သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္ရဲ႕ Cyber ထိန္းခ်ဳပ္ေရး ကို တရုတ္ ကူညီ (ျမန္မာကၽြမ္းက်င္သူတဦး)


(Zawgyi/Unicode)

ျမန္မာစစ္အုပ္စုကေတာ့ ျပည္တြင္းျပည္ပက ဆန္ ့က်င္ကန္ ့ကြက္မွုမ်ားေနတဲ့ တင္းက်ပ္တဲ့ Cyber ဆက္သြယ္ေရး ဥပေဒမူၾကမ္းတရပ္ကို အတည္ျပဳေတာ႔မွာျဖစ္ပါတယ္။

ရန္ကုန္က Cyber လံုျခံဳေရး ကၽြမ္းက်င္သူတဦးက VOA ကို ေျပာဆိုရာမွာေတာ့ တရုတ္နိုင္ငံက နည္းပညာပိုင္းေထာက္ပံ့တာမို႔ တရုတ္မွာတရုတ္နို္င္ငံသားေတြကို Great Firewall နဲ ့ပိတ္ပင္ထားသလိုပဲ ျမန္မာစစ္တပ္က Cyber Firewall ကို စတင္အသံုးခ်နိုင္တယ္လို ့ဆိုပါတယ္။ လံုျခံဳေရးအေျခအေနေၾကာင့္ အဆိုပါ Cyber ကၽြမ္းက်င္သူက VOA ကို သူ ့ရဲ႕ နာမည္ကို ေဖာ္ျပခြင့္မေပးပါဘူး။

ဆက္လက္ၿပီးသူက ျမန္မာစစ္အုပ္စုရဲ ့အကူအညီေတာင္းခံမွုေၾကာင့္ တရုတ္ ဆက္သြယ္ေရးနည္းပညာနဲ ့ Hardware ပိုင္းကၽြမ္းက်င္သူေတြဟာ အင္တာနက္ေပၚက အျမင္ကြဲျပားသူေတြနဲ ့ ဒီမိုကေရစီေရးေထာက္ခံလွုပ္ရွားသူေတြကို ထိန္းခ်ဳပ္ဖို ့ Cyber ဥပေဒကို ကာင္အထည္ေဖၚဖို ့ျမန္မာႏိုင္ငံကို ေရာက္ရွိလာၾကတာျဖစ္တယ္လို ့ဆိုပါတယ္။

ဆက္လက္ၿပီး အဆိုပါ Cyber ကၽြမ္းက်င္သူက Firewall ေတြဟာ တရုတ္နိုင္ငံကျဖစ္ျပီး ဒီ Firewalls ေတြကို Ooredoo တို ့ Telenor တို ့လို အင္တာနက္၀န္ေဆာင္မွုလုပ္ငန္းေတြဆီကို ေပးပို ့ထားၿပီးၿပီျဖစ္တယ္၊ ဒါေတြအားလံုးကို ေဖေဖာ္၀ါရီ ၁၅ ရက္မတိုင္မီ လုပ္ငန္းလည္ပတ္ ေစမွာျဖစ္တယ္” လို ့ဆိုပါတယ္။

ရိုက္တာသတင္းဌာနက ရရွိတဲ့သတင္းအရ စာမ်တ္နွာ ၃၆ မ်တ္နွာ ရွိတဲ့ Cyber တားဆီးေရး ဥပေဒမူၾကမ္းကို Financial Times က ဘာသာျပန္ဆိုေဖာ္ျပရမွာ ျမန္မာႏိုင္ငံက အင္တာနက္၀န္ေဆာင္တဲ့လုပ္ငန္းမ်ားအေနနဲ ့ အသံုးျပဳတဲ့တည္ေနရာေတြကို ေဖာ္ျပရမွာျဖစ္ၿပီး ၃ နွစ္စာ အခ်က္အလက္ေတြကိုလည္း သိမ္းဆည္းထားရမွာျဖစ္တယ္လို ့ဆိုပါတယ္။

ဥပေဒသစ္မွာ အင္တာနက္၀န္ေဆာင္မွုေပးသူေတြဟာ တည္ဆဲဥပေဒအရ အာဏာပိုင္ေတြကို သတင္းအခ်က္အလက္လႊဲေျပာင္းေပးရမွာျဖစ္ျပီး ျမန္မာ့ အခ်ဳပ္အျခာ အာဏာနဲ ့နယ္ေျမတည္တံ့ခိုင္ၿမဲမႈကို ၿခိမ္းေျခာက္လာမယ့္ ျဖစ္ရပ္ေတြကို ၾကားျဖတ္၀င္ေရာက္တားဆီးနိုင္တဲ့ အာဏာကို ဥပေဒထဲမွာ ေပးအပ္ထားတယ္လို ့ဆိုပါတယ္။ အခ်က္အလက္ေတြကို ထိန္းသိမ္းဖို ့ ပ်က္ကြက္တဲ့ မည္သူ ့ကို မဆို ေထာင္ဒဏ္ ၃ နွစ္ နဲ ့ ဒဏ္ေငြ ေဒၚလာ ၇၅၀၀ သို ့မဟုတ္ နွစ္မ်ိဳးစလံုး က်ခံေစရမယ္လို ့ဆိုပါတယ္။

ဆက္လက္ၿပီး အဆိုပါ Cyber ကၽြမ္းက်င္သူက ဒါေတြကို တရုတ္ျပည္ကေထာက္ပံ့တဲ့ Firewalls စက္ေတြနဲ ့ ေစာင့္ၾကည္ေလ့လာသြားမယ္လို ့ဆိုပါတယ္။

ေနာက္ဆံုးေပၚနည္းပညာသံုး Firewall ျဖစ္ျပီး သူတို ့မွာ နက္နက္ရိႈင္းရိႈင္း ေထာက္လွမ္းသိရွိနိုင္တဲ့ အဂၤါရပ္ေတြလည္း ပါရွိတယ္လို ့ဆိုပါတယ္။ ဘယ္လို အခ်က္အလက္ေတြကို လႊဲေျပာင္းရယူတယ္ ဆိုတဲ့ အတားအဆီးမ်ိဳးေတြပါ၀င္ၿပီး သူတို ့ဟာ ေနာက္ဆံုးေပၚနည္းပညာေတြကို သံုးၿပီး အင္တာနက္ကို ထိန္းခ်ဳပ္ဖို ့ႀကိဳးစားေနတာလို ့ကၽြမ္းက်င္သူက ထပ္ေလာင္းေျပာဆိုပါတယ္။

ဒီစက္ပစၥည္းေတြဟာ တရုတ္နိုင္ငံရဲ့ ဆက္သြယ္ေရးကုမၼဏီႀကီးျဖစ္တဲ့ Huawei ရဲ႕ စက္ပစၥည္းေတြျဖစ္ဖြယ္ရာရွိျပီး ဒါကို VOA အေနနဲ ့အတည္မျပဳနိုင္ခဲ့ပါဘူး။ အေမရိကန္အစိုးရကေတာ့ လံုျခံဳေရးေၾကာင့္ Huawei နဲ ့ပက္သက္တဲ့ လုပ္ငန္းေတြကို ပိတ္ပင္ထားပါတယ္။

Facebook နဲ ့Twitter စာမ်တ္နွာေတြေပၚက ဓာတ္ပံုေတြမွာေတာ့ တရုတ္နုိင္ငံကေန ျမန္မာနိုင္ငံကို ပ်ံသန္းေရာက္ရွိလာတဲ့ေလယာဥ္ေပၚကေန ေသတၱာေတြသယ္ခ်ေနတာကို ေတြ ့ရျပီး ျမန္မာေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီေသတၱာေတြထဲမွာ သူတို ့ရဲ႕ အင္တာနက္အြန္လိုင္း လုပ္ေဆာင္မွုေတြကို ကန္ ့သတ္မယ့္ နည္းပညာဆိုင္ရာပစၥည္းေတြ ပါမယ္လို ့ယံုၾကည္ေနၾကပါတယ္။

ဒီလို စြပ္စြဲခ်က္ေတြကို တရုတ္နိင္ငံက ျငင္းဆိုခဲ့ျပီး တရုတ္နိုင္ငံျခားေရးေျပာေရးဆိုခြင့္ရွိသူ Wang Wenbin က ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ သတင္းစာရွင္းလင္းပြဲတခုမွာေျပာတာကေတာ့ တရုတ္နိုင္ငံက ဒီပစၥည္းေတြနဲ ့ကၽြမ္းက်င္သူေတြကို ေထာက္ပံ့တာ သူ ့အေနနဲ ့မၾကားမိေၾကာင္းနဲ ့ျမန္မာႏိုင္ငံမွာ တရုတ္ပါ၀င္ပတ္သက္ေနမႈနဲ႔ ဆက္စပ္ၿပီး မွားယြင္းတဲ႔ ေဖာ္ျပခ်က္ေတြ ေကာလဟာလေတြ ကို ဂရုမစိုက္ၾကဖို႔ ေျပာၾကားသြားပါတယ္။

တရုတ္အစိုးရဟာ အင္တာနက္ ကန္ ့သတ္ပိတ္ပင္ရာမွာ အေတြ ့အၾကံဳရင့္ေနၿပီး သူတို႔ရဲ႕ Firewall ေၾကာင့္ တရုတ္ျပည္မမွာ ေနထိုင္သူေတြဟာ အေနာက္လူမႈမီဒီယာေတြျဖစ္တဲ့ Facebook, Twitter, နဲ ့ Instagram စတာေတြကို မသံုးစြဲနိုင္ၾကပါဘူး။

နိုင္ငံတကာ ပဋိပကၡ ေလ့လာေရးအဖြဲ ့(ICG) ရဲ့ ေတြ ့ရွိခ်က္ေတြအရ တရုတ္နိုင္ငံအေနနဲ ့ျမန္မာျပည္ထဲမွာ ႀကီးမားတဲ့ စီးပြားေရးနဲ ့ပထ၀ီနိုင္ငံေရး အက်ိဴးအျမတ္ေတြရွိေနျပီး ျမန္မာရဲ႕ အေရးပါတဲ့ မိတ္ဖတ္အျဖစ္ ကာလတာရွည္ တည္ရွိေနခဲ့တာေၾကာင့္ ျမန္မာဟာ တရုတ္နိုင္ငံကို အဓိက ရင္းနွီးျမွပ္နွံသူအျဖစ္ေရာ သံတမန္ေရး အရ အကာအကြယ္ေပးသူအျဖစ္အျပင္ ျမန္မာစစ္တပ္ကို တိုက္ခိုက္ေနတဲ့ တုိင္းရင္းသား လက္နက္ကိုင္ေတြကို ဖိိိိိိိိိိိိိိိိိိိိိိိအားေပး အေလွ်ာ႔အတင္းလုပ္ဖို႔ အသံုး၀င္ႏိုင္ဖြယ္ရာရွိသူအျဖစ္ပါ ရႈျမင္ထားတယ္လို ့ဆိုပါတယ္။

ရုိဟင္ဂ်ာေတြကို ျမန္မာကိုင္တြယ္ပံုနဲ ့ပတ္သက္ျပီး နို္င္ငံတကာ ရႈတ္ခ်မွုေတြ က်ယ္က်ယ္ျပန္ ့ျပန္ ့ရွိေနေပမယ့္လည္း တရုတ္နိုင္ငံက ဆက္ျပီး ေထာက္ခံေနခဲ့ျပီး ေဖေဖာ္၀ါရီ ၁ ရက္ အာဏာသိမ္းျပီးေနာက္ပိုင္းလည္း ဆက္လက္ေထာက္ခံေနတာျဖစ္ပါတယ္။

New York တကၠသိုလ္ ကမၻာ့ေရးရာဌာနက လက္ေထာက္ပါေမာကၡ Christopher Ankersen က VOA ကိုေျပာရာမွာေတာ့ ျမန္မာစစ္အစိုးရဟာ အေမရိကန္စီးပြားေရး ပိတ္ဆို ့တာနဲ ့တျခားဒီမိုကေရစီနိုင္ငံေတြက အထီးက်န္ ပစ္ပယ္မႈ ရင္ဆိုင္ရတာမို ့ တရုတ္ဘက္ကို ပိုျပီး နီးကပ္သြားဖြယ္ရာရွိတယ္လို ့ဆိုပါတယ္။

သမၼတ Biden ရဲ႕ ဒဏ္ခတ္မႈနဲ႔ ပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ေရးေၾကညာခ်က္ေၾကာင္႔ ျမန္မာစစ္အရာရွိေတြဟာ တရုတ္ေထာက္ခံမႈကို ပိုေမွ်ာ္လင္႔လာဖို႔ တြန္းပို႔ရာေရာက္သြားဖြယ္ရွိတယ္လို႔လဲေျပာပါတယ္။

အာဏာသိမ္းမႈကိုဦးေဆာင္သု စစ္ေခါင္းေဆာင္ေတြ နဲ႔ သူတို႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြ မိသားစု၀င္ေတြအေပၚ ခ်က္ခ်င္း ဒဏ္ခတ္အေရးယူႏိုင္မယ္႔ အုပ္ခ်ဳပ္ေရးအမိန္႔ တရပ္ကို သမၼတ Biden ဗုဒၶဟူးေန႔က အတည္ျပဳလိုက္တာပါ။

တခ်ိဳ ့ကမၻာ့ထိပ္တန္း အင္တာနက္ ကုမၼဏီေတြဟာ ျမန္မာ အရပ္ဘက္အဖြဲ ့အစည္းေတြနဲ ့ေပါင္းျပီး လက္ရွိအဆိုျပဳထားတဲ့ Cyber ဥပေဒဟာ အေျခခံလူ ့အခြင့္အေရးနဲ ့စီးပြားေရး အႏၱရာယ္ ရွိေစတယ္ဆိုျပီး ၀ိုင္း၀န္းဆန္ ့က်င္ေနၾကပါတယ္။

ျမန္မာစစ္တပ္က ဒီမိုကေရစီ နည္းအရ ေရြးေကာက္တင္ေျမွာက္ထားတဲ့ အစိုးရကို အာဏာသိမ္းယူျပီးေနာက္ နိုင္ငံတ၀ွမ္း လမ္းမေတြေပၚမွာ ဆႏၵျပပြဲေတြ က်ယ္က်ယ္ျပန္ ့ျပန္ ့ဆက္လက္ေပၚေပါက္ေနတာလည္းျဖစ္ပါတယ္။

အာဏာသိမ္းယူျပီးေနာက္ ျမန္မာစစ္အစိုးရဟာ အင္တာနက္၀န္ေဆာင္မႈေတြကို ရပ္တန္ ့ခဲ့ျပီး Facebook, Twitter စတဲ့ လူမွုမီဒီယာေတြကိုလည္း ေဒသတြင္းအသံုး ျပဳမွုေတြ ပိတ္ပင္ဖို ့အမိန္ ့ထုတ္ခဲ့ပါတယ္။ သို ့ေပမဲ့ အင္တာနက္၀န္ေဆာင္မွု တစိတ္တပိုင္းကေတာ့ လည္ပတ္လ်က္ရွိပါတယ္။

ျမန္မာနိင္ငံမွာ Facebook အသံုးျပဳသူ ၂၁ သန္းရွိပါတယ္။ ဒါဟာ နုိင္ငံလူဦးေရရဲ့ ၄၀ ရာခိုင္ႏႈန္းနီးပါးျဖစ္ပါတယ္။ Facebook ဟာ မ်ားစြားေသာ ျမန္မာတို႔အဖို႔ ကမၻာႀကီးကို ဆက္သြယ္ဖို ့ရာ အဓိက နည္းလမ္းလည္းျဖစ္ပါတယ္။

...................

မြန်မာစစ်တပ်ရဲ့ Cyber ထိန်းချုပ်ရေး ကို တရုတ် ကူညီ (မြန်မာကျွမ်းကျင်သူတဦး)

(Unicode)

မြန်မာစစ်အုပ်စုကတော့ ပြည်တွင်းပြည်ပက ဆန့်ကျင်ကန့်ကွက်မှုများနေတဲ့ တင်းကျပ်တဲ့ Cyber ဆက်သွယ်ရေး ဥပဒေမူကြမ်းတရပ်ကို အတည်ပြုတော့မှာဖြစ်ပါတယ်။

ရန်ကုန်က Cyber လုံခြုံရေး ကျွမ်းကျင်သူတဦးက VOA ကို ပြောဆိုရာမှာတော့ တရုတ်နိုင်ငံက နည်းပညာပိုင်းထောက်ပံ့တာမို့ တရုတ်မှာတရုတ်နိုင်ငံသားတွေကို Great Firewall နဲ့ပိတ်ပင်ထားသလိုပဲ မြန်မာစစ်တပ်က Cyber Firewall ကို စတင်အသုံးချနိုင်တယ်လို့ဆိုပါတယ်။ လုံခြုံရေးအခြေအနေကြောင့် အဆိုပါ Cyber ကျွမ်းကျင်သူက VOA ကို သူ့ရဲ့ နာမည်ကို ဖော်ပြခွင့်မပေးပါဘူး။

ဆက်လက်ပြီးသူက မြန်မာစစ်အုပ်စုရဲ့အကူအညီတောင်းခံမှုကြောင့် တရုတ် ဆက်သွယ်ရေးနည်းပညာနဲ့ Hardware ပိုင်းကျွမ်းကျင်သူတွေဟာ အင်တာနက်ပေါ်က အမြင်ကွဲပြားသူတွေနဲ့ ဒီမိုကရေစီရေးထောက်ခံလှုပ်ရှားသူတွေကို ထိန်းချုပ်ဖို့ Cyber ဥပဒေကို ကာင်အထည်ဖေါ်ဖို့မြန်မာနိုင်ငံကို ရောက်ရှိလာကြတာဖြစ်တယ်လို့ဆိုပါတယ်။

ဆက်လက်ပြီး အဆိုပါ Cyber ကျွမ်းကျင်သူက Firewall တွေဟာ တရုတ်နိုင်ငံကဖြစ်ပြီး ဒီ Firewalls တွေကို Ooredoo တို့ Telenor တို့လို အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေဆီကို ပေးပို့ထားပြီးပြီဖြစ်တယ်၊ ဒါတွေအားလုံးကို ဖေဖော်ဝါရီ ၁၅ ရက်မတိုင်မီ လုပ်ငန်းလည်ပတ် စေမှာဖြစ်တယ်” လို့ဆိုပါတယ်။

ရိုက်တာသတင်းဌာနက ရရှိတဲ့သတင်းအရ စာမျတ်နှာ ၃၆ မျတ်နှာ ရှိတဲ့ Cyber တားဆီးရေး ဥပဒေမူကြမ်းကို Financial Times က ဘာသာပြန်ဆိုဖော်ပြရမှာ မြန်မာနိုင်ငံက အင်တာနက်ဝန်ဆောင်တဲ့လုပ်ငန်းများအနေနဲ့ အသုံးပြုတဲ့တည်နေရာတွေကို ဖော်ပြရမှာဖြစ်ပြီး ၃ နှစ်စာ အချက်အလက်တွေကိုလည်း သိမ်းဆည်းထားရမှာဖြစ်တယ်လို့ဆိုပါတယ်။

ဥပဒေသစ်မှာ အင်တာနက်ဝန်ဆောင်မှုပေးသူတွေဟာ တည်ဆဲဥပဒေအရ အာဏာပိုင်တွေကို သတင်းအချက်အလက်လွှဲပြောင်းပေးရမှာဖြစ်ပြီး မြန်မာ့ အချုပ်အခြာ အာဏာနဲ့နယ်မြေတည်တံ့ခိုင်မြဲမှုကို ခြိမ်းခြောက်လာမယ့် ဖြစ်ရပ်တွေကို ကြားဖြတ်ဝင်ရောက်တားဆီးနိုင်တဲ့ အာဏာကို ဥပဒေထဲမှာ ပေးအပ်ထားတယ်လို့ဆိုပါတယ်။ အချက်အလက်တွေကို ထိန်းသိမ်းဖို့ ပျက်ကွက်တဲ့ မည်သူ့ကို မဆို ထောင်ဒဏ် ၃ နှစ် နဲ့ ဒဏ်ငွေ ဒေါ်လာ ၇၅၀၀ သို့မဟုတ် နှစ်မျိုးစလုံး ကျခံစေရမယ်လို့ဆိုပါတယ်။

ဆက်လက်ပြီး အဆိုပါ Cyber ကျွမ်းကျင်သူက ဒါတွေကို တရုတ်ပြည်ကထောက်ပံ့တဲ့ Firewalls စက်တွေနဲ့ စောင့်ကြည်လေ့လာသွားမယ်လို့ဆိုပါတယ်။

နောက်ဆုံးပေါ်နည်းပညာသုံး Firewall ဖြစ်ပြီး သူတို့မှာ နက်နက်ရှိုင်းရှိုင်း ထောက်လှမ်းသိရှိနိုင်တဲ့ အင်္ဂါရပ်တွေလည်း ပါရှိတယ်လို့ဆိုပါတယ်။ ဘယ်လို အချက်အလက်တွေကို လွှဲပြောင်းရယူတယ် ဆိုတဲ့ အတားအဆီးမျိုးတွေပါဝင်ပြီး သူတို့ဟာ နောက်ဆုံးပေါ်နည်းပညာတွေကို သုံးပြီး အင်တာနက်ကို ထိန်းချုပ်ဖို့ကြိုးစားနေတာလို့ကျွမ်းကျင်သူက ထပ်လောင်းပြောဆိုပါတယ်။

ဒီစက်ပစ္စည်းတွေဟာ တရုတ်နိုင်ငံရဲ့ ဆက်သွယ်ရေးကုမ္မဏီကြီးဖြစ်တဲ့ Huawei ရဲ့ စက်ပစ္စည်းတွေဖြစ်ဖွယ်ရာရှိပြီး ဒါကို VOA အနေနဲ့အတည်မပြုနိုင်ခဲ့ပါဘူး။ အမေရိကန်အစိုးရကတော့ လုံခြုံရေးကြောင့် Huawei နဲ့ပက်သက်တဲ့ လုပ်ငန်းတွေကို ပိတ်ပင်ထားပါတယ်။

Facebook နဲ့Twitter စာမျတ်နှာတွေပေါ်က ဓာတ်ပုံတွေမှာတော့ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပျံသန်းရောက်ရှိလာတဲ့လေယာဉ်ပေါ်ကနေ သေတ္တာတွေသယ်ချနေတာကို တွေ့ရပြီး မြန်မာတော်တော်များများကတော့ ဒီသေတ္တာတွေထဲမှာ သူတို့ရဲ့ အင်တာနက်အွန်လိုင်း လုပ်ဆောင်မှုတွေကို ကန့်သတ်မယ့် နည်းပညာဆိုင်ရာပစ္စည်းတွေ ပါမယ်လို့ယုံကြည်နေကြပါတယ်။

ဒီလို စွပ်စွဲချက်တွေကို တရုတ်နိင်ငံက ငြင်းဆိုခဲ့ပြီး တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲတခုမှာပြောတာကတော့ တရုတ်နိုင်ငံက ဒီပစ္စည်းတွေနဲ့ကျွမ်းကျင်သူတွေကို ထောက်ပံ့တာ သူ့အနေနဲ့မကြားမိကြောင်းနဲ့မြန်မာနိုင်ငံမှာ တရုတ်ပါဝင်ပတ်သက်နေမှုနဲ့ ဆက်စပ်ပြီး မှားယွင်းတဲ့ ဖော်ပြချက်တွေ ကောလဟာလတွေ ကို ဂရုမစိုက်ကြဖို့ ပြောကြားသွားပါတယ်။

တရုတ်အစိုးရဟာ အင်တာနက် ကန့်သတ်ပိတ်ပင်ရာမှာ အတွေ့အကြုံရင့်နေပြီး သူတို့ရဲ့ Firewall ကြောင့် တရုတ်ပြည်မမှာ နေထိုင်သူတွေဟာ အနောက်လူမှုမီဒီယာတွေဖြစ်တဲ့ Facebook, Twitter, နဲ့ Instagram စတာတွေကို မသုံးစွဲနိုင်ကြပါဘူး။

နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့(ICG) ရဲ့ တွေ့ရှိချက်တွေအရ တရုတ်နိုင်ငံအနေနဲ့မြန်မာပြည်ထဲမှာ ကြီးမားတဲ့ စီးပွားရေးနဲ့ပထဝီနိုင်ငံရေး အကျိူးအမြတ်တွေရှိနေပြီး မြန်မာရဲ့ အရေးပါတဲ့ မိတ်ဖတ်အဖြစ် ကာလတာရှည် တည်ရှိနေခဲ့တာကြောင့် မြန်မာဟာ တရုတ်နိုင်ငံကို အဓိက ရင်းနှီးမြှပ်နှံသူအဖြစ်ရော သံတမန်ရေး အရ အကာအကွယ်ပေးသူအဖြစ်အပြင် မြန်မာစစ်တပ်ကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိအားပေး အလျှော့အတင်းလုပ်ဖို့ အသုံးဝင်နိုင်ဖွယ်ရာရှိသူအဖြစ်ပါ ရှုမြင်ထားတယ်လို့ဆိုပါတယ်။

ရိုဟင်ဂျာတွေကို မြန်မာကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး နိုင်ငံတကာ ရှုတ်ချမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပေမယ့်လည်း တရုတ်နိုင်ငံက ဆက်ပြီး ထောက်ခံနေခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်းလည်း ဆက်လက်ထောက်ခံနေတာဖြစ်ပါတယ်။

New York တက္ကသိုလ် ကမ္ဘာ့ရေးရာဌာနက လက်ထောက်ပါမောက္ခ Christopher Ankersen က VOA ကိုပြောရာမှာတော့ မြန်မာစစ်အစိုးရဟာ အမေရိကန်စီးပွားရေး ပိတ်ဆို့တာနဲ့တခြားဒီမိုကရေစီနိုင်ငံတွေက အထီးကျန် ပစ်ပယ်မှု ရင်ဆိုင်ရတာမို့ တရုတ်ဘက်ကို ပိုပြီး နီးကပ်သွားဖွယ်ရာရှိတယ်လို့ဆိုပါတယ်။

သမ္မတ Biden ရဲ့ ဒဏ်ခတ်မှုနဲ့ ပိုင်ဆိုင်မှု ထိန်းချုပ်ရေးကြေညာချက်ကြောင့် မြန်မာစစ်အရာရှိတွေဟာ တရုတ်ထောက်ခံမှုကို ပိုမျှော်လင့်လာဖို့ တွန်းပို့ရာရောက်သွားဖွယ်ရှိတယ်လို့လဲပြောပါတယ်။

အာဏာသိမ်းမှုကိုဦးဆောင်သု စစ်ခေါင်းဆောင်တွေ နဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ မိသားစုဝင်တွေအပေါ် ချက်ချင်း ဒဏ်ခတ်အရေးယူနိုင်မယ့် အုပ်ချုပ်ရေးအမိန့် တရပ်ကို သမ္မတ Biden ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်တာပါ။

တချို့ကမ္ဘာ့ထိပ်တန်း အင်တာနက် ကုမ္မဏီတွေဟာ မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး လက်ရှိအဆိုပြုထားတဲ့ Cyber ဥပဒေဟာ အခြေခံလူ့အခွင့်အရေးနဲ့စီးပွားရေး အန္တရာယ် ရှိစေတယ်ဆိုပြီး ဝိုင်းဝန်းဆန့်ကျင်နေကြပါတယ်။

မြန်မာစစ်တပ်က ဒီမိုကရေစီ နည်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာသိမ်းယူပြီးနောက် နိုင်ငံတဝှမ်း လမ်းမတွေပေါ်မှာ ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့်ဆက်လက်ပေါ်ပေါက်နေတာလည်းဖြစ်ပါတယ်။

အာဏာသိမ်းယူပြီးနောက် မြန်မာစစ်အစိုးရဟာ အင်တာနက်ဝန်ဆောင်မှုတွေကို ရပ်တန့်ခဲ့ပြီး Facebook, Twitter စတဲ့ လူမှုမီဒီယာတွေကိုလည်း ဒေသတွင်းအသုံး ပြုမှုတွေ ပိတ်ပင်ဖို့အမိန့်ထုတ်ခဲ့ပါတယ်။ သို့ပေမဲ့ အင်တာနက်ဝန်ဆောင်မှု တစိတ်တပိုင်းကတော့ လည်ပတ်လျက်ရှိပါတယ်။

မြန်မာနိင်ငံမှာ Facebook အသုံးပြုသူ ၂၁ သန်းရှိပါတယ်။ ဒါဟာ နိုင်ငံလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးဖြစ်ပါတယ်။ Facebook ဟာ များစွားသော မြန်မာတို့အဖို့ ကမ္ဘာကြီးကို ဆက်သွယ်ဖို့ရာ အဓိက နည်းလမ်းလည်းဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG