သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CDM မွာ ပါ၀င္လႈပ္ရွားသူေတြကို စစ္ေကာင္စီ အရွိန္ျမင့္ ဖမ္းဆီးေန


ေမာ္လၿမိဳင္ၿမိဳ႕က စစ္အာဏာဆန္႔က်င္ဆႏၵုျပသူတဦး ဖမ္းဆီးခံရစဥ္။(ဓါတ္ပံု- AFP/Than Lwin Times )

(Zawgyi/Unicode)

ေဖေဖာ္ဝါလ ၁ ရက္ေန႔ အာဏာသိမ္းယူၿပီးကတည္းက နိုင္ငံေရး ေခါင္းေဆာင္ေတြ၊ တက္ႂကြလႈပ္ရွားသူေတြ၊ ေရြးေကာက္ပြဲ တာဝန္ ရွိသူေတြကို ဖမ္းဆီးထားတဲ့ ျမန္မာစစ္တပ္က အခုအခါ အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ Civil Disobedience Movement - CDM လို႔ ေခၚတဲ့ အႏုနည္းနဲ႔ အာဏာဖီဆန္ေရး လႈပ္ရွားမႈမွာ ပါဝင္သူေတြကို အရွိန္ျမႇင့္ ဖမ္းဆီးမႈေတြ ျပဳလုပ္လာေနပါတယ္။

မေန႔ညက အေမွာင္ထုထဲ ရန္ကုန္ၿမိဳ႕ ၾကည့္ျမင္တိုင္အရပ္က ဖမ္းဆီးမႈတစ္ခုအေၾကာင္းကိုေတာ့ အခုလို ၾကားၾကရပါတယ္။

“အင္း ညဘက္ဆိုရင္ အိပ္ေကာင္းျခင္းလည္း မအိပ္ရဘူး၊ ေခြးေတြ လိုက္လိုက္ဆြဲေနတာ။ ဟိုမွာ ရဲကားကို ဝိုင္းထားၿပီ။ ဆြဲသြားတဲ့သူကို ျပန္ေပးဖို႔ အေနာက္ပိုင္းေဆး႐ုံက ဆရာဝန္ေတြ။ CDM ထဲ ပါလို႔တဲ့။ အခု ျပန္ထုတ္ေပးဖို႔ကို သြားေတာင္းဆိုေနတာပါ။ ရဲကားကို။ ၾကည့္ျမင္တိုင္ ရဲစခန္းေရွ႕မွာပါ။”

Citizen journalist လို႔ေခၚတဲ့ သာမန္ျပည္သူထဲက သတင္းေပးပို႔သူတစ္ဦးက အမ်ားျပည္သူသိေအာင္ လူမႈမီဒီယာမွာ အခုလို ျဖန္႔ေဝထားတာပါ။

အခုလို ညေမွာင္ေျခေရာက္မွ အာဏာသိမ္းမႈကို နည္းအမ်ိဳးမ်ိဳးနဲ႔ ဆန္႔က်င္ ဆႏၵျပေနသူေတြကို ဖမ္းဆီးေနတာေၾကာင့္ ေဒသခံ လူထု က ဟန္႔တား ကာကြယ္ေပးခဲ့ရတယ္ဆိုတဲ့ သတင္းေတြလည္း အမ်ားအျပား ထြက္ေပၚေနတာပါ။

အဲဒီလို ညအခ်ိန္မေတာ္ ဖမ္းဆီးမႈေတြအေပၚ တုံ႔ျပန္နိုင္ေရး လမ္းအလိုက္၊ ရပ္ကြက္အလိုက္ ျပည္သူ႔ လုံျခဳံေရး ဖြဲ႕စည္းထားဖို႔ကို ၈၈ မ်ိဳးဆက္ေက်ာင္းသား ေခါင္းေဆာင္ တစ္ဦးျဖစ္တဲ့ ကိုမင္းကိုနိုင္ပါဝင္တဲ့ ၈၈မ်ိဳးဆက္ၿငိမ္းခ်မ္း ေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႕အစည္းကလည္း ပန္ၾကားခ်က္ထုတ္ျပန္ထားတာလည္း ရွိပါတယ္။

အခုလို ည အခ်ိန္မေတာ္ဖမ္းဆီးမႈေတြေၾကာင့္ အမ်ားျပည္သူအၾကား စိုးရိမ္ထိတ္လန္႔မႈေတြနဲ႔ ေကာလဟလေတြ ပ်ံ႕ႏွံ႔ေနတဲ့ အၾကား မေန႔ကညကပဲ ရန္ကုန္ၿမိဳ႕၊ သာေကတ ၿမိဳ႕နယ္မွာ မီးေလာင္မႈ ျဖစ္ပြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

CDM မှာ ပါဝင်လှုပ်ရှားသူတွေကို စစ်ကောင်စီ အရှိန်မြင့် ဖမ်းဆီးနေ

(Unicode)

ဖေဖော်ဝါလ ၁ ရက်နေ့ အာဏာသိမ်းယူပြီးကတည်းက နိုင်ငံရေး ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ရွေးကောက်ပွဲ တာဝန် ရှိသူတွေကို ဖမ်းဆီးထားတဲ့ မြန်မာစစ်တပ်က အခုအခါ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ Civil Disobedience Movement - CDM လို့ ခေါ်တဲ့ အနုနည်းနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်သူတွေကို အရှိန်မြှင့် ဖမ်းဆီးမှုတွေ ပြုလုပ်လာနေပါတယ်။

မနေ့ညက အမှောင်ထုထဲ ရန်ကုန်မြို့ ကြည့်မြင်တိုင်အရပ်က ဖမ်းဆီးမှုတစ်ခုအကြောင်းကိုတော့ အခုလို ကြားကြရပါတယ်။

“အင်း ညဘက်ဆိုရင် အိပ်ကောင်းခြင်းလည်း မအိပ်ရဘူး၊ ခွေးတွေ လိုက်လိုက်ဆွဲနေတာ။ ဟိုမှာ ရဲကားကို ဝိုင်းထားပြီ။ ဆွဲသွားတဲ့သူကို ပြန်ပေးဖို့ အနောက်ပိုင်းဆေးရုံက ဆရာဝန်တွေ။ CDM ထဲ ပါလို့တဲ့။ အခု ပြန်ထုတ်ပေးဖို့ကို သွားတောင်းဆိုနေတာပါ။ ရဲကားကို။ ကြည့်မြင်တိုင် ရဲစခန်းရှေ့မှာပါ။”

Citizen journalist လို့ခေါ်တဲ့ သာမန်ပြည်သူထဲက သတင်းပေးပို့သူတစ်ဦးက အများပြည်သူသိအောင် လူမှုမီဒီယာမှာ အခုလို ဖြန့်ဝေထားတာပါ။

အခုလို ညမှောင်ခြေရောက်မှ အာဏာသိမ်းမှုကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင် ဆန္ဒပြနေသူတွေကို ဖမ်းဆီးနေတာကြောင့် ဒေသခံ လူထု က ဟန့်တား ကာကွယ်ပေးခဲ့ရတယ်ဆိုတဲ့ သတင်းတွေလည်း အများအပြား ထွက်ပေါ်နေတာပါ။

အဲဒီလို ညအချိန်မတော် ဖမ်းဆီးမှုတွေအပေါ် တုံ့ပြန်နိုင်ရေး လမ်းအလိုက်၊ ရပ်ကွက်အလိုက် ပြည်သူ့ လုံခြုံရေး ဖွဲ့စည်းထားဖို့ကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ပါဝင်တဲ့ ၈၈မျိုးဆက်ငြိမ်းချမ်း ရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ပန်ကြားချက်ထုတ်ပြန်ထားတာလည်း ရှိပါတယ်။

အခုလို ည အချိန်မတော်ဖမ်းဆီးမှုတွေကြောင့် အများပြည်သူအကြား စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ကောလဟလတွေ ပျံ့နှံ့နေတဲ့ အကြား မနေ့ကညကပဲ ရန်ကုန်မြို့၊ သာကေတ မြို့နယ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG