သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အက်ဥ္းသား ၂၃,၀၀၀ ေက်ာ္ကို လႊတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ စစ္ေကာင္စီ လႊတ္ေပး


ေဖေဖာ္၀ါရီ ၁၂ ရက္ေန႔က အက်ဥ္းသား ၂၃,၀၀၀ ေက်ာ္ကို လႊတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ စစ္ေကာင္စီ လႊတ္ေပးခဲ့

(Zawgyi/Unicode)

လတ္တေလာ အာဏာသိမ္းယူထားတဲ့ ျမန္မာစစ္တပ္က မေန႔ ေသာၾကာေန႔တုန္းက အက်ဥ္းသား ၂၃,၀၀၀ ေက်ာ္ကို လြတ္ၿငိမ္းခ်မ္း သာခြင့္နဲ႔ ျပန္လႊတ္ေပးလိုက္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေရြးေကာက္ခံ ကိုယ္စားလွယ္ေတြကို ဖမ္းဆီးမႈေတြျပဳလုပ္ခဲ့အၿပီး စစ္တပ္အာဏာသိမ္းယူၿပီးခ်ိန္ ေနာက္သီတင္းပတ္ထဲ ျပည္သူအမ်ားေတြ တနိုင္ငံလုံး အတိုင္းအတာနဲ႔ ဆႏၵျပပြဲေတြ ဆင္ႏႊဲေနခ်ိန္မွာ အခုလို အက်ဥ္းသားေတြကို ျပန္လႊတ္ေပးခဲ့တာပါ။

ျမန္မာနိုင္ငံအႏွံ့အျပားက အက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္နဲ႔ အက်ဥ္းစခန္းေတြမွာ အက်ဥ္းက်ခံေနရတဲ့ အက်ဥ္းသား ၂၃,၃၁၄ ေယာက္ ကို လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လႊတ္ေပးလိုက္ေၾကာင္း နိုင္ငံပိုင္ ျမန္မာ့အလင္း သတင္းစာမွာ စစ္တပ္က သူတို႔ အသစ္ဖြဲ႕စည္းထား တဲ့ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဆိုတဲ့အမည္ကို အသုံးျပဳၿပီး ေၾကညာခဲ့တာပါ။

သီးသန္႔ ေၾကညာခ်က္တစ္ခုမွာေတာ့ အက်ဥ္းက် နိုင္ငံျခားသား ၅၅ ဦးကိုလည္း လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လႊတ္ေပးလိုက္ေၾကာင္း ေဖာ္ျပထားပါတယ္။

အဲဒီ အမိန္႔စာေတြကို ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ လက္မွတ္ေရးထိုး ထုတ္ျပန္ထားတာပါ။

နိုဝင္ဘာ ေရြးေကာက္ပြဲမွာ မဲမသမာမႈေတြရွိခဲ့တယ္ဆိုၿပီး အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစလို႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တျခား NLD ထိပ္တန္း ေခါင္းေဆာင္ေတြ၊ တက္ႂကြလႈပ္ရွားသူေတြနဲ႔ ေရြးေကာက္ပြဲ တာဝန္ရွိသူေတြကို ဆက္လက္ ဖမ္းဆီးထိန္းသိမ္းထားသလို CDM လို႔ ေခၚတဲ့ အႏုနည္းနဲ႔အာဏာဖီဆန္ေရး လႈပ္ရွားမႈမွာ ပါဝင္သူေတြကို ေန႔စဥ္ ဖမ္းဆီး ေနတဲ့တစ္ခ်ိန္တည္းမွာပဲ အခုလို အက်ဥ္းသား အမ်ားအျပားကို လႊတ္ေပးလိုက္တာ ျဖစ္ပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္း အခုထိ ဖမ္းဆီးခံထားရသူ ၂၆၀ ေက်ာ္ရွိေနၿပီလို႔ နိုင္ငံေရး အက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ ေရးအဖြဲ႕ AAPP ကေျပာပါတယ္။

ဖမ္းဆီးထိန္းသိမ္းခံရသူေတြထဲ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ စီးပြားေရး အႀကံေပး ၾသစေတးလ်နိုင္ငံသား Sean Turnell လည္း ပါဝင္ ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

အကျဉ်းသား ၂၃,၀၀၀ ကျော်ကို လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ စစ်ကောင်စီ လွှတ်ပေး

(Unicode)

လတ်တလော အာဏာသိမ်းယူထားတဲ့ မြန်မာစစ်တပ်က မနေ့ သောကြာနေ့တုန်းက အကျဉ်းသား ၂၃,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်း သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ဖမ်းဆီးမှုတွေပြုလုပ်ခဲ့အပြီး စစ်တပ်အာဏာသိမ်းယူပြီးချိန် နောက်သီတင်းပတ်ထဲ ပြည်သူအများတွေ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ဆင်နွှဲနေချိန်မှာ အခုလို အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာပါ။

မြန်မာနိုင်ငံအနှံ့အပြားက အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်းတွေမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၂၃,၃၁၄ ယောက် ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာမှာ စစ်တပ်က သူတို့ အသစ်ဖွဲ့စည်းထား တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဆိုတဲ့အမည်ကို အသုံးပြုပြီး ကြေညာခဲ့တာပါ။

သီးသန့် ကြေညာချက်တစ်ခုမှာတော့ အကျဉ်းကျ နိုင်ငံခြားသား ၅၅ ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း ဖော်ပြထားပါတယ်။

အဲဒီ အမိန့်စာတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားတာပါ။

နိုဝင်ဘာ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တယ်ဆိုပြီး အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား NLD ထိပ်တန်း ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေကို ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားသလို CDM လို့ ခေါ်တဲ့ အနုနည်းနဲ့အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်သူတွေကို နေ့စဉ် ဖမ်းဆီး နေတဲ့တစ်ချိန်တည်းမှာပဲ အခုလို အကျဉ်းသား အများအပြားကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း အခုထိ ဖမ်းဆီးခံထားရသူ ၂၆၀ ကျော်ရှိနေပြီလို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက် ရေးအဖွဲ့ AAPP ကပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး သြစတေးလျနိုင်ငံသား Sean Turnell လည်း ပါဝင် ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG