[Zawgyi/Unicode]
ျမန္မာႏုိင္ငံရဲ႕ လက္ရွိအေျခအေနကို တ႐ုတ္ႏုိင္ငံက လံုးဝ မျမင္ေတြ႔လိုပါဘူးလို႔ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Chen Hai က ဒီကေန႔ေျပာပါတယ္။
ျပည္တြင္းသတင္းဌာနေတြျဖစ္တဲ့ The Voice ၊ Eleven ၊ 7Day ၊ Myanmar Times ၊ Frontier တို႔က စာနဲ႔ ဆက္သြယ္ေမးျမန္းတာမွာ တ႐ုတ္သံအမတ္ႀကီးက အဲဒီလိုေျဖဆိုထားတာျဖစ္ၿပီး အေမးအေျဖ အျပည့္အစံုကုိ ရန္ကုန္ၿမိဳ႕၊ တ႐ုတ္သံ႐ံုးရဲ႕ ေဖ့စ္ဘုတ္မွာ တင္ထားပါတယ္။
ဒီရက္ပိုင္းေတြအတြင္း အြန္လိုင္းေပၚမွာ ျပန္႔ေနတဲ့ တ႐ုတ္နည္းပညာသမားေတြ ျမန္မာႏုိင္ငံကိုပို႔တယ္။ အြန္လိုင္းဆက္သြယ္ေရးကို ပိတ္ပင္ကန္႔သတ္ဖို႔ တ႐ုတ္က Firewall ေဆာက္ေပးတယ္။ တ႐ုတ္စစ္သားေတြကို ျမန္မာႏိုင္ငံလမ္းေတြေပၚမွာ ေတြ႔ရတယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြဟာ လံုးဝအေျခအျမစ္မရွိဘဲ အရမ္းရယ္စရာေကာင္းတယ္လို႔ တ႐ုတ္သံအမတ္ႀကီးက ပယ္ခ်ပါတယ္။
တရုတ္နဲ႔ျမန္မာၾကား ေလယာဥ္ေတြ ပ်ံသန္းေနတာဟာ ပံုမွန္ ကုန္တင္ေလယာဥ္ခရီးစဥ္ေတြျဖစ္ၿပီး ပင္လယ္စာလို ျမန္မာ့ထြက္ကုန္ေတြကို ပိုေန႔တာျဖစ္တယ္လို႔လည္း ဆိုပါတယ္။
တ႐ုတ္ႏုိင္ငံဟာ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ (NLD) နဲ႔ေရာ တပ္မေတာ္နဲ႔ပါ ခ်စ္ၾကည္ရင္းႏွီးတဲ့ ဆက္ဆံေရးရွိၿပီး ျမန္မာ့ႏုိင္ငံေရးနဲ႔ လူ႔အဖြဲ႔အစည္းတည္ၿငိမ္မႈ ထိန္းသိမ္းေရးအတြက္ အျပဳသေဘာေဆာင္တဲ့ အခန္းက႑ကေန ပါဝင္ေနၿပီးေတာ့ ဆက္လက္ပါဝင္သြားမယ္လို႔လည္း သံအမတ္ႀကီးကေျပာပါတယ္။
တ႐ုတ္ႏိုင္ငံအေနနဲ႔ စစ္ေကာင္စီကို အားေပးေထာက္ခံတာမလုပ္ဖို႔ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ကန္႔ကြက္သူေတြက ရန္ကုန္ၿမိဳ႕၊ တ႐ုတ္သံ႐ံုးေရွ႕မွာ ေန႔စဥ္ဆိုသလို ဆႏၵျပေတာင္းဆိုေနခ်ိန္မွာပဲ တ႐ုတ္သံအမတ္ႀကီးက ျပည္တြင္းသတင္းဌာနေတြ ေမးျမန္းတာကို ေျဖဆိုခဲ့တာပါ။
တ႐ုတ္ႏုိင္ငံနဲ႔ပတ္သက္တဲ့ ေကာလာဟလေတြ ထပ္ထြက္မလာဖို႔ ေမ ွ်ာ္လင့္တယ္လုိ႔ သံအမတ္ႀကီး Hai ကဆိုၿပီး တကယ္လို႔ ထပ္ထြက္လာမယ္ဆိုရင္ေတာ့ ေနာက္ကြယ္မွာ တျခားအၾကံအစည္ရွိတဲ့ အင္အားစုက ထိန္းခ်ဳပ္ျဖန္႔ေဝေနတာကို ေဖာ္ျပေနတယ္ဆိုၿပီးေတာ့လည္း ဘယ္အင္အားစုဆိုတာကို အတိအက်မေျပာဘဲ ျမန္မာႏုိင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Chen Hai က ေျပာထားပါတယ္။
[Unicode Version]
တရုတ်လေယာဉ်ကိစ္စ ပုံမှန်ကုန်တင်လေယာဉ်များဟု တရုတ်သံအမတ်ဖြေကြား
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို တရုတ်နိုင်ငံက လုံးဝ မမြင်တွေ့လိုပါဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai က ဒီကနေ့ပြောပါတယ်။
ပြည်တွင်းသတင်းဌာနတွေဖြစ်တဲ့ The Voice ၊ Eleven ၊ 7Day ၊ Myanmar Times ၊ Frontier တို့က စာနဲ့ ဆက်သွယ်မေးမြန်းတာမှာ တရုတ်သံအမတ်ကြီးက အဲဒီလိုဖြေဆိုထားတာဖြစ်ပြီး အမေးအဖြေ အပြည့်အစုံကို ရန်ကုန်မြို့၊ တရုတ်သံရုံးရဲ့ ဖေ့စ်ဘုတ်မှာ တင်ထားပါတယ်။
ဒီရက်ပိုင်းတွေအတွင်း အွန်လိုင်းပေါ်မှာ ပြန့်နေတဲ့ တရုတ်နည်းပညာသမားတွေ မြန်မာနိုင်ငံကိုပို့တယ်။ အွန်လိုင်းဆက်သွယ်ရေးကို ပိတ်ပင်ကန့်သတ်ဖို့ တရုတ်က Firewall ဆောက်ပေးတယ်။ တရုတ်စစ်သားတွေကို မြန်မာနိုင်ငံလမ်းတွေပေါ်မှာ တွေ့ရတယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ လုံးဝအခြေအမြစ်မရှိဘဲ အရမ်းရယ်စရာကောင်းတယ်လို့ တရုတ်သံအမတ်ကြီးက ပယ်ချပါတယ်။
တရုတ်နဲ့မြန်မာကြား လေယာဉ်တွေ ပျံသန်းနေတာဟာ ပုံမှန် ကုန်တင်လေယာဉ်ခရီးစဉ်တွေဖြစ်ပြီး ပင်လယ်စာလို မြန်မာ့ထွက်ကုန်တွေကို ပိုနေ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ရော တပ်မတော်နဲ့ပါ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး မြန်မာ့နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းတည်ငြိမ်မှု ထိန်းသိမ်းရေးအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပြီးတော့ ဆက်လက်ပါဝင်သွားမယ်လို့လည်း သံအမတ်ကြီးကပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီကို အားပေးထောက်ခံတာမလုပ်ဖို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သူတွေက ရန်ကုန်မြို့၊ တရုတ်သံရုံးရှေ့မှာ နေ့စဉ်ဆိုသလို ဆန္ဒပြတောင်းဆိုနေချိန်မှာပဲ တရုတ်သံအမတ်ကြီးက ပြည်တွင်းသတင်းဌာနတွေ မေးမြန်းတာကို ဖြေဆိုခဲ့တာပါ။
တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ ကောလာဟလတွေ ထပ်ထွက်မလာဖို့ မေ ျှာ်လင့်တယ်လို့ သံအမတ်ကြီး Hai ကဆိုပြီး တကယ်လို့ ထပ်ထွက်လာမယ်ဆိုရင်တော့ နောက်ကွယ်မှာ တခြားအကြံအစည်ရှိတဲ့ အင်အားစုက ထိန်းချုပ်ဖြန့်ဝေနေတာကို ဖော်ပြနေတယ်ဆိုပြီးတော့လည်း ဘယ်အင်အားစုဆိုတာကို အတိအကျမပြောဘဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai က ပြောထားပါတယ်။