သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကယားဆႏၵျပပဲြ ရဲတပ္ဖဲြ႔ဝင္ေတြ ပိုပူးေပါင္းလာ


စစ္အာဏာသိမ္းတာ ဆန္႔က်င္တဲ့ CDM လႈပ္ရွားမႈေတြထဲ ပါဝင္လာတဲ့ ကယားျပည္နယ္ ရဲတပ္ဖြဲ႔ဝင္မ်ား။

(Zawgyi / Unicode)

ကယားျပည္နယ္မွာ ရဲတပ္ဖဲြ႔ဝင္ေတြဟာ စစ္တပ္က အာဏာသိမ္းတာကို ကန္႔ကြက္ဆႏၵျပေနတဲ့ လူထုနဲ႔ ပူးေပါင္းလာေနတာေၾကာင့္ အခုဆိုရင္ ျပည္နယ္ ရဲတပ္ဖဲြ႔ဝင္အင္အား ၃ ပံု ၁ ပံုေလာက္ လာေရာက္ပူးေပါင္းေနၾကပါၿပီ။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပထားပါတယ္။

ကယားျပည္နယ္မွာရွိတဲ့ ရဲတပ္ဖဲြ႔ဝင္ေတြဟာ အခုဆိုရင္ စစ္အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ လူထု CDM Civil Disobedience Movement လႈပ္ရွားမႈေတြထဲကုိ ပါဝင္လာေၾကာင္း ကယားျပည္နယ္က ဆႏၵျပပဲြေတြမွာ ဦးေဆာင္သူတဦးျဖစ္တဲ့ ဗကသမ်ားအဖဲြ႔ခ်ဳပ္ရဲ႕ အေထြေထြအတြင္းေရးမွဴးေဟာင္း ကုိေကာင္းထက္ေက်ာ္က အခုလိုေျပာပါတယ္။

“ဒီေန႔ ၇ ေယာက္ မေန႔ကနဲ႔ ေပါင္းရင္ အားလံုး ၆၀ ေက်ာ္တယ္။ ျပည္နယ္ရဲတပ္ဖဲြ႔ဝင္ေတြ ရာခိုင္ႏႈန္းအရေျပာရင္ေတာ့ သံုးပံုတပံု ျဖစ္ေနတယ္။ ျပည္နယ္ရဲရဲ႕ သံုးပံုတပံုက လူထုနဲ႔ေပါင္းၿပီး CDM Civil Disobedience Movement မွာ ပါဝင္ေနၿပီလို႔ ေကာက္ခ်က္ခ်လို႔ရတယ္။ ရဲေတြ စၿပီး ပူးေပါင္းတဲ့ေန႔တုန္းက က်ေနာ္တို႔ စာရင္းထြက္တာ ၄၀၊ ေနာက္ စာရင္းထပ္တိုးတာ ၉ ေယာက္၊ ၄၉ ေယာက္ရွိတယ္။ အဲဒီ ၄၉ ေယာက္ ပါတဲ့ေန႔က လူထုထဲမွာ ပူးေပါင္းေနတဲ့ အရပ္ဝတ္နဲ႔ရဲက ၂၀ ေက်ာ္ရိွတယ္္။”

ကယားျပည္နယ္မွာ အခုလို ရဲတပ္ဖဲြ႔ဝင္ အေတာ္မ်ားမ်ားဟာ အာဏာရွင္ဆန္႔က်င္ေရး ဆႏၵထုတ္ေဖာ္သူေတြနဲ႔ ပူးေပါင္းလာတဲ့အတြက္ တခ်ိဳ႕ရဲေတြအေနနဲ႔ အျပင္ထြက္ခြင့္မရေတာ့တဲ့အေၾကာင္း ဆက္သြယ္ေျပာၾကားလာတယ္လို႔ ကုိေကာင္းထက္ေက်ာ္က ေျပာပါတယ္။

“ထပ္ပူးေပါင္းခ်င္ေနတယ္၊ ဒီကေန႔ ရဲစခန္းမွာရွိေနတဲ့ ရဲေတြကို အျပင္ကုိ ေပးမထြက္ေတာ့ဘူး။ ဒီကေန႔ ရဲစခန္းမွာရွိေနတဲ့ ရဲေတြကို အျပင္ေပးမထြက္ေတာ့ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ လူထုနဲ႔ ဆက္တုိက္ပူးေပါင္းေနတဲ့အတြက္ ဒါကုိ ဟန္႔တားေနတာျဖစ္တယ္။ ခ်ဳပ္ေျပာရင္ ဒီကေန႔ ေဒသခံရဲေတြကို ျပည္နယ္ရဲအရာရွိေတြက အက်ယ္ခ်ဳပ္ထားတဲ့ ပံုစံမ်ိဳး ျဖစ္ေနတယ္။”

ျမန္မာစစ္တပ္ဘက္ကေတာ့ ၿပီးခဲ့တဲ့ရက္ေတြက ဆႏၵျပသူေတြနဲ႔ ပူးေပါင္းသြားတဲ့ ရဲတပ္ဖဲြ႔ဝင္ေတြနဲ႔ ပတ္သက္လို႔ သတင္းထုတ္ျပန္ရာမွာေတာ့ ဒီရဲတပ္ဖဲြ႔ဝင္ေတြဟာ ျမန္မာႏို္င္ငံရဲတပ္ဖဲြ႔က သေႏၶရဲတပ္ဖဲြ႔ဝင္ေတြ မဟုတ္ဘဲ အလုပ္အကုိင္ အခြင့္အလမ္းအတြက္ ေဒသခံေတြကို စုဖဲြ႔ခန္႔ထားတာလို႔ ထုတ္ျပန္ေျပာဆုိခဲ့ပါတယ္။

ကယားျပည္နယ္မွာေတာ့ ရဲတပ္ဖဲြ႔ဝင္ေတြ၊ က်န္းမာေရးဝန္ထမ္းေတြ၊ လႊတ္ေတာ္ကဝန္ထမ္းေတြ၊ ပညာေရးဝန္ထမ္းေတြနဲ႔ တတ္သိပညာရွင္ေတြ ပါဝင္လာတာေၾကာင့္ အစုိးရ ယႏၱရားေတြ ရပ္ဆိုင္းသြားႏိုင္တဲ့ အေျခအေနမ်ိဳး ရွိေနတယ္လို႔လည္း ဆႏၵျပေနသူေတြက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ကယားဆန္ဒပြပွဲ ရဲတပ်ဖွဲ့ဝင်တွေ ပိုပူးပေါင်းလာ

ကယားပြည်နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြနေတဲ့ လူထုနဲ့ ပူးပေါင်းလာနေတာကြောင့် အခုဆိုရင် ပြည်နယ် ရဲတပ်ဖွဲ့ဝင်အင်အား ၃ ပုံ ၁ ပုံလောက် လာရောက်ပူးပေါင်းနေကြပါပြီ။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြထားပါတယ်။

ကယားပြည်နယ်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အခုဆိုရင် စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လူထု CDM Civil Disobedience Movement လှုပ်ရှားမှုတွေထဲကို ပါဝင်လာကြောင်း ကယားပြည်နယ်က ဆန္ဒပြပွဲတွေမှာ ဦးဆောင်သူတဦးဖြစ်တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ကိုကောင်းထက်ကျော်က အခုလိုပြောပါတယ်။

“ဒီနေ့ ၇ ယောက် မနေ့ကနဲ့ ပေါင်းရင် အားလုံး ၆၀ ကျော်တယ်။ ပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေ ရာခိုင်နှုန်းအရပြောရင်တော့ သုံးပုံတပုံ ဖြစ်နေတယ်။ ပြည်နယ်ရဲရဲ့ သုံးပုံတပုံက လူထုနဲ့ပေါင်းပြီး CDM Civil Disobedience Movement မှာ ပါဝင်နေပြီလို့ ကောက်ချက်ချလို့ရတယ်။ ရဲတွေ စပြီး ပူးပေါင်းတဲ့နေ့တုန်းက ကျနော်တို့ စာရင်းထွက်တာ ၄၀၊ နောက် စာရင်းထပ်တိုးတာ ၉ ယောက်၊ ၄၉ ယောက်ရှိတယ်။ အဲဒီ ၄၉ ယောက် ပါတဲ့နေ့က လူထုထဲမှာ ပူးပေါင်းနေတဲ့ အရပ်ဝတ်နဲ့ရဲက ၂၀ ကျော်ရှိတယ်။”

ကယားပြည်နယ်မှာ အခုလို ရဲတပ်ဖွဲ့ဝင် အတော်များများဟာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူတွေနဲ့ ပူးပေါင်းလာတဲ့အတွက် တချို့ရဲတွေအနေနဲ့ အပြင်ထွက်ခွင့်မရတော့တဲ့အကြောင်း ဆက်သွယ်ပြောကြားလာတယ်လို့ ကိုကောင်းထက်ကျော်က ပြောပါတယ်။

“ထပ်ပူးပေါင်းချင်နေတယ်၊ ဒီကနေ့ ရဲစခန်းမှာရှိနေတဲ့ ရဲတွေကို အပြင်ကို ပေးမထွက်တော့ဘူး။ ဒီကနေ့ ရဲစခန်းမှာရှိနေတဲ့ ရဲတွေကို အပြင်ပေးမထွက်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ လူထုနဲ့ ဆက်တိုက်ပူးပေါင်းနေတဲ့အတွက် ဒါကို ဟန့်တားနေတာဖြစ်တယ်။ ချုပ်ပြောရင် ဒီကနေ့ ဒေသခံရဲတွေကို ပြည်နယ်ရဲအရာရှိတွေက အကျယ်ချုပ်ထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်။”

မြန်မာစစ်တပ်ဘက်ကတော့ ပြီးခဲ့တဲ့ရက်တွေက ဆန္ဒပြသူတွေနဲ့ ပူးပေါင်းသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာတော့ ဒီရဲတပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သန္ဓေရဲတပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ အလုပ်အကိုင် အခွင့်အလမ်းအတွက် ဒေသခံတွေကို စုဖွဲ့ခန့်ထားတာလို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ကယားပြည်နယ်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ လွှတ်တော်ကဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေနဲ့ တတ်သိပညာရှင်တွေ ပါဝင်လာတာကြောင့် အစိုးရ ယန္တရားတွေ ရပ်ဆိုင်းသွားနိုင်တဲ့ အခြေအနေမျိုး ရှိနေတယ်လို့လည်း ဆန္ဒပြနေသူတွေက ဆိုပါတယ်။

XS
SM
MD
LG