သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၈ ရက္ေျမာက္ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး လူထုဆႏၵျပပဲြ


ရန္ကုန္ၿမိဳ႕၊ အေမရိကန္သံ႐ုံးေရွ႕မွာ စစ္အစုိးရဆန္႔က်င္ ဆႏၵျပၾကသူမ်ား။ (ေဖေဖာ္ဝါရီ ၁၃၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံတဝန္း စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္တဲ့ ဆႏၵျပပြဲေတြ ဒီကေန႔ ၈ ရက္ေျမာက္လာၿပီ ျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕တဝန္း ဆႏၵျပသူေတြထဲမွာ အေမရိကန္နဲ႔ တ႐ုတ္သံ႐ုံးေတြ အပါအဝင္ ႏိုင္ငံတကာ သံ႐ုံးေတြေရွ႕နဲ႔ ကုလသမဂၢ႐ုံးေရွ႕မွာ ဆႏၵျပသူေတြလည္း အမ်ားအျပား ရွိပါတယ္။

ေဒသအသီးသီးမွာ ဆႏၵျပၾကသူေတြထဲ ဝတ္စံုအမ်ဳိးမ်ဳိး၊ နည္းလမ္းအမ်ဳိးမ်ဳိးနဲ႔ ဆႏၵျပၾကတာကို ေတြ႔ရၿပီး ဒီထဲမွာ ပင့္ကူလူသား Spiderman ဝတ္စံုနဲ႔ ရန္ကုန္မွာ ဆႏၵျပသူတဦးလည္း ပါဝင္ပါတယ္။

“က်ေနာ္တုိ႔က စစ္အစုိးရကုိ ကုိယ့္အလုပ္ ကုိယ္လုပ္ေစခ်င္တယ္လို႔ပဲ ေျပာခ်င္ပါတယ္။ ၿပီးေတာ့ သူတုိ႔ျဖတ္သန္းခဲ့တဲ့ ေတြ႔ႀကဳံခဲ့တဲ့ အေရးအခင္းေတြ၊ ဆႏၵထုတ္ေဖာ္ျပမႈေတြက အခု က်ေနာ္တုိ႔ လူငယ္ေတြလုပ္တာနဲ႔ လုံးဝမတူပါဘူး။ က်ေနာ္တုိ႔ရဲ႕ အုိင္ဒီယာေတြ က်ေနာ္တုိ႔ရဲ႕ အေျမာ္အျမင္ေတြက သူတုိ႔ေတြးတာထက္ကုိ အမ်ားႀကီး ေရွ႕ေရာက္ေနပါတယ္။ သူတို႔ က်ေနာ္တို႔ကုိ တုိက္ခုိက္ႏုိင္မွာ မဟုတ္ပါဘူး။ က်ေနာ္တုိ႔က သူတုိ႔ကုိ အႏုိင္ယူၿပီး တုိက္ခုိက္သြားမွာ ျဖစ္ပါတယ္။”

အစိုးရဌာနေပါင္းစံုက ဝန္ထမ္းေတြလည္း လုပ္ငန္းခြင္ေတြကို ျပန္မဝင္ဘဲ ဆႏၵျပပြဲေတြမွာ ေန႔စဥ္လို ပါဝင္ေနၾကတာပါ။

ေနျပည္ေတာ္မွာ ျခင္းလံုးခတ္ၿပီး ဆႏၵျပၾကသူေတြလည္း ရွိပါတယ္။

ကယားျပည္နယ္မွာ ရဲတပ္ဖြဲ႔အင္အားရဲ႕ ၄ ပုံ ၁ ပုံထိ ဆႏၵျပပြဲထဲ ပါဝင္လာတယ္လို႔ ျပည္တြင္းကလာတဲ့ သတင္းေတြမွာ ေတြ႔ရပါတယ္။

မႏၲေလးမွာေတာ့ ေရွ႕ေနေတြ၊ သတင္းမီဒီယာသမားေတြလည္း ဆႏၵျပၾကပါတယ္။ ေမာ္လၿမိဳင္မွာ အာဏာသိမ္းစစ္တပ္ကို ေထာက္ခံတယ္ဆိုတဲ့ ဆႏၵျပပြဲနဲ႔အတူ အာဏာသိမ္းမႈ ဆန္႔က်င္သူေတြက အဲဒီဆႏၵျပသူေတြကို သံပံုးတီးၿပီး ကန္႔ကြက္ၾကပါတယ္။

ဒီကေန႔ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ဟာ ကြယ္လြန္သူ အမ်ဳိးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ၁၀၆ ႏွစ္ေျမာက္ ေမြးေန႔ျဖစ္ၿပီး ဒီေန႔ကို ကေလးမ်ားေန႔အျဖစ္ သတ္မွတ္ၿပီးေတာ့ ၿပီးခဲ့တဲ့ႏွစ္ေတြက ႏုိင္ငံတဝန္းမွာ အခမ္းအနားေတြ က်င္းပခဲ့ပါတယ္။

ဒီႏွစ္မွာေတာ့ စစ္တပ္က အာဏာသိမ္းထားတဲ့အခ်ိန္ ျဖစ္တဲ့အတြက္ ေနရာတခ်ဳိ႕မွာပဲ အခမ္းအနားလုပ္တာ ေတြ႔ရၿပီး အမ်ားစုကေတာ့ ဆႏၵျပပြဲအတြင္းမွာပဲ ၅ မိနစ္ၾကာ ၿငိမ္သက္ၿပီး အထိမ္းအမွတ္ ျပဳၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

၈ ရက်မြောက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ

မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဒီကနေ့ ၈ ရက်မြောက်လာပြီ ဖြစ်ပါတယ်။

ရန်ကုန်မြို့တဝန်း ဆန္ဒပြသူတွေထဲမှာ အမေရိကန်နဲ့ တရုတ်သံရုံးတွေ အပါအဝင် နိုင်ငံတကာ သံရုံးတွေရှေ့နဲ့ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြသူတွေလည်း အများအပြား ရှိပါတယ်။

ဒေသအသီးသီးမှာ ဆန္ဒပြကြသူတွေထဲ ဝတ်စုံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ ဆန္ဒပြကြတာကို တွေ့ရပြီး ဒီထဲမှာ ပင့်ကူလူသား Spiderman ဝတ်စုံနဲ့ ရန်ကုန်မှာ ဆန္ဒပြသူတဦးလည်း ပါဝင်ပါတယ်။

“ကျနော်တို့က စစ်အစိုးရကို ကိုယ့်အလုပ် ကိုယ်လုပ်စေချင်တယ်လို့ပဲ ပြောချင်ပါတယ်။ ပြီးတော့ သူတို့ဖြတ်သန်းခဲ့တဲ့ တွေ့ကြုံခဲ့တဲ့ အရေးအခင်းတွေ၊ ဆန္ဒထုတ်ဖော်ပြမှုတွေက အခု ကျနော်တို့ လူငယ်တွေလုပ်တာနဲ့ လုံးဝမတူပါဘူး။ ကျနော်တို့ရဲ့ အိုင်ဒီယာတွေ ကျနော်တို့ရဲ့ အမြော်အမြင်တွေက သူတို့တွေးတာထက်ကို အများကြီး ရှေ့ရောက်နေပါတယ်။ သူတို့ ကျနော်တို့ကို တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့က သူတို့ကို အနိုင်ယူပြီး တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။”

အစိုးရဌာနပေါင်းစုံက ဝန်ထမ်းတွေလည်း လုပ်ငန်းခွင်တွေကို ပြန်မဝင်ဘဲ ဆန္ဒပြပွဲတွေမှာ နေ့စဉ်လို ပါဝင်နေကြတာပါ။

နေပြည်တော်မှာ ခြင်းလုံးခတ်ပြီး ဆန္ဒပြကြသူတွေလည်း ရှိပါတယ်။

ကယားပြည်နယ်မှာ ရဲတပ်ဖွဲ့အင်အားရဲ့ ၄ ပုံ ၁ ပုံထိ ဆန္ဒပြပွဲထဲ ပါဝင်လာတယ်လို့ ပြည်တွင်းကလာတဲ့ သတင်းတွေမှာ တွေ့ရပါတယ်။

မန္တလေးမှာတော့ ရှေ့နေတွေ၊ သတင်းမီဒီယာသမားတွေလည်း ဆန္ဒပြကြပါတယ်။ မော်လမြိုင်မှာ အာဏာသိမ်းစစ်တပ်ကို ထောက်ခံတယ်ဆိုတဲ့ ဆန္ဒပြပွဲနဲ့အတူ အာဏာသိမ်းမှု ဆန့်ကျင်သူတွေက အဲဒီဆန္ဒပြသူတွေကို သံပုံးတီးပြီး ကန့်ကွက်ကြပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ ကွယ်လွန်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၆ နှစ်မြောက် မွေးနေ့ဖြစ်ပြီး ဒီနေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်ပြီးတော့ ပြီးခဲ့တဲ့နှစ်တွေက နိုင်ငံတဝန်းမှာ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။

ဒီနှစ်မှာတော့ စစ်တပ်က အာဏာသိမ်းထားတဲ့အချိန် ဖြစ်တဲ့အတွက် နေရာတချို့မှာပဲ အခမ်းအနားလုပ်တာ တွေ့ရပြီး အများစုကတော့ ဆန္ဒပြပွဲအတွင်းမှာပဲ ၅ မိနစ်ကြာ ငြိမ်သက်ပြီး အထိမ်းအမှတ် ပြုကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG