[ Zawgyi ]
ျမန္မာနိုင္ငံမွာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ အာဏာသိမ္းၿပီး ဖြဲ႕စည္းခဲ့တဲ့ နိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို အာဏာသိမ္းအစိုးရလို႔ သုံးစြဲေဖာ္ျပတာဟာ မမွန္မကန္ အသုံးအႏႈန္းျဖစ္ေၾကာင္းနဲ႔ သုံးစြဲျခင္းမျပဳဖို႔ ျပန္ၾကားေရးဝန္ႀကီးဌာနက ျမန္မာနိုင္ငံ သတင္းမီဒီယာ ေကာင္စီကို ေသာၾကာေန႔က ညႊန္ၾကားစာ တေစာင္ေပးပို႔ခဲ့ပါတယ္။
ဖြဲ႕စည္းပုံ အေျခခံ ဥပေဒအရ အေျခအေနအရပ္ရပ္ေၾကာင့္ နိုင္ငံေတာ္ ကို အေရးေပၚ အေျခအေနေၾကညာခဲ့ရတာျဖစ္လို႔ လက္ရွိ အစိုးရကို အာဏာသိမ္းအစိုးရလို႔ မမွန္မကန္ မသုံးစြဲပါနဲ႔လို႔လည္း အဲဒီ စာမွာ ေဖာ္ျပထားပါတယ္။
သတင္းမီဒီယာေတြနဲ႔ သတင္းမီဒီယာ အဖြဲ႕အစည္းေတြအေနနဲ႔ အေရးေပၚကာလ ဆိုင္ရာ ျပဌာန္းခ်က္ေတြနဲ႔အညီ ေဆာင္ရြက္ေနတဲ့ နိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို အာဏာသိမ္းအစိုးရလို႔ မမွန္မကန္ သုံးႏႈန္းေခၚဆိုတာနဲ႔ လူထုဆူပူအုံႂကြမႈျဖစ္ေအာင္ ေသြးထိုး လႈံ႔ေဆာ္ေပးတာ စတဲ့ လုပ္ရပ္ေတြကို မလုပ္ေဆာင္ဖို႔လည္း ေျပာပါတယ္။။ သတင္းမီဒီယာ က်င့္ဝတ္ေတြနဲ႔ အညီ သတင္းေတြကို ေဖာ္ျပၾကဖို႔လည္း အဲဒီ စာမွာ ပါရွိပါတယ္။
= = = = =
[ Unicode ]
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်းအစိုးရလို့ သုံးစွဲဖော်ပြတာဟာ မမှန်မကန် အသုံးအနှုန်းဖြစ်ကြောင်းနဲ့ သုံးစွဲခြင်းမပြုဖို့ ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို သောကြာနေ့က ညွှန်ကြားစာ တစောင်ပေးပို့ခဲ့ပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံတော် ကို အရေးပေါ် အခြေအနေကြေညာခဲ့ရတာဖြစ်လို့ လက်ရှိ အစိုးရကို အာဏာသိမ်းအစိုးရလို့ မမှန်မကန် မသုံးစွဲပါနဲ့လို့လည်း အဲဒီ စာမှာ ဖော်ပြထားပါတယ်။
သတင်းမီဒီယာတွေနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေအနေနဲ့ အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်နေတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်းအစိုးရလို့ မမှန်မကန် သုံးနှုန်းခေါ်ဆိုတာနဲ့ လူထုဆူပူအုံကြွမှုဖြစ်အောင် သွေးထိုး လှုံ့ဆော်ပေးတာ စတဲ့ လုပ်ရပ်တွေကို မလုပ်ဆောင်ဖို့လည်း ပြောပါတယ်။။ သတင်းမီဒီယာ ကျင့်ဝတ်တွေနဲ့ အညီ သတင်းတွေကို ဖော်ပြကြဖို့လည်း အဲဒီ စာမှာ ပါရှိပါတယ်။