သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဏာသိမ္းစစ္ေခါင္းေဆာင္ေတြကို ဒဏ္ခတ္ အေရးယူဖို႔ ႏိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႔ေတြ တိုက္တြန္း


(Zawgyi/Unicode)

စစ္အာဏာသိမ္းေကာင္စီရဲ႕ ျမန္မာႏိုင္ငံတြင္း လတ္တေလာ လုပ္ရပ္ေတြက လူ႔အခြင့္အေရး အႀကီးအက်ယ္ခ်ဳိးေဖာက္မႈျဖစ္တာေၾကာင့္ ႏိုင္ငံတကာအသိုင္းအဝုိင္းက စစ္ေခါင္းေဆာင္ေတြနဲ႔ အေပါင္းအပါေတြအေပၚ ျပင္းထန္ ထိေရာက္တဲ့ ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ခ်မွတ္သင့္ၿပီလို႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက ေတာင္းဆိုလိုက္ၾကတဲ့ အေၾကာင္းကို ကိုဉာဏ္ဝင္းေအာင္ တင္ျပေပးမွာပါ။

ဂ်နီဗာၿမဳိ႕ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီမွာ ေသာၾကာေန႔က က်င္းပသြားတဲ့ အထူးအစည္းအေဝးမွာ အေမရိကန္ ၿဗိတိန္ ဂ်ပန္နဲ႔ ႏိုင္ငံအေတာ္မ်ားမ်ားကေတာ့ ျမန္မာျပည္သူေတြရဲ႕ သေဘာထားဆႏၵကို အသိမွတ္ျပဳဖုိ႔နဲ႔ ၿငိမ္းခ်မ္းစြာဆႏၵျပေနသူေတြကို ႏွိမ္နင္းေနတဲ့လုပ္ရပ္၊ အင္တာနက္ကို ကန္႔သတ္ထိန္းခ်ဳပ္မႈ စတာေတြဟာ ျမန္မာစစ္ေကာင္စီက ဒီမုိကေရစီလမ္းေၾကာင္းကေန ေသြဖယ္ေနတဲ့လုပ္ရပ္ေတြအျဖစ္ ေထာက္ျပသြားၾကတာပါ။

ဒီမုိကေရစီေရးအတြက္ လြတ္လပ္ၿပီးၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူေတြကုိ ျမန္မာစစ္တပ္က လိုက္လံဖမ္းဆီး အၾကမ္းဖက္ ၿဖဳိခဲြေနတဲ့လုပ္ရပ္ဟာ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈႀကီး ျဖစ္တာေၾကာင့္ စစ္ေကာင္စီဥကၠဌနဲ႔ အေပါင္းအပါေတြအေပၚ ထိေရာက္တဲ့ ႏိုင္ငံတကာပိတ္ဆို႔ဒဏ္ခတ္မႈေတြ ခ်မွတ္ဖို႔ အခ်ိန္ေရာက္ၿပီလို႔ လန္ဒန္အေျခစိုက္ လူ႔အခြင့္ေရးလႈပ္ရွားမႈအဖြဲ႔ Burma Campaign UK ရဲ႕ဒါရိုက္တာ Mark Farmaner က ေျပာပါတယ္။

" ျမန္မာစစ္တပ္အေပၚ အရင္လိုမဟုတ္ပဲ ပိုၿပီးထိေရာက္တဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈ နည္းလမ္းေတြကို က်ေနာ္တို႔ ရွာေဖြေနပါတယ္။ ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္း စစ္တပ္နဲ႔ အသိုင္းဝုိင္းဟာ စီးပြားေရးလုပ္ငန္းႀကီးေတြ တည္ေထာင္လာတာေတြ႔ရမွာပါ။ Mytel လို ၊ ျမန္မာဘီယာလို စတဲ့လုပ္ငန္းႀကီးေတြ ျဖစ္ပါတယ္။ အဲဒီကရတဲ့ ေငြေတြနဲ႔ သူတို႔လိုခ်င္တာ ျဖစ္ခ်င္တာေတြကို လုပ္ေနတာေတြ႕ႏိုင္ပါတယ္။ မင္းေအာင္လႈိင္နဲ႔ သူ႔မိသားစုဟာလည္း အရမ္းကို ခ်မ္းသာေနၾကပါၿပီ၊ ဒါေတြကို က်ေနာ္တို႔ ပစ္မွတ္ထား ပိတ္ဆို႔ဖို႔ လိုပါတယ္။ ေနာက္ၿပီး ျမန္မာစစ္တပ္က အလိုခ်င္ေနဆုံး အရာ(၃)ခုရွိပါတယ္။ အာဏာ ၊ ေငြနဲ႔ လက္နက္ ျဖစ္ပါတယ္။ အဲဒီလိုအပ္ခ်က္ေတြ သူတို႔လက္ထဲ မေရာက္ေအာင္ က်ေနာ္တုိ႔ လုပ္ရပါမယ္။ ဒါေၾကာင့္မို႔ သူတို႔ဆီ ေငြဝင္ႏိုင္မယ့္ လမ္းေၾကာင္းကို ပိတ္ဆို႔ရမွာျဖစ္ၿပီး၊ လက္နက္ ရရွိႏိုင္မယ့္ လမ္းေၾကာင္းကိုလည္း ပိတ္ဆုိ႔ရမွာျဖစ္ပါတယ္။ အဲဒီေနာက္မွာ သူ႕ကို အာဏာကေန ဖယ္ရွားဖို႔ လိုပါတယ္။ "

ဒီလုိ လုပ္ေဆာင္ႏိုင္ဖုိ႔ အေမရိကန္ျပည္ေထာင္စု သာမက အျခားႏုိင္ငံေတြကပါ ျမန္မာစစ္တပ္နဲ႔ အေပါင္းအပါေတြကို ဟုိအရင္နဲ႔မတူပဲ ျပင္းထန္ထိေရာက္တဲ့ ဒဏ္ခတ္ပိတ္ဆုိ႔မႈေတြ လုပ္ႏိုင္ဖို႔ နည္းလမ္းရွာေနၾကတယ္လို႔ Burma Campaign UK ကေျပာပါတယ္။

ဒီအေတာအတြင္း ျမန္မာႏိုင္ငံမွာ အင္တာနက္ဆိုင္ဘာလုံၿခဳံေရး ဥပေဒၾကမ္းတရပ္ ျပဌာန္းဖို႔ စစ္ေကာင္စီက ႀကဳိးပမ္းလာတာဟာ ျမန္မာျပည္သူေတြရဲ႕ ကိုယ္ေရးကိုယ္တာနဲ႔ ကိုယ္ပုိင္ လြတ္လပ္ခြင့္ေတြကို ထိန္းခ်ဳပ္ ခ်ဳိးေဖါက္ဖို႔ ျဖစ္တယ္လို႔ HRW ေခၚ လူ႔အခြင့္အေရး ေစာင့္ၾကည့္အဖြဲ႔ကလည္း ေဝဖန္လိုက္ပါတယ္။ ဆိုင္ဘာဥပေဒၾကမ္း ေရးဆဲြအတည္ျပဳမယ့္ကိစၥကို ျပန္ရုပ္သိမ္းဖို႔ သူတို႔အဖြဲ႔က ေတာင္းဆိုေၾကာင္း HRW ေျပာခြင့္ရအမ်ဳိးသမီး Linda Lakhdhir က ေျပာပါတယ္။

" ဒီဥပေဒၾကမ္းဟာ လူ႔အခြင့္အေရး အေျခခံစံႏႈန္းေတြျဖစ္တဲ့ လြတ္လပ္စြာ ေရးသားထုတ္ေဖၚခြင့္ ေျပာဆုိခြင့္ေတြကို ထိန္းခ်ဳပ္မယ့္ အခ်က္အလက္ေတြ ပါဝင္ေနတာေၾကာင့္ပါ။ အင္တာနက္ ဝန္ေဆာင္မႈေပးတဲ့ကုမဏီ ေတြကလည္း စစ္တပ္နဲ႔ပတ္သက္လို႔ ေရးသားခ်က္ေတြကို ပိတ္ပင္ရမယ္ဆိုတာမ်ဳိး ညႊန္ၾကားခ်က္ စတဲ့ မဆီေလွ်ာ္တဲ့ အခ်က္ေတြ ထည့္သြင္းထားတာက မတရားတဲ့လုပ္ရပ္ျဖစ္ေနလုိ႔ပါ "

လက္ရွိ အခ်ိန္ထိေတာ့ အေမရိကန္ျပည္ေထာင္စု တခုထဲကသာ ျမန္မာစစ္ေခါင္းေဆာင္ေတြနဲ႔ လုပ္ငန္းတခ်ဳိ႕ကို ပိတ္ဆို႔ဒဏ္ခတ္မႈ လုပ္လိုက္တာပါ။ လာမယ့္ ကာလေတြအတြင္း ဘယ္ႏိုင္ငံေတြက ထပ္ၿပီး ျမန္မာစစ္ေကာင္စီအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈ လုပ္လာမလဲဆိုတာက ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ဒဏ်ခတ် အရေးယူဖို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း

(Unicode)

စစ်အာဏာသိမ်းကောင်စီရဲ့ မြန်မာနိုင်ငံတွင်း လတ်တလော လုပ်ရပ်တွေက လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖောက်မှုဖြစ်တာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ခေါင်းဆောင်တွေနဲ့ အပေါင်းအပါတွေအပေါ် ပြင်းထန် ထိရောက်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်သင့်ပြီလို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုလိုက်ကြတဲ့ အကြောင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြပေးမှာပါ။

ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ သောကြာနေ့က ကျင်းပသွားတဲ့ အထူးအစည်းအဝေးမှာ အမေရိကန် ဗြိတိန် ဂျပန်နဲ့ နိုင်ငံအတော်များများကတော့ မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒကို အသိမှတ်ပြုဖို့နဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို နှိမ်နင်းနေတဲ့လုပ်ရပ်၊ အင်တာနက်ကို ကန့်သတ်ထိန်းချုပ်မှု စတာတွေဟာ မြန်မာစစ်ကောင်စီက ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖယ်နေတဲ့လုပ်ရပ်တွေအဖြစ် ထောက်ပြသွားကြတာပါ။

ဒီမိုကရေစီရေးအတွက် လွတ်လပ်ပြီးငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို မြန်မာစစ်တပ်က လိုက်လံဖမ်းဆီး အကြမ်းဖက် ဖြိုခွဲနေတဲ့လုပ်ရပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုကြီး ဖြစ်တာကြောင့် စစ်ကောင်စီဥက္ကဌနဲ့ အပေါင်းအပါတွေအပေါ် ထိရောက်တဲ့ နိုင်ငံတကာပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ဖို့ အချိန်ရောက်ပြီလို့ လန်ဒန်အခြေစိုက် လူ့အခွင့်ရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။

" မြန်မာစစ်တပ်အပေါ် အရင်လိုမဟုတ်ပဲ ပိုပြီးထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု နည်းလမ်းတွေကို ကျနော်တို့ ရှာဖွေနေပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း စစ်တပ်နဲ့ အသိုင်းဝိုင်းဟာ စီးပွားရေးလုပ်ငန်းကြီးတွေ တည်ထောင်လာတာတွေ့ရမှာပါ။ Mytel လို ၊ မြန်မာဘီယာလို စတဲ့လုပ်ငန်းကြီးတွေ ဖြစ်ပါတယ်။ အဲဒီကရတဲ့ ငွေတွေနဲ့ သူတို့လိုချင်တာ ဖြစ်ချင်တာတွေကို လုပ်နေတာတွေ့နိုင်ပါတယ်။ မင်းအောင်လှိုင်နဲ့ သူ့မိသားစုဟာလည်း အရမ်းကို ချမ်းသာနေကြပါပြီ၊ ဒါတွေကို ကျနော်တို့ ပစ်မှတ်ထား ပိတ်ဆို့ဖို့ လိုပါတယ်။ နောက်ပြီး မြန်မာစစ်တပ်က အလိုချင်နေဆုံး အရာ(၃)ခုရှိပါတယ်။ အာဏာ ၊ ငွေနဲ့ လက်နက် ဖြစ်ပါတယ်။ အဲဒီလိုအပ်ချက်တွေ သူတို့လက်ထဲ မရောက်အောင် ကျနော်တို့ လုပ်ရပါမယ်။ ဒါကြောင့်မို့ သူတို့ဆီ ငွေဝင်နိုင်မယ့် လမ်းကြောင်းကို ပိတ်ဆို့ရမှာဖြစ်ပြီး၊ လက်နက် ရရှိနိုင်မယ့် လမ်းကြောင်းကိုလည်း ပိတ်ဆို့ရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ သူ့ကို အာဏာကနေ ဖယ်ရှားဖို့ လိုပါတယ်။ "

ဒီလို လုပ်ဆောင်နိုင်ဖို့ အမေရိကန်ပြည်ထောင်စု သာမက အခြားနိုင်ငံတွေကပါ မြန်မာစစ်တပ်နဲ့ အပေါင်းအပါတွေကို ဟိုအရင်နဲ့မတူပဲ ပြင်းထန်ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့ နည်းလမ်းရှာနေကြတယ်လို့ Burma Campaign UK ကပြောပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ အင်တာနက်ဆိုင်ဘာလုံခြုံရေး ဥပဒေကြမ်းတရပ် ပြဌာန်းဖို့ စစ်ကောင်စီက ကြိုးပမ်းလာတာဟာ မြန်မာပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေကို ထိန်းချုပ် ချိုးဖေါက်ဖို့ ဖြစ်တယ်လို့ HRW ခေါ် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကလည်း ဝေဖန်လိုက်ပါတယ်။ ဆိုင်ဘာဥပဒေကြမ်း ရေးဆွဲအတည်ပြုမယ့်ကိစ္စကို ပြန်ရုပ်သိမ်းဖို့ သူတို့အဖွဲ့က တောင်းဆိုကြောင်း HRW ပြောခွင့်ရအမျိုးသမီး Linda Lakhdhir က ပြောပါတယ်။

" ဒီဥပဒေကြမ်းဟာ လူ့အခွင့်အရေး အခြေခံစံနှုန်းတွေဖြစ်တဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖေါ်ခွင့် ပြောဆိုခွင့်တွေကို ထိန်းချုပ်မယ့် အချက်အလက်တွေ ပါဝင်နေတာကြောင့်ပါ။ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ကုမဏီ တွေကလည်း စစ်တပ်နဲ့ပတ်သက်လို့ ရေးသားချက်တွေကို ပိတ်ပင်ရမယ်ဆိုတာမျိုး ညွှန်ကြားချက် စတဲ့ မဆီလျှော်တဲ့ အချက်တွေ ထည့်သွင်းထားတာက မတရားတဲ့လုပ်ရပ်ဖြစ်နေလို့ပါ "

လက်ရှိ အချိန်ထိတော့ အမေရိကန်ပြည်ထောင်စု တခုထဲကသာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ လုပ်ငန်းတချို့ကို ပိတ်ဆို့ဒဏ်ခတ်မှု လုပ်လိုက်တာပါ။ လာမယ့် ကာလတွေအတွင်း ဘယ်နိုင်ငံတွေက ထပ်ပြီး မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု လုပ်လာမလဲဆိုတာက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG