(Zawgyi / Unicode)
ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းယူၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္ အပါအဝင္ ႏုိင္ငံေရးေခါင္းေဆာင္ေတြ၊ တက္ႂကြလႈပ္ရွားသူေတြနဲ႔ ေရြးေကာက္ပြဲ တာဝန္ရွိသူေတြကို ဖမ္းဆီးေနတာ သီတင္းႏွစ္ပတ္ထဲ ေရာက္လာခ်ိန္မွာပဲ ဖမ္းဆီးႏုိင္ျခင္း မရွိေသးတဲ့ လူသိမ်ားတဲ့ လႈပ္ရွားတက္ႂကြသူတခ်ိဳ႕ကို မေန႔တုန္းက ျမန္မာစစ္တပ္က တရားစြဲဆို ဖမ္းဆီးမိန္႔ ထုတ္ျပန္လိုက္ပါတယ္။
ဒီေက်ာ္ၾကားသူေတြက ဆိုရွယ္မီဒီယာနဲ႔ လူမႈကြန္ရက္ေတြကို အသုံးျပဳၿပီး ႏုိင္ငံေတာ္ၿငိမ္ဝပ္ပိျပားေရးကို ထိခိုက္ေစတဲ့ ေရးသား ေျပာဆိုခ်က္ေတြကို လုပ္ေဆာင္ေနတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ စြပ္စြဲေဖာ္ျပထားပါတယ္။
ဒီေၾကညာခ်က္အရ ၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ေတြျဖစ္တဲ့ ကိုမင္းကိုႏုိင္နဲ႔ ကိုဂ်င္မီတို႔ အပါအဝင္ စုစုေပါင္း ၇ ေယာက္ကို ဖမ္းဝရမ္း ထုတ္လိုက္တာ ျဖစ္ပါတယ္။
သူတို႔တေတြဟာ လူသိမ်ားတဲ့ အခြင့္အေရးကို အသုံးခ်ၿပီး လူမႈကြန္ရက္ေတြေပၚကေန ဆူပူဆႏၵျပမႈေတြ ေပၚေပါက္လာေအာင္ လႈံ႔ေဆာ္ေနတယ္လို႔လည္း စြပ္စြဲထားပါတယ္။ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ) နဲ႔ ဖမ္းဝရမ္းထုတ္တာလို႔ MRTV က မေန႔ညက ေၾကညာထားပါတယ္။
-----------------------
(Unicode)
ကိုမင်းကိုနိုင် အပါအဝင် ဆန္ဒပြခေါင်းဆောင်တချို့ကို ဖမ်းဝရမ်းထုတ်
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေကို ဖမ်းဆီးနေတာ သီတင်းနှစ်ပတ်ထဲ ရောက်လာချိန်မှာပဲ ဖမ်းဆီးနိုင်ခြင်း မရှိသေးတဲ့ လူသိများတဲ့ လှုပ်ရှားတက်ကြွသူတချို့ကို မနေ့တုန်းက မြန်မာစစ်တပ်က တရားစွဲဆို ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်ပါတယ်။
ဒီကျော်ကြားသူတွေက ဆိုရှယ်မီဒီယာနဲ့ လူမှုကွန်ရက်တွေကို အသုံးပြုပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေတဲ့ ရေးသား ပြောဆိုချက်တွေကို လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ စွပ်စွဲဖော်ပြထားပါတယ်။
ဒီကြေညာချက်အရ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ အပါအဝင် စုစုပေါင်း ၇ ယောက်ကို ဖမ်းဝရမ်း ထုတ်လိုက်တာ ဖြစ်ပါတယ်။
သူတို့တတွေဟာ လူသိများတဲ့ အခွင့်အရေးကို အသုံးချပြီး လူမှုကွန်ရက်တွေပေါ်ကနေ ဆူပူဆန္ဒပြမှုတွေ ပေါ်ပေါက်လာအောင် လှုံ့ဆော်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဝရမ်းထုတ်တာလို့ MRTV က မနေ့ညက ကြေညာထားပါတယ်။