သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ညအခ်ိန္မေတာ္ ဖမ္းဆီးမႈေတြအေပၚ ဥပေဒပညာရွင္ရဲ႕ သုံးသပ္ခ်က္


(Zawgyi/Unicode)
စစ္ေကာင္စီက အာဏာယူတာကို ဆက္လက္ ဆန႔္က်င္ ဆႏၵျပေနၾကခ်ိန္မွာဘဲ ညပိုင္းမွာ ရဲတပ္ဖြဲ႔က လိုက္လံ ဖမ္းဆီးေနၿပီး ရပ္ရြာ အသိုင္းအ၀ိုင္းကလည္း အရပ္သားေတြ ဖမ္းဆီး မခံရေရး ၀န္းရံ လႈပ္ရွားေနၾကပါတယ္။ တခ်ိန္တည္းမွာဘဲ ရဲတပ္ဖြဲ႔က ည အခ်ိန္မေတာ္ လာဖမ္းရင္ ဥပေဒေၾကာင္း အရ ေဆာင္ရန္ ေရွာင္ရန္ေတြကိုလည္း လူမႈကြန္ယက္ေတြကေန ျဖန္႔ေ၀ လႈပ္ရွားေနၾကပါတယ္။ ရဲဘက္ အရပ္ဘက္ ဥပေဒေၾကာင္း အရ လိုက္နာ ရမယ့္ အခ်က္ေတြကို တရားလႊတ္ေတာ္ ေရွ႕ေန ဦးသန္းေဇာ္ေအာင္ကို ဆက္သြယ္ေမးျမန္းတာမွာေတာ့ မွတ္တမ္း ရိုက္ယူထားမႈက တရားရံုးမွာ သက္ေသ အျဖစ္ တင္သြင္းႏုိင္တဲ႔ အေၾကာင္း စၿပီး ရွင္းျပပါတယ္။

တရားလႊတ္ေတာ္ ေရွ႕ေန ဦးသန္းေဇာ္ေအာင္။ ။ သူတို႔ ေျပာထားတဲ႔ လာဖမ္းတာနဲ႔ Live လႊင့္ပါ ဘာညာ ဆိုတာကေတာ့ Live လႊင့္ျခင္း မလႊင့္ျခင္း ဒီဟာ အေပၚမွာ မေ၀ဖန္လိုဘူး။ သို႔ေသာ္ ဒီ ဗီြဒီယို ရိုက္ထားတာေတြ၊ ဒီ အသံဖိုင္ မွတ္တမ္းေတြကေတာ့ တခ်ိန္က်ရင္ တရားရံုးမွာ Electronic Document (မွတ္တမ္း) အေနနဲ႔ သက္ေသခံ ၀င္ႏုိင္တယ္။ အဲဒါမ်ိဳး ျဖစ္ႏုိင္တယ္။ အသံုးျပဳလို႔ ရတယ္ေပါ့။ သက္ေသခံ အေနနဲ႔ေပါ့။
ေနာက္တခါ ဒီ ရဲ ဆိုရင္ ဒုရဲအုပ္ အဆင့္မရွိသူ ဖမ္းခြင့္ မရွိဘူးဆိုတာ ဒါကလည္း ရာဇ၀တ္ က်င့္ထံုး အရ မွန္ပါတယ္။ ေနာက္ အမည္ ရာထူး ဘာညာ ဆိုတာ ေမးထားတာေတာ့ ေကာင္းတယ္။ ဘယ္သူ လာဖမ္းသြားတယ္။ ဘယ္သူက ဦးေဆာင္ၿပီးေတာ့ လာဖမ္းသြားတယ္ ဆိုတဲ႔ဟာ။

ေနာက္တခါ ဘာအမႈလဲ၊ ေဆြးေႏြးခ်င္လို႔ပါ ဆိုတဲ႔ ကိစၥေတြက်ေတာ့ တခ်ိဳ႕ လာဖမ္းတဲ႔ ဟာတိုင္းမွာေတာ့ သူတို႔ ဒီလို က်ေနာ္ သိသေလာက္ေတာ့ လာဖမ္းတာ ပုဒ္မ တမ်ိဳး၊ ဥပေဒ အႀကံေပးမွာ ပုဒ္မ တမ်ိဳး၊ တရားခြင္ေရာက္ေတာ့ ပုဒ္မ တမ်ိဳး။ ဒါမ်ိဳးေတြ ျဖစ္ႏုိင္တယ္။ အဲေတာ့ ဘာနဲ႔ လာဖမ္းလဲ ဆိုတာကေတာ့ ဖမ္းတဲ႔လူ ကိုယ္တိုင္ ေတာင္မွဘဲ သိခ်င္မွ သိမယ္။ တရားရံုးေရာက္ရင္လည္း တမ်ိဳး ျဖစ္ႏုိင္တယ္။ တခ်ိဳ႕က ရမန္ ကာလ အတြက္ဆိုၿပီးေတာ့ ပုဒ္မ တခုခု တပ္ၿပီးေတာ့ လာယူတာေပါ့ဗ်ာ။

အဲေတာ့ ေျခဥ ပ်က္ၿပီလားဆိုတဲ႔ ေမးခြန္းက ဒါကေတာ့ ေမးႏုိင္ရင္ေတာ့ ေကာင္းတာေပါ့။ ဒါေပမယ့္ က်ေနာ္ကေတာ့ ဒါကေတာ့ အလုပ္မျဖစ္ဘူးလို႔ ယူဆတယ္။ ဘာလို႔လဲ ဆုိေတာ့ ၂၀၀၉ ခုႏွစ္က ျဖစ္ခဲ႔တာ ႏုိင္ငံေတာ္ အမႈႀကီး မွာ ေတာင္မွဘဲ ၁၉၇၄ ဥပေဒကို မွီျငမ္းၿပီးေတာ့ သက္ေသ လာထြက္ဆိုတာေတြ ရွိတယ္။ ဒါ တရားခြင္မွာ။ အဲဒီ အခါက်ေတာ့ ဒါ ေျခဥ ပ်က္လား မပ်က္လားဆိုတာေတာ့ လာဖမ္းတဲ႔ အာဏာပိုင္ အဖြဲ႔အစည္း အေနနဲ႔ သူတို႔ ေျပာခ်င္လည္း ေျပာမယ္။ မေျပာခ်င္လည္း မေျပာဘူးေပါ့။ ဒါကေတာ့ အေရးမႀကီးဘူးလို႔ က်ေနာ္ ထင္တယ္။

ေနာက္တခါ တခု လြဲေနတဲ႔ အေရးႀကီးတဲ႔ ကိစၥ တခုက ရာဇသတ္ ၉၆ ကို ညႊန္းထားတယ္။ အမွန္ေတာ့ ရာဇသတ္ႀကီး ၉၆ ဆုိတာက ဒီ ကာကြယ္ ခုခံပိုင္ခြင့္ အရ ျပဳလုပ္တဲ႔ ကိစၥေတြကို ေျပာတာ။ ကာကြယ္ ခုခံပိုင္ခြင့္မွာ အဂၤါရပ္ေတြ ရွိတယ္ေနာ္။ ကိုယ့္ကို ေသမလို လုပ္တဲ႔ အခါ၊ နာမလို ဒဏ္ရာ အနာတရ ျဖစ္မလို လုပ္တဲ႔ အခါမ်ိဳးေတြမွာ ဒီဟာ ကာကြယ္ ခုခံပိုင္ခြင့္ သံုးခြင့္ ရွိတယ္။

သို႔ေသာ္ အာဏာပိုင္ အဖြဲ႔က လာၿပီးေတာ့ ဖမ္းတဲ႔ ဟာကို ကိုယ္က ကာကြယ္ ခုခံပိုင္ခြင့္ ရွိပါတယ္ဆိုၿပီး သြားသံုးလို႔ ရွိရင္ ကိုယ္က လက္သီးနဲ႔ထိုး တုတ္ေတြ ဓားေတြနဲ႔ ကာကြယ္ မိမယ္ဆိုရင္ ျပသနာ ႀကီးမယ္။ ရာဇသတ္ႀကီး ၃၅၃ တာ၀န္ ၀တၱရား ေႏွာင့္ယွက္မႈေတြ ဒါေတြက အလြယ္ရွိလိ႔ု ရတဲ႔ဟာ။

ေနာက္တခါ ဒီလို အေျခအေနမ်ိဳးမွာ တကယ္လို႔မ်ား ဖမ္းတာကို လက္နက္ တစံုတရာနဲ႔ ကာကြယ္ ခုခံ မိလို႔ ရွိရင္ အဲဒါက ပစ္တာ ခတ္တာေတြ ျဖစ္ရင္ နစ္နာမွာက ျပည္သူဘဲ နစ္နာမွာ။

သိဂၤ ီထိုက္။ ။ ဆိုေတာ့ ေရးေနၾကတဲ႔ လာဖမ္းရင္ တံခါးဖြင့္ မေပးလဲ ရတယ္ဆိုေတာ့ ဖြင့္ေပးျခင္း မဖြင့္ေပးျခင္းနဲ႔ ပတ္သက္ၿပီးေတာ့ေရာ ဆရာ အႀကံေပးလို႔မ်ား ရပါလား။

တရားလႊတ္ေတာ္ ေရွ႕ေန ဦးသန္းေဇာ္ေအာင္။ ။ ဒီဟာက တာ၀န္ ၀တၱရား ေဆာင္ရြက္တဲ႔ ဒီ အာဏာပိုင္ အဖြဲ႔အစည္းက လုပ္တဲ႔ဟာက ေနာက္ဆံုး သူတို႔မွာ အတင္းအၾကပ္ ဖ်က္ၿပီးေတာ့ ၀င္ပိုင္ခြင့္ေတြ ရွိတယ္ေနာ္ ဥပေဒ ျပဌာန္းခ်က္ေတြ အရ။ အဲလိုမ်ိဳးေတြ ဆိုေတာ့ ဒါကေတာ့ ကိုယ္ ႀကိဳၿပီးေတာ့ သိထားေတာ့ ဥပေဒ သိထားၿပီးေတာ့ ဘယ္လို ကာကြယ္ရင္ေတာ့ လြတ္ေျမာက္မလဲ၊ ဘယ္လိုမ်ိဳး ဆိုရင္ ျဖစ္မလဲ ဆိုတာကေတာ့ ပိုေကာင္းတာေပါ့။ ခုနလို တံခါး မဖြင့္ေပးဘဲ ေနတာတို႔ ဘာတို႔ကေတာ့ ဥပေဒမွာေတာ့ အဲလို ျပဌာန္းထားတာေတာ့ မရွိဘူး ေပါ့ေနာ္။

သိဂၤ ီထိုက္။ ။ ဆရာ ေနာက္တခုက ဆရာလည္း Facebook မွာ ေရးထားတာ ေတြ႔ပါတယ္။ ဒါေတြ ကူညီေပးလို႔ ရတယ္ဆိုေတာ့ အခု ဖမ္းခံထားရတဲ႔ သူေတြကိုေရာ ဥပေဒေၾကာင္း အရ ဆရာတို႔ ဘာမ်ားလုပ္လို႔ ရႏိုင္ပါသလဲ။

တရားလႊတ္ေတာ္ ေရွ႕ေန ဦးသန္းေဇာ္ေအာင္။ ။ က်ေနာ္တို႔ ေရွ႕ေနေတြ အကူအညီေတာင္းလို႔ ရွိရင္ေတာ့ ကူညီေပးလို႔ ရတယ္။ သို႔ေသာ္ က်ေနာ္တို႔ဆီ အကူအညီ ေတာင္းခံမႈ တခ်ိဳ႕ ရွိတယ္။ ရွိတဲ႔ဟာက ဘယ္လိုလဲ ဆိုေတာ့ Third Party (တဆင့္လူ) ေပါ့ဗ်ာ။ အမႈသည္နဲ႔ တိုက္ရိုက္ မဆိုင္ဘဲနဲ႔ ၾကားထဲက ဖုန္းဆက္တာမ်ိဳး က်ေတာ့ က်ေနာ္တို႔ ဘယ္ Source လိုက္လို႔ လိုက္ရမွန္းလည္း မသိဘူးေလ။ အဲဒီေတာ့ တကယ္လို႔မ်ား ျဖစ္တဲ႔ ကာယကံရွင္ မိသားစု၀င္ တေယာက္ေယာက္က အကူအညီ တိုက္ရိုက္ ေတာင္းမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ဘက္က ကူညီႏုိင္တာ ကူညီေပးလို႔ ရပါတယ္။

သိဂၤ ီထိုက္။ ။ ေနာက္ၿပီ ဆရာ အႀကံျပဳထားတာလည္း ရွိပါတယ္။ အရင္ ေဒၚေအာင္ဆန္းစုၾကည္ အစိုးရ လက္ထက္တုန္းက ဥပေဒ ပညာရွင္မ်ားက ဦးေဆာင္ဖို႔ ဆိုၿပီးေတာ့။ ဆိုေတာ့ သူတို႔ဘက္ကေရာ ဘာမ်ား လုပ္ႏုိင္ပါသလဲ ဆရာ အခု ကိစၥေတြမွာ။

တရားလႊတ္ေတာ္ ေရွ႕ေန ဦးသန္းေဇာ္ေအာင္။ ။ အဲဒါက က်ေနာ္ေတာ့ မသိဘူးဗ်။ အန္တီ႔ လက္ထက္မွာ ဒီ ဥပေဒ ေထာက္ကူျပဳ အဖြဲ႔ ဆိုၿပီး ဥပေဒနဲ႔ တကြ ထုတ္ထားတာေပါ့ေနာ္။ ဒီ ၿမိဳ႕နယ္ အဆင့္ကေန ၿပီးေတာ့ ဗဟို အဆင့္ထိ ရွိတယ္။ အဲဒီေတာ့ ၿမိဳ႕နယ္ အဆင့္ကေန ဗဟိုအထိ အဆင့္ဆင့္ေသာ ဥပေဒ ေထာက္ကူျပဳ အဖြဲ႔ေတြက ႀကီးၾကပ္ၿပီးေတာ့ ကူညီမယ္ဆိုရင္ေတာ့ ပိုၿပီးေတာ့ စနစ္တက်နဲ႔ ကူညီေဆာင္ရြက္မႈမ်ိဳး ျဖစ္မယ္လို႔ က်ေနာ္ ယူဆတာေပါ့ေနာ္။

သိဂၤ ီထိုက္။ ။ ဖမ္းခံထားရတဲ႔ သူေတြကိုေရာ မိသားစုက ေတြ႔ခြင့္ ေတာင္းပိုင္ခြင့္ အေျခအေနေရာ အခုအခ်ိန္ႀကီးမွာ ရွိပါသလား ဆရာ။ ေတြ႔လို႔ ရႏုိင္ပါသလား။

တရားလႊတ္ေတာ္ ေရွ႕ေန ဦးသန္းေဇာ္ေအာင္။ ။ အမွန္ အတိုင္း ေျပာရမယ္ဆိုရင္ေတာ့ ဖမ္းထားတယ္ ဆိုတဲ႔ သူေတြနဲ႔ ပတ္သက္ၿပီး ေသခ်ာ ပြင့္ပြင့္လင္းလင္း ေျပာသင့္တာေပါ့ေနာ္။ အနည္းဆံုးေတာ့ မိသားစုကို အနည္းဆံုးေတာ့ က်ေနာ္တို႔ေတာ့ ဘယ္လို ဘယ္လို ေဆာင္ရြက္ထားပါတယ္ ဆိုတာေတာ့ ေျပာသင့္တယ္။ အဲလိုမ်ိဳး စာမလာ သတင္းမၾကား အသံေပ်ာက္ထြက္သြားၿပီးေတာ့ ရက္ရွည္ ဖမ္းထားတယ္ဆိုရင္ ဒါက လူထုရဲ႕ စိုးရိမ္ ေသာက ပိုၿပီးေတာ့ ျဖစ္ေစႏုိင္တယ္။

သိဂၤ ီထိုက္။ ။ ဟုတ္ကဲ႔ရွင့္။ ဒီ ဖမ္းခံထားရသူေတြရဲ႕ မိသားစု၀င္ေတြ ဘက္ကေရာ ေတာင္းဆိုပိုင္ခြင့္ ရွိပါသလားရွင့္။ ဥပေဒ အရေလ။

တရားလႊတ္ေတာ္ ေရွ႕ေန ဦးသန္းေဇာ္ေအာင္။ ။ ဥပေဒ အရ ေတာင္းဆိုခြင့္ ရွိပါတယ္။ ေတာင္းဆိုလို႔ ရပါတယ္။

သိဂၤ ီထိုက္။ ။ ေက်းဇူးတင္ပါတယ္ ဆရာ။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ညအချိန်မတော်ဖမ်းဆီးမှုတွေအပေါ် ဥပဒေပညာရှင်ရဲ့ သုံးသပ်ချက်


စစ်ကောင်စီက အာဏာယူတာကို ဆက်လက် ဆန့်ကျင် ဆန္ဒပြနေကြချိန်မှာဘဲ ညပိုင်းမှာ ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေပြီး ရပ်ရွာ အသိုင်းအဝိုင်းကလည်း အရပ်သားတွေ ဖမ်းဆီး မခံရရေး ဝန်းရံ လှုပ်ရှားနေကြပါတယ်။ တချိန်တည်းမှာဘဲ ရဲတပ်ဖွဲ့က ည အချိန်မတော် လာဖမ်းရင် ဥပဒေကြောင်း အရ ဆောင်ရန် ရှောင်ရန်တွေကိုလည်း လူမှုကွန်ယက်တွေကနေ ဖြန့်ေ၀ လှုပ်ရှားနေကြပါတယ်။ ရဲဘက် အရပ်ဘက် ဥပဒေကြောင်း အရ လိုက်နာ ရမယ့် အချက်တွေကို တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်ကို ဆက်သွယ်မေးမြန်းတာမှာတော့ မှတ်တမ်း ရိုက်ယူထားမှုက တရားရုံးမှာ သက်သေ အဖြစ် တင်သွင်းနိုင်တဲ့ အကြောင်း စပြီး ရှင်းပြပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်။ ။ သူတို့ ပြောထားတဲ့ လာဖမ်းတာနဲ့ Live လွှင့်ပါ ဘာညာ ဆိုတာကတော့ Live လွှင့်ခြင်း မလွှင့်ခြင်း ဒီဟာ အပေါ်မှာ မဝေဖန်လိုဘူး။ သို့သော် ဒီ ဗွီဒီယို ရိုက်ထားတာတွေ၊ ဒီ အသံဖိုင် မှတ်တမ်းတွေကတော့ တချိန်ကျရင် တရားရုံးမှာ Electronic Document (မှတ်တမ်း) အနေနဲ့ သက်သေခံ ဝင်နိုင်တယ်။ အဲဒါမျိုး ဖြစ်နိုင်တယ်။ အသုံးပြုလို့ ရတယ်ပေါ့။ သက်သေခံ အနေနဲ့ပေါ့။

နောက်တခါ ဒီ ရဲ ဆိုရင် ဒုရဲအုပ် အဆင့်မရှိသူ ဖမ်းခွင့် မရှိဘူးဆိုတာ ဒါကလည်း ရာဇဝတ် ကျင့်ထုံး အရ မှန်ပါတယ်။ နောက် အမည် ရာထူး ဘာညာ ဆိုတာ မေးထားတာတော့ ကောင်းတယ်။ ဘယ်သူ လာဖမ်းသွားတယ်။ ဘယ်သူက ဦးဆောင်ပြီးတော့ လာဖမ်းသွားတယ် ဆိုတဲ့ဟာ။

နောက်တခါ ဘာအမှုလဲ၊ ဆွေးနွေးချင်လို့ပါ ဆိုတဲ့ ကိစ္စတွေကျတော့ တချို့ လာဖမ်းတဲ့ ဟာတိုင်းမှာတော့ သူတို့ ဒီလို ကျနော် သိသလောက်တော့ လာဖမ်းတာ ပုဒ်မ တမျိုး၊ ဥပဒေ အကြံပေးမှာ ပုဒ်မ တမျိုး၊ တရားခွင်ရောက်တော့ ပုဒ်မ တမျိုး။ ဒါမျိုးတွေ ဖြစ်နိုင်တယ်။ အဲတော့ ဘာနဲ့ လာဖမ်းလဲ ဆိုတာကတော့ ဖမ်းတဲ့လူ ကိုယ်တိုင် တောင်မှဘဲ သိချင်မှ သိမယ်။ တရားရုံးရောက်ရင်လည်း တမျိုး ဖြစ်နိုင်တယ်။ တချို့က ရမန် ကာလ အတွက်ဆိုပြီးတော့ ပုဒ်မ တခုခု တပ်ပြီးတော့ လာယူတာပေါ့ဗျာ။

အဲတော့ ခြေဥ ပျက်ပြီလားဆိုတဲ့ မေးခွန်းက ဒါကတော့ မေးနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ကျနော်ကတော့ ဒါကတော့ အလုပ်မဖြစ်ဘူးလို့ ယူဆတယ်။ ဘာလို့လဲ ဆိုတော့ ၂၀၀၉ ခုနှစ်က ဖြစ်ခဲ့တာ နိုင်ငံတော် အမှုကြီး မှာ တောင်မှဘဲ ၁၉၇၄ ဥပဒေကို မှီငြမ်းပြီးတော့ သက်သေ လာထွက်ဆိုတာတွေ ရှိတယ်။ ဒါ တရားခွင်မှာ။ အဲဒီ အခါကျတော့ ဒါ ခြေဥ ပျက်လား မပျက်လားဆိုတာတော့ လာဖမ်းတဲ့ အာဏာပိုင် အဖွဲ့အစည်း အနေနဲ့ သူတို့ ပြောချင်လည်း ပြောမယ်။ မပြောချင်လည်း မပြောဘူးပေါ့။ ဒါကတော့ အရေးမကြီးဘူးလို့ ကျနော် ထင်တယ်။

နောက်တခါ တခု လွဲနေတဲ့ အရေးကြီးတဲ့ ကိစ္စ တခုက ရာဇသတ် ၉၆ ကို ညွှန်းထားတယ်။ အမှန်တော့ ရာဇသတ်ကြီး ၉၆ ဆိုတာက ဒီ ကာကွယ် ခုခံပိုင်ခွင့် အရ ပြုလုပ်တဲ့ ကိစ္စတွေကို ပြောတာ။ ကာကွယ် ခုခံပိုင်ခွင့်မှာ အင်္ဂါရပ်တွေ ရှိတယ်နော်။ ကိုယ့်ကို သေမလို လုပ်တဲ့ အခါ၊ နာမလို ဒဏ်ရာ အနာတရ ဖြစ်မလို လုပ်တဲ့ အခါမျိုးတွေမှာ ဒီဟာ ကာကွယ် ခုခံပိုင်ခွင့် သုံးခွင့် ရှိတယ်။

သို့သော် အာဏာပိုင် အဖွဲ့က လာပြီးတော့ ဖမ်းတဲ့ ဟာကို ကိုယ်က ကာကွယ် ခုခံပိုင်ခွင့် ရှိပါတယ်ဆိုပြီး သွားသုံးလို့ ရှိရင် ကိုယ်က လက်သီးနဲ့ထိုး တုတ်တွေ ဓားတွေနဲ့ ကာကွယ် မိမယ်ဆိုရင် ပြသနာ ကြီးမယ်။ ရာဇသတ်ကြီး ၃၅၃ တာဝန် ဝတ္တရား နှောင့်ယှက်မှုတွေ ဒါတွေက အလွယ်ရှိလိ့ု ရတဲ့ဟာ။
နောက်တခါ ဒီလို အခြေအနေမျိုးမှာ တကယ်လို့များ ဖမ်းတာကို လက်နက် တစုံတရာနဲ့ ကာကွယ် ခုခံ မိလို့ ရှိရင် အဲဒါက ပစ်တာ ခတ်တာတွေ ဖြစ်ရင် နစ်နာမှာက ပြည်သူဘဲ နစ်နာမှာ။

သိင်္ဂ ီထိုက်။ ။ ဆိုတော့ ရေးနေကြတဲ့ လာဖမ်းရင် တံခါးဖွင့် မပေးလဲ ရတယ်ဆိုတော့ ဖွင့်ပေးခြင်း မဖွင့်ပေးခြင်းနဲ့ ပတ်သက်ပြီးတော့ရော ဆရာ အကြံပေးလို့များ ရပါလား။

တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်။ ။ ဒီဟာက တာဝန် ဝတ္တရား ဆောင်ရွက်တဲ့ ဒီ အာဏာပိုင် အဖွဲ့အစည်းက လုပ်တဲ့ဟာက နောက်ဆုံး သူတို့မှာ အတင်းအကြပ် ဖျက်ပြီးတော့ ဝင်ပိုင်ခွင့်တွေ ရှိတယ်နော် ဥပဒေ ပြဌာန်းချက်တွေ အရ။ အဲလိုမျိုးတွေ ဆိုတော့ ဒါကတော့ ကိုယ် ကြိုပြီးတော့ သိထားတော့ ဥပဒေ သိထားပြီးတော့ ဘယ်လို ကာကွယ်ရင်တော့ လွတ်မြောက်မလဲ၊ ဘယ်လိုမျိုး ဆိုရင် ဖြစ်မလဲ ဆိုတာကတော့ ပိုကောင်းတာပေါ့။ ခုနလို တံခါး မဖွင့်ပေးဘဲ နေတာတို့ ဘာတို့ကတော့ ဥပဒေမှာတော့ အဲလို ပြဌာန်းထားတာတော့ မရှိဘူး ပေါ့နော်။

သိင်္ဂ ီထိုက်။ ။ ဆရာ နောက်တခုက ဆရာလည်း Facebook မှာ ရေးထားတာ တွေ့ပါတယ်။ ဒါတွေ ကူညီပေးလို့ ရတယ်ဆိုတော့ အခု ဖမ်းခံထားရတဲ့ သူတွေကိုရော ဥပဒေကြောင်း အရ ဆရာတို့ ဘာများလုပ်လို့ ရနိုင်ပါသလဲ။

တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်။ ။ ကျနော်တို့ ရှေ့နေတွေ အကူအညီတောင်းလို့ ရှိရင်တော့ ကူညီပေးလို့ ရတယ်။ သို့သော် ကျနော်တို့ဆီ အကူအညီ တောင်းခံမှု တချို့ ရှိတယ်။ ရှိတဲ့ဟာက ဘယ်လိုလဲ ဆိုတော့ Third Party (တဆင့်လူ) ပေါ့ဗျာ။ အမှုသည်နဲ့ တိုက်ရိုက် မဆိုင်ဘဲနဲ့ ကြားထဲက ဖုန်းဆက်တာမျိုး ကျတော့ ကျနော်တို့ ဘယ် Source လိုက်လို့ လိုက်ရမှန်းလည်း မသိဘူးလေ။ အဲဒီတော့ တကယ်လို့များ ဖြစ်တဲ့ ကာယကံရှင် မိသားစုဝင် တယောက်ယောက်က အကူအညီ တိုက်ရိုက် တောင်းမယ်ဆိုရင်တော့ ကျနော်တို့ဘက်က ကူညီနိုင်တာ ကူညီပေးလို့ ရပါတယ်။

သိင်္ဂ ီထိုက်။ ။ နောက်ပြီ ဆရာ အကြံပြုထားတာလည်း ရှိပါတယ်။ အရင် ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်တုန်းက ဥပဒေ ပညာရှင်များက ဦးဆောင်ဖို့ ဆိုပြီးတော့။ ဆိုတော့ သူတို့ဘက်ကရော ဘာများ လုပ်နိုင်ပါသလဲ ဆရာ အခု ကိစ္စတွေမှာ။

တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်။ ။ အဲဒါက ကျနော်တော့ မသိဘူးဗျ။ အန်တီ့ လက်ထက်မှာ ဒီ ဥပဒေ ထောက်ကူပြု အဖွဲ့ ဆိုပြီး ဥပဒေနဲ့ တကွ ထုတ်ထားတာပေါ့နော်။ ဒီ မြို့နယ် အဆင့်ကနေ ပြီးတော့ ဗဟို အဆင့်ထိ ရှိတယ်။ အဲဒီတော့ မြို့နယ် အဆင့်ကနေ ဗဟိုအထိ အဆင့်ဆင့်သော ဥပဒေ ထောက်ကူပြု အဖွဲ့တွေက ကြီးကြပ်ပြီးတော့ ကူညီမယ်ဆိုရင်တော့ ပိုပြီးတော့ စနစ်တကျနဲ့ ကူညီဆောင်ရွက်မှုမျိုး ဖြစ်မယ်လို့ ကျနော် ယူဆတာပေါ့နော်။

သိင်္ဂ ီထိုက်။ ။ ဖမ်းခံထားရတဲ့ သူတွေကိုရော မိသားစုက တွေ့ခွင့် တောင်းပိုင်ခွင့် အခြေအနေရော အခုအချိန်ကြီးမှာ ရှိပါသလား ဆရာ။ တွေ့လို့ ရနိုင်ပါသလား။

တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်။ ။ အမှန် အတိုင်း ပြောရမယ်ဆိုရင်တော့ ဖမ်းထားတယ် ဆိုတဲ့ သူတွေနဲ့ ပတ်သက်ပြီး သေချာ ပွင့်ပွင့်လင်းလင်း ပြောသင့်တာပေါ့နော်။ အနည်းဆုံးတော့ မိသားစုကို အနည်းဆုံးတော့ ကျနော်တို့တော့ ဘယ်လို ဘယ်လို ဆောင်ရွက်ထားပါတယ် ဆိုတာတော့ ပြောသင့်တယ်။ အဲလိုမျိုး စာမလာ သတင်းမကြား အသံပျောက်ထွက်သွားပြီးတော့ ရက်ရှည် ဖမ်းထားတယ်ဆိုရင် ဒါက လူထုရဲ့ စိုးရိမ် သောက ပိုပြီးတော့ ဖြစ်စေနိုင်တယ်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့်။ ဒီ ဖမ်းခံထားရသူတွေရဲ့ မိသားစုဝင်တွေ ဘက်ကရော တောင်းဆိုပိုင်ခွင့် ရှိပါသလားရှင့်။ ဥပဒေ အရလေ။

တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်။ ။ ဥပဒေ အရ တောင်းဆိုခွင့် ရှိပါတယ်။ တောင်းဆိုလို့ ရပါတယ်။

သိင်္ဂ ီထိုက်။ ။ ကျေးဇူးတင်ပါတယ် ဆရာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG