သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံရုံးဝန်ထမ်းနဲ့ မိသားစုဝင်တွေ ဆန္ဒအလျောက် မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ရန်ကုန်အမေရိကန်သံရုံး ခွင့်ပြု


ရန်ကုန်ရှိ အမေရိကန်သံရုံး
ရန်ကုန်ရှိ အမေရိကန်သံရုံး

(Zawgyi/Unicode)

အရေးပေါ်တာဝန်မယူထားတဲ့ အမေရိကန်အစိုးရ ဝန်ထမ်းတွေ၊ မိသားစုတွေအနေနဲ့ သံရုံးကနေ ဆန္ဒအလျောက် ထွက်ခွာကြဖို့ ခွင့်ပြုလိုက်ကြောင်း ရန်ကုန်အမေရိကန်သံရုံးက ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့ တနင်္လာနေ့က သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ ရက်စွဲနဲ့ ဒီခွင့်ပြုချက် ချမှတ်လိုက်တာဖြစ်တယ်လို့ ရန်ကုန်အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအလားအလာမြင့်တက်လာနေတာ၊ ဆက်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေ ဆက်လက်ရှိနေတာအပြင် မြန်မာနိုင်ငံရဲ့ ပြင်ပ လေယာဉ်ပျံသန်းမှု အကန့်အသတ်တွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံသားအားလုံးကို သံရုံးက သတိပေးထားပါတယ်။ရန်ကုန် အမေရိကန်သံရုံးကိုတော့ ဆက်လက်ဖွင့်ထားဆဲ ဖြစ်တယ်လို့ သံရုံးကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပြည်တွင်း မငြိမ်သက်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံကို ခရီးမသွားဖို့ အဆင့် (၄) အထိ တိုးမြှင့်သတ်မှတ်ကြောင်း

ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဌာနကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ခရီးသွားလာမှု သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရအဖွဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး အင်အားသုံးဖယ်ရှားခဲ့တာကြောင့် တနိုင်ငံလုံးဆန္ဒပြမှုတွေနဲ့ စစ်အုပ်ချုပ်ရေး ဆန့်ကျင်လှုပ်ရှားမှုတွေဖြစ်ပေါ်ခဲ့ပြီး ဆက်လက်ဖြစ်နိုင်ချေရှိနေတယ်လို့ ရန်ကုန်အမေရိကန်သံရုံးကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

.........


(Unicode)






XS
SM
MD
LG