြားလိမ့္မယ္လို႔ထင္တယ္။ က်ေနာ္တို႔ ဒီေန႔စီတန္းလွည့္လည္ခ်ိန္မွာ ဝန္ႀကီးခ်ဳပ္က စည္းကမ္းရွိရွိနဲ႔ဆႏၵျပဖို႔ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္လည္း Live လႊင့္တယ္။ ျပည္သူေတြ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းဆႏၵျပဖို႔၊ အၾကမ္းမဖက္ဖို႔၊ ဒီၾကားထဲမွာ ကိုယ့္လူေတြ မဟုတ္ဘဲနဲ႔ အၾကမ္းဖက္... မလိုတဲ့လူေတြ ပါလာႏိုင္တယ္။ ဒါေတြကိုလည္း ေသခ်ာကိုယ့္လူေတြ ထိန္းၾကဖို႔၊ ဘာလုပ္ဖို႔ဆိုတာေတြကို က်ေနာ္တို႔ကို Live လႊင့္ၿပီးေတာ့ မွာၾကားတာေပါ့။ က်ေနာ့္တေယာက္ထဲအေနနဲ႔ က်ေနာ္ကေတာ့ သံုးသပ္တာေပါ့။”

စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္ကိုလည္း ဒီကေန႔မြန္းလဲြပိုင္းမွာပဲ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြ က အက်ယ္ခ်ဳပ္က်ခံေနရတဲ့ ဝန္ႀကီးအိမ္ယာကေန လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက လာေရာက္ေခၚ ေဆာင္သြားတယ္လို႔ NLD လႊတ္ေတာ္ကိုယ္စားလွယ္ တဦးက ဗြီအိုေအကိုအတည္ျပဳပါတယ္။

"အစိုးရဝန္ထမ္းအဝန္းထဲမွာ ထိန္းသိမ္းထားတယ္။ အခု ေန႔လယ္ ၁ နာရီမွာေတာ့ ေနရာ ေ႐ႊ႕သြားတယ္ေပါ့၊ ေခၚသြားတယ္ေပါ့။ က်မတို႔အထင္ကေတာ့ မုံ႐ြာမွာ မနက္က လူထုဆႏၵထုတ္ေဖာ္ပြဲေတြ က်င္းပတယ္။ အဲခ်ိန္မွာ ဝန္ႀကီးခ်ဳပ္ကလည္း ႀကိဳဆိုႏႈတ္ခြန္းဆက္တဲ့ Live လႊင့္တယ္ေပါ့... အဲဒါေၾကာင့္မို႔ ထင္တယ္ေပါ့... က်မတို႔ကေတာ့။"

မြန္ျပည္နယ္မွာလည္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ အက်ယ္ခ်ဳပ္ထားရာ အိမ္ယာကို လုံၿခဳံေရးတပ္ဖြဲ႕ေတြ ေရာက္ရွိလာၿပီး တယ္လီဖုန္းေတြကို သိမ္းဆည္းသြားေပမဲ့ အဖမ္းအဆီးေတာ့ မရွိဘူးလို႔လည္း နီးစပ္သူတဦး က ဗီြအိုေအကိုေျပာပါတယ္။

"ဆရာ့ကို မေခၚပါဘူး။ ဖုန္းေတြသိမ္းသြားတယ္။"

အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္တဲ့အေပၚ ႏိုင္ငံအႏွံ႔ ကန႔္ကြက္ဆႏၵျပပြဲေတြ အႀကီးအက်ယ္ ေပၚေပါက္ေနခ်ိန္မွာပဲ တိုင္းနဲ႔ျပည္နယ္ အစိုးရအႀကီးအကဲ တခ်ိဳ႕ထပ္မံဖမ္းဆီးခံခဲ့ရတာပါ။ စစ္တပ္က အာဏာသိမ္းခ်ိန္မွာ အစိုးရေခါင္းေဆာင္ေတြ၊ အစိုးရအဖြဲ႕ဝင္ေတြကို စစ္တပ္က ဖမ္းဆီးခဲ့ေပမဲ့ ေနာက္ပိုင္းမွာေတာ့ တိုင္းနဲ႔ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေတာ္ေတာ္မ်ားမ်ားကို ျပန္လႊတ္ေပးခဲ့ၿပီး ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဆက္လက္ ထိန္းသိမ္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကရင်နဲ့ စစ်ကိုင်းဝန်ကြီးချုပ်တွေကို ထပ်မံဖမ်းဆီး

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဒုတိယအကြိမ်အဖြစ် ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့က ဝန်ကြီးချုပ်တွေကို အာဏာပိုင်တွေက ထိန်းသိမ်းလိုက်ပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပေါ်ပေါက်နေချိန်မှာပဲ တိုင်းနဲ့ပြည်နယ် အစိုးရအကြီးအကဲတွေကို နောက်တကြိမ် ထိန်းသိမ်းလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမေခ ပြောပြပေးပါမယ်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်တို့ကို ဒီနေ့ပဲ အာဏာပိုင်တွေက နောက်တကြိမ် ဖမ်းဆီးလိုက်တဲ့အကြောင်း နီးစပ်သူတွေက ပြောပါတယ်။ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေသူတွေကို အားပေးစကားပြောအပြီး ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ ကရင်ပြည်နယ် ဝန်ကြီးချုပ်ကို အကျယ်ချုပ်ထားတဲ့ နေအိမ်မှာပဲ လုံခြုံရေးတပ်ဖွဲ့တွေက လာရောက်ခေါ်ဆောင် သွားတာလို့လည်း ကရင်၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း ဦးတေဇာထွဋ်လှိုင်ထွေးက ဗွီအိုအေကို အတည်ပြုပါတယ်။

“နေ့လယ် ၂ နာရီလောက်က အရင်လိုပဲ စစ်တပ်နဲ့ ရဲနဲ့ ပြန်ခေါ်သွားတယ်။ ပြီးခဲ့တဲ့တခေါက်က ခေါ်တဲ့ ဘားအံတောင်ကလေးက ၂၀၂ တပ်ရင်းကို ခေါ်သွားလိမ့်မယ်လို့ထင်တယ်။ ကျနော်တို့ ဒီနေ့စီတန်းလှည့်လည်ချိန်မှာ ဝန်ကြီးချုပ်က စည်းကမ်းရှိရှိနဲ့ဆန္ဒပြဖို့ ဝန်ကြီးချုပ်ကိုယ်တိုင်လည်း Live လွှင့်တယ်။ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြဖို့၊ အကြမ်းမဖက်ဖို့၊ ဒီကြားထဲမှာ ကိုယ့်လူတွေ မဟုတ်ဘဲနဲ့ အကြမ်းဖက်... မလိုတဲ့လူတွေ ပါလာနိုင်တယ်။ ဒါတွေကိုလည်း သေချာကိုယ့်လူတွေ ထိန်းကြဖို့၊ ဘာလုပ်ဖို့ဆိုတာတွေကို ကျနော်တို့ကို Live လွှင့်ပြီးတော့ မှာကြားတာပေါ့။ ကျနော့်တယောက်ထဲအနေနဲ့ ကျနော်ကတော့ သုံးသပ်တာပေါ့။”

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကိုလည်း ဒီကနေ့မွန်းလွဲပိုင်းမှာပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ က အကျယ်ချုပ်ကျခံနေရတဲ့ ဝန်ကြီးအိမ်ယာကနေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လာရောက်ခေါ် ဆောင်သွားတယ်လို့ NLD လွှတ်တော်ကိုယ်စားလှယ် တဦးက ဗွီအိုအေကိုအတည်ပြုပါတယ်။

"အစိုးရဝန်ထမ်းအဝန်းထဲမှာ ထိန်းသိမ်းထားတယ်။ အခု နေ့လယ် ၁ နာရီမှာတော့ နေရာ ရွှေ့သွားတယ်ပေါ့၊ ခေါ်သွားတယ်ပေါ့။ ကျမတို့အထင်ကတော့ မုံရွာမှာ မနက်က လူထုဆန္ဒထုတ်ဖော်ပွဲတွေ ကျင်းပတယ်။ အဲချိန်မှာ ဝန်ကြီးချုပ်ကလည်း ကြိုဆိုနှုတ်ခွန်းဆက်တဲ့ Live လွှင့်တယ်ပေါ့... အဲဒါကြောင့်မို့ ထင်တယ်ပေါ့... ကျမတို့ကတော့။"

မွန်ပြည်နယ်မှာလည်း ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အကျယ်ချုပ်ထားရာ အိမ်ယာကို လုံခြုံရေးတပ်ဖွဲ့တွေ ရောက်ရှိလာပြီး တယ်လီဖုန်းတွေကို သိမ်းဆည်းသွားပေမဲ့ အဖမ်းအဆီးတော့ မရှိဘူးလို့လည်း နီးစပ်သူတဦး က ဗွီအိုအေကိုပြောပါတယ်။

"ဆရာ့ကို မခေါ်ပါဘူး။ ဖုန်းတွေသိမ်းသွားတယ်။"

အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် နိုင်ငံအနှံ့ ကန့်ကွက်ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်နေချိန်မှာပဲ တိုင်းနဲ့ပြည်နယ် အစိုးရအကြီးအကဲ တချို့ထပ်မံဖမ်းဆီးခံခဲ့ရတာပါ။ စစ်တပ်က အာဏာသိမ်းချိန်မှာ အစိုးရခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင်တွေကို စစ်တပ်က ဖမ်းဆီးခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် တော်တော်များများကို ပြန်လွှတ်ပေးခဲ့ပြီး နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက် ထိန်းသိမ်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG