သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံသားမ်ားရဲ႕ ပုဂၢဳိလ္ေရးဆုိင္ရာ လြတ္လပ္မႈနဲ႔ လုံၿခံဳမႈဥပေဒေတြ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ ဖ်က္သိမ္း


[ Zawgyi/ Unicode ]

ျမန္မာနိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က အာဏာသိမ္းလိုက္တဲ့ ျမန္မာစစ္တပ္က နိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာ လုံျခဳံမႈကို ကာကြယ္ေပးေရး ဥပေဒကို ျပင္ဆင္တယ္ဆိုၿပီး အမိန္႔ဥပေဒတစ္ရပ္ ထုတ္ျပန္လိုက္ပါတယ္။

ေဖေဖာ္ဝါရီ ၁၃ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ အဲဒီ ဥပေဒအရ ျမန္မာနိုင္ငံသားေတြရဲ့ ပုဂၢိဳလ္ေရး လြတ္လပ္ခြင့္ကို အကာအကြယ္ေပးထားတဲ့ ျပဌာန္းခ်က္ေတြကို ရပ္ဆိုင္းထားရမယ္လို႔ ဆိုပါတယ္။

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပသူေတြကို နိုင္ငံအႏွံ့ ညဥ့္နက္ပိုင္းေတြမွာ လိုက္လံ ဖမ္းဆီးေနတဲ့ သတင္းေတြ ထြက္ေပၚေန ခ်ိန္မွာ ဒီ ဥပေဒကို ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ရဲ့ အမိန္႔နဲ႔ ထုတ္ျပန္လိုက္တာလည္း ျဖစ္ပါတယ္။

စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ထုတ္ျပန္ခ်က္မွာ ျမန္မာနိုင္ငံသားေတြရဲ့ ပုဂၢိဳလ္ေရး လြတ္လပ္ခြင့္ကို အကာအကြယ္ေပးေရး ဥပေဒ ပုဒ္မ ၅၊ ပုဒ္မ ၇ နဲ႔ ပုဒ္မ ၈ တို႔ကို ရပ္ဆိုင္းထားရမွာ ျဖစ္ေၾကာင္း ေဖာ္ထားပါတယ္။အေျခခံ ဥပေဒ ပုဒ္မ ၄၂၀ အရ အခုလို နိုင္ငံသားေတြကို ေပးထားတဲ့ အခြင့္အေရးကို ႐ုပ္သိမ္းတာလို႔လည္း ေျပာပါတယ္။

ျမန္မာနိုင္ငံသားေတြရဲ့ ပုဂၢိဳလ္ေရး လြတ္လပ္ခြင့္ကို အကာအကြယ္ေပးေရး ဥပေဒ ပုဒ္မ ၅ အရ နိုင္ငံသား တစ္ဦးတစ္ေယာက္ရဲ့ အိမ္အတြင္း ဝင္ေရာက္ရွိေဖြတာနဲ႔ ဖမ္းဆီးတာ လုပ္ရင္ ရပ္ကြက္ေက်းရြာ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြက တာဝန္ရွိသူ အနည္းဆုံး ႏွစ္ဦး သက္ေသအျဖစ္ လိုက္ပါဖို႔ လိုအပ္ပါတယ္။

ပုဒ္မ ၇ အရ တရား႐ုံးရဲ့ ခြင့္ျပဳခ်က္ မရွိဘဲ နိုင္ငံသား တစ္ဦးကို ၂၄ နာရီထက္ ေက်ာ္ၿပီး ဖမ္းဆီးထားခြင့္ မရွိသလို ပုဒ္မ ၈ အရေတာ့ တည္ဆဲ ဥပေဒနဲ႔အညီ ခြင့္ျပဳမိန္႔ ခြင့္ျပဳခ်က္နဲ႔ ဝရမ္းေတြ မပါရွိဘဲ နိုင္ငံသားတစ္ဦးရဲ အိမ္ထဲ ဝင္ေရာက္ၿပီး ပစၥည္း ရွာေဖြ သိမ္းဆည္း တာနဲ႔ လူကို ဖမ္းဆီးတာေတြ မလုပ္နိုင္ပါဘူး။

နိုင္ငံသားေတြရဲ့ ပုဂၢလိက လြတ္လပ္မႈနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ လုံျခဳံမႈ privacy ကို အကာအကြယ္ေပးဖို႔ေရးအတြက္ နိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာ လုံျခဳံမႈမ်ားကို ကာကြယ္ေပးေရး ဥပေဒကို ျပဌာန္းရတာလို႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ ခ်ဳပ္ NLD အစိုး ရလက္ထက္၂၀၁၇ ခုႏွစ္ မတ္လ ၈ ရက္ေန႔မွာျပည္ေထာင္စု လႊတ္ေတာ္ကေန ျပဌာန္းထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


= = = = = =

[ Unicode ]


မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းလိုက်တဲ့ မြန်မာစစ်တပ်က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်တယ်ဆိုပြီး အမိန့်ဥပဒေတစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီ ဥပဒေအရ မြန်မာနိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို အကာအကွယ်ပေးထားတဲ့ ပြဌာန်းချက်တွေကို ရပ်ဆိုင်းထားရမယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို နိုင်ငံအနှံ့ ညဉ့်နက်ပိုင်းတွေမှာ လိုက်လံ ဖမ်းဆီးနေတဲ့ သတင်းတွေ ထွက်ပေါ်နေ ချိန်မှာ ဒီ ဥပဒေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၅၊ ပုဒ်မ ရ နဲ့ ပုဒ်မ ၈ တို့ကို ရပ်ဆိုင်းထားရမှာ ဖြစ်ကြောင်း ဖော်ထားပါတယ်။အခြေခံ ဥပဒေ ပုဒ်မ ၄၂၀ အရ အခုလို နိုင်ငံသားတွေကို ပေးထားတဲ့ အခွင့်အရေးကို ရုပ်သိမ်းတာလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၅ အရ နိုင်ငံသား တစ်ဦးတစ်ယောက်ရဲ့ အိမ်အတွင်း ဝင်ရောက်ရှိဖွေတာနဲ့ ဖမ်းဆီးတာ လုပ်ရင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေက တာဝန်ရှိသူ အနည်းဆုံး နှစ်ဦး သက်သေအဖြစ် လိုက်ပါဖို့ လိုအပ်ပါတယ်။

ပုဒ်မ ရ အရ တရားရုံးရဲ့ ခွင့်ပြုချက် မရှိဘဲ နိုင်ငံသား တစ်ဦးကို ၂၄ နာရီထက် ကျော်ပြီး ဖမ်းဆီးထားခွင့် မရှိသလို ပုဒ်မ ၈ အရတော့ တည်ဆဲ ဥပဒေနဲ့အညီ ခွင့်ပြုမိန့် ခွင့်ပြုချက်နဲ့ ဝရမ်းတွေ မပါရှိဘဲ နိုင်ငံသားတစ်ဦးရဲ အိမ်ထဲ ဝင်ရောက်ပြီး ပစ္စည်း ရှာဖွေ သိမ်းဆည်း တာနဲ့ လူကို ဖမ်းဆီးတာတွေ မလုပ်နိုင်ပါဘူး။

နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု privacy ကို အကာအကွယ်ပေးဖို့ရေးအတွက် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုများကို ကာကွယ်ပေးရေး ဥပဒေကို ပြဌာန်းရတာလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD အစိုး ရလက်ထက်၂၀၁၇ ခုနှစ် မတ်လ ၈ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်ကနေ ပြဌာန်းထားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG