သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ CDM လႈပ္ရွားမႈနဲ႔ ဆႏၵျပသူေတြကုိ ေထာက္ခံေၾကာင္း ရန္ကုန္ ကန္သံ႐ုံးေျပာ


ရန္ကုန္ၿမိဳ႕၊ အေမရိကန္သံ႐ုံးေရွ႕တြင္ ဆႏၵျပၾကသူမ်ား။ (ေဖေဖာ္ဝါရီ ၁၃၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္အုပ္ခ်ဳပ္ေရးအဖဲြ႔နဲ႔ ပူးေပါင္းပတ္သက္ျခင္း မလုပ္ဖို႔ CDM လႈပ္ရွားမႈေတြ၊ ဆႏၵျပမႈေတြ လုပ္ၿပီး စစ္တပ္က အာဏာသိမ္းတာကို မေက်နပ္ဘဲ ဒီမိုကေရစီလိုလားေၾကာင္း ျပသေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြနဲ႔အတူ အေမရိကန္ဘက္ကလည္း ရပ္တည္ေနတယ္လို႔ ျမန္မာႏုိင္ငံ အေမရိကန္သံ႐ုံးက ေဖေဖာ္ဝါရီလ ၁၃ ရက္ စေနေန႔မွာ တြစ္တာကေန ေျပာၾကားခဲ့ပါတယ္။

အေမရိကန္သံ႐ုံးေရွ႕မွာ စေနေန႔က လာေရာက္ဆႏၵျပသူေတြထဲမွာ သံယာေတာ္ေတြပါ ပါဝင္လာတာပါ။ ရာဂဏန္းေလာက္ရွိတဲ့ သံယာေတာ္ေတြဟာ သာသနာ့အလံေတြ ကိုင္ေဆာင္ၿပီး စစ္အာဏာရွင္ကို အလိုမရွိေၾကာင္း ေဖာ္ျပထားတဲ့ စာတန္းေတြ၊ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတႀကီး ဦးဝင္းျမင့္တို႔ကုိ ခ်က္ခ်င္းလႊတ္ေပးဖို႔ စာတန္းေတြ ကိုင္ေဆာင္ၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

“ဦးဇင္းတို႔က ပုဂၢိဳလ္တဦးတေယာက္အတြက္ မဟုတ္ဘူး။ အဖြဲ႔အစည္းတခု လက္ေအာက္ကလည္း မဟုတ္ဘူး။ ဒါေၾကာင့္ ဦးဇင္းတို႔ ဘယ္အဖြဲ႔အစည္းရဲ႕ အလံမွလည္း မကိုင္ဘူး၊ ဘယ္ပါတီအလံမွလည္း မကိုင္ဘူး။ သာသနာ့အလံပဲ ကိုင္တယ္။ ဦးဇင္းတို႔ ေျပာခ်င္တာကေတာ့ ႏိုင္ငံကို အျမန္္ဆံုး အာဏာရွင္စနစ္ လက္က လြတ္ေျမာက္ေစခ်င္တယ္။ ၿငိမ္းခ်မ္းေစခ်င္တယ္။ တိုးတက္ေစခ်င္တယ္။ ၂၀၁၀ မတိုင္ခင္က အေမွာင္ေခတ္ကို ျပန္မေရာက္ေစခ်င္ဘူး။ အဓိကကေတာ့ ျမန္မာျပည္ ၿငိမ္းခ်မ္းေရးကို လိုလားသလို စစ္အာဏာရွင္စနစ္ကို ဦးဇင္းတို႔ သေဘာမတူလို႔ ဆႏၵျပတာပါ။”

ၿငိမ္းခ်မ္းေရး သံယာ့သမဂၢက အရွင္ဝိစိတၱ လကၤာရက မိန္႔ၾကားသြားတာပါ။

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတာကို ျမန္မာျပည္သူ အမ်ားစုက လက္မခံေၾကာင္းနဲ႔ ျမန္မာႏိုင္ငံ လြတ္ေျမာက္ေရးအတြက္ အကူအညီေတြေပးၾကဖို႔ အေမရိကန္သံ႐ုံးအျပင္ ကုလသမဂၢ႐ုံး၊ တ႐ုတ္စစ္သံ႐ုံးနဲ႔ ဘ႐ူႏိုင္းသံ႐ုံးေတြကိုလည္း ပန္ၾကားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

သံယာေတာ္ေတြအေနနဲ႔ ျမန္မာႏုိင္ငံသားေတြရဲ႕ CDM လႈပ္ရွားမႈကို ေထာက္ခံမွာျဖစ္ၿပီး ဒီလႈပ္ရွားမႈမွာ ပါဝင္သူေတြကိုလည္း အကူအညီေပးမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

မြန်မာ့ CDM လှုပ်ရှားမှုနဲ့ ဆန္ဒပြသူတွေကို ထောက်ခံကြောင်း ရန်ကုန် ကန်သံရုံးပြော

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းပတ်သက်ခြင်း မလုပ်ဖို့ CDM လှုပ်ရှားမှုတွေ၊ ဆန္ဒပြမှုတွေ လုပ်ပြီး စစ်တပ်က အာဏာသိမ်းတာကို မကျေနပ်ဘဲ ဒီမိုကရေစီလိုလားကြောင်း ပြသနေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ အမေရိကန်ဘက်ကလည်း ရပ်တည်နေတယ်လို့ မြန်မာနိုင်ငံ အမေရိကန်သံရုံးက ဖေဖော်ဝါရီလ ၁၃ ရက် စနေနေ့မှာ တွစ်တာကနေ ပြောကြားခဲ့ပါတယ်။

အမေရိကန်သံရုံးရှေ့မှာ စနေနေ့က လာရောက်ဆန္ဒပြသူတွေထဲမှာ သံယာတော်တွေပါ ပါဝင်လာတာပါ။ ရာဂဏန်းလောက်ရှိတဲ့ သံယာတော်တွေဟာ သာသနာ့အလံတွေ ကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဖော်ပြထားတဲ့ စာတန်းတွေ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ကို ချက်ချင်းလွှတ်ပေးဖို့ စာတန်းတွေ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

“ဦးဇင်းတို့က ပုဂ္ဂိုလ်တဦးတယောက်အတွက် မဟုတ်ဘူး။ အဖွဲ့အစည်းတခု လက်အောက်ကလည်း မဟုတ်ဘူး။ ဒါကြောင့် ဦးဇင်းတို့ ဘယ်အဖွဲ့အစည်းရဲ့ အလံမှလည်း မကိုင်ဘူး၊ ဘယ်ပါတီအလံမှလည်း မကိုင်ဘူး။ သာသနာ့အလံပဲ ကိုင်တယ်။ ဦးဇင်းတို့ ပြောချင်တာကတော့ နိုင်ငံကို အမြန်ဆုံး အာဏာရှင်စနစ် လက်က လွတ်မြောက်စေချင်တယ်။ ငြိမ်းချမ်းစေချင်တယ်။ တိုးတက်စေချင်တယ်။ ၂၀၁၀ မတိုင်ခင်က အမှောင်ခေတ်ကို ပြန်မရောက်စေချင်ဘူး။ အဓိကကတော့ မြန်မာပြည် ငြိမ်းချမ်းရေးကို လိုလားသလို စစ်အာဏာရှင်စနစ်ကို ဦးဇင်းတို့ သဘောမတူလို့ ဆန္ဒပြတာပါ။”

ငြိမ်းချမ်းရေး သံယာ့သမဂ္ဂက အရှင်ဝိစိတ္တ လင်္ကာရက မိန့်ကြားသွားတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို မြန်မာပြည်သူ အများစုက လက်မခံကြောင်းနဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် အကူအညီတွေပေးကြဖို့ အမေရိကန်သံရုံးအပြင် ကုလသမဂ္ဂရုံး၊ တရုတ်စစ်သံရုံးနဲ့ ဘရူနိုင်းသံရုံးတွေကိုလည်း ပန်ကြားမှာဖြစ်ကြောင်း ပြောပါတယ်။

သံယာတော်တွေအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ CDM လှုပ်ရှားမှုကို ထောက်ခံမှာဖြစ်ပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေကိုလည်း အကူအညီပေးမှာ ဖြစ်ကြောင်း ပြောပါတယ်။

XS
SM
MD
LG