သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရးအာဆီယံေဆြးေႏြးပဲြေခၚဖို႔ အင္ဒိုနီးရွားတိုက္တြန္း


ASEAN meeting (Myanmar State Counsellor Office)

{{Zawgyi/Unicode}}

ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႔ (ASEAN) အဖြဲ႔ဝင္ႏိုင္ငံေတြၾကား ေဆြးေႏြးပြဲတစ္ခု စီစဥ္ေပးဖို႔ လက္ရွိ အာဆီယံအလွည့္က်ဥကၠ႒ ဘ႐ူႏုိင္းႏုိင္ငံေစာ္ဘြား Hassanal Bolkiah ကို အင္ဒိုနီးရွားနုိင္ငံျခားေရးဝန္ႀကီး Retno Marsudi က ဒီကေန႔ တိုက္တြန္းလိုက္ပါတယ္။

ဘ႐ူႏုိင္းႏုိင္ငံ၊ Bandar Seri Begawan ၿမို႕ေတာ္မွာ ေစာ္ဘြား Bolkiah နဲ႔ ဒီကေန႔သြားေရာက္ေတြ႔ဆံုၿပီး ဝန္ႀကီး မစၥ Marsudi က အဲဒီလိုတိုက္တြန္းတာပါ။

အာဆီယံအဖြဲ႔အေနနဲ႔ "အျပဳသေဘာ ထိေတြ႔ဆက္ဆံမႈ" နဲ႔ "ျမန္မာလူထု ေဘးကင္းလံုျခံဳေရးနဲ႔ သာယာဝေျပာေရး" တို႔ကို အေလးထားမွာျဖစ္တယ္လို႔ ေစာ္ဘြား Bolkiah က ေျပာတဲ့အေၾကာင္း ေတြ႔ဆံုပြဲၿပီးတဲ့ေနာက္ အြန္လိုင္းကလုပ္တဲ့ရွင္းလင္းပြဲမွာ ဝန္ႀကီး မစၥ Marsudi က ေျပာပါတယ္။

" ျမန္မာႏုိင္ငံကို ကူညီတာမွာ က်မတို႔နားလည္ထားတဲ့ မူဝါဒေတြကေတာ့ ဝင္မစြက္ေရးဆိုတာကို ေလးစားဖို႔၊ အျပဳသေဘာထိေတြ႔ဆက္ဆံမႈကို အေလးေပးဖို႔၊ ျမန္မာလူထု ေဘးကင္းလံုျခံဳေရးနဲ႔ သာယာဝေျပာေရးတို႔ကို အေလးေပးဖို႔၊ သက္ဆိုင္သူအားလံုးပါဝင္တဲ့ ဒါမွမဟုတ္ အားလံုးပါဝင္တဲ့ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကို အေထာက္အကူျပုဖို႔ အပါအဝင္ ျမန္မာလူထုအတြက္ အေကာင္းဆံုးအေျဖေတြကို အေကာင္အထည္ေဖာ္ေရး ပါဝင္လုပ္ေဆာင္ဖို႔ျဖစ္ပါတယ္" လို႔ ဝန္ႀကီး Marsudi ကေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလုိက္ၿပီးတဲ့ေနာက္ အာဆီယံအဖြဲ႔ အထူးအစည္းအေဝးတစ္ရပ္ ေခၚယူႏုိင္ေရး လုပ္ေဆာင္ဖို႔အတြက္ အင္ဒိုနီးရွားနဲ႔ မေလးရွားတို႔ ေဆြးေႏြးခဲ့ၾကပါတယ္။

အာဆီယံမွာ ဒီလိုအထူးအစည္းအေဝးမ်ုိး ေခၚယူတာ မရွိသလာက္ျဖစ္သလို အဖြဲ႔ဝင္ႏိုင္ငံေတြရဲ႕ ျပည္တြင္းေရးကို ဝင္မစြက္တဲ့မူဝါဒ၊ စစ္တပ္အာဏာသိမ္းတဲ့အေပၚ မတူကြဲျပားတဲ့ တံု႔ျပန္မႈေတြေၾကာင့္ အထူးအစည္းအေဝးလို ျဖစ္လာဖို႔ကလည္း လြယ္လွတာေတာ့မဟုတ္ပါဘူး။

အင္ဒိုနီးရွားႏုိင္ငံျခားေရးဝန္ႀကီး မစၥ Marsudi ဟာ ဘ႐ူႏိုင္းကအျပန္ စကၤာပူဝင္ၿပီး ႏုိင္ငံျခားေရးဝန္ႀကီး Vivian Balakrishnan နဲ႔ ေတြ႔ဆံုမယ္လုိ႔ ခန္႔မွန္းထားပါတယ္။

ျမန္မာႏုိင္ငံက "စိုးရိမ္ဖြယ္ရာ အေျခအေနေတြ" နဲ႔ပတ္သက္ၿပီး စကၤာပူႏိုင္ငံျခားေရးဝန္ႀကီး Balakrishnan က အဂၤါေန႔မွာ ေျပာဆိုတာရွိခဲ့ေပမယ့္ ဒီအာဏာသိမ္းမႈေၾကာင့္ေတာ့ က်ယ္ျပန္ တဲ့ ဒဏ္ခတ္အေရးယူမႈမ်ဳိးကို သူမေထာက္ခံဘူးလို႔ ေျပာခ့ဲပါတယ္။

.......................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အဖွဲ့ဝင်နိုင်ငံတွေကြား ဆွေးနွေးပွဲတစ်ခု စီစဉ်ပေးဖို့ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံစော်ဘွား Hassanal Bolkiah ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
ဘရူနိုင်းနိုင်ငံ၊ Bandar Seri Begawan မြို့တော်မှာ စော်ဘွား Bolkiah နဲ့ ဒီကနေ့သွားရောက်တွေ့ဆုံပြီး ဝန်ကြီး မစ္စ Marsudi က အဲဒီလိုတိုက်တွန်းတာပါ။

အာဆီယံအဖွဲ့အနေနဲ့ "အပြုသဘော ထိတွေ့ဆက်ဆံမှု" နဲ့ "မြန်မာလူထု ဘေးကင်းလုံခြုံရေးနဲ့ သာယာဝပြောရေး" တို့ကို အလေးထားမှာဖြစ်တယ်လို့ စော်ဘွား Bolkiah က ပြောတဲ့အကြောင်း တွေ့ဆုံပွဲပြီးတဲ့နောက် အွန်လိုင်းကလုပ်တဲ့ရှင်းလင်းပွဲမှာ ဝန်ကြီး မစ္စ Marsudi က ပြောပါတယ်။

" မြန်မာနိုင်ငံကို ကူညီတာမှာ ကျမတို့နားလည်ထားတဲ့ မူဝါဒတွေကတော့ ဝင်မစွက်ရေးဆိုတာကို လေးစားဖို့၊ အပြုသဘောထိတွေ့ဆက်ဆံမှုကို အလေးပေးဖို့၊ မြန်မာလူထု ဘေးကင်းလုံခြုံရေးနဲ့ သာယာဝပြောရေးတို့ကို အလေးပေးဖို့၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဒါမှမဟုတ် အားလုံးပါဝင်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အထောက်အကူပြုဖို့ အပါအဝင် မြန်မာလူထုအတွက် အကောင်းဆုံးအဖြေတွေကို အကောင်အထည်ဖော်ရေး ပါဝင်လုပ်ဆောင်ဖို့ဖြစ်ပါတယ်" လို့ ဝန်ကြီး Marsudi ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် အာဆီယံအဖွဲ့ အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူနိုင်ရေး လုပ်ဆောင်ဖို့အတွက် အင်ဒိုနီးရှားနဲ့ မလေးရှားတို့ ဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံမှာ ဒီလိုအထူးအစည်းအဝေးမျိုး ခေါ်ယူတာ မရှိသလာက်ဖြစ်သလို အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်တဲ့မူဝါဒ၊ စစ်တပ်အာဏာသိမ်းတဲ့အပေါ် မတူကွဲပြားတဲ့ တုံ့ပြန်မှုတွေကြောင့် အထူးအစည်းအဝေးလို ဖြစ်လာဖို့ကလည်း လွယ်လှတာတော့မဟုတ်ပါဘူး။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စ Marsudi ဟာ ဘရူနိုင်းကအပြန် စင်္ကာပူဝင်ပြီး နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ တွေ့ဆုံမယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံက "စိုးရိမ်ဖွယ်ရာ အခြေအနေတွေ" နဲ့ပတ်သက်ပြီး စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Balakrishnan က အင်္ဂါနေ့မှာ ပြောဆိုတာရှိခဲ့ပေမယ့် ဒီအာဏာသိမ်းမှုကြောင့်တော့ ကျယ်ပြန် တဲ့ ဒဏ်ခတ်အရေးယူမှုမျိုးကို သူမထောက်ခံဘူးလို့ ပြောခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG