ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းယူလိုက္ၿပီးေနာက္ ႀကံဳေတြ႔ေနရတဲ့ အက်ပ္အတည္း ဘယ္လိုပံုစံနဲ႔ အဆံုးသတ္သြားႏိုင္မလဲ။ ဘယ္လမ္းေၾကာင္းကို ဦးတည္သြားႏိုင္သလဲ။ ဒီအက်ပ္အတည္းကို ေက်ာ္လႊာႏိုင္မယ့္ ထြက္ေပါက္ေကာ တစံုတရာ ေတြ႔လာႏိုင္သလားဆိုတာကို အခုတပတ္ ျမန္မာ့အေရးသံုးသပ္ခ်က္မွာ ေဒါက္တာတင္ေမာင္သန္းနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသံုးသပ္ထားပါတယ္။
ေမး ။ ။ ေခတ္သစ္ျမန္မာ့သမိုင္းမွာ အာဏာသိမ္းတာ (၃) ႀကိမ္ ေတြ႔ခဲ့ရၿပီ ျဖစ္ပါတယ္။ ေတာ္လွန္ေရးေကာင္စီ အာဏာသိမ္းခ်ိန္၊ ရွစ္ဆယ့္ရွစ္ အာဏာသိမ္းခ်ိန္တို႔မွာ ျပည္သူ႔ဘက္က ရုတ္တရက္ ပြဲျပတ္ႏိုင္သြားတယ္ဆိုတာ မရိွခဲ့ပါဘူး။ ဖီလစ္ပိုင္မွာ မားကိုစ္ကို ျဖဳတ္ခ်တုန္းက People’s Power ေတာ္လွန္ေရး ရုတ္တရက္ ႏိုင္သြားသလို၊ ပြဲျပတ္ႏို္င္သြားတာကို ျမန္မာ့သမိုင္းမွာေတာ့ မႀကံဳေတြ႔ခဲ့ရေသးဘူး။ ဆိုေတာ့ အခုပြဲမွာေကာ အဲဒီလိုပြဲျပတ္ၿပီးေတာ့ ျပည္သူ႔ဘက္က - ျပည္သူဆိုတာ အာဏာသိမ္းတာကို လက္မခံႏိုင္တဲ့ ဒီမိုကေရစီအင္အားစုဘက္က ႏိုင္လာမယ့္အလားအလာ ရိွပါသလား ဆရာ။
ေျဖ ။ ။ ရုန္းကန္လႈပ္ရွားမႈတိုင္းမွာ အေျဖအျပတ္ ေျပာလုိ႔မရဘူးေပါ့ ဆရာ။ ဆံုးရႈံးမႈနဲ႔ ေပးလုိက္ရတာနဲ႔ ေျပာလို႔ရိွရင္ အခုအာဏာသိမ္းမႈ ႀကိဳးစားတယ္၊ အာဏာသိမ္းတယ္ဆိုကတည္းက တပ္မေတာ္က ဆံုးရႈံးၿပီသား ျဖစ္ပါတယ္။ ပထမ ေရြးေကာက္ပြဲမွာ ဆံုးရႈံးတယ္။ အဲဒါ ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးအေနနဲ႔ ဆံုးရႈံးတယ္။ ဒုတိယ အာဏာသိမ္းလိုက္တဲ့အခါၾကေတာ့ လူထုတရပ္လံုး ဆန္႔က်င္မႈကို ခံရတယ္။ ဒါက ျပည္တြင္းအေနနဲ႔ တပ္မေတာ္က ဆံုးရႈံးပါတယ္။ ႏိုင္ငံတကာအေနနဲ႔လည္း တပ္မေတာ္က ပိုၿပီးေတာ့ ဆံုးရႈံးသြားပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တပ္မေတာ္က အရင္အာဏာရကာလကို ဖြင့္ခဲ့တဲ့အဖြင့္ liberalization လို႔ ေျပာတဲ့ ေျဖေလွ်ာ့ဖြင့္ေပးတဲ့ ကာလတခုကို ထူေထာင္ႏိုင္ခဲ့ေပမယ့္ အခုျပန္ၿပီး ပိတ္တဲ့လမ္းကိုသြားတယ္။ အခုေနာက္ဆံုး ဥပေဒေတြကို ဆႏၵျပတာနဲ႔ အႏွစ္ (၂၀) အထိ ေထာင္ခ်ႏိုင္တယ္လို႔ တင္လုိက္တာက ဆံုးရႈံးမႈ အႀကီးမားဆံုး ေဇာက္ထိုးဆင္းသြားတဲ့အထိ တပ္မေတာ္က ဆံုးရႈံးသြားခဲ့တယ္လို႔ ေျပာလုိ႔ရတယ္။ ေသနတ္နဲ႔ လူထုရဲ ႔ဆႏၵ အားၿပိဳင္ရတဲ့ အေနအထားမွာေတာ့ ဘယ္လိုအေျဖထြက္မယ္ဆိုတာကို က်ေနာ္တို႔ မသိႏိုင္ေသးပါဘူး။
ေမး ။ ။ က်ေနာ္ေျပာခ်င္တာက ၆၂၊ ၈၈ တုိ႔မွာလည္း အဲဒီလိုပဲ ဓမၼနဲ႔အဓမၼ အားၿပိဳင္ၾကတာတယ္။ လူထု၊ ႏိုင္ငံတကာတို႔ အကုန္လံုး ျပည္သူ႔ဘက္ကပါတယ္။ ၆၂ မွာလည္း ဒီမိုကေရစီ ဆံုးရႈံးသြားခဲ့တာကို ႏိုင္ငံတကာက ဝမ္းနည္းခဲ့ၾကတယ္။ ထိုနည္းလည္းေကာင္းပဲ ၈၈ မွာ ျပည္သူေတြအံုၾကြၿပီး ဒီမိုကေရစီေတာင္းတာကို အၾကမ္းဖက္ႏိွမ္နင္းတယ္ဆုိေတာ့ ဒါက အဲဒီတုန္းက အာဏာသိမ္းခဲ့တဲ့ တပ္ဖြဲ႔ေတြကလည္း သူတုိ႔ဆံုးရႈံးၿပီသားေပါ့။ အခုနလို႔ ေျပာမယ္ဆိုရင္ေပါ့။ သို႔ေသာ္ လက္ေတြ႔မွာ သူတုိ႔ အာဏာတည္ၿမဲသြားတဲ့ အေျခအေန ျဖစ္ပါတယ္။ အခုပြဲမွာေကာ သူတုိ႔က ဆက္လက္အာဏာတည္ၿမဲ သြားႏုိင္သလား။ အဓိကအားျဖင့္ေပါ့။
ေျဖ ။ ။ ဘယ္ေထာင့္က ၾကည့္သလဲေပၚမွာ မူတည္တာေပါ့။ ေသနတ္ေျပာင္းက အာဏာထြက္တယ္ဆိုတဲ့ ေထာင့္ကၾကည့္မယ္ဆိုရင္ေတာ့ ေသနတ္ရိွတဲ့ အတြက္ေၾကာင့္ အာဏာဆုပ္ကိုင္ထားတာကို အႏိုင္လို႔ယူတဲ့ ယံုၾကည္တယ္ဆိုရင္ေတာ့ အဲဒါအႏိုင္ျဖစ္ေကာင္းလည္း ျဖစ္လိမ့္မယ္။ ဒါမွမဟုတ္ ျပည္သူလူထုရဲ ႔ ေမတၱာ၊ ျပည္သူလူထုရဲ ႔ ေစတနာ၊ ျပည္သူလူထုရဲ ႔ ယံုၾကည္မႈ၊ ကမာၻ႔ျပည္သူေတြရဲ ႔ ယံုၾကည္မႈ အဲဒီလိုေထာင့္ကၾကည့္မယ္ဆိုရင္ေတာ့ တပ္မေတာ္က ဆံုးရႈံးၿပီးသြားၿပီ။ ဒါေပမဲ့ ေစာေစာက အာဏာဆိုတဲ့ ေထာင့္ကေျပာမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ အားၿပိဳင္ေနတဲ့ အေျခအေနမွာပဲ ရိွတယ္။ အႏိုင္အရႈံးကို ေျပာလို႔မရေသးဘူး။
ေမး ။ ။ ဒါေပမဲ့ ႏွစ္ေပါင္း (၆၀) ေက်ာ္ ခံခဲ့ရၿပီးၿပီ။ ဒီလို သူတုိ႔ အုပ္စိုးလာခဲ့တာ။ ျပည္သူေတြက မုန္းတီးေပမယ့္ လက္နက္အင္အားနဲ႔ ႏွစ္ေပါင္း (၆၀) ေက်ာ္ ဆက္လက္ၿပီးေတာ့ အုပ္စိုးလာခဲ့တာ က်ေနာ္ သိခ်င္တာက အဲဒီလို အျဖစ္မ်ဳိး ဆက္လက္ျဖစ္သြားႏိုင္သလား။
ေျဖ ။ ။ က်ေနာ္တို႔ ဒီအခ်ိန္မွာ ဘာမွေျပာလို႔မရႏိုင္ေသးဘူး။ က်ေနာ္တုိ႔ ယတိျပတ္ ဘာမွေျပာလို႔မရေသးဘူး။ အားၿပိဳင္ေနတဲ့ အေျခအေနမွာပဲ ရိွေသးတယ္။ အဲဒီလိုျဖစ္တာ တပ္မေတာ္က မိမိအေနနဲ႔ အခုနေျပာသြားတဲ့ ဆံုးရႈံးမႈေတြကို ျပန္ဆယ္ခ်င္တဲ့လူေတြ တပ္မေတာ္ထဲမွာ ရိွလား၊ မရိွလားဆိုတဲ့ အခ်က္ေပၚမွာ မူတည္ပါလိမ့္မယ္။ အဲဒါ ရိွေနလား၊ မရိွဘူးလားဆိုတာလဲ က်ေနာ္တို႔ သတင္းအခ်က္အလက္ မရတဲ့အတြက္ေၾကာင့္ မေျပာႏုိင္ပါဘူး။ သို႔ေသာ္ အားၿပိဳင္မႈကေတာ့ ရိွေနတယ္။ အားၿပိဳင္မႈ ရိွေနသမွ်၊ ေမွ်ာ္လင့္ခ်က္ေတြလည္း ရိွပါတယ္။
ေမး ။ ။ ဒါက ေမွ်ာ္လင့္ခ်က္ သိပ္ထားလြန္ရာ မက်ေပဘူးလား။ အဲဒီလို တခါမွေတာ့ မေပၚေပါက္ေသးဘူးေပါ့။
ေျဖ ။ ။ လုပ္မၾကည့္လို႔ရိွရင္ ဘာမွမသိႏိုင္ဘူး။ ေလွ်ာက္ၾကည့္မွ သိရမယ့္ကိစၥမ်ဳိးအထိ ဒီကိစၥမ်ဳိးက။ ဒါေၾကာင့္မို႔ ေလွ်ာက္ၾကည့္ဖို႔ေတာ့ လုိတယ္။ မ်ဳိးဆက္တိုင္း မ်ဳိးဆက္တိုင္းက စြန္႔စားၿပီး ေပးခဲ့ၾကရတယ္။ အဲဒီေတာ့ ဒီအေျခအေနမွာ ဘာမွယတိျပတ္ က်ေနာ္တို႔ ေျပာလို႔ရမယ္ မထင္ပါဘူး။ သို႔ေသာ္ ၾကည့္တဲ့ေထာင့္ေပၚ မူတည္တယ္။ ရႈံးၿပီးၿပီ။ အဲဒီအရႈံးကို ျပန္ဆယ္ဖို႔ပဲ တပ္မေတာ္က လိုတယ္။ တပ္မေတာ္က ရႈံးၿပီးၿပီ။
ေမး ။ ။ ဒါေပမဲ့ ျမန္မာ့တပ္မေတာ္ သမိုင္းကို ၾကည့္မယ္ဆိုရင္ ကန္ဒီစာခ်ဳပ္အၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းက တပ္ကထြက္လိုက္ၿပီးေတာ့ အဲဒီမွာ British trained ဗိုလ္ခ်ဳပ္ႀကီးေတြ က်န္ခဲ့တယ္။ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ေနာက္ပိုင္းမွာ သူတို႔ကို ဖယ္ပစ္လုိက္တယ္။ ေနာက္ၿပီးေတာ့ ဖက္ဆစ္ဂ်ပန္ေတြရဲ ႔ စစ္ပညာကို ရလာတဲ့လူေတြက ဆက္ၿပီးေတာ့ ဦးေဆာင္လာတယ္။ ဆိုေတာ့ အခုအခ်ိန္အထိလည္း ျမန္မာ့တပ္မေတာ္ထဲမွာ အဲဒီကိစၥကို ျပဳျပင္ေျပာင္းလဲတဲ့ စရိုက္လကၡဏာ တစံုတရာ ေတြ႔ရၿပီလား။ အခုရိွတဲ့ ဗိုလ္ခ်ဳပ္အသစ္ေတြကလည္း ဒီပုတ္ထဲက ဒီပဲဆိုေတာ့ ဆရာ ေမွ်ာ္မွန္းသလို ျဖစ္လာႏိုင္ပါ့မလား။
ေျဖ ။ ။ ဆရာေမးတဲ့ ေမးခြန္းလိုပဲ ဒီလိုကိစၥေတြက ခ်က္ခ်င္းလက္ငင္း ေဆာင္ရြက္လို႔ရတဲ့ ကိစၥေတြ မဟုတ္ဘဲ၊ အခ်ိန္ယူရပါတယ္။ သို႔ေသာ္လဲ အခုသြားေနတဲ့ လမ္းေၾကာင္းက ျပန္ဆုတ္ဖို႔အတြက္ တပ္မေတာ္အတြက္ အင္မတန္ လိုအပ္ေနတယ္။ ဒါေၾကာင့္မို႔ တပ္မေတာ္ထဲမွာ စဥ္းစားႏိုင္တဲ့ ပုဂၢိဳလ္ေတြလည္း အမ်ားႀကီးရိွပါတယ္။ တပ္မေတာ္အတြက္ ဗိုလ္ခ်ဳပ္ႀကီးေတြ၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေတြ၊ စဥ္းစားႏိုင္တဲ့ လူေတြလည္း အမ်ားႀကီး ရိွပါတယ္။ သူတုိ႔ေတြရဲ ႔ အားေတြကလည္း အခုအခ်ိန္မွာ သူတုိ႔ပါ ပါဝင္ၿပီးေတာ့ တြန္းတြန္းတိုက္တိုက္နဲ႔ ေဆာင္ရြက္ၾကမယ္ဆိုလို႔ရိွရင္ တပ္မေတာ္ကို အမ်ားႀကီးဆယ္တင္လို႔ရမယ္လို႔ ထင္တယ္။
ေမး ။ ။ ေနာက္တခုက ႏိုင္ငံေရးအင္အားစုတခ်ဳိ ႔၊ ေနာက္တခါ လူရိုေသ၊ ရွင္ရိုေသ ပုဂၢိဳလ္ေတြတခ်ဳိ ႔နဲ႔ေပါင္းၿပီးေတာ့ ၾကားဝင္ေစ့စပ္ေပးဖို႔ ေလသံပစ္လာတာလည္း ၾကားရပါတယ္။ အဲဒီလို ျပည္တြင္းအင္အားစုေတြရဲ ႔ ေစ့စပ္မႈေပါ့ ပထမဦးဆံုးက။ ျပည္ပကို မေျပာနဲ႔အံုး။ အဲဒီျပည္တြင္းကလူေတြရဲ ႔ ေစ့စပ္ေပးမႈက ထိေရာက္မႈ ရိွမယ္လို႔ ထင္ႏိုင္ပါသလား။
ေျဖ ။ ။ ပိုၿပီးေတာ့ တည္ၿငိမ္တယ္၊ ပိုၿပီးေတာ့ အနာသက္သာတဲ့ လမ္းေၾကာင္းတခုမ်ား ရမလားဆိုၿပီး ႀကိဳးစားၾကည့္ၾကတာေပါ့။ သို႔ေသာ္ ဘာေတြေစ့စပ္တယ္၊ ဘာေတြညိွႏိႈင္းတယ္၊ ဘာေတြေတာင္းဆိုတယ္၊ ဘာေတြေတာင္းဆိုထားတယ္ဆိုတာကလဲ က်ေနာ္တို႔အေနနဲ႔ ပြင့္လင္းျမင္သာစြာ မျမင္ရဘူး။ ေနာက္ဆံုး ေတြ႔ဆံုသြားခဲ့တယ္လို႔ ေျပာတဲ့၊ အာဏာမသိမ္းခင္က ေတြ႔ဆံုတဲ့အခ်ိန္အထိ သိရတာက Reuters သတင္းဌာနကေရးတာ အခ်က္ (၃) ခ်က္ ေတာင္းဆိုခဲ့တာ ေတြ႔ရတယ္။ အဲဒါကေတာ့ တပ္မေတာ္ကေန UEC လို႔ေခၚတဲ့ ေရြးေကာက္တင္ေျမွာက္ေရးေကာ္မရွင္ကို သူအဆိုျပဳတဲ့လူေတြလည္း ျပန္ဖြဲ႔ဖို႔နဲ႔ မဲစစ္ေဆးေပးဖို႔ ဆိုတာေတြေပါ့။ ဒါကေတာ့ က်ေနာ္ထင္တယ္ အမ်ားျပည္သူေတြကလည္း လက္ခံမယ္ မထင္ဘူး။ ေျဖရွင္းႏိုင္လိမ့္မယ္လို႔ က်ေနာ္အေနနဲ႔ မထင္ဘူး။ ေစာေစာက ဦးကိုကိုႀကီး၊ ဦးခြန္ထြန္းဦးတို႔ ေဆာင္ရြက္ေနတာေတြက ဘယ္လိုေပၚမွာ အေျခခံၿပီး လုပ္ေနသလဲ။ အဲဒါေတြကို က်ေနာ္တို႔လည္း မျမင္ရတဲ့အတြက္ေၾကာင့္ မွတ္ခ်က္ေတြေပးဖို႔ ေတာ္ေတာ္ခက္လိမ့္မယ္ ထင္တယ္။
ေမး ။ ။ တခ်ိန္တည္းမွာပဲ ျပည္တြင္အင္အားစုကို ဖယ္ၿပီးေတာ့ ျပည္ပက ျဖန္းေျဖေပးႏိုင္တဲ့ ႏိုင္ငံေတြ အထူးသျဖင့္ တရုတ္အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြေပါ့။ ဒီႏို္င္ငံေတြက ေစ့စပ္ေပးလာႏိုင္တဲ့ အလားအလာ ဆိုရင္ေတာ့ အေနာက္ႏိုင္ငံေတြ ေျပာစကားထက္ ပိုၿပီးေတာ့ ထိေရာက္ႏုိင္သလားလို႔ စဥ္းစားစရာ ျဖစ္မယ္လို႔ ထင္ပါတယ္။ ဆရာ ဘယ္လိုသေဘာရသလဲ။
ေျဖ ။ ။ အခုဟာက ကုလသမဂၢက ဆံုးျဖတ္ခ်က္မွာလည္း အဲဒီလို ျဖစ္စဥ္ကိုသြားဖို႔ ေျပာထားတာကို က်ေနာ္တို႔ ေတြ႔လိုက္ရတယ္။ ေကာင္းတာကေတာ့ ကုလသမဂၢက ၾကားဝင္ၿပီး၊ ညိွႏိႈင္းလို႔ရိွရင္ေတာ့ ေကာင္းတယ္။ ဒါေပမဲ့ တခ်ဳိ ႔ျပႆနာေတြက ေတာ္ေတာ္ေလးညိွဖို႔ခက္မယ့္ ျပႆနာေတြလို႔ ထင္တယ္။ ဥပမာအားျဖင့္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္ေအာင္လိႈင္ဘက္က သူ တပ္မေတာ္မွာ ဆက္ၿပီးေတာ့ တာဝန္ထမ္းေဆာင္လို႔ရေအာင္ ကာလံုကတဆင့္၊ သမၼတက အတည္ျပဳေပးဖို႔ဆိုတဲ့ ေတာင္းဆိုခ်က္မ်ဳိး။ ဒါမ်ဳိးကေတာ့ ခက္လိမ့္မယ္ထင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ICJ ေခတ္ကာလမွာ ဒါက ျမန္မာႏိုင္ငံကေန တရားခံလို႔ စြပ္စြဲထားတဲ့ ကိစၥတခု။ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈႀကီးတခုလံုးကုိ အတည္ျပဳေပးလိုက္သလို ျဖစ္မွာျဖစ္တဲ့အတြက္ေၾကာင့္၊ တုိင္းျပည္ကို ေခ်ာက္ထဲဆြဲေခၚသြားသလို ျဖစ္ႏိုင္တာေၾကာင့္၊ ခက္ခဲလိမ့္မယ္ထင္တယ္။ အဲဒီလိုပဲ အလားတူ ဘယ္လို ရာထူးမ်ဳိးကိုပဲ ခန္႔ဖို႔ ေတာင္းဆိုေတာင္းဆို ခက္လိမ့္မယ္လို႔ က်ေနာ္ထင္တယ္။ သို႔ေသာ္ ဖြဲ႔စည္းပံုအရ ေပးထားတဲ့ ဒုတိယသမၼတလိုမ်ဳိး ယူလိုက္မယ္ဆိုရင္ေတာ့ ဒါက က်ေနာ္တို႔ ျပည္သူအေနနဲ႔၊ တုိင္းျပည္အေနနဲ႔ ခန္႔တာလည္း မဟုတ္ဘူး။ အစကတည္းက တပ္မေတာ္က လုပ္ထားၿပီးသာ ျဖစ္တဲ့အတြက္ေၾကာင့္ ဒါက အသက္သာဆံုး ျဖစ္မယ္ထင္တယ္။
ေမး ။ ။ အေျခအေနကေတာ့ သူတုိ႔တနည္းနည္းနဲ႔ ႏွစ္ဘက္ေျပလည္မႈ မရႏိုင္ဘူး ဆိုရင္ေတာ့ ျပည္သူကလည္း တအံုေႏြးေႏြးနဲ႔ ကာလတာရွည္သြားအံုးမွာပဲ။ ေနာက္မ်ဳိးဆက္ Generation ေတြ မ်ဳိးဆက္တခုေလာက္ကေတာ့။
ေျဖ ။ ။ တအံုေႏြးေႏြးေတာ့ မဟုတ္ဘူး။ ပိုၿပီးေတာ့ ဆုိးသြားႏိုင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ စစ္တပ္နဲ႔ အမ်ဳိးသားေရးအစြန္းေရာက္၊ လက္ယ်ာအစြန္းေရာက္ အုပ္စုေတြေပါင္းသြားတာဟာ ကမာၻျပည္မွာ ဘယ္တိုင္းျပည္မွ အေကာင္းဘက္ကို မေရာက္ဘူး။ ဖိႏိွပ္မႈေတြက ျပင္းထန္သမွ် ျပင္းထန္တဲ့ေနရာကိုပဲ ေရာက္တယ္။ အခုကိုပဲ စၿပီးျမင္ေနရတယ္။ ျပန္ၾကားေရးဌာနရဲ ႔ လုပ္ကိုင္ပံုေတြ၊ ၿပီးေတာ့ ဥပေဒေတြကို ေျပာင္းလဲလုိက္တာေတြ။ ဆႏၵျပရံုနဲ႔ ႏွစ္ (၂၀) ဆိုတာက တႏွစ္ပဲ တာဝန္ယူပါမယ္ဆိုတာကို ေျပာထားတာကို ျပန္ၿပီးေခ်ဖ်က္လိုက္သလို။ က်ေနာ္တို႔ စျမင္ေနရၿပီ။
ေမး ။ ။ ေနာက္ CDM လို႔ေခၚတဲ့ အရပ္ဘက္ အာဏာဖီဆန္ေရး လႈပ္ရွားမႈကေရာ ဘယ္ေလာက္ထိ အဓြန္႔ရွည္ႏိုင္မလဲ။ ဘယ္ေလာက္အထိ ေတာင့္ခံႏိုင္မလဲ။ သိပ္ၾကာလာရင္ သူတုိ႔ေကာ လက္ပန္းက်သြားႏိုင္သလား ဆိုတာလဲ စဥ္းစားစရာ ျဖစ္မယ္ထင္တယ္။
ေျဖ ။ ။ ေခါင္းေဆာင္ေတြကိုယ္တိုင္ကလည္း စဥ္းစားၿပီးသား ျဖစ္မွာပါ။ ဥပမာ အခု ဒီဟာကို ဦးေဆာင္လုပ္ေနၾကတဲ့ ဆရာေဇာ္ေဝစိုးတို႔ကလည္း ဆရာဝန္ႀကီးေတြပါ။ ပညာတတ္ႀကီးေတြပါ။ စီမံခန္႔ခြဲမႈမွာ ႀကီးႀကီးမားမား ေနရာယူခဲ့ၾကတဲ့ လူေတြျဖစ္တဲ့အတြက္ေၾကာင့္ သူတုိ႔လည္း ဆရာေမးတဲ့ေမးခြန္းကို စဥ္းစားၿပီးသား ရိွလိမ့္မယ္လို႔ထင္တယ္။ စိန္ေခၚခ်က္ပါပဲ။ ရံုးမတက္နဲ႔ ရုန္းထြက္ဆိုတဲ့ စကားလိုပဲ လူတုိင္းလူတုိင္းက ရုန္းထြက္ေနရတဲ့သေဘာမ်ဳိးပဲ။ လူတုိင္း အားထုတ္ဖုိ႔လိုတယ္။ အေရးႀကီးတယ္လို႔ က်ေနာ္ ထင္ပါတယ္။ ဒါေၾကာင့္ အားၿပိဳင္မႈဟာ အခုဆက္လွ်က္သြားေနတုန္းပဲ။ ရလဒ္ ဘယ္လိုရမလဲဆိုတာကို က်ေနာ္တုိ႔ မေျပာႏိုင္ေသးပါဘူး။
==Unicode==
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် ကြုံတွေ့နေရတဲ့ အကျပ်အတည်း ဘယ်လိုပုံစံနဲ့ အဆုံးသတ်သွားနိုင်မလဲ။ ဘယ်လမ်းကြောင်းကို ဦးတည်သွားနိုင်သလဲ။ ဒီအကျပ်အတည်းကို ကျော်လွှာနိုင်မယ့် ထွက်ပေါက်ကော တစုံတရာ တွေ့လာနိုင်သလားဆိုတာကို အခုတပတ် မြန်မာ့အရေးသုံးသပ်ချက်မှာ ဒေါက်တာတင်မောင်သန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ခေတ်သစ်မြန်မာ့သမိုင်းမှာ အာဏာသိမ်းတာ (၃) ကြိမ် တွေ့ခဲ့ရပြီ ဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီ အာဏာသိမ်းချိန်၊ ရှစ်ဆယ့်ရှစ် အာဏာသိမ်းချိန်တို့မှာ ပြည်သူ့ဘက်က ရုတ်တရက် ပွဲပြတ်နိုင်သွားတယ်ဆိုတာ မရှိခဲ့ပါဘူး။ ဖီလစ်ပိုင်မှာ မားကိုစ်ကို ဖြုတ်ချတုန်းက People’s Power တော်လှန်ရေး ရုတ်တရက် နိုင်သွားသလို၊ ပွဲပြတ်နိုင်သွားတာကို မြန်မာ့သမိုင်းမှာတော့ မကြုံတွေ့ခဲ့ရသေးဘူး။ ဆိုတော့ အခုပွဲမှာကော အဲဒီလိုပွဲပြတ်ပြီးတော့ ပြည်သူ့ဘက်က - ပြည်သူဆိုတာ အာဏာသိမ်းတာကို လက်မခံနိုင်တဲ့ ဒီမိုကရေစီအင်အားစုဘက်က နိုင်လာမယ့်အလားအလာ ရှိပါသလား ဆရာ။
ဖြေ ။ ။ ရုန်းကန်လှုပ်ရှားမှုတိုင်းမှာ အဖြေအပြတ် ပြောလို့မရဘူးပေါ့ ဆရာ။ ဆုံးရှုံးမှုနဲ့ ပေးလိုက်ရတာနဲ့ ပြောလို့ရှိရင် အခုအာဏာသိမ်းမှု ကြိုးစားတယ်၊ အာဏာသိမ်းတယ်ဆိုကတည်းက တပ်မတော်က ဆုံးရှုံးပြီသား ဖြစ်ပါတယ်။ ပထမ ရွေးကောက်ပွဲမှာ ဆုံးရှုံးတယ်။ အဲဒါ ကြံ့ခိုင်ဖွံ့ဖြိုးရေးအနေနဲ့ ဆုံးရှုံးတယ်။ ဒုတိယ အာဏာသိမ်းလိုက်တဲ့အခါကြတော့ လူထုတရပ်လုံး ဆန့်ကျင်မှုကို ခံရတယ်။ ဒါက ပြည်တွင်းအနေနဲ့ တပ်မတော်က ဆုံးရှုံးပါတယ်။ နိုင်ငံတကာအနေနဲ့လည်း တပ်မတော်က ပိုပြီးတော့ ဆုံးရှုံးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်က အရင်အာဏာရကာလကို ဖွင့်ခဲ့တဲ့အဖွင့် liberalization လို့ ပြောတဲ့ ဖြေလျှော့ဖွင့်ပေးတဲ့ ကာလတခုကို ထူထောင်နိုင်ခဲ့ပေမယ့် အခုပြန်ပြီး ပိတ်တဲ့လမ်းကိုသွားတယ်။ အခုနောက်ဆုံး ဥပဒေတွေကို ဆန္ဒပြတာနဲ့ အနှစ် (၂၀) အထိ ထောင်ချနိုင်တယ်လို့ တင်လိုက်တာက ဆုံးရှုံးမှု အကြီးမားဆုံး ဇောက်ထိုးဆင်းသွားတဲ့အထိ တပ်မတော်က ဆုံးရှုံးသွားခဲ့တယ်လို့ ပြောလို့ရတယ်။ သေနတ်နဲ့ လူထုရဲ့ဆန္ဒ အားပြိုင်ရတဲ့ အနေအထားမှာတော့ ဘယ်လိုအဖြေထွက်မယ်ဆိုတာကို ကျနော်တို့ မသိနိုင်သေးပါဘူး။
မေး ။ ။ ကျနော်ပြောချင်တာက ၆၂၊ ၈၈ တို့မှာလည်း အဲဒီလိုပဲ ဓမ္မနဲ့အဓမ္မ အားပြိုင်ကြတာတယ်။ လူထု၊ နိုင်ငံတကာတို့ အကုန်လုံး ပြည်သူ့ဘက်ကပါတယ်။ ၆၂ မှာလည်း ဒီမိုကရေစီ ဆုံးရှုံးသွားခဲ့တာကို နိုင်ငံတကာက ဝမ်းနည်းခဲ့ကြတယ်။ ထိုနည်းလည်းကောင်းပဲ ၈၈ မှာ ပြည်သူတွေအုံကြွပြီး ဒီမိုကရေစီတောင်းတာကို အကြမ်းဖက်နှိမ်နင်းတယ်ဆိုတော့ ဒါက အဲဒီတုန်းက အာဏာသိမ်းခဲ့တဲ့ တပ်ဖွဲ့တွေကလည်း သူတို့ဆုံးရှုံးပြီသားပေါ့။ အခုနလို့ ပြောမယ်ဆိုရင်ပေါ့။ သို့သော် လက်တွေ့မှာ သူတို့ အာဏာတည်မြဲသွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ အခုပွဲမှာကော သူတို့က ဆက်လက်အာဏာတည်မြဲ သွားနိုင်သလား။ အဓိကအားဖြင့်ပေါ့။
ဖြေ ။ ။ ဘယ်ထောင့်က ကြည့်သလဲပေါ်မှာ မူတည်တာပေါ့။ သေနတ်ပြောင်းက အာဏာထွက်တယ်ဆိုတဲ့ ထောင့်ကကြည့်မယ်ဆိုရင်တော့ သေနတ်ရှိတဲ့ အတွက်ကြောင့် အာဏာဆုပ်ကိုင်ထားတာကို အနိုင်လို့ယူတဲ့ ယုံကြည်တယ်ဆိုရင်တော့ အဲဒါအနိုင်ဖြစ်ကောင်းလည်း ဖြစ်လိမ့်မယ်။ ဒါမှမဟုတ် ပြည်သူလူထုရဲ့ မေတ္တာ၊ ပြည်သူလူထုရဲ့ စေတနာ၊ ပြည်သူလူထုရဲ့ ယုံကြည်မှု၊ ကမ္ဘာ့ပြည်သူတွေရဲ့ ယုံကြည်မှု အဲဒီလိုထောင့်ကကြည့်မယ်ဆိုရင်တော့ တပ်မတော်က ဆုံးရှုံးပြီးသွားပြီ။ ဒါပေမဲ့ စောစောက အာဏာဆိုတဲ့ ထောင့်ကပြောမယ်ဆိုရင်တော့ ကျနော်တို့ အားပြိုင်နေတဲ့ အခြေအနေမှာပဲ ရှိတယ်။ အနိုင်အရှုံးကို ပြောလို့မရသေးဘူး။
မေး ။ ။ ဒါပေမဲ့ နှစ်ပေါင်း (၆၀) ကျော် ခံခဲ့ရပြီးပြီ။ ဒီလို သူတို့ အုပ်စိုးလာခဲ့တာ။ ပြည်သူတွေက မုန်းတီးပေမယ့် လက်နက်အင်အားနဲ့ နှစ်ပေါင်း (၆၀) ကျော် ဆက်လက်ပြီးတော့ အုပ်စိုးလာခဲ့တာ ကျနော် သိချင်တာက အဲဒီလို အဖြစ်မျိုး ဆက်လက်ဖြစ်သွားနိုင်သလား။
ဖြေ ။ ။ ကျနော်တို့ ဒီအချိန်မှာ ဘာမှပြောလို့မရနိုင်သေးဘူး။ ကျနော်တို့ ယတိပြတ် ဘာမှပြောလို့မရသေးဘူး။ အားပြိုင်နေတဲ့ အခြေအနေမှာပဲ ရှိသေးတယ်။ အဲဒီလိုဖြစ်တာ တပ်မတော်က မိမိအနေနဲ့ အခုနပြောသွားတဲ့ ဆုံးရှုံးမှုတွေကို ပြန်ဆယ်ချင်တဲ့လူတွေ တပ်မတော်ထဲမှာ ရှိလား၊ မရှိလားဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါလိမ့်မယ်။ အဲဒါ ရှိနေလား၊ မရှိဘူးလားဆိုတာလဲ ကျနော်တို့ သတင်းအချက်အလက် မရတဲ့အတွက်ကြောင့် မပြောနိုင်ပါဘူး။ သို့သော် အားပြိုင်မှုကတော့ ရှိနေတယ်။ အားပြိုင်မှု ရှိနေသမျှ၊ မျှော်လင့်ချက်တွေလည်း ရှိပါတယ်။
မေး ။ ။ ဒါက မျှော်လင့်ချက် သိပ်ထားလွန်ရာ မကျပေဘူးလား။ အဲဒီလို တခါမှတော့ မပေါ်ပေါက်သေးဘူးပေါ့။
ဖြေ ။ ။ လုပ်မကြည့်လို့ရှိရင် ဘာမှမသိနိုင်ဘူး။ လျှောက်ကြည့်မှ သိရမယ့်ကိစ္စမျိုးအထိ ဒီကိစ္စမျိုးက။ ဒါကြောင့်မို့ လျှောက်ကြည့်ဖို့တော့ လိုတယ်။ မျိုးဆက်တိုင်း မျိုးဆက်တိုင်းက စွန့်စားပြီး ပေးခဲ့ကြရတယ်။ အဲဒီတော့ ဒီအခြေအနေမှာ ဘာမှယတိပြတ် ကျနော်တို့ ပြောလို့ရမယ် မထင်ပါဘူး။ သို့သော် ကြည့်တဲ့ထောင့်ပေါ် မူတည်တယ်။ ရှုံးပြီးပြီ။ အဲဒီအရှုံးကို ပြန်ဆယ်ဖို့ပဲ တပ်မတော်က လိုတယ်။ တပ်မတော်က ရှုံးပြီးပြီ။
မေး ။ ။ ဒါပေမဲ့ မြန်မာ့တပ်မတော် သမိုင်းကို ကြည့်မယ်ဆိုရင် ကန်ဒီစာချုပ်အပြီး ဗိုလ်ချုပ်အောင်ဆန်းက တပ်ကထွက်လိုက်ပြီးတော့ အဲဒီမှာ British trained ဗိုလ်ချုပ်ကြီးတွေ ကျန်ခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် နောက်ပိုင်းမှာ သူတို့ကို ဖယ်ပစ်လိုက်တယ်။ နောက်ပြီးတော့ ဖက်ဆစ်ဂျပန်တွေရဲ့ စစ်ပညာကို ရလာတဲ့လူတွေက ဆက်ပြီးတော့ ဦးဆောင်လာတယ်။ ဆိုတော့ အခုအချိန်အထိလည်း မြန်မာ့တပ်မတော်ထဲမှာ အဲဒီကိစ္စကို ပြုပြင်ပြောင်းလဲတဲ့ စရိုက်လက္ခဏာ တစုံတရာ တွေ့ရပြီလား။ အခုရှိတဲ့ ဗိုလ်ချုပ်အသစ်တွေကလည်း ဒီပုတ်ထဲက ဒီပဲဆိုတော့ ဆရာ မျှော်မှန်းသလို ဖြစ်လာနိုင်ပါ့မလား။
ဖြေ ။ ။ ဆရာမေးတဲ့ မေးခွန်းလိုပဲ ဒီလိုကိစ္စတွေက ချက်ချင်းလက်ငင်း ဆောင်ရွက်လို့ရတဲ့ ကိစ္စတွေ မဟုတ်ဘဲ၊ အချိန်ယူရပါတယ်။ သို့သော်လဲ အခုသွားနေတဲ့ လမ်းကြောင်းက ပြန်ဆုတ်ဖို့အတွက် တပ်မတော်အတွက် အင်မတန် လိုအပ်နေတယ်။ ဒါကြောင့်မို့ တပ်မတော်ထဲမှာ စဉ်းစားနိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးရှိပါတယ်။ တပ်မတော်အတွက် ဗိုလ်ချုပ်ကြီးတွေ၊ ဒုတိယဗိုလ်ချုပ်ကြီးတွေ၊ စဉ်းစားနိုင်တဲ့ လူတွေလည်း အများကြီး ရှိပါတယ်။ သူတို့တွေရဲ့ အားတွေကလည်း အခုအချိန်မှာ သူတို့ပါ ပါဝင်ပြီးတော့ တွန်းတွန်းတိုက်တိုက်နဲ့ ဆောင်ရွက်ကြမယ်ဆိုလို့ရှိရင် တပ်မတော်ကို အများကြီးဆယ်တင်လို့ရမယ်လို့ ထင်တယ်။
မေး ။ ။ နောက်တခုက နိုင်ငံရေးအင်အားစုတချို့၊ နောက်တခါ လူရိုသေ၊ ရှင်ရိုသေ ပုဂ္ဂိုလ်တွေတချို့နဲ့ပေါင်းပြီးတော့ ကြားဝင်စေ့စပ်ပေးဖို့ လေသံပစ်လာတာလည်း ကြားရပါတယ်။ အဲဒီလို ပြည်တွင်းအင်အားစုတွေရဲ့ စေ့စပ်မှုပေါ့ ပထမဦးဆုံးက။ ပြည်ပကို မပြောနဲ့အုံး။ အဲဒီပြည်တွင်းကလူတွေရဲ့ စေ့စပ်ပေးမှုက ထိရောက်မှု ရှိမယ်လို့ ထင်နိုင်ပါသလား။
ဖြေ ။ ။ ပိုပြီးတော့ တည်ငြိမ်တယ်၊ ပိုပြီးတော့ အနာသက်သာတဲ့ လမ်းကြောင်းတခုများ ရမလားဆိုပြီး ကြိုးစားကြည့်ကြတာပေါ့။ သို့သော် ဘာတွေစေ့စပ်တယ်၊ ဘာတွေညှိနှိုင်းတယ်၊ ဘာတွေတောင်းဆိုတယ်၊ ဘာတွေတောင်းဆိုထားတယ်ဆိုတာကလဲ ကျနော်တို့အနေနဲ့ ပွင့်လင်းမြင်သာစွာ မမြင်ရဘူး။ နောက်ဆုံး တွေ့ဆုံသွားခဲ့တယ်လို့ ပြောတဲ့၊ အာဏာမသိမ်းခင်က တွေ့ဆုံတဲ့အချိန်အထိ သိရတာက Reuters သတင်းဌာနကရေးတာ အချက် (၃) ချက် တောင်းဆိုခဲ့တာ တွေ့ရတယ်။ အဲဒါကတော့ တပ်မတော်ကနေ UEC လို့ခေါ်တဲ့ ရွေးကောက်တင်မြှောက်ရေးကော်မရှင်ကို သူအဆိုပြုတဲ့လူတွေလည်း ပြန်ဖွဲ့ဖို့နဲ့ မဲစစ်ဆေးပေးဖို့ ဆိုတာတွေပေါ့။ ဒါကတော့ ကျနော်ထင်တယ် အများပြည်သူတွေကလည်း လက်ခံမယ် မထင်ဘူး။ ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်အနေနဲ့ မထင်ဘူး။ စောစောက ဦးကိုကိုကြီး၊ ဦးခွန်ထွန်းဦးတို့ ဆောင်ရွက်နေတာတွေက ဘယ်လိုပေါ်မှာ အခြေခံပြီး လုပ်နေသလဲ။ အဲဒါတွေကို ကျနော်တို့လည်း မမြင်ရတဲ့အတွက်ကြောင့် မှတ်ချက်တွေပေးဖို့ တော်တော်ခက်လိမ့်မယ် ထင်တယ်။
မေး ။ ။ တချိန်တည်းမှာပဲ ပြည်တွင်အင်အားစုကို ဖယ်ပြီးတော့ ပြည်ပက ဖြန်းဖြေပေးနိုင်တဲ့ နိုင်ငံတွေ အထူးသဖြင့် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေပေါ့။ ဒီနိုင်ငံတွေက စေ့စပ်ပေးလာနိုင်တဲ့ အလားအလာ ဆိုရင်တော့ အနောက်နိုင်ငံတွေ ပြောစကားထက် ပိုပြီးတော့ ထိရောက်နိုင်သလားလို့ စဉ်းစားစရာ ဖြစ်မယ်လို့ ထင်ပါတယ်။ ဆရာ ဘယ်လိုသဘောရသလဲ။
ဖြေ ။ ။ အခုဟာက ကုလသမဂ္ဂက ဆုံးဖြတ်ချက်မှာလည်း အဲဒီလို ဖြစ်စဉ်ကိုသွားဖို့ ပြောထားတာကို ကျနော်တို့ တွေ့လိုက်ရတယ်။ ကောင်းတာကတော့ ကုလသမဂ္ဂက ကြားဝင်ပြီး၊ ညှိနှိုင်းလို့ရှိရင်တော့ ကောင်းတယ်။ ဒါပေမဲ့ တချို့ပြဿနာတွေက တော်တော်လေးညှိဖို့ခက်မယ့် ပြဿနာတွေလို့ ထင်တယ်။ ဥပမာအားဖြင့် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ဘက်က သူ တပ်မတော်မှာ ဆက်ပြီးတော့ တာဝန်ထမ်းဆောင်လို့ရအောင် ကာလုံကတဆင့်၊ သမ္မတက အတည်ပြုပေးဖို့ဆိုတဲ့ တောင်းဆိုချက်မျိုး။ ဒါမျိုးကတော့ ခက်လိမ့်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ICJ ခေတ်ကာလမှာ ဒါက မြန်မာနိုင်ငံကနေ တရားခံလို့ စွပ်စွဲထားတဲ့ ကိစ္စတခု။ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးတခုလုံးကို အတည်ပြုပေးလိုက်သလို ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်၊ တိုင်းပြည်ကို ချောက်ထဲဆွဲခေါ်သွားသလို ဖြစ်နိုင်တာကြောင့်၊ ခက်ခဲလိမ့်မယ်ထင်တယ်။ အဲဒီလိုပဲ အလားတူ ဘယ်လို ရာထူးမျိုးကိုပဲ ခန့်ဖို့ တောင်းဆိုတောင်းဆို ခက်လိမ့်မယ်လို့ ကျနော်ထင်တယ်။ သို့သော် ဖွဲ့စည်းပုံအရ ပေးထားတဲ့ ဒုတိယသမ္မတလိုမျိုး ယူလိုက်မယ်ဆိုရင်တော့ ဒါက ကျနော်တို့ ပြည်သူအနေနဲ့၊ တိုင်းပြည်အနေနဲ့ ခန့်တာလည်း မဟုတ်ဘူး။ အစကတည်းက တပ်မတော်က လုပ်ထားပြီးသာ ဖြစ်တဲ့အတွက်ကြောင့် ဒါက အသက်သာဆုံး ဖြစ်မယ်ထင်တယ်။
မေး ။ ။ အခြေအနေကတော့ သူတို့တနည်းနည်းနဲ့ နှစ်ဘက်ပြေလည်မှု မရနိုင်ဘူး ဆိုရင်တော့ ပြည်သူကလည်း တအုံနွေးနွေးနဲ့ ကာလတာရှည်သွားအုံးမှာပဲ။ နောက်မျိုးဆက် Generation တွေ မျိုးဆက်တခုလောက်ကတော့။
ဖြေ ။ ။ တအုံနွေးနွေးတော့ မဟုတ်ဘူး။ ပိုပြီးတော့ ဆိုးသွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်နဲ့ အမျိုးသားရေးအစွန်းရောက်၊ လက်ယျာအစွန်းရောက် အုပ်စုတွေပေါင်းသွားတာဟာ ကမ္ဘာပြည်မှာ ဘယ်တိုင်းပြည်မှ အကောင်းဘက်ကို မရောက်ဘူး။ ဖိနှိပ်မှုတွေက ပြင်းထန်သမျှ ပြင်းထန်တဲ့နေရာကိုပဲ ရောက်တယ်။ အခုကိုပဲ စပြီးမြင်နေရတယ်။ ပြန်ကြားရေးဌာနရဲ့ လုပ်ကိုင်ပုံတွေ၊ ပြီးတော့ ဥပဒေတွေကို ပြောင်းလဲလိုက်တာတွေ။ ဆန္ဒပြရုံနဲ့ နှစ် (၂၀) ဆိုတာက တနှစ်ပဲ တာဝန်ယူပါမယ်ဆိုတာကို ပြောထားတာကို ပြန်ပြီးချေဖျက်လိုက်သလို။ ကျနော်တို့ စမြင်နေရပြီ။
မေး ။ ။ နောက် CDM လို့ခေါ်တဲ့ အရပ်ဘက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကရော ဘယ်လောက်ထိ အဓွန့်ရှည်နိုင်မလဲ။ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ။ သိပ်ကြာလာရင် သူတို့ကော လက်ပန်းကျသွားနိုင်သလား ဆိုတာလဲ စဉ်းစားစရာ ဖြစ်မယ်ထင်တယ်။
ဖြေ ။ ။ ခေါင်းဆောင်တွေကိုယ်တိုင်ကလည်း စဉ်းစားပြီးသား ဖြစ်မှာပါ။ ဥပမာ အခု ဒီဟာကို ဦးဆောင်လုပ်နေကြတဲ့ ဆရာဇော်ဝေစိုးတို့ကလည်း ဆရာဝန်ကြီးတွေပါ။ ပညာတတ်ကြီးတွေပါ။ စီမံခန့်ခွဲမှုမှာ ကြီးကြီးမားမား နေရာယူခဲ့ကြတဲ့ လူတွေဖြစ်တဲ့အတွက်ကြောင့် သူတို့လည်း ဆရာမေးတဲ့မေးခွန်းကို စဉ်းစားပြီးသား ရှိလိမ့်မယ်လို့ထင်တယ်။ စိန်ခေါ်ချက်ပါပဲ။ ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ စကားလိုပဲ လူတိုင်းလူတိုင်းက ရုန်းထွက်နေရတဲ့သဘောမျိုးပဲ။ လူတိုင်း အားထုတ်ဖို့လိုတယ်။ အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်။ ဒါကြောင့် အားပြိုင်မှုဟာ အခုဆက်လျှက်သွားနေတုန်းပဲ။ ရလဒ် ဘယ်လိုရမလဲဆိုတာကို ကျနော်တို့ မပြောနိုင်သေးပါဘူး။