[Zawgyi/Unicode]
ျမန္မာစစ္ဘက္က ေရးသားေဖာ္ျပတာေတြအားလံုးကို လူေတြျမင္ႏိုင္ေအာင္ ပို႔ေပးတာ ေလွ်ာ့ခ်သြားမယ္လုိ႔ Facebook ကေျပာပါတယ္။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းၿပီး အရပ္သားေခါင္းေဆာင္ေတြကို ဖမ္းထားၿပီးတဲ့ေနာက္ စစ္တပ္ဟာ "သတင္းမွားေတြကို ဆက္ျဖန္႔ေနတယ္။" လို႔ Facebook ကေျပာပါတယ္။
စစ္ဘက္အုပ္ခ်ဳပ္ေရး ဆန္႔က်င္ ဆႏၵဆႏၵျပပြဲေတြ ႏိုင္ငံအႏွံ႔ ေပၚေပါက္ေနခ်ိန္မွာပဲ Facebook က ခုလို ျမန္မာစစ္တပ္က တင္တာေတြကို ကန္႔သတ္မယ့္အေၾကာင္း ေျပာဆိုလိုက္တာပါ။
ဒီကန္႔သတ္မႈဆိုတာဟာ လံုးဝပိတ္ပစ္တာမ်ဳိး မဟုတ္ဘဲ ေဖ့စ္ဘုတ္ေပၚက အခ်က္အလက္ေတြကို ျမင္ႏိုင္တဲ့လူဦးေရကိုေလွ်ာ့ခ်သြားမွာ ျဖစ္ေၾကာင္း၊ စစ္တပ္က ဖြင့္ထားတဲ့ ေနာက္ထပ္ ေဖ့စ္ဘုတ္အေကာင့္ေတြလည္း အလားတူ ခ်ဳိးေဖာက္မႈေတြနဲ႔ သတင္းမွားေတြ တင္ေနမယ္ဆိုရင္ ဒီလိုပဲ ကန္႔သတ္သြားမွာျဖစ္ေၾကာင္း ကုမၸဏီရဲ႕ ေျပာခြင့္ရက ေျပာပါတယ္။
"တခ်ိန္တည္းမွာပဲ ျမန္မာႏုိင္ငံသားေတြ ထုတ္ေဖာ္ေျပာဆိုႏုိင္ဖို႔၊ သူတို႔ႏုိင္ငံမွာ ဘာေတြျဖစ္ေနတယ္ဆိုတာ ကမာၻႀကီးကိုျပသဖို႔အတြက္ ႏုိင္ငံေရးစကားေတြအပါအဝင္ တင္ျပေျပာဆိုတာေတြကို အကာအကြယ္ေပးေနပါတယ္။" လို႔ေဖ့စ္ဘုတ္ကုမၸဏီ၊ အာရွပစိဖိတ္ လူထုမူဝါဒေရးရာ ဒါ႐ိုက္တာ Rafael Frankel က ေျပာပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အရပ္သားအစိုးရ ထိပ္ပိုင္းေခါင္းေဆာင္ အားလံုးနီးပါးကို ထိန္းသိမ္းထားၿပီး စစ္တပ္က အာဏာသိမ္းခ်ိန္ကစၿပီး ျမန္မာျပည္တြင္းက ေထာင္ေသာင္းခ်ီတဲ့လူေတြဟာ အခု Facebook အကာအကြယ္ေပးေနတယ္ဆိုတဲ့ အေၾကာင္းအရာေတြကိုပဲ ေရးတင္ေနၾကတာျဖစ္ပါတယ္။
[Unicode Version]
မြန်မာစစ်တပ်က Facebook မှာတင်တာတွေ မြင်နိုင်သူအရေအတွက် လျှော့ချတော့မယ်
မြန်မာစစ်ဘက်က ရေးသားဖော်ပြတာတွေအားလုံးကို လူတွေမြင်နိုင်အောင် ပို့ပေးတာ လျှော့ချသွားမယ်လို့ Facebook ကပြောပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး အရပ်သားခေါင်းဆောင်တွေကို ဖမ်းထားပြီးတဲ့နောက် စစ်တပ်ဟာ "သတင်းမှားတွေကို ဆက်ဖြန့်နေတယ်။" လို့ Facebook ကပြောပါတယ်။
စစ်ဘက်အုပ်ချုပ်ရေး ဆန့်ကျင် ဆန္ဒဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပေါ်ပေါက်နေချိန်မှာပဲ Facebook က ခုလို မြန်မာစစ်တပ်က တင်တာတွေကို ကန့်သတ်မယ့်အကြောင်း ပြောဆိုလိုက်တာပါ။
ဒီကန့်သတ်မှုဆိုတာဟာ လုံးဝပိတ်ပစ်တာမျိုးမဟုတ်ဘဲ ဖေ့စ်ဘုတ်ပေါ်က အချက်အလက်တွေကို မြင်နိုင်တဲ့လူဦးရေကိုလျှော့ချသွားမှာ ဖြစ်ကြောင်း၊ စစ်တပ်က ဖွင့်ထားတဲ့ နောက်ထပ် ဖေ့စ်ဘုတ်အကောင့်တွေလည်း အလားတူ ချိုးဖောက်မှုတွေနဲ့ သတင်းမှားတွေ တင်နေမယ်ဆိုရင် ဒီလိုပဲ ကန့်သတ်သွားမှာဖြစ်ကြောင်း ကုမ္ပဏီရဲ့ ပြောခွင့်ရက ပြောပါတယ်။
"တချိန်တည်းမှာပဲ မြန်မာနိုင်ငံသားတွေ ထုတ်ဖော်ပြောဆိုနိုင်ဖို့၊ သူတို့နိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကမ္ဘာကြီးကိုပြသဖို့အတွက် နိုင်ငံရေးစကားတွေအပါအဝင် တင်ပြပြောဆိုတာတွေကို အကာအကွယ်ပေးနေပါတယ်။" လို့ဖေ့စ်ဘုတ်ကုမ္ပဏီ၊ အာရှပစိဖိတ် လူထုမူဝါဒရေးရာ ဒါရိုက်တာ Rafael Frankel က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရ ထိပ်ပိုင်းခေါင်းဆောင် အားလုံးနီးပါးကို ထိန်းသိမ်းထားပြီး စစ်တပ်က အာဏာသိမ်းချိန်ကစပြီး မြန်မာပြည်တွင်းက ထောင်သောင်းချီတဲ့လူတွေဟာ အခု Facebook အကာအကွယ်ပေးနေတယ်ဆိုတဲ့ အကြောင်းအရာတွေကိုပဲ ရေးတင်နေကြတာဖြစ်ပါတယ်။