သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ ဗုဒ္ဓဟူးနေ့က ကိုဗစ်ကူးစက်သူ ၃၉ ဦးထပ်တိုး၊ ၁ ဦးသေ


ကျန်းမာရေး ဝန်ထမ်းများ ( ပုံအဟောင်း - ၁၉ ဒီဇင်ဘာ ၂၀၂၀ )
ကျန်းမာရေး ဝန်ထမ်းများ ( ပုံအဟောင်း - ၁၉ ဒီဇင်ဘာ ၂၀၂၀ )

[ Zawgyi ]

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့ ည ၈ နာရီမှာ ထုတ်ပြန်တဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ ကိုဗစ် ကူးစက်သူ လူနာအသစ် ၃၉ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဓါတ်ခွဲစမ်းသပ်မှုနမူနာပေါင်း ၁,၉၉၄ ခုကို စမ်းသပ်အပြီး အခု လူနာသစ်တွေ ထပ်မံတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သေဆုံးသူ နောက်တဦးလည်း ၁ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ အခုချိန်ထိ ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၁,၄၈၇ ဦး ရှိသွားပြီဖြစ်ပြီး သေဆုံးသူ စုစုပေါင်းကတော့ ၃,၁၈၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

= = = = = =

တိုက်ရိုက် လင့်ခ်


[ Unicode ]

မွနျမာမှာ ဗုဒ်ဓဟူးနေ့က ကိုဗဈကူးစကျသူ ၃၉ ဦးထပျတိုး၊ ၁ ဦးသေ




XS
SM
MD
LG