(Zawgyi/Unicode)
.........................
(Unicode)
စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေသူ မရှားယမုံနှင့် ဆက်သွယ်မေးမြန်းချက်
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်ကောင်စီကို ကန့်ကွက်တဲ့ လှုပ်ရှားမှုမှာ ပြည်သူအားလုံး တညီတညွတ်ထဲပါဝင်ရင် အောင်မြင်မှုရမှာ သေချာတယ်လို့ ဆန္ဒပြပွဲတွေမှာ ကိုယ်တိုင်ပါဝင်နေတဲ့ တက်ကြွလှုပ်ရှား လူငယ်တစ်ဦးဖြစ်သူ မရှားယမုံက ဗွီအိုအေကိုပြောပါတယ်။
နိုင်ငံတကာမှာရှိနေတဲ့ မြန်မာနွယ်ဖွားတွေ အားပေး ဝန်းရံနေကြတာကို ကျေးဇူးတင်သလို ဒီ့ထက်ပိုပြီးတော့ ကြိုးစားလုပ်ဆောင်ပေးကြဖို့လည်း သူကတိုက်တွန်းပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။