သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းဆန္႔က်င္ေရးလႈပ္ရွားမႈမွာ ေရႊဝါေရာင္သံဃာေတြ ပူးေပါင္းပါဝင္


သံဃာေတာ္ေတြပါဝင္တဲ့ ရန္ကုန္ၿမိဳ႕က စစ္အာဏာဆန္႔က်င္ ဆႏၵျပပဲြျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၆၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြမွာ၊ ၂၀၀၇ ခုႏွစ္တုန္းက သံဃာေတာ္ေတြ ဦးေဆာင္တဲ့ လႈပ္ရွားမႈေတြမွာ ပါ၀င္ခဲ့ၾကတဲ့ ရဟန္းေတာ္ေတြလည္း ပူးေပါင္းပါ၀င္လာၾကပါတယ္။ ဆႏၵျပလႈပ္ရွားမႈေတြရဲ႕ ရည္ရြယ္ခ်က္ေတြကုိ မ်က္ေျခမျပတ္ဖုိ႔လည္း တုိက္တြန္းခဲ့ၾကတာပါ။ အေၾကာင္းစုံကုိေတာ့ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ ကုိေဇာ္ထက္က တင္ျပထားပါတယ္။

ေရႊ၀ါေရာင္လႈပ္ရွားမႈလုိ႔ ျပည္တြင္း၊ ျပည္ပ ထင္ရွင္းခဲ့တဲ့ ၂၀၀၇ ခုႏွစ္က ၿငိမ္းခ်မ္းတဲ့ လႈပ္ရွားမႈေတြမွာ ပါ၀င္ခဲ့ၾကတဲ့ သံဃာေတာ္ေတြ ရန္ကုန္ၿမိဳ႕က ဆႏၵျပပဲြေတြမွာ ပူးေပါင္းပါ၀င္လာၾကတာပါ။ ၀န္ထမ္းေတြ၊ အလုပ္သမားေတြ အပါအ၀င္ ႏုိင္ငံအ၀န္းက လူတန္းစားေပါင္းစုံ ပါ၀င္လာတဲ့ အာဏာဖီဆန္ေရး လႈပ္ရွားမႈမွာ ရည္ရြယ္ခ်က္ေတြ မ်က္ျခည္မျပတ္ဖုိ႔လည္း ေရႊ၀ါေရာင္လႈပ္ရွားမႈ ဦးေဆာင္သံဃာတပါးျဖစ္တဲ့ ဆရာေတာ္ ဥဴးစႏၵာသီရိက မိန႔္ပါတယ္။

“နိုင္ငံေရး တိုက္ပြဲတခုမွာ နိုင္ငံေရး ေတာင္းဆိုခ်က္ေတြ နိုင္ငံေရး ေႂကြးေၾကာ္သံေတြပဲ ျဖစ္သင့္တယ္လို႔ ဦးပဇၨင္းက ယူဆတယ္။ အဲဒီနိုင္ငံေရး ေတာင္းဆိုခ်က္၊ ေႂကြးေၾကာ္မႈေတြက ဘာေတြျဖစ္နိုင္သလဲဆိုရင္ ဦးပဇၨင္းတို႔ တိုင္းျပည္မွာ စစ္အာရွင္စနစ္ ဖိႏွိပ္ထားတဲ့အတြက္ စစ္အာဏာရွင္စနစ္ လုံးဝက်ဆုံးေရး၊ ေနာက္ၿပီး ၂၀၀၈ အေျခခံဥပေဒ လုံးဝဖ်က္သိမ္းေရး၊ ေနာက္ ဒီမိုကေရစီ ရရွိေရး၊ ျပည္ေထာင္စု ဖက္ဒရယ္ ဒီမိုကေရစီ ေဖာ္ေဆာင္ေရး၊ ေနာက္တခုက ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတႀကီး ဦးဝင္းျမင့္အပါအဝင္ ဖမ္းဆီးထားတဲ့ နိုင္ငံေရး အက်ဥ္းသားေတြအားလုံး အျမန္ဆုံး လႊတ္ေပးေရးဆိုတဲ့ ေတာင္းဆိုခ်က္ေတြကို က်စ္က်စ္လ်စ္လ်စ္နဲ႔ တနိုင္ငံလုံးက ေတာင္းဆိုတယ္ဆိုရင္ ေအာင္ပြဲဟာ မၾကာခင္ရမယ္လို႔ ေမၽွာ္လင့္ပါတယ္။”

သံဃာေတာ္ေတြပါဝင္တဲ့ ရန္ကုန္ၿမိဳ႕က စစ္အာဏာဆန္႔က်င္ ဆႏၵျပပဲြျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၆၊ ၂၀၂၁)
သံဃာေတာ္ေတြပါဝင္တဲ့ ရန္ကုန္ၿမိဳ႕က စစ္အာဏာဆန္႔က်င္ ဆႏၵျပပဲြျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၆၊ ၂၀၂၁)

အာဏာပုိင္ေတြအေနနဲ႔ ၿငိမ္းခ်မ္းတဲ့လႈပ္ရွားမႈေတြကုိ အၾကမ္းဖက္ၿဖိဳခြင္းတာ၊ ပစ္ခတ္တာေတြ မလုပ္ဖုိ႔လည္း တုိက္တြန္းခဲ့ၾကပါတယ္။

သံဃာေတာ္ေတြဟာ ရန္ကုန္ၿမိဳ႕က ဆႏၵျပသူေတြ စုေ၀းရာ ကုလသမဂၢကုိလည္း ခ်ီတက္ဆႏၵျပခဲ့ပါတယ္။

ကုလသမဂၢ႐ုံးေရွ႕ကို ေရာက္ေနတဲ့ ရန္ကုန္တိုင္းလႊတ္ေတာ္ ဒလမဲဆႏၵနယ္ ကိုယ္စားလွယ္ျဖစ္သလို၊ ရန္ကုန္တိုင္းလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ အဖြဲ႕ဝင္လည္းျဖစ္တဲ့ ဦးဘိုဘိုဦးေတာ့ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ဆက္လက္ႀကိဳးပမ္းၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

“ၿငိမ္းခ်မ္းတဲ့ ဓမၼတရားသာလၽွင္ ေအာင္နိုင္ျခင္းမည္ပါလိမ့္မယ္။ ဒါေၾကာင့္ တကယ့္ေထရဝါဒ ဗုဒၶဘာသာဝင္ အစစ္ေတြ၊ ဗုဒၶဘာသာဝင္ သံဃာေတာ္ေတြဆိုတာ ဓမၼအေၾကာင္းကို ေကာင္းေကာင္း နားလည္ပါတယ္။ သူတို႔ေတြဟာ ဓမၼစက္နဲ႔ ျပည္သူေတြဘက္ကေန ရပ္တည္ေနတာ ျဖစ္ပါတယ္။”

ရန္ကုန္အပါအဝင္ ျမန္မာႏုိင္ငံေနရာအႏွံ႔ လုံၿခံဳေရးတုိးျမွင့္ထားတဲ့ ၾကားမွာပဲ ဆႏၵျပလႈပ္ရွားမႈေတြလည္း ဆက္လက္ေပၚေပါက္ေနတာပါ။ ဆႏၵျပသူေတြကုိ အာဏာပုိင္ေတြက အင္အားသုံးႏွိမ္နင္းတာ၊ ဖမ္းဆီးတာေတြ၊ အင္တာနက္ ဆက္သြယ္မႈေတြ ျဖတ္ေတာက္တာေတြလုိ ကန္႔သတ္ခ်က္ေတြလည္း ရွိေနတဲ့အတြက္ ကုလသမဂၢနဲ႔ ႏုိင္ငံတကာ အသုိင္းအ၀န္းကလည္း စုိးရိမ္တဲ့ သေဘာထားေတြ ေျပာဆုိထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ရွှေဝါရောင်သံဃာတွေ ပူးပေါင်းပါဝင်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ၊ ၂၀၀၇ ခုနှစ်တုန်းက သံဃာတော်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ရဟန်းတော်တွေလည်း ပူးပေါင်းပါဝင်လာကြပါတယ်။ ဆန္ဒပြလှုပ်ရှားမှုတွေရဲ့ ရည်ရွယ်ချက်တွေကို မျက်ခြေမပြတ်ဖို့လည်း တိုက်တွန်းခဲ့ကြတာပါ။ အကြောင်းစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြထားပါတယ်။

သံဃာေတာ္ေတြပါဝင္တဲ့ ရန္ကုန္ၿမိဳ႕က စစ္အာဏာဆန္႔က်င္ ဆႏၵျပပဲြျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၆၊ ၂၀၂၁)
သံဃာေတာ္ေတြပါဝင္တဲ့ ရန္ကုန္ၿမိဳ႕က စစ္အာဏာဆန္႔က်င္ ဆႏၵျပပဲြျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၆၊ ၂၀၂၁)

ရွှေဝါရောင်လှုပ်ရှားမှုလို့ ပြည်တွင်း၊ ပြည်ပ ထင်ရှင်းခဲ့တဲ့ ၂၀၀၇ ခုနှစ်က ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော်တွေ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်လာကြတာပါ။ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ အပါအဝင် နိုင်ငံအဝန်းက လူတန်းစားပေါင်းစုံ ပါဝင်လာတဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ရည်ရွယ်ချက်တွေ မျက်ခြည်မပြတ်ဖို့လည်း ရွှေဝါရောင်လှုပ်ရှားမှု ဦးဆောင်သံဃာတပါးဖြစ်တဲ့ ဆရာတော် ဥူးစန္ဒာသီရိက မိန့်ပါတယ်။

“နိုင်ငံရေး တိုက်ပွဲတခုမှာ နိုင်ငံရေး တောင်းဆိုချက်တွေ နိုင်ငံရေး ကြွေးကြော်သံတွေပဲ ဖြစ်သင့်တယ်လို့ ဦးပဇ္ဇင်းက ယူဆတယ်။ အဲဒီနိုင်ငံရေး တောင်းဆိုချက်၊ ကြွေးကြော်မှုတွေက ဘာတွေဖြစ်နိုင်သလဲဆိုရင် ဦးပဇ္ဇင်းတို့ တိုင်းပြည်မှာ စစ်အာရှင်စနစ် ဖိနှိပ်ထားတဲ့အတွက် စစ်အာဏာရှင်စနစ် လုံးဝကျဆုံးရေး၊ နောက်ပြီး ၂၀၀၈ အခြေခံဥပဒေ လုံးဝဖျက်သိမ်းရေး၊ နောက် ဒီမိုကရေစီ ရရှိရေး၊ ပြည်ထောင်စု ဖက်ဒရယ် ဒီမိုကရေစီ ဖော်ဆောင်ရေး၊ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး အမြန်ဆုံး လွှတ်ပေးရေးဆိုတဲ့ တောင်းဆိုချက်တွေကို ကျစ်ကျစ်လျစ်လျစ်နဲ့ တနိုင်ငံလုံးက တောင်းဆိုတယ်ဆိုရင် အောင်ပွဲဟာ မကြာခင်ရမယ်လို့ မျှော်လင့်ပါတယ်။”

အာဏာပိုင်တွေ အနေနဲ့ ငြိမ်းချမ်းတဲ့လှုပ်ရှားမှုတွေကို အကြမ်းဖက်ဖြိုခွင်းတာ၊ ပစ်ခတ်တာတွေ မလုပ်ဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။

သံဃာတော်တွေဟာ ရန်ကုန်မြို့က ဆန္ဒပြသူတွေ စုဝေးရာ ကုလသမဂ္ဂကိုလည်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ကုလသမဂ္ဂရုံးရှေ့ကို ရောက်နေတဲ့ ရန်ကုန်တိုင်းလွှတ်တော် ဒလမဲဆန္ဒနယ် ကိုယ်စားလှယ်ဖြစ်သလို၊ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဘိုဘိုဦးတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆက်လက်ကြိုးပမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

“ငြိမ်းချမ်းတဲ့ ဓမ္မတရားသာလျှင် အောင်နိုင်ခြင်းမည်ပါလိမ့်မယ်။ ဒါကြောင့် တကယ့်ထေရဝါဒ ဗုဒ္ဓဘာသာဝင် အစစ်တွေ၊ ဗုဒ္ဓဘာသာဝင် သံဃာတော်တွေဆိုတာ ဓမ္မအကြောင်းကို ကောင်းကောင်း နားလည်ပါတယ်။ သူတို့တွေဟာ ဓမ္မစက်နဲ့ ပြည်သူတွေဘက်ကနေ ရပ်တည်နေတာ ဖြစ်ပါတယ်။”

ရန်ကုန်အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့ လုံခြုံရေးတိုးမြှင့်ထားတဲ့ ကြားမှာပဲ ဆန္ဒပြလှုပ်ရှားမှုတွေလည်း ဆက်လက်ပေါ်ပေါက်နေတာပါ။ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အင်အားသုံးနှိမ်နင်းတာ၊ ဖမ်းဆီးတာတွေ၊ အင်တာနက် ဆက်သွယ်မှုတွေ ဖြတ်တောက်တာတွေလို ကန့်သတ်ချက်တွေလည်း ရှိနေတဲ့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကလည်း စိုးရိမ်တဲ့ သဘောထားတွေ ပြောဆိုထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG