{{Zawgyi/Unicode}}
ေ႐ြးေကာက္ပြဲမွာ မဲစာရင္းအမွားေတြေၾကာင့္ မဲမသမာမႈ ႐ွိႏုိင္တယ္လို႔ဆုိၿပီး အာဏာသိမ္းယူထားသူေတြက ေ႐ြးေကာက္ပြဲတာဝန္႐ွိသူေတြကို မတရား ဖမ္းဆီး ၿခိမ္းေျခာက္ ဖိအားေပးၿပီး မဲရလာဒ္ေတြကို ျပင္မယ္ဆိုရင္ ျပည္သူေတြထည့္ခဲ့တဲ့ စစ္မွန္တဲ့ မဲရလာဒ္နဲ႔ ေရြးေကာက္ပြဲ တရားဝင္ျဖစ္မႈကို မသမာတဲ့နည္းနဲ႔ ပံုဖ်က္ေျပာင္းလဲတာျဖစ္တဲ့အတြက္ လံုးဝ လက္ခံမွာ မဟုတ္ဘူးလို႔ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္အဖဲြ႔က ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။
ဒီေန႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မ႐ွင္ဥကၠ႒ ဦးလွသိန္း၊ အတြင္းေရးမွဴး ဦးျမင့္ႏိုင္၊ အဖဲြ႔ဝင္ ဦးသန္းေဌးတို႔ကို ဖမ္းဆီးၿပီး မမွန္မကန္ သက္ေသခံဖုိ႔ မမွန္သက္ေသခံ ဖန္တီးမႈေတြလုပ္ဖုိ႔ အာဏာသိမ္းယူထားသူေတြက လုပ္ေနတယ္လို႔ ဆိုပါတယ္။
မေန႔ညဖက္ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔ ညပိုင္းမွာ တိုင္းေဒသႀကီး၊ ျပည္နယ္၊ ခ႐ိုင္ ၿမိဳ႕နယ္ေတြက ေ႐ြးေကာက္ပြဲ ေကာ္မ႐ွင္အဖဲြ႔ခြဲ ဥကၠ႒ေတြနဲ႔ အတြင္းေရးမွဴးေတြကို ဖမ္းဆီးသြားတယ္လို႔ အဲဒီေၾကာျငာခ်က္ထဲမွာ ေရးထားပါတယ္။
ေ႐ြးေကာက္ပြဲ ရလာဒ္ကို ဘယ္ေကာ္မ႐ွင္ အဖဲြ႔ခြဲကမွ ျပဳျပင္ ဖန္တီးႏိုင္တာ မဟုတ္ေပမဲ့ ေကာ္မ႐ွင္အဖဲြ႔ခြဲတာဝန္႐ွိသူေတြကို ဖိအားေပး ၿခိမ္းေျခာက္ၿပီး မဲရလာဒ္ေတြ ျပင္ဖုိ႔ ႀကိဳးစားတာကို လက္ခံမွာ မဟုတ္ဘူးလို႔ NLD ဗဟိုအလုပ္အမႈေဆာင္အဖဲြ႔က ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။
..................................
{{Unicode}}
ရွေးကောက်ပွဲမှာ မဲစာရင်းအမှားတွေကြောင့် မဲမသမာမှု ရှိနိုင်တယ်လို့ဆိုပြီး အာဏာသိမ်းယူထားသူတွေက ရွေးကောက်ပွဲတာဝန်ရှိသူတွေကို မတရား ဖမ်းဆီး ခြိမ်းခြောက် ဖိအားပေးပြီး မဲရလာဒ်တွေကို ပြင်မယ်ဆိုရင် ပြည်သူတွေထည့်ခဲ့တဲ့ စစ်မှန်တဲ့ မဲရလာဒ်နဲ့ ရွေးကောက်ပွဲ တရားဝင်ဖြစ်မှုကို မသမာတဲ့နည်းနဲ့ ပုံဖျက်ပြောင်းလဲတာဖြစ်တဲ့အတွက် လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ အတွင်းရေးမှူး ဦးမြင့်နိုင်၊ အဖွဲ့ဝင် ဦးသန်းဌေးတို့ကို ဖမ်းဆီးပြီး မမှန်မကန် သက်သေခံဖို့ မမှန်သက်သေခံ ဖန်တီးမှုတွေလုပ်ဖို့ အာဏာသိမ်းယူထားသူတွေက လုပ်နေတယ်လို့ ဆိုပါတယ်။
မနေ့ညဖက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းမှာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် မြို့နယ်တွေက ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေနဲ့ အတွင်းရေးမှူးတွေကို ဖမ်းဆီးသွားတယ်လို့ အဲဒီကြောငြာချက်ထဲမှာ ရေးထားပါတယ်။
ရွေးကောက်ပွဲ ရလာဒ်ကို ဘယ်ကော်မရှင် အဖွဲ့ခွဲကမှ ပြုပြင် ဖန်တီးနိုင်တာ မဟုတ်ပေမဲ့ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူတွေကို ဖိအားပေး ခြိမ်းခြောက်ပြီး မဲရလာဒ်တွေ ပြင်ဖို့ ကြိုးစားတာကို လက်ခံမှာ မဟုတ်ဘူးလို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။