[Zawgyi/Unicode]
ျမန္မာႏုိင္ငံ အာဏာသိမ္း စစ္ေကာင္စီက လင္းအားႀကီး မနက္ ၁ နာရီကေန မနက္ ၉ နာရီအထိ အင္တာနက္ ဆက္သြယ္ေရးကို ျဖတ္ေတာက္တာ ၃ ရက္ဆက္တိုက္ရွိလာပါၿပီ။
အဲဒီအခ်ိန္အတြင္း အင္တာနက္ဆက္သြယ္ႏိုင္မႈဟာ ပံုမွန္ႏႈန္းထက္ ၁၅ ဆထိ ေလ်ာ့က်တယ္လို႔ အင္တာနက္ဆက္သြယ္ေရးဆိုင္ရာ ေစာင့္ၾကည့္ေလ့လာေနတဲ့ NetBlocsk အဖြဲ႔က ေျပာပါတယ္။
ဘာ့ေၾကာင့္ အဲဒီအခ်ိန္အတြင္းမွာမွ အင္တာနက္ဆက္သြယ္ေရးကို ျဖတ္ထားတာလည္းဆိုတာ စစ္ေကာင္စီက ရွင္းလင္းခ်က္မေပးပါဘူး။
ၾသစေၾတးလ်ႏုိင္ငံ၊ Deakin တကၠသိုလ္က ဆိုင္ဘာလံုျခံဳေရးဆိုင္ရာ ကၽြမ္းက်င္သူ Damien Manuel က စစ္ေကာင္စီအေနနဲ႔ ဖမ္းဆီးရမယ့္လူေတြကို ေျခရာခံလိုက္ဖို႔ အဲဒီအခ်ိန္အတြင္းမွာ အခ်က္အလက္ေတြကို ခြဲျခားဆန္းစစ္တာမ်ဳိးလုပ္တာက ျဖစ္ႏုိင္ေျခတစ္ခုျဖစ္တယ္လို႔ AFP သတင္းဌာနကို ေျပာပါတယ္။
ဒါေပမဲ့ မဲလ္ဘုန္းၿမိဳ႕၊ RMIT တကၠသိုလ္က Matt Warren ကေတာ့ စစ္ေကာင္စီဟာ တ႐ုတ္အစိုးရ လုပ္တဲ့အတိုင္း သတင္းအခ်က္အလက္ စီးဆင္းမႈကို ထိန္းခ်ဳပ္ဖို႔အတြက္ အင္တာနက္ firewall တစ္ခု တည္ေဆာက္ေနတာ ျဖစ္ႏုိင္တယ္လို႔ ေျပာပါတယ္။
ဆိုင္ဘာလံုျခံဳေရး ဥပေဒမူၾကမ္းဆိုတာကို ျပဌာန္းဖို႔ စစ္ေကာင္စီက ျဖန္႔ေဝထားေပမဲ့ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔မွာေတာ့ အရင္ရွိၿပီးသား အီလက္ထေရာနစ္ဆက္သြယ္ေရးဥပေဒကို ျပင္ဆင္ျဖည့္စြက္ၿပီး ပိုၿပီးျပင္းထန္တဲ့ ကန္႔သတ္ခ်က္ေတြ၊ ျပစ္ဒဏ္ေတြကို ထည့္သြင္းၿပီးေတာ့ ျပဌာန္းခဲ့ပါတယ္။
Facebook အပါအဝင္ လူမႈဆက္သြယ္ေရး မီဒီယာေတြကိုလည္း ခုခ်ိန္ထိပိတ္ထားၿပီး အသံုးျပဳသူေတြအေနနဲ႔ ပိတ္ထားတာကို VPN နည္းလမ္းနဲ႔ ေက်ာ္ၿပီး သံုးေနၾကရတာပါ။
စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္တဲ့ လႈပ္ရွားမႈေတြကို အထူးသျဖင့္ Facebook ေပၚမွာ စည္း႐ံုးလႈံ႔ေဆာ္ေနၾကတယ္လို႔ စစ္ေကာင္စီက ယူဆတဲ့အတြက္ အခုလုိပိတ္ထားပံုရေပမဲ့ ဒီအခ်က္ေၾကာင့္ေတာ့ ဆႏၵျပပြဲေတြရပ္သြားေအာင္ မလုပ္ႏုိင္ဘဲ အျပင္းအထန္ ဆက္ျဖစ္ေနဆဲပါ။
ဒီအေတာအတြင္းမွာပဲ ေဖ့စ္ဘုတ္ကေန စစ္ေကာင္စီရဲ႕ သတင္းေတြကို ထုတ္ျပန္ေနတဲ့ MRTV Live ေဖ့စ္ဘုတ္စာမ်က္ႏွာကို ျဖဳတ္ခ်ေပးဖို႔ အသံုးျပဳသူေတြက အြန္လိုင္းကေန Facebook ကို ဝုိင္းၿပီး တင္ျပၾကတဲ့အတြက္ အဲဒီစာမ်က္ႏွာကို Facebook က ဒီကေန႔မနက္ပိုင္းမွာ ဖယ္ရွားလိုက္ပါတယ္။ က်န္ရွိေနတဲ့ MRTV ေဖ့စ္ဘုတ္စာမ်က္ႏွာကို အလားတူလုပ္ေဆာင္ဖို႔ လႈႈံ႔ေဆာ္တာေတြလည္း က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေနပါတယ္။
အင္တာနက္ဆက္သြယ္ေရးကို ျဖတ္ေတာက္တာဟာ ဒီမိုကေရစီရဲ႕ အေျခခံမူေတြကို ခ်ဳိးေဖာက္တာျဖစ္တယ္လို႔ ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢအထူးသံတမန္ Christine Schraner Burgener က စစ္ေကာင္စီ ဒုတိယေခါင္းေဆာင္ ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီးစိုးဝင္းကို သတိိေပးခဲ့တဲ့အေၾကာင္း ကုလသမဂၢ ဒုတိယေျပာခြင့္ရ Frahan Haq က ေျပာထားပါတယ္။
[Unicode Version]
မြန်မာပြည်တွင်းအင်တာနက်အသုံးပြုမှု ကန့်သတ်ခံရ
မြန်မာနိုင်ငံ အာဏာသိမ်း စစ်ကောင်စီက လင်းအားကြီး မနက် ၁ နာရီကနေ မနက် ၉ နာရီအထိ အင်တာနက် ဆက်သွယ်ရေးကို ဖြတ်တောက်တာ ၃ ရက်ဆက်တိုက်ရှိလာပါပြီ။
အဲဒီအချိန်အတွင်း အင်တာနက်ဆက်သွယ်နိုင်မှုဟာ ပုံမှန်နှုန်းထက် ၁၅ ဆထိ လျော့ကျတယ်လို့ အင်တာနက်ဆက်သွယ်ရေးဆိုင်ရာ စောင့်ကြည့်လေ့လာနေတဲ့ NetBlocsk အဖွဲ့က ပြောပါတယ်။
ဘာ့ကြောင့် အဲဒီအချိန်အတွင်းမှာမှ အင်တာနက်ဆက်သွယ်ရေးကို ဖြတ်ထားတာလည်းဆိုတာ စစ်ကောင်စီက ရှင်းလင်းချက်မပေးပါဘူး။
သြစတြေးလျနိုင်ငံ၊ Deakin တက္ကသိုလ်က ဆိုင်ဘာလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ Damien Manuel က စစ်ကောင်စီအနေနဲ့ ဖမ်းဆီးရမယ့်လူတွေကို ခြေရာခံလိုက်ဖို့ အဲဒီအချိန်အတွင်းမှာ အချက်အလက်တွေကို ခွဲခြားဆန်းစစ်တာမျိုးလုပ်တာက ဖြစ်နိုင်ခြေတစ်ခုဖြစ်တယ်လို့ AFP သတင်းဌာနကို ပြောပါတယ်။
ဒါပေမဲ့ မဲလ်ဘုန်းမြို့၊ RMIT တက္ကသိုလ်က Matt Warren ကတော့ စစ်ကောင်စီဟာ တရုတ်အစိုးရ လုပ်တဲ့အတိုင်း သတင်းအချက်အလက် စီးဆင်းမှုကို ထိန်းချုပ်ဖို့အတွက် အင်တာနက် firewall တစ်ခု တည်ဆောက်နေတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ဆိုင်ဘာလုံခြုံရေး ဥပဒေမူကြမ်းဆိုတာကို ပြဌာန်းဖို့ စစ်ကောင်စီက ဖြန့်ဝေထားပေမဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာတော့ အရင်ရှိပြီးသား အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ဖြည့်စွက်ပြီး ပိုပြီးပြင်းထန်တဲ့ ကန့်သတ်ချက်တွေ၊ ပြစ်ဒဏ်တွေကို ထည့်သွင်းပြီးတော့ ပြဌာန်းခဲ့ပါတယ်။
Facebook အပါအဝင် လူမှုဆက်သွယ်ရေး မီဒီယာတွေကိုလည်း ခုချိန်ထိပိတ်ထားပြီး အသုံးပြုသူတွေအနေနဲ့ ပိတ်ထားတာကို VPN နည်းလမ်းနဲ့ ကျော်ပြီး သုံးနေကြရတာပါ။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေကို အထူးသဖြင့် Facebook ပေါ်မှာ စည်းရုံးလှုံ့ဆော်နေကြတယ်လို့ စစ်ကောင်စီက ယူဆတဲ့အတွက် အခုလိုပိတ်ထားပုံရပေမဲ့ ဒီအချက်ကြောင့်တော့ ဆန္ဒပြပွဲတွေရပ်သွားအောင် မလုပ်နိုင်ဘဲ အပြင်းအထန် ဆက်ဖြစ်နေဆဲပါ။
ဒီအတောအတွင်းမှာပဲ ဖေ့စ်ဘုတ်ကနေ စစ်ကောင်စီရဲ့ သတင်းတွေကို ထုတ်ပြန်နေတဲ့ MRTV Live ဖေ့စ်ဘုတ်စာမျက်နှာကို ဖြုတ်ချပေးဖို့ အသုံးပြုသူတွေက အွန်လိုင်းကနေ Facebook ကို ဝိုင်းပြီး တင်ပြကြတဲ့အတွက် အဲဒီစာမျက်နှာကို Facebook က ဒီကနေ့မနက်ပိုင်းမှာ ဖယ်ရှားလိုက်ပါတယ်။ ကျန်ရှိနေတဲ့ MRTV ဖေ့စ်ဘုတ်စာမျက်နှာကို အလားတူလုပ်ဆောင်ဖို့ လှုှုံ့ဆော်တာတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပါတယ်။
အင်တာနက်ဆက်သွယ်ရေးကို ဖြတ်တောက်တာဟာ ဒီမိုကရေစီရဲ့ အခြေခံမူတွေကို ချိုးဖောက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် Christine Schraner Burgener က စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို သတိပေးခဲ့တဲ့အကြောင်း ကုလသမဂ္ဂ ဒုတိယပြောခွင့်ရ Frahan Haq က ပြောထားပါတယ်။