သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆိုင္ဘာလုံၿခံဳေရးဥပေဒကို ဘာေၾကာင့္ ကန္႔ကြက္ေနၾကသလဲ


မွတ္တမ္းဓါတ္ပံု- ၂၀၁၁ စက္တင္ဘာတုန္းက အင္တာနက္သသံုးေနသူ တဦး

(Zawgyi/Unicode)

အာဏာသိမ္းစစ္ေကာင္စီက ျပဌာန္းဖို႔ျပင္ဆင္ေနတဲ့ ဆိုင္ဘာလံုျခံဳေရးဥပေဒမူၾကမ္းကို ျမန္မာႏိုင္ငံ ျပည္တြင္း ျပည္ပ ကြန္ျပဴတာပညာရွင္ေတြ ကန္႔ကြက္ေနၾကပါတယ္။ ဘာေၾကာင့္ ကန္႔ကြက္ၾကတာပါလဲ။ ဒီဥပေဒျပဌာန္းလိုက္ရင္ ျပည္သူေတြ ဘယ္လို အခက္အခဲေတြနဲ႔ ရင္ဆိုင္ရႏိုင္ပါသလဲ။ ေဒၚခင္မ်ိဳးသက္က အေမရိကန္ျပည္ေထာင္စုေရာက္ ကြန္ျပဴတာ software အင္ဂ်င္နီယာတဦးျဖစ္တဲ့ ကိုရဲေက်ာ္ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

ေဒၚခင္မ်ိဴးသက္ ။ ။ အခု ျမန္မာနို္င္ငံမွာ Cyber လံုျခံဳေရး ဥပေအမူၾကမ္းကို ျပဌာန္းဖို ့အတြက္ ျပင္ေနပါတယ္။ ဒီအာဏာသိမ္း စစ္ေကာင္စီကေနျပီးေတာ့ ျမန္မာနိုင္ငံ ကြန္ျပဴတာပညာရွင္ေတြဆီကို ဒီမူၾကမ္းကို ဆန္းစစ္ဖို ့ေဖေဖာ္၀ါရီလ ၈ ရက္က ေပးခဲ့ပါတယ္။ အဲဒီမွာ ဒီမူၾကမ္းဟာ ဖြဲ ့စည္းပံုအေျခခံဥပေဒပါ နိုင္ငံသားေတြရဲ့ လြတ္လပ္စြာေျပာဆိုေရးသားမွုေတြကို ထိခိုက္ေစတာ၊ ေနာက္ online ၀န္ေဆာင္မႈ လုပ္ငန္းေတြကို အဟန္႔အတား ျဖစ္ေစတာ၊ မလိုအားအပ္တဲ့ ထိန္းခ်ဳပ္မႈေတြ အမ်ားအျပားပါေနတဲ့အတြက္ လုပ္ငန္းေတြ ခက္ခဲ ၾကန္႔ၾကာတာတင္ မကပဲနဲ ့ အျပစ္ဒဏ္ခံရမယ့္ အလားအလာေတြပါရွိေနတယ္လို ့ ျမန္မာႏိုင္ငံကြန္ျပဴတာအသင္းခ်ဳပ္နဲ ့ ျမန္မာကြန္ျပဴတာပညာရွင္မ်ားအသင္း၊ ေနာက္ျပီးေတာ့ ျမန္မာကြန္ျပဴတာ စက္မွုလုပ္ငန္းရွင္ေတြအသင္းေတြကေနျပီးေတာ့ ေသာၾကာေန ့မွာပဲ ေၾကညာခ်က္ထုတ္ျပီး ေျပာထားပါတယ္။ တကယ္လို ့ဒါကိုအလွ်င္ ျပဌာန္းမယ္ဆိုရင္ေတာ့ ျပင္းျပင္းထန္ထန္ကန္ ့ကြက္မယ္ဆိုျပီးေတာ့လည္း ေျပာထားပါတယ္။ ဆိုေတာ့ ဒီ Cyber လုပ္ျခံဳေရး ဥပေဒကေနျပီးေတာ့ နိုင္ငံသားေတြကို ဘယ္လို မ်ိဳးထိခိုက္ေစနိုင္ပါသလဲ။ ေနာက္ၿပီး ဒီ မူၾကမ္းနဲ ့ပက္သက္ၿပီးေတာ့ေရာ ဘယ္လို ျမင္ပါလဲ။

ကုိရဲေက်ာ္ ။ ။ က်ေနာ့္ အျမင္အရေတာ့ ဥပေဒကို ထုတ္ျပန္ထားတဲ့ စစ္အုပ္စုကိုယ္တိုင္ကိုယ္က တရား၀င္အစိုးရ မဟုတ္ပါဘူး။ အဲဒီေတာ့ သူက ထုတ္ျပန္ထားတဲ့ ဥပေဒကလည္း တရားမ၀င္ပါဘူးခင္ဗ်။ အခုျမန္မာနိုင္မွာ China က Great Firewall လိုဟာမ်ိဳးကို install လုပ္ဖို ့စီစဥ္ေနတယ္လို႔ ၾကားရပါတယ္။ သူတို ့က Law ထဲမွာ ဘာေတြကို ေျပာထားလဲဆိုေတာ့ Hardware ကုိ ေနရာတခုထဲမွာ စုျပီးေတာ့ ထားရမယ္။ အဲဒီေနရာကို register လုပ္ထားရမယ္။ ေနာက္ၿပီးေတာ့ Mytel Gateway ကေနျပီးေတာ့ပဲ ျဖတ္ရမယ္ လို ့ေျပာေနတယ္။ Mytel Gateway ကေနျပီးေတာ့ပဲ ျပည္ပကို ဆက္သြယ္ရမယ့္ေပါ့။ ေနာက္ျပီးေတာ့လည္း သူတို ့က အဲဒီ Gateway ကို အခ်ိန္မေရြး ပိတ္ခ်လိုက္လို ့ရတယ္။ အဲဒီ Gateway ကုိ သူတို ့ကေနျပီးေတာ့ အျမဲတမ္းေစာင့္ၾကည့္ေနမယ္။ ခုနကေျပာတဲ့့ Firewall ကို ဒီ Gateway ေတြမွာ install လုပ္ထားမယ္။ အဲဒီအတြက္ေၾကာင့္မို ့လို ့ က်ေနာ္တို႔ ဆက္သြယ္ေနတဲ့ message ေတြဟာ လံုျခံဳမႈ မရွိေတာ့ဘူး။ သူတို ့အခ်ိန္မေရြးေဖာက္ၾကည့္လို ့ရပါတယ္။ သူတို ့အခ်ိန္မေရြးဖြင့္ၾကည့္လို ့ရတဲ့ အေျခအေနကို ျပန္ေရာက္သြားပါတယ္။ Mytel Gateway ကသူတို ့လက္ထဲမွာပဲ ရွိတယ္ဆိုေတာ့ သူတို ့ႀကိဳက္သလို လုပ္လို ့ရသြားတဲ့ အေျခအေနမွာရွိပါတယ္။

ေဒၚခင္မ်ိဳးသက္။ ။ Great Firewall ကို ျမန္မာႏိုင္ငံမွာ install လုပ္လိုက္ျပီးရင္ ေနာက္ဆက္တြဲ ဘာေတြျဖစ္လာနိုင္လဲ ေျပာျပေပးပါလား။

ကုိရဲေက်ာ္ ။ ။ က်ေနာ္တို ့ျမန္မာႏိုင္ငံသားေတြရ့ဲ အေျခခံ လူ ့အခြင့္အေရးေတြ ဆံုးရွဳံးသြားနိုင္ပါတယ္။ က်ေနာ္တို ့ရဲ႕ လြတ္လပ္စြာ ေျပာဆိုေဆြးေႏြးခြင့္ေတြ ဆံုးရွံဳးသြားနိုင္ပါတယ္။ က်ေနာ္တို ့နိုင္ငံထဲမွာ ဖိႏွိပ္ေနတာေတြကို နိုင္ငံအျပင္ကေနၿပီး မၾကားရ၊ မသိရတာေတြ ျဖစ္လာနုိင္ပါတယ္။

ေဒၚခင္မ်ိဴးသက္။ ။ ဘယ္လိုပံုစံနဲ ့ပိတ္နိုင္သလဲ နည္းနည္းရွင္းျပေပးပါဦး။

ကုိရဲေက်ာ္ ။ ။ China မွာ Social Media ေတြ ဘာေတြကို သြားလို ့မရေအာင္လို ့ သူတို ့Great Firewall ဆိုတာ ရွိပါတယ္။ သူတို ့အဲဒါကို install လုပ္ထားပါတယ္။ ျပင္ပမွာရွိတဲ့ IP address ေတြကို သူကေနၿပီးေတာ့ ဆက္သြယ္လို ့မရေအာင္ဆိုျပီး Firewall Software ေတြထဲမွာ IP address ေတြထည့္ၿပီး သူတို ့ပိတ္ပါတယ္။ အျပင္က ဟာေတြနဲ ့သူတို ့အဆက္အသြယ္လုပ္လို ့မရေအာင္ပိတ္ထားၿပီးေတာ့ China ထဲမွာ သူတို ့ Intranet ေဆာက္ၿပီးေတာ့ Chinese Version of Google, Chinese Version of Facebook အဲလိုဟာမ်ိဳးေတြ၊ Website ေတြကို ထားၿပီးေတာ့ အျပင္ေလာကနဲ ့အဆက္အသြယ္ေတြကို ျဖတ္ထားပါတယ္။ China ထဲကလူေတြဟာ Search Engine မွာ တခုခုသူတို ့ရွာခ်င္တယ္ဆိုလို ့ရွိရင္ Google မွာ သြားမရွာပါဘူး။ Baidu မွာရွာရင္ ရပါတယ္။ အဲဒီေတာ့ Google မွာရွိေနတဲ့ information ေတြ၊ Chinese Government က မလိုလားတဲ့ information ေတြလည္း တိုင္းျပည္ထဲကို ၀င္စရာမလိုေတာ့ပါဘူး။ သူ ့ဟာသူ တားထားပါတယ္။ ထူးဆန္းတာက ေနျပည္ေတာ္မွာလည္း စပစ္ေကာ မိနစ္ပိုင္းအတြင္းမွာ တကမၻာလံုးက သိသြားျပီ။ အဲဒါက ဘာေခၚမလဲဆိုေတာ့ ၈၈ တုန္းကလည္းမရွိခဲ့ဘူး။ ဦးသန္ ့အေရးအခင္းတို ့ဘာတို ့မွာလည္း မရွိခဲ့ဘူး။ ဒါ အရမ္းပဲ။ မိနစ္ပိုင္းအတြင္းမွာ တကမၻာလံုးက သိသြားၿပီ။ အဲဒီေတာ့ သူတို ့သည္ ဒါမ်ိဳးလုပ္လို ့ရွိရင္ေတာ့ ကမၻာက ခ်က္ခ်င္းသိသြားမယ္။ ဒါေၾကာင့္ Firewall ၾကီးကို အျမန္ဆံုး install လုပ္ေနတာ။

ေဒၚခင္မ်ိဳးသက္။ ။ မၾကာေသးခင္ကပဲ Facebook တို ့၊ Instagram တို ့၊ Twitter တို ့ကို ပိတ္လိုက္ပါတယ္။ ပိတ္ၿပီးတဲ့အခါမွာ VPN နဲ ့သူတို ့ ျဖတ္ၿပီးသံုးၾကတယ္။ VPN သံုးတဲ့ အခါမွာ တကယ္ပဲ သူတို ့က အတားအဆီးကို ေက်ာ္သြားႏိုင္လား။ VPN ရဲ့ အေနအထားေလး နည္းနည္းရွင္းျပေပးပါ။

ကုိရဲေက်ာ္ ။ ။ VPN က အတားအဆီးကို ေက်ာ္သြားနုိင္တယ္ဆိုတာ အခ်ိန္အတိုင္းအတာ အနည္းငယ္ပဲ ေက်ာ္သြားလို ့ရမယ္ထင္ပါတယ္။ စစ္အုပ္စုက ဒီ IP address ကို မသိမခ်င္းေပါ့ေလ။ သူသိသြားလို ့ရွိရင္ေတာ့ အဲဒီ IP address ကို ဘေလာ့ လုပ္လိုက္လို ့ရပါတယ္ခင္ဗ်။ သူ ့ရဲ႕ ပံုစံအတူေတြေျပာျပရလို ့ရွိရင္ေတာ့ သိတယ္မဟုတ္လား အျပင္မွာ အေဖအေမက မႀကိဳက္လို ့ရည္းစားကို ဖုန္းမေခၚရဘူးဆိုလို ့ရွိရင္ သူကေနၿပီးေတာ့ သူ႔ရဲ့ သူငယ္ခ်င္းဆီကို ဖုန္းေခၚျပီးေတာ့ ရည္းစားနဲ ့အဆက္သြယ္လုပ္ေပးသလိုမ်ဳိးပါပဲ VPN Server ဆိုတာကေလ။ ကိုယ့္ကို အကူအညီေပးတဲ့ သူငယ္ခ်င္းကေတာ့ VPN Server ေပါ့။ အေဖအေမကေတာ့ Firewall ေပါ့။ အဲဒီေတာ့ လူႀကီးမသိမခ်င္း အဆင္ေျပေနမယ္၊ လူႀကီး သိသြားလို႔ ရွိရင္ေတာ့ သူလည္း အပိတ္ခံရမွာေပါ့။ သူ႔ သူငယ္ခ်င္းနဲ႔ ဆက္သြယ္ေနတာလည္း အပိတ္ခံရမွာေပါ့။

ေဒၚခင္မ်ိဳးသက္ ။ ။ တကယ္လို႔ ဒီ Firewall ႀကီးနဲ႔ တားထားဆီးထားတယ္ ဆိုလို႔ရွိရင္ ဘယ္လိုမ်ဳိး ေက်ာ္ျဖတ္ၿပီးေတာ့ ထြက္လုိ႔ရႏိုင္မယ့္ နည္းလမ္းေရာ ရွိပါသလား။

ကုိရဲေက်ာ္ ။ ။ VPN ကေတာ့သူက အဲဒီ Firewall ကို ေက်ာ္ခြၿပီးေတာ့ သြားတဲ့နည္းေပါ့ေလ။ ျဖတ္လို႔ေတာ့မရဘူး ခုနက ေျပာသလို VPN ကေန သြားလို႔ရွိရင္ရတယ္။ VPN ဆိုတာလည္း အၾကာႀကီးေတာ့ မခံဘူး။ သူတို႔ မသိေသးသ၍ေတာ့ အလုပ္ျဖစ္ေနမယ္၊ သူတို႔ သိသြားလို႔ရွိရင္ ဒီ VPN ဆာဗာလည္း သူတို႔က ပိတ္လိုက္လို႔ရတယ္။ အင္တာနက္ကို သုံးတဲ့အခါမွာ သတိထားရမယ့္ဟာကေတာ့ ကိုယ္ေပးတဲ့ message ကို သူတို႔မျမင္ရေအာင္လို႔ ဖန္တီးႏိုင္လုိ႔ရွိရင္ေတာ့ အေကာင္းဆုံးေပ့ါေလ။ အကုန္လုံးကို Encrypt လုပ္ၿပီးေတာ့ (လ်ိဳ႕ဝွက္စာေျပာင္း) ဆက္သြယ္ၾကရင္ ပုိေကာင္းတယ္လို႔ ထင္ပါတယ္ခင္ဗ်ာ။

ေဒၚခင္မ်ိဳးသက္ ။ ။ ေက်းဇူးတင္ပါတယ္ ကိုရဲေက်ာ္။

အေမရိကန္ျပည္ေထာင္စုေရာက္ ကြန္ျပဴတာ software အင္ဂ်င္နီယာတဦးျဖစ္တဲ့ ကိုရဲေက်ာ္ကို ေဒၚခင္မ်ိဳးသက္က ဆက္သြယ္ေမးျမန္းထားတာပါ။

တိုက္႐ိုက္ လင့္ခ္


............

ဆိုင်ဘာလုံခြုံရေးဥပဒေကို ဘာကြောင့် ကန့်ကွက်နေကြသလဲ

(Unicode)

အာဏာသိမ်းစစ်ကောင်စီက ပြဌာန်းဖို့ပြင်ဆင်နေတဲ့ ဆိုင်ဘာလုံခြုံရေးဥပဒေမူကြမ်းကို မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပ ကွန်ပြူတာပညာရှင်တွေ ကန့်ကွက်နေကြပါတယ်။ ဘာကြောင့် ကန့်ကွက်ကြတာပါလဲ။ ဒီဥပဒေပြဌာန်းလိုက်ရင် ပြည်သူတွေ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါသလဲ။ ဒေါ်ခင်မျိုးသက်က အမေရိကန်ပြည်ထောင်စုရောက် ကွန်ပြူတာ software အင်ဂျင်နီယာတဦးဖြစ်တဲ့ ကိုရဲကျော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါ်ခင်မျိူးသက် ။ ။ အခု မြန်မာနိုင်ငံမှာ Cyber လုံခြုံရေး ဥပအေမူကြမ်းကို ပြဌာန်းဖို့အတွက် ပြင်နေပါတယ်။ ဒီအာဏာသိမ်း စစ်ကောင်စီကနေပြီးတော့ မြန်မာနိုင်ငံ ကွန်ပြူတာပညာရှင်တွေဆီကို ဒီမူကြမ်းကို ဆန်းစစ်ဖို့ဖေဖော်ဝါရီလ ၈ ရက်က ပေးခဲ့ပါတယ်။ အဲဒီမှာ ဒီမူကြမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာပြောဆိုရေးသားမှုတွေကို ထိခိုက်စေတာ၊ နောက် online ဝန်ဆောင်မှု လုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေတာ၊ မလိုအားအပ်တဲ့ ထိန်းချုပ်မှုတွေ အများအပြားပါနေတဲ့အတွက် လုပ်ငန်းတွေ ခက်ခဲ ကြန့်ကြာတာတင် မကပဲနဲ့ အပြစ်ဒဏ်ခံရမယ့် အလားအလာတွေပါရှိနေတယ်လို့ မြန်မာနိုင်ငံကွန်ပြူတာအသင်းချုပ်နဲ့ မြန်မာကွန်ပြူတာပညာရှင်များအသင်း၊ နောက်ပြီးတော့ မြန်မာကွန်ပြူတာ စက်မှုလုပ်ငန်းရှင်တွေအသင်းတွေကနေပြီးတော့ သောကြာနေ့မှာပဲ ကြေညာချက်ထုတ်ပြီး ပြောထားပါတယ်။ တကယ်လို့ဒါကိုအလျှင် ပြဌာန်းမယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန်ကန့်ကွက်မယ်ဆိုပြီးတော့လည်း ပြောထားပါတယ်။ ဆိုတော့ ဒီ Cyber လုပ်ခြုံရေး ဥပဒေကနေပြီးတော့ နိုင်ငံသားတွေကို ဘယ်လို မျိုးထိခိုက်စေနိုင်ပါသလဲ။ နောက်ပြီး ဒီ မူကြမ်းနဲ့ပက်သက်ပြီးတော့ရော ဘယ်လို မြင်ပါလဲ။

ကိုရဲကျော် ။ ။ ကျနော့် အမြင်အရတော့ ဥပဒေကို ထုတ်ပြန်ထားတဲ့ စစ်အုပ်စုကိုယ်တိုင်ကိုယ်က တရားဝင်အစိုးရ မဟုတ်ပါဘူး။ အဲဒီတော့ သူက ထုတ်ပြန်ထားတဲ့ ဥပဒေကလည်း တရားမဝင်ပါဘူးခင်ဗျ။ အခုမြန်မာနိုင်မှာ China က Great Firewall လိုဟာမျိုးကို install လုပ်ဖို့စီစဉ်နေတယ်လို့ ကြားရပါတယ်။ သူတို့က Law ထဲမှာ ဘာတွေကို ပြောထားလဲဆိုတော့ Hardware ကို နေရာတခုထဲမှာ စုပြီးတော့ ထားရမယ်။ အဲဒီနေရာကို register လုပ်ထားရမယ်။ နောက်ပြီးတော့ Mytel Gateway ကနေပြီးတော့ပဲ ဖြတ်ရမယ် လို့ပြောနေတယ်။ Mytel Gateway ကနေပြီးတော့ပဲ ပြည်ပကို ဆက်သွယ်ရမယ့်ပေါ့။ နောက်ပြီးတော့လည်း သူတို့က အဲဒီ Gateway ကို အချိန်မရွေး ပိတ်ချလိုက်လို့ရတယ်။ အဲဒီ Gateway ကို သူတို့ကနေပြီးတော့ အမြဲတမ်းစောင့်ကြည့်နေမယ်။ ခုနကပြောတဲ့ Firewall ကို ဒီ Gateway တွေမှာ install လုပ်ထားမယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ ဆက်သွယ်နေတဲ့ message တွေဟာ လုံခြုံမှု မရှိတော့ဘူး။ သူတို့အချိန်မရွေးဖောက်ကြည့်လို့ရပါတယ်။ သူတို့အချိန်မရွေးဖွင့်ကြည့်လို့ရတဲ့ အခြေအနေကို ပြန်ရောက်သွားပါတယ်။ Mytel Gateway ကသူတို့လက်ထဲမှာပဲ ရှိတယ်ဆိုတော့ သူတို့ကြိုက်သလို လုပ်လို့ရသွားတဲ့ အခြေအနေမှာရှိပါတယ်။

ဒေါ်ခင်မျိုးသက်။ ။ Great Firewall ကို မြန်မာနိုင်ငံမှာ install လုပ်လိုက်ပြီးရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ ပြောပြပေးပါလား။

ကိုရဲကျော် ။ ။ ကျနော်တို့မြန်မာနိုင်ငံသားတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ကျနော်တို့ရဲ့ လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ကျနော်တို့နိုင်ငံထဲမှာ ဖိနှိပ်နေတာတွေကို နိုင်ငံအပြင်ကနေပြီး မကြားရ၊ မသိရတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒေါ်ခင်မျိူးသက်။ ။ ဘယ်လိုပုံစံနဲ့ပိတ်နိုင်သလဲ နည်းနည်းရှင်းပြပေးပါဦး။

ကိုရဲကျော် ။ ။ China မှာ Social Media တွေ ဘာတွေကို သွားလို့မရအောင်လို့ သူတို့Great Firewall ဆိုတာ ရှိပါတယ်။ သူတို့အဲဒါကို install လုပ်ထားပါတယ်။ ပြင်ပမှာရှိတဲ့ IP address တွေကို သူကနေပြီးတော့ ဆက်သွယ်လို့မရအောင်ဆိုပြီး Firewall Software တွေထဲမှာ IP address တွေထည့်ပြီး သူတို့ပိတ်ပါတယ်။ အပြင်က ဟာတွေနဲ့သူတို့အဆက်အသွယ်လုပ်လို့မရအောင်ပိတ်ထားပြီးတော့ China ထဲမှာ သူတို့ Intranet ဆောက်ပြီးတော့ Chinese Version of Google, Chinese Version of Facebook အဲလိုဟာမျိုးတွေ၊ Website တွေကို ထားပြီးတော့ အပြင်လောကနဲ့အဆက်အသွယ်တွေကို ဖြတ်ထားပါတယ်။ China ထဲကလူတွေဟာ Search Engine မှာ တခုခုသူတို့ရှာချင်တယ်ဆိုလို့ရှိရင် Google မှာ သွားမရှာပါဘူး။ Baidu မှာရှာရင် ရပါတယ်။ အဲဒီတော့ Google မှာရှိနေတဲ့ information တွေ၊ Chinese Government က မလိုလားတဲ့ information တွေလည်း တိုင်းပြည်ထဲကို ဝင်စရာမလိုတော့ပါဘူး။ သူ့ဟာသူ တားထားပါတယ်။ ထူးဆန်းတာက နေပြည်တော်မှာလည်း စပစ်ကော မိနစ်ပိုင်းအတွင်းမှာ တကမ္ဘာလုံးက သိသွားပြီ။ အဲဒါက ဘာခေါ်မလဲဆိုတော့ ၈၈ တုန်းကလည်းမရှိခဲ့ဘူး။ ဦးသန့်အရေးအခင်းတို့ဘာတို့မှာလည်း မရှိခဲ့ဘူး။ ဒါ အရမ်းပဲ။ မိနစ်ပိုင်းအတွင်းမှာ တကမ္ဘာလုံးက သိသွားပြီ။ အဲဒီတော့ သူတို့သည် ဒါမျိုးလုပ်လို့ရှိရင်တော့ ကမ္ဘာက ချက်ချင်းသိသွားမယ်။ ဒါကြောင့် Firewall ကြီးကို အမြန်ဆုံး install လုပ်နေတာ။

ဒေါ်ခင်မျိုးသက်။ ။ မကြာသေးခင်ကပဲ Facebook တို့၊ Instagram တို့၊ Twitter တို့ကို ပိတ်လိုက်ပါတယ်။ ပိတ်ပြီးတဲ့အခါမှာ VPN နဲ့သူတို့ ဖြတ်ပြီးသုံးကြတယ်။ VPN သုံးတဲ့ အခါမှာ တကယ်ပဲ သူတို့က အတားအဆီးကို ကျော်သွားနိုင်လား။ VPN ရဲ့ အနေအထားလေး နည်းနည်းရှင်းပြပေးပါ။

ကိုရဲကျော် ။ ။ VPN က အတားအဆီးကို ကျော်သွားနိုင်တယ်ဆိုတာ အချိန်အတိုင်းအတာ အနည်းငယ်ပဲ ကျော်သွားလို့ရမယ်ထင်ပါတယ်။ စစ်အုပ်စုက ဒီ IP address ကို မသိမချင်းပေါ့လေ။ သူသိသွားလို့ရှိရင်တော့ အဲဒီ IP address ကို ဘလော့ လုပ်လိုက်လို့ရပါတယ်ခင်ဗျ။ သူ့ရဲ့ ပုံစံအတူတွေပြောပြရလို့ရှိရင်တော့ သိတယ်မဟုတ်လား အပြင်မှာ အဖေအမေက မကြိုက်လို့ရည်းစားကို ဖုန်းမခေါ်ရဘူးဆိုလို့ရှိရင် သူကနေပြီးတော့ သူ့ရဲ့ သူငယ်ချင်းဆီကို ဖုန်းခေါ်ပြီးတော့ ရည်းစားနဲ့အဆက်သွယ်လုပ်ပေးသလိုမျိုးပါပဲ VPN Server ဆိုတာကလေ။ ကိုယ့်ကို အကူအညီပေးတဲ့ သူငယ်ချင်းကတော့ VPN Server ပေါ့။ အဖေအမေကတော့ Firewall ပေါ့။ အဲဒီတော့ လူကြီးမသိမချင်း အဆင်ပြေနေမယ်၊ လူကြီး သိသွားလို့ ရှိရင်တော့ သူလည်း အပိတ်ခံရမှာပေါ့။ သူ့ သူငယ်ချင်းနဲ့ ဆက်သွယ်နေတာလည်း အပိတ်ခံရမှာပေါ့။

ဒေါ်ခင်မျိုးသက် ။ ။ တကယ်လို့ ဒီ Firewall ကြီးနဲ့ တားထားဆီးထားတယ် ဆိုလို့ရှိရင် ဘယ်လိုမျိုး ကျော်ဖြတ်ပြီးတော့ ထွက်လို့ရနိုင်မယ့် နည်းလမ်းရော ရှိပါသလား။

ကိုရဲကျော် ။ ။ VPN ကတော့သူက အဲဒီ Firewall ကို ကျော်ခွပြီးတော့ သွားတဲ့နည်းပေါ့လေ။ ဖြတ်လို့တော့မရဘူး ခုနက ပြောသလို VPN ကနေ သွားလို့ရှိရင်ရတယ်။ VPN ဆိုတာလည်း အကြာကြီးတော့ မခံဘူး။ သူတို့ မသိသေးသ၍တော့ အလုပ်ဖြစ်နေမယ်၊ သူတို့ သိသွားလို့ရှိရင် ဒီ VPN ဆာဗာလည်း သူတို့က ပိတ်လိုက်လို့ရတယ်။ အင်တာနက်ကို သုံးတဲ့အခါမှာ သတိထားရမယ့်ဟာကတော့ ကိုယ်ပေးတဲ့ message ကို သူတို့မမြင်ရအောင်လို့ ဖန်တီးနိုင်လို့ရှိရင်တော့ အကောင်းဆုံးပေ့ါလေ။ အကုန်လုံးကို Encrypt လုပ်ပြီးတော့ (လျို့ဝှက်စာပြောင်း) ဆက်သွယ်ကြရင် ပိုကောင်းတယ်လို့ ထင်ပါတယ်ခင်ဗျာ။

ဒေါ်ခင်မျိုးသက် ။ ။ ကျေးဇူးတင်ပါတယ် ကိုရဲကျော်။

အမေရိကန်ပြည်ထောင်စုရောက် ကွန်ပြူတာ software အင်ဂျင်နီယာတဦးဖြစ်တဲ့ ကိုရဲကျော်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းထားတာပါ။

XS
SM
MD
LG