သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူ႔အခြင့္အေရးေကာင္စီ ဆုံးျဖတ္ခ်က္ အေရးႀကီးတဲ့ေျခလွမ္းဟု အတြင္းေရးမွဴးခ်ဳပ္ ေျပာခြင့္ရေျပာ


Stephane Dujarric ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ရံုး ေျပာခြင့္ရ

(Zawgyi/Unicode)

ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီရဲ့ ျမန္မာ့အေရး ဆုံးျဖတ္ခ်က္က အာဏာသိမ္းမႈကို ေျပာင္းျပန္လွန္ပစ္ေရး နိုင္ငံတကာ အသိုက္အဝန္းက အခိုင္အမာ ေျပာဆိုလုပ္ကိုင္လိမ့္မယ္ဆိုတာကို ျပသလိုက္တာလို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ေျပာပါတယ္။

“ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ့ ဆုံးျဖတ္ခ်က္က အေရးႀကီးတဲ့ ေျခလွမ္း တစ္ရပ္ ျဖစ္ပါတယ္။ အာဏာသိမ္းမႈကို ေျပာင္းျပန္ လွန္ပစ္ ေရး နိုင္ငံတကာ အသိုက္အဝန္းက အခိုင္အမာ ေျပာဆိုလုပ္ကိုင္သြားမယ္ဆိုတာကို ျပသလိုက္တာ ျဖစ္သလို ျမန္မာျပည္သူ ျပည္သားေတြရဲ့ ဒီမိုကေရစီေရး လိုအင္ဆႏၵနဲ႔ သူတို႔ရဲ့ အခြင့္အေရးေတြကို အျပည့္အဝ ေလးစားဖို႔ ေျပာဆိုသြားမယ္ဆိုတာကို ျပသလိုက္တာလည္း ျဖစ္ပါတယ္” လို႔ ကုလ ေျပာခြင့္ရ Stephane Dujarric က ေသာၾကာေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ အေနနဲ႔ပဲ ျဖစ္ျဖစ္၊ ျမန္မာနိုင္ငံဆိုင္ရာ ဌာေန ကိုယ္စားလွယ္ကပဲ ျဖစ္ျဖစ္၊ ျမန္မာနိုင္ငံဆိုင္ရာ ကုလအထူး ကိုယ္စားလွယ္ကပဲ ျဖစ္ျဖစ္ ဆက္လက္ ေဝဖန္ ေျပာဆိုသြားမွာ ျဖစ္သလို တျခား မိတ္ဖက္ေတြနဲ႔ လက္တြဲ လုပ္ကိုင္သြားမွာ ျဖစ္ေၾကာင္းနဲ႔ လူ႔အခြင့္အေရး ေကာင္စီရဲ့ ဆုံးျဖတ္ခ်က္ပါ အခ်က္အလက္ေတြကို လိုအပ္သလို အေကာင္အထည္ ေဖာ္သြားမယ္လို႔လည္း သူကေျပာပါတယ္။

ဒါ့အျပင္၊ လူေတြ တရားဥပေဒမဲ့ ဖမ္းဆီးထိန္းသိမ္းခံေနရတာနဲ႔ အင္အားသုံး အၾကမ္းဖက္မႈေတြ အပါအဝင္ လက္တေလာ ျဖစ္ရပ္ေတြကို ျမန္မာနိုင္ငံအတြင္းမွာ ရွိတဲ့ ကုလသမဂၢ တာဝန္ရွိသူေတြက စိုးရိမ္တႀကီးနဲ႔ ေစာင့္ၾကည့္ ေနတယ္လို႔ ကုလအတြင္းေရးမႉးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ေျပာပါတယ္။

ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီရဲ႕ ျမန္မာ့အေရး ဆုံးျဖတ္ခ်က္က အာဏာသိမ္းမႈကို ေျပာင္းျပန္လွန္ပစ္ေရး ႏိုင္ငံတကာ အသိုက္အဝန္းက အခိုင္အမာ ေျပာဆိုလုပ္ကိုင္လိမ့္မယ္ဆိုတာကို ျပသလိုက္တာလို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် အရေးကြီးတဲ့ခြေလှမ်းဟု အတွင်းရေးမှူးချုပ် ပြောခွင့်ရပြော

(Unicode)

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်က အာဏာသိမ်းမှုကို ပြောင်းပြန်လှန်ပစ်ရေး နိုင်ငံတကာ အသိုက်အဝန်းက အခိုင်အမာ ပြောဆိုလုပ်ကိုင်လိမ့်မယ်ဆိုတာကို ပြသလိုက်တာလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

“ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က အရေးကြီးတဲ့ ခြေလှမ်း တစ်ရပ် ဖြစ်ပါတယ်။ အာဏာသိမ်းမှုကို ပြောင်းပြန် လှန်ပစ် ရေး နိုင်ငံတကာ အသိုက်အဝန်းက အခိုင်အမာ ပြောဆိုလုပ်ကိုင်သွားမယ်ဆိုတာကို ပြသလိုက်တာ ဖြစ်သလို မြန်မာပြည်သူ ပြည်သားတွေရဲ့ ဒီမိုကရေစီရေး လိုအင်ဆန္ဒနဲ့ သူတို့ရဲ့ အခွင့်အရေးတွေကို အပြည့်အဝ လေးစားဖို့ ပြောဆိုသွားမယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်” လို့ ကုလ ပြောခွင့်ရ Stephane Dujarric က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ပဲ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်ကပဲ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူး ကိုယ်စားလှယ်ကပဲ ဖြစ်ဖြစ် ဆက်လက် ဝေဖန် ပြောဆိုသွားမှာ ဖြစ်သလို တခြား မိတ်ဖက်တွေနဲ့ လက်တွဲ လုပ်ကိုင်သွားမှာ ဖြစ်ကြောင်းနဲ့ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ပါ အချက်အလက်တွေကို လိုအပ်သလို အကောင်အထည် ဖော်သွားမယ်လို့လည်း သူကပြောပါတယ်။

ဒါ့အပြင်၊ လူတွေ တရားဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတာနဲ့ အင်အားသုံး အကြမ်းဖက်မှုတွေ အပါအဝင် လက်တလော ဖြစ်ရပ်တွေကို မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက စိုးရိမ်တကြီးနဲ့ စောင့်ကြည့် နေတယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရStephane Dujarric က ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်က အာဏာသိမ်းမှုကို ပြောင်းပြန်လှန်ပစ်ရေး နိုင်ငံတကာ အသိုက်အဝန်းက အခိုင်အမာ ပြောဆိုလုပ်ကိုင်လိမ့်မယ်ဆိုတာကို ပြသလိုက်တာလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG