သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံေရးအက်ပ္အတည္း ေစ့စပ္ေျဖရွင္းေရး NCA အဖဲြ႔ေတြကို PNLO တိုက္တြန္း


ရန္ကုန္ၿမိဳ႕၊ အေမရိကန္သံ႐ုံးေရွ႕မွာ စစ္အစုိးရဆန္႔က်င္ ဆႏၵျပၾကသူမ်ား။ (ေဖေဖာ္ဝါရီ ၁၃၊ ၂၀၂၁)

(Zawgyi / Unicode)

ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ (PNLO) က လက္ရိွ ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ အက်ပ္အတည္းေတြကို ေက်ာ္လႊားႏိုင္ေရးအတြက္ အပစ္ရပ္စာခ်ဳပ္ NCA လက္မွတ္ထိုး ၁၀ ဖဲြ႔အေနနဲ႔ ၾကားဝင္ေဆာင္ရြက္ဖုိ႔နဲ႔ NCA လက္မွတ္ေရးထိုးစဥ္ သက္ေသအျဖစ္ ပါဝင္ခဲ့တဲ့ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အသိုင္းအဝုိင္းကိုလည္း ပူးေပါင္းေဆာင္ရြက္ဖုိ႔ တင္ျပထားပါတယ္။ အျပည့္အစုံကို ကိုမုိးေဇာ္ စုစည္းတင္ျပထားပါတယ္။

လက္ရိွ ျမန္မာႏိုင္ငံမွာ ၂၀၂၀ ေရြးေကာက္ပဲြအေပၚ အေျချပဳၿပီး ႏိုင္ငံေရးတင္းမာမႈေတြ ျပင္းထန္ေနတာနဲ႔ လူထုက အၾကမ္းမဖက္ ဆန္႔က်င္ ဆႏၵျပေနတဲ့အေပၚ ပစ္ခတ္တာ၊ ဖမ္းဆီးတာ၊ အေရးယူတာေတြ ျဖစ္ေပၚေနခ်ိန္မွာပဲ အခုလို PNLO က တိုက္တြန္းလိုက္တာပါ။

PNLO ရဲ႕ တုိက္တြန္းစာကို NCA လက္မွတ္ထိုး ၁၀ ဖဲြ႔ ပါဝင္တဲ့ PPST ေခၚ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔က ၾကားဝင္ေဆာင္ရြက္ဖုိ႔အတြက္ အဖဲြ႔ရဲ႕ ယာယီအဖဲြ႔ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္ႀကီးယြက္စစ္ထံကို လိပ္မူေပးပို႔ထားတာ ျဖစ္ပါတယ္။

ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ (PNLO) ထုတ္ျပန္ေၾကညာခ်က္။ (ေဖေဖာ္ဝါရီ ၁၃၊ ၂၀၂၁)
ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ (PNLO) ထုတ္ျပန္ေၾကညာခ်က္။ (ေဖေဖာ္ဝါရီ ၁၃၊ ၂၀၂၁)

အဓိက တင္ျပရတဲ့ အေၾကာင္းကိုေတာ့ PNLO ရဲ႕ ဒုဥကၠ႒ ခြန္ျမင့္ထြန္းက ဗြီအိုေအကို အခုလုိ ေျပာပါတယ္။

“ျပည္ေထာင္စုအစိုးရရယ္၊ လႊတ္ေတာ္ရယ္၊ တပ္မေတာ္ရယ္ ဆုိတာက NCA စာခ်ဳပ္အရ က်ေနာ္တုိ႔ရဲ႕ ေဆြးေႏြးဘက္ေတြ ျဖစ္ပါတယ္၊ ျပည္ေထာင္ဘက္ေတြ ျဖစ္ပါတယ္။ အရင္တုန္းက တဖက္တည္းမွာ အတူရပ္တည္လာခဲ့တဲ့ ျပည္ေထာင္စုအစိုးရရယ္၊ လႊတ္ေတာ္ရယ္၊ တပ္မေတာ္ရယ္အၾကားမွာ ဒီကေန႔ ႏိုင္ငံေရးအရ တင္းမာမႈေတြ ပဋိပကၡေတြျဖစ္ေနတဲ့ အေပၚမွာကေတာ့ က်ေနာ္တုိ႔ အေနနဲ႔ ျပည္ေထာင္ဘက္မ်ားအၾကားမွာ ျဖစ္ေနတဲ့ ႏိုင္ငံေရးျပႆနာေတြ အေပၚမွာ က်ေနာ္တုိ႔အေနနဲ႔

ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ (PNLO) ထုတ္ျပန္ေၾကညာခ်က္။ (ေဖေဖာ္ဝါရီ ၁၃၊ ၂၀၂၁)
ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ (PNLO) ထုတ္ျပန္ေၾကညာခ်က္။ (ေဖေဖာ္ဝါရီ ၁၃၊ ၂၀၂၁)


ၾကားဝင္ၿပီးေတာ့ ေစ့စပ္ေပးဖုိ႔၊ ညႇိႏႈိင္းေပးဖို႔ လုိအပ္တယ္လို႔ က်ေနာ္တုိ႔ ျမင္ပါတယ္။ က်ေနာ္တုိ႔ PPST အဖဲြ႔ေခါင္းေဆာင္ျဖစ္တဲ့ ဗုိလ္ခ်ဳပ္ႀကီးယြက္စစ္နဲ႔ တကြေပါ့ေလ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔အေနနဲ႔ ဦးေဆာင္ၿပီးေတာ့ ေစ့စပ္ညိႇႏိႈင္းေပးဖုိ႔ကို က်ေနာ္တုိ႔ ေတာင္းဆိုထားတာ ျဖစ္ပါတယ္။”

တဆက္တည္းမွာပဲ NCA စာခ်ဳပ္ လက္မွတ္ထိုးစဥ္က သက္ေသအျဖစ္ ရပ္တည္ခဲ့တဲ့ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အဖဲြ႔အစည္းေတြ အေနနဲ႔လည္း ပူးေပါင္းပါဝင္ဖုိ႔ တုိက္တြန္းေၾကာင္း ခြန္ျမင့္ထြန္းက ဆက္ေျပာပါတယ္။

“NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးတဲ့အခါမွာ ႏိုင္ငံတကာ အသိသက္ေသအေနနဲ႔ လက္မွတ္ေရးထိုးခဲ့ၾကတဲ့ ကုလသမဂၢရဲ႕ အထူးကိုယ္စားလွယ္၊ ဥေရာပသမဂၢရဲ႕ အထူးကိုယ္စားလွယ္ရယ္၊ ေနာက္ ဂ်ပန္အစိုးရ၊ တ႐ုတ္အစိုးရ၊ အိႏိၵယအစိုးရ၊ ထုိင္းအစိုးရ ကိုယ္စားလွယ္ေတြလည္း အသိသက္ေသအေနနဲ႔ လက္မွတ္ေရးထုိးခဲ့တယ္။ ဒါ့အျပင္ အေမရိကန္ အပါအဝင္ အျခားေသာ ၿဗိတိန္ႏိုင္ငံ အပါအဝင္ အျခားေသာႏုိင္ငံေတြ အေနနဲ႔ကလည္း က်ေနာ္တုိ႔ NCA လက္မွတ္ေရးထိုးတာကို သိရိွတယ္၊ အေလးအနက္ထားတယ္။ သူတုိ႔ ကူညီေဆာင္ရြက္မယ္ ဆုိတာကို သူတုိ႔ေၾကညာခ်က္ေတြ ထုတ္ခဲ့ၾကတာေတြ ရိွပါတယ္။ အဲဒီ ႏို္င္ငံတကာ အဖဲြ႔ေတြနဲ႔ ႏိုင္ငံတကာ အစိုးရေတြ အေနနဲ႔လည္း ပူးေပါင္းေဆာင္ရြက္ေပးဖုိ႔ကို က်ေနာ္တုိ႔အေနနဲ႔ PPST ယာယီအဖဲြ႔ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ကိုလည္း တုိက္တြန္းထားပါတယ္။ PPST ယာယီအဖဲြ႔ ေခါင္းေဆာင္ကတဆင့္ PPST တဖြဲ႔လံုးကေန ေဆာင္ရြက္ေပးဖုိ႔ကို က်ေနာ္တုိ႔ တိုက္တြန္းထားပါတယ္။ ေတာင္းဆုိတာပါ။”

ဒီတိုက္တြန္းခ်က္ကိုေတာ့ PNLO ရဲ႕ ဗဟိုအလုပ္အမႈေဆာင္ အစည္းအေဝးက ၉ ရက္ေန႔ကေန ၁၁ ေန႔ထိ ၃ ရက္ၾကာ ေဆြးေႏြးပဲြမွာ ဆံုးျဖတ္ခဲ့တာပါ။

ဒီတုိက္တြန္းခ်က္အေပၚမွာေတာ့ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ရဲ႕ အေထြေထြအတြင္းေရးမွဴး ပဒိုေစာတာဒိုမူးက အခုလို ေျပာဆုိပါတယ္။

“က်ေနာ္တို႔ကေတာ့ ၾကားဝင္ ညႇိႏိႈင္းေပးဖုိ႔ကေတာ့ ဆက္သြယ္ႏိုင္တဲ့ ဘယ္အဖဲြ႔အစည္းအတြက္ မဆိုကေတာ့ လုပ္သင့္လုပ္ထုိက္တဲ့ ကိစၥေပါ့ေနာ္။ ဖ်န္ေျဖတာကေတာ့ နတ္လူသာဓုေခၚတဲ့ ကိစၥပဲေလ။ ဒါေပမယ့္ PPST အေနနဲ႔ကေတာ့ က်ေနာ္တုိ႔ ေလာေလာဆယ္ မေဆြးေႏြးရေသးတဲ့ အခါက်ေတာ့ က်ေနာ္ ဘာမွ မေျပာလုိဘူးေ့ပါ့ေနာ္။”

NCA စာခ်ဳပ္မွာ သက္ေသအျဖစ္ ပါဝင္ခဲ့တဲ့ ႏိုင္ငံတကာ အသိုင္းအဝုိင္းအေနနဲ႔လည္း ၾကားဝင္ေျဖရွင္းေရးအတြက္ လမ္းရွာ ေဆာင္ရြက္သင့္တယ္လုိ႔ ျမင္္ေၾကာင္းလည္း ျဖည့္စြက္ ေျပာဆုိပါတယ္။

ရခိုင္အမ်ိဳးသားလြတ္ေျမာက္ေရးပါတီ (ALP) ရဲ႕ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးအဖဲြ႔ ဒုတိယေခါင္းေဆာင္ ေဒၚေစာျမရာဇာလင္းက PNLO ရဲ႕ ေတာင္းဆိုခ်က္နဲ႔ ပတ္သက္ၿပီး သူတုိ႔ပါတီတြင္းမွာ မေဆြးေႏြးရေသးေၾကာင္း ေျပာဆုိၿပီး သူ႔ရဲ႕ ပုဂၢလိကအျမင္ကို အခုလုိ ေျပာပါတယ္။

“အခုလို ျမန္မာႏိုင္ငံရဲ႕ အက်ပ္အတည္း ျဖစ္ေပၚလာျခင္းသည္ တဖြဲ႔ကိုတဖြဲ႔ မယံုၾကည္မႈကေန ျဖစ္ေပၚလာတယ္လုိ႔ က်မ အျမင္ရိွပါတယ္။ ေစ့စပ္ညိႇႏိႈင္းမႈနဲ႔ ၾကားဝင္ဖ်န္ေျဖမႈနဲ႔သာလွ်င္ အေကာင္းဆံုးနည္းလမ္းကို ရႏိုင္လိမ့္မယ္လို႔ ျမင္ထားတာ ရိွပါတယ္။ အဲဒါေၾကာင့္မို႔ ပါဝင္သင့္ ပါဝင္ထုိက္တဲ့သူေတြနဲ႔ ဒီ ေစ့စပ္ေရးေကာ္မတီ တရပ္ကိုေတာ့ အလ်င္အျမန္ ဖြဲ႔စည္းဖုိ႔ လုိအပ္တယ္လုိ႔ အျမင္ရိွပါတယ္။ တကယ္လုိ႔မ်ား PPST ကေနၿပီးေတာ့မွ ပါဝင္သင့္ ပါဝင္ထုိက္တဲ့ သူေတြနဲ႔ အဲလုိမ်ိဳး ဖဲြ႔မယ္ဆုိရင္ က်မ ပုဂၢလိက အျမင္အရဆုိရင္ေတာ့ သင့္ျမတ္တယ္။ အဲလိုအျမင္ရိွပါတယ္။”

PNLO ရဲ႕ တုိက္တြန္းတဲ့စာဟာ အျခား NCA လက္မွတ္ေရးထုိးထားတဲ့ တုိင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြဆီကိုလည္း ျဖန္႔ေဝထားပါတယ္။ အခ်ိဳ႕အဖဲြ႔ေတြကေတာ့ ဒီသေဘာထားကို သက္ဆုိင္ရာ သူတုိ႔အဖဲြ႔တြင္းမွာ ေဆြးေႏြးၿပီး PPST အစည္းအေဝး ေခၚယူခ်ိန္မွာ တင္ျပဖို႔ ျပင္ဆင္တာေတြ ရိွေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

နိုင်ငံရေးအကျပ်အတည်း စေ့စပ်ဖြေရှင်းရေး NCA အဖွဲ့တွေကို PNLO တိုက်တွန်း

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ရေးအတွက် အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုး ၁၀ ဖွဲ့အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့နဲ့ NCA လက်မှတ်ရေးထိုးစဉ် သက်သေအဖြစ် ပါဝင်ခဲ့တဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ တင်ပြထားပါတယ်။ အပြည့်အစုံကို ကိုမိုးဇော် စုစည်းတင်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲအပေါ် အခြေပြုပြီး နိုင်ငံရေးတင်းမာမှုတွေ ပြင်းထန်နေတာနဲ့ လူထုက အကြမ်းမဖက် ဆန့်ကျင် ဆန္ဒပြနေတဲ့အပေါ် ပစ်ခတ်တာ၊ ဖမ်းဆီးတာ၊ အရေးယူတာတွေ ဖြစ်ပေါ်နေချိန်မှာပဲ အခုလို PNLO က တိုက်တွန်းလိုက်တာပါ။

PNLO ရဲ့ တိုက်တွန်းစာကို NCA လက်မှတ်ထိုး ၁၀ ဖွဲ့ ပါဝင်တဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က ကြားဝင်ဆောင်ရွက်ဖို့အတွက် အဖွဲ့ရဲ့ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ထံကို လိပ်မူပေးပို့ထားတာ ဖြစ်ပါတယ်။

အဓိက တင်ပြရတဲ့ အကြောင်းကိုတော့ PNLO ရဲ့ ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ပြည်ထောင်စုအစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ် ဆိုတာက NCA စာချုပ်အရ ကျနော်တို့ရဲ့ ဆွေးနွေးဘက်တွေ ဖြစ်ပါတယ်၊ ပြည်ထောင်ဘက်တွေ ဖြစ်ပါတယ်။ အရင်တုန်းက တဖက်တည်းမှာ အတူရပ်တည်လာခဲ့တဲ့ ပြည်ထောင်စုအစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်အကြားမှာ ဒီကနေ့ နိုင်ငံရေးအရ တင်းမာမှုတွေ ပဋိပက္ခတွေဖြစ်နေတဲ့ အပေါ်မှာကတော့ ကျနော်တို့ အနေနဲ့ ပြည်ထောင်ဘက်များအကြားမှာ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေ အပေါ်မှာ ကျနော်တို့အနေနဲ့ ကြားဝင်ပြီးတော့ စေ့စပ်ပေးဖို့၊ ညှိနှိုင်းပေးဖို့ လိုအပ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ ကျနော်တို့ PPST အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ တကွပေါ့လေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အနေနဲ့ ဦးဆောင်ပြီးတော့ စေ့စပ်ညှိနှိုင်းပေးဖို့ကို ကျနော်တို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။”

တဆက်တည်းမှာပဲ NCA စာချုပ် လက်မှတ်ထိုးစဉ်က သက်သေအဖြစ် ရပ်တည်ခဲ့တဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့လည်း ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းကြောင်း ခွန်မြင့်ထွန်းက ဆက်ပြောပါတယ်။

“NCA စာချုပ်ကို လက်မှတ်ရေးထိုးတဲ့အခါမှာ နိုင်ငံတကာ အသိသက်သေအနေနဲ့ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်၊ ဥရောပသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ရယ်၊ နောက် ဂျပန်အစိုးရ၊ တရုတ်အစိုးရ၊ အိန္ဒိယအစိုးရ၊ ထိုင်းအစိုးရ ကိုယ်စားလှယ်တွေလည်း အသိသက်သေအနေနဲ့ လက်မှတ်ရေးထိုးခဲ့တယ်။ ဒါ့အပြင် အမေရိကန် အပါအဝင် အခြားသော ဗြိတိန်နိုင်ငံ အပါအဝင် အခြားသောနိုင်ငံတွေ အနေနဲ့ကလည်း ကျနော်တို့ NCA လက်မှတ်ရေးထိုးတာကို သိရှိတယ်၊ အလေးအနက်ထားတယ်။ သူတို့ ကူညီဆောင်ရွက်မယ် ဆိုတာကို သူတို့ကြေညာချက်တွေ ထုတ်ခဲ့ကြတာတွေ ရှိပါတယ်။ အဲဒီ နိုင်ငံတကာ အဖွဲ့တွေနဲ့ နိုင်ငံတကာ အစိုးရတွေ အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ကို ကျနော်တို့အနေနဲ့ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ကိုလည်း တိုက်တွန်းထားပါတယ်။ PPST ယာယီအဖွဲ့ ခေါင်းဆောင်ကတဆင့် PPST တဖွဲ့လုံးကနေ ဆောင်ရွက်ပေးဖို့ကို ကျနော်တို့ တိုက်တွန်းထားပါတယ်။ တောင်းဆိုတာပါ။”

ဒီတိုက်တွန်းချက်ကိုတော့ PNLO ရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ၉ ရက်နေ့ကနေ ၁၁ နေ့ထိ ၃ ရက်ကြာ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့တာပါ။

ဒီတိုက်တွန်းချက်အပေါ်မှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက အခုလို ပြောဆိုပါတယ်။

“ကျနော်တို့ကတော့ ကြားဝင် ညှိနှိုင်းပေးဖို့ကတော့ ဆက်သွယ်နိုင်တဲ့ ဘယ်အဖွဲ့အစည်းအတွက် မဆိုကတော့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပေါ့နော်။ ဖျန်ဖြေတာကတော့ နတ်လူသာဓုခေါ်တဲ့ ကိစ္စပဲလေ။ ဒါပေမယ့် PPST အနေနဲ့ကတော့ ကျနော်တို့ လောလောဆယ် မဆွေးနွေးရသေးတဲ့ အခါကျတော့ ကျနော် ဘာမှ မပြောလိုဘူးေ့ပါ့နော်။”

NCA စာချုပ်မှာ သက်သေအဖြစ် ပါဝင်ခဲ့တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ကြားဝင်ဖြေရှင်းရေးအတွက် လမ်းရှာ ဆောင်ရွက်သင့်တယ်လို့ မြင်ကြောင်းလည်း ဖြည့်စွက် ပြောဆိုပါတယ်။

ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ (ALP) ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက PNLO ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး သူတို့ပါတီတွင်းမှာ မဆွေးနွေးရသေးကြောင်း ပြောဆိုပြီး သူ့ရဲ့ ပုဂ္ဂလိကအမြင်ကို အခုလို ပြောပါတယ်။

“အခုလို မြန်မာနိုင်ငံရဲ့ အကျပ်အတည်း ဖြစ်ပေါ်လာခြင်းသည် တဖွဲ့ကိုတဖွဲ့ မယုံကြည်မှုကနေ ဖြစ်ပေါ်လာတယ်လို့ ကျမ အမြင်ရှိပါတယ်။ စေ့စပ်ညှိနှိုင်းမှုနဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့သာလျှင် အကောင်းဆုံးနည်းလမ်းကို ရနိုင်လိမ့်မယ်လို့ မြင်ထားတာ ရှိပါတယ်။ အဲဒါကြောင့်မို့ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေနဲ့ ဒီ စေ့စပ်ရေးကော်မတီ တရပ်ကိုတော့ အလျင်အမြန် ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ အမြင်ရှိပါတယ်။ တကယ်လို့များ PPST ကနေပြီးတော့မှ ပါဝင်သင့် ပါဝင်ထိုက်တဲ့ သူတွေနဲ့ အဲလိုမျိုး ဖွဲ့မယ်ဆိုရင် ကျမ ပုဂ္ဂလိက အမြင်အရဆိုရင်တော့ သင့်မြတ်တယ်။ အဲလိုအမြင်ရှိပါတယ်။”

PNLO ရဲ့ တိုက်တွန်းတဲ့စာဟာ အခြား NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီကိုလည်း ဖြန့်ဝေထားပါတယ်။ အချို့အဖွဲ့တွေကတော့ ဒီသဘောထားကို သက်ဆိုင်ရာ သူတို့အဖွဲ့တွင်းမှာ ဆွေးနွေးပြီး PPST အစည်းအဝေး ခေါ်ယူချိန်မှာ တင်ပြဖို့ ပြင်ဆင်တာတွေ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG