သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လႊတ္ေတာ္ကိုယ္စားျပဳ CRPH ႏွင္႔ ကုလ တုံ႔ျပန္ႏိုင္ေျခ (ေဒါက္တာတင္႔ေဆြ အျမင္) 


၁၉၉၀ ေရြးေကာက္ပဲြအႏိုင္ရ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေဒါက္တာတင့္ေဆြ

(Zawgyi/Unicode)

CRPH ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီဝင္ (၃၀၀) ေက်ာ္ ဖမ္းဆီးဖို႔ ႀကိဳးပမ္းမယ္ဆိုရင္ စစ္ေကာင္စီအေနနဲ႔ ကုလသမဂၢရဲ႕ျပင္းထန္တဲ့ တုန္႔ျပန္ခ်က္ကို ရင္ဆိုင္ရလိမ့္မယ္လို႔ ျမင္ေၾကာင္း ၁၉၉၀ ေရြးေကာက္ပဲြအႏိုင္ရ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေဒါက္တာတင့္ေဆြက သံုးသပ္ပါတယ္။

တနလၤာေန႔က ထုတ္ျပန္တဲ့ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရံုးရဲ႕ေၾကညာခ်က္မွာလည္း တပ္မေတာ္ဘက္က အင္အားလြန္လြန္က်ဴးက်ဴး အသံုးျပဳမယ္ဆိုရင္ ဆိုးရြားတဲ့ အက်ဳိးဆက္ေတြရွိလာလိမ့္မယ္လို႔ ကုလအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္က ဒုဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းနဲ႕ဗီြဒီယိုကြန္ဖရင့္ ေဆြးေႏြးပဲြမွာ ေျပာၾကားခဲ့တယ္လို႔ေဖၚျပထားပါတယ္။

CRPH ကို ဖိႏွိပ္ဖို႔ စစ္ေကာင္စီက ေဆာင္ရြက္လာတဲ့အေပၚမွာ ၁၉၉၀ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေဒါက္တာတင့္ေဆြကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

အင္ၾကင္းႏိုင္။ ။ ျပည္ေထာင္စုလႊတ္္ေတာ္ ကိုယ္စားျပဳေကာ္မတီ၀င္ (၃၀၀)ေက်ာ္ကို သက္ဆိုင္ရာ ၿမိဳ႕နယ္ ရဲစခန္းေတြမွာ ဖမ္း၀ရမ္းထုတ္ထားတယ္လို႔ က်မတို႔ စံုစမ္းသိရွိရပါတယ္။ အဲေတာ့ အခုဒီတႀကိမ္ စစ္ေကာင္စီက လႊတ္ေတာ္အမတ္ေတြ ဖမ္းဆီးဖို႔ ႀကိဳးပမ္းလာတဲ့ အေျခအေနနဲ႔ အရင္ ၁၉၉၀ျပည့္ ေရြးေကာက္ပဲြတုန္းက ဆရာတို႔လို အႏိုင္ရ လႊတ္ေတာ္အမတ္ေတြကို စစ္အစိုးရက ဖမ္းဆီးတဲ့ အေျခအေနနဲ႔ ဘယ္လိုကြာျခားခ်က္ေတြရွိေနသလဲ။

ေဒါက္တာတင့္ေဆြ။ ။ ၁၉၉၀ နဲ႔ အခု ၂၀၂၁ ကေတာ့ ျပည္သူလူထုလႈပ္ရွားမႈကေရာ ေနာက္တခါ ေရြးခ်ယ္ခံအမတ္ေတြရဲ႕ ေဆာင္ရြက္မႈေတြကေရာ ကြာျခားပါတယ္ခင္ဗ်။ ၁၉၉၀ တုုန္းက အမတ္ေတြကို က်ေနာ္တို႔ ဂႏီၶ အစည္းအေ၀းမွာ စၿပီးေတာ့ ေနာက္ေယာင္ခံလိုက္ၿပီးေတာ့ ႏွိမ္နင္းမႈ လုပ္ပါတယ္။ ႏွိမ္နင္းမႈလုပ္တဲ့အခါမွာ အမ်ားစုကို အတင္းအဓမၼသေဘာေပါ့ေနာ္ အမတ္အျဖစ္က ႏုတ္ထြက္ဖို႔ လက္မွတ္ေတြထိုးခိုင္းတဲ့ကိစၥလုပ္ပါတယ္။ ေနာက္တခါ မထိုးတဲ့လူေတြကို ဖမ္းပါတယ္၊ ဖမ္းဆီးထိန္းသိမ္းတယ္ ။ ႏွစ္ေတြၾကာေအာင္လည္း ေထာင္ခ်တယ္ေပါ့ ။ ေနာက္က်ေန္ာအပါအ၀င္ အမတ္ ၃၅ ဦးကေတာ့ ျပည္ပကို ထြက္ေျပးၾကပါတယ္ခင္ဗ်။ အဲဒီ သူတို႔အလိုမလိုက္တဲ့ အမတ္ေတြက်ေတာ့ ေရွာင္သြားတဲ့လူေရာ လက္မွတ္မထိုးတဲ့လူေရာကို အမတ္ေတြသာမက အမတ္ေတြရဲ႕ မိသားစုေတြ၊ ေဆြမ်ိဳးသားခ်င္းေတြ၊ ကူညီရိုင္းပင္းတဲ့ ျပည္သူေတြကိုပါ နည္းအမ်ိဳးမ်ိဳးနဲ႔ ႏွစ္ေပါင္းေျမာက္မ်ားစြာ ႏွိတ္စက္မႈေတြ လုပ္ခဲ့ပါတယ္။ အခုအေျခအေနကေတာ့ တမ်ိဳးျဖစ္ပါတယ္။

မအင္ၾကင္းႏိုင္။ ။ အခု လႊတ္ေတာ္အမတ္ေတြကို စစ္ေကာင္စီကေနၿပီးေတာ့ ဖမ္းဆီးဖိႏွိပ္တဲ့ ႀကိဳးပမ္းလာတဲ့အေျခအေနမွာ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီအေနနဲ႔ သူတို႔ ဘယ္လိုေရွ႕ဆက္လုပ္ႏိုင္ဖို႔အလားအလာ ဆရာ ဘယ္လိုသံုးသပ္မိသလဲရွင့္။

ေဒါက္တာတင့္ေဆြ။ ။ဒီေမးခြန္းကိုလည္း ၁၉၉၀ အေတြ႔အၾကံဳကို အေျခခံၿပီး တင္ျပေဆြးေႏြးအၾကံျပဳ ပါရေစ။ ၁၉၉၀ တုန္းကေတာ့ က်ေနာ္တို႔ အမတ္ေတြဟာ ဂႏီၶ အၿပီးမွာ လႊတ္ေတာ္ေခၚေပးမွာမဟုတ္ဘူးဆိုတာ ေသခ်ာတဲ့အခ်ိန္မွာ အသက္အားျဖင့္ အရြယ္လတ္ ၊ ေနာက္ပါတီတြင္း တာ၀န္အားျဖင့္လည္း အလတ္အပိုင္းမွာရွိတဲ့အမတ္ေတြက စုစည္းၿပီးေတာ့ နည္းလမ္းက်ေနာ္တို႔ ရွာၾကပါတယ္။ အဲဒီအခ်ိန္တုန္းကလည္း သံံဃာေတာ္ေတြအေနနဲ႔ ပတၱနိကုစၥနကံ ေဆာင္ေနတဲ့ အခ်ိန္ပါ။ က်ေနာ္တုိ႔ လွိ်ဴ၀ွက္ေဆြးေႏြးမႈေတြ ေနရာအမ်ိဳးမ်ိဳးမွာ ေဆာင္ရြက္ပါတယ္။ အမ်ားစုကေတာ့ ရန္ကုန္ထက္ ပိုၿပီးေတာ့ စုစည္းရတာ ေနရာက်ယ္တဲ့ မႏၱေလးမွာ အေျချပဳပါတယ္။ အဲဒီအခါမွာ က်ေနာ္တို႔က နည္းလမ္းေတြအမ်ိဳးမ်ိဳး စဥ္းစားပါတယ္။ ျဖစ္ႏိုင္တဲ့ စဥ္းစားမႈထဲမွာ ယွဥ္ၿပိဳင္အစိုးရဖြဲ႔ေရးကို ေရြးခ်ယ္ၾကပါတယ္။ ဒါေပမယ့္ အဲဒီနည္းလမ္းကို က်ေနာ္တို႔ မေရြးခဲ့ၾကပါဘူး။ ေနာက္ဒုတိယနည္းလမ္းကေတာ့ သံရံုးေတြေပါ့၊ သူတို႔အကာအကြယ္နဲ႔ က်ေနာ္တို႔ ဖြဲ႔မလား ၊ ေနာက္ဆံုးတတိယကေတာ့ ထိုင္းနယ္စပ္မွာရွိတဲ့ လြတ္ေျမာက္နယ္ေျမကိုသြားၿပီးေတာ့ တိုင္းရင္းသားအင္အားစုေတြနဲ႔ ေဆြးေႏြးၿပီးေတာ့ ယွဥ္ၿပိဳင္အစိုးရဖြဲ႔မလားဆိုၿပီးေတာ့ နည္းလမ္း ၃ ခုမွာ ေနာက္ဆံုးနည္းလမ္းကိုေရြးၿပီးေတာ့ ေဆာင္ရြက္ခဲ့ပါတယ္။ အခု ၂၀၂၁ ကေတာ့ အေျခအေနမတူပါဘူးခင္ဗ်။ အထဲက ပုဂိဳလ္ေတြက က်ေနာ္တို႔ထက္ပိုၿပီးေတာ့ တကယ့္မ်က္ျမင္အေျခအေနကို သူတို႔သိၾကပါတယ္၊ အခက္အခဲနဲ႔ ျဖစ္ႏိုင္ေျခကို သိၾကတဲ့အတြက္ လက္ရွိ CRPH မွာ ပါတဲ့အမတ္ေတြက ေခါင္းခ်င္းရိုက္ၿပီးေတာ့ နည္းလမ္းေတြရွာၾကမယ္လို႔ ယူဆပါတယ္။ ဒီအတြက္လည္း အခုလို ၀ရမ္းထုတ္တဲ့ကိစၥေတြကို ႀကိဳတင္ ေမွ်ာ္လင့္ၿပီးသားလို႔ က်ေနာ္ယူဆပါတယ္။

မအင္ၾကင္းႏိုင္။ ။ အခုတပ္မေတာ္ရဲ႕ ဒုတိယ ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းနဲ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner-Burgener တို႔ Video conference ေဆြးေႏြးပြဲလုပ္ခဲ့တယ္ အဲဒီမွာဆိုရင္ သူတို႔ တပ္မေတာ္ဘက္က ထုတ္ျပန္ခ်က္နဲ႔ ကုလသမဂၢ ဘက္က ထုတ္ျပန္ခ်က္က ေတာ္ေတာ္ေလး ကြာတာေတြ႕ရတယ္။ ဆရာဘယ္လိုျမင္ပါသလဲရွင့္။

ေဒါက္တာတင့္ေဆြ။ ။ ဟုတ္ကဲ့ က်ေနာ္ ၂ ဖက္လံုးက ထြက္လာတဲ့ သတင္းနဲ႔ အခ်က္အလက္ေတြကို က်ေနာ္ၾကည့္တဲ့အခါမွာ ဒီ စစ္ေကာင္စီဘက္ကေတာ့ အကုန္လံုးေကာင္းတယ္ ၊ က်ေနာ္တို႔ အကုန္လံုးေကာင္းေအာင္လုပ္ေနတယ္ ဘာမွ လိုေလေသးမရွိေပါ့ဗ်ာ ၊ COVID-19 အပါအ၀င္ေပါ့ အကုန္ေကာင္းတယ္လို႔ ေျပာပါတယ္။ ဒီဟာကို ကုလသမဂၢကလည္း မယံု ၊ ျပည္သူလူထုကလည္း မယံုတဲ့အခ်က္ပါပါ။ ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာအသိုင္းအ၀ိုင္း အထူးသျဖင့္ ဒီမိုကေရစီႏိုင္ငံက ႏိုင္ငံတကာ အသိုင္းအ၀ိုင္းက ျမန္မာျပည္မွာ ျဖစ္ေနတဲ့ ကိစၥေတြကို ေဖေဖာ္၀ါရီ ၁ ရက္က စၿပီး ၂၄ နာရီ မပ်က္ ေစာင့္ၾကည့္ပါတယ္။ ေစာင့္ၾကည့္ၿပီးေတာ့ လုပ္သင့္တာေတြလည္း လုပ္ေနပါတယ္။ အခုေနာက္ဆံုး အေျခအေနအေပၚ မူတည္ၿပီးေတာ့ တိုးၿပီးေတာ့ လာစရာရွိတယ္လို႔ က်ေန္ာယူဆပါတယ္။

အင္ၾကင္းႏိုင္ ။ ။ ဒီေနရာမွာ ဒုဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းနဲ႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ အထူးကိုယ္စားလွယ္တို႔ ဗီြဒီယိုကြန္ဖရင့္နဲ႔ စကားေျပာတဲ့ေနရာမွာ ကုလသမဂၢရဲ႕ ထုတ္ျပန္ခ်က္အရဆိုရင္ တပ္မေတာ္အေနနဲ႔ လြန္လြန္က်ဴးက်ဴးတုန္႔ျပန္မယ္ဆိုရင္ ဆိုးရြားတဲ့ အက်ဳိးဆက္ေတြရွိလာလိမ့္မယ္လို႔ အထူးကိုယ္စားလွယ္က တပ္မေတာ္ဘက္ကို ေျပာၾကားခဲ့တယ္လို႔ေဖၚျပထားပါတယ္။ ေဒါက္တာတင့္ေဆြအေနနဲ႔ ဘယ္လိုသံုးသပ္လဲရွင့္။

ေဒါက္တာတင့္ေဆြ။ ။ ဒီစကားလံုးနဲ႔ ေဆြးေႏြးခ်က္ဟာ အင္မတန္မွ အေရးႀကီးတယ္။ သံတမန္ေရးရာစကားလံုးအရဆိုရင္ ျပင္းထန္တဲ့ခင္ဗ်။ ေနာက္လက္ေတြ႕က်တဲ့ သူ႔ရဲ႕ follow up ေပါ့။ ကုလသမဂၢဘက္က လာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကုလသမဂၢကေတာ့ သိတဲ့အတိုင္းပဲ။ ႏိုင္ငံတကာ အစိုးရေတြရဲ႕ အဖဲြ႕အစည္းႀကီးျဖစ္ေတာ့ သူ႔ရဲ႕ ေဆာင္ရြက္ခ်က္ေတြဟာ ကန္႔သတ္ခ်က္ ေတာ္ေတာ္ႀကီးပါတယ္။ သို႔ေသာ္ တကယ္တမ္းလက္ေတြ႕အေရးယူေဆာင္ရြက္မႈကေတာ့ ကုလသမဂၢလံုၿခံဳေရးေကာင္စီျဖစ္ပါတယ္။ အဲေတာ့ လံုၿခံဳေရးေကာင္စီမွာ သိတဲ့အတိုင္း အၿမဲတမ္းအဖဲြ႔၀င္ ငါးႏိုင္ငံမွာ တရုတ္နဲ႕ ရုရွားက အစဥ္အဆက္ဆိုသလို စစ္အစိုးရဘက္ လိုက္ခဲ့တယ္။ သို႔ေသာ္လည္း ဒီကေန႔ ၂၀၂၁ ဟာ ၁၉၈၈၊ ၁၉၉၀ ကာလေတြနဲ႔ မတူတဲ့ အေနအထားတရပ္၊ တနည္းအားျဖင့္ ပိုဆိုးတဲ့အေျခအေနကို ျမန္မာျပည္က ရင္ဆိုင္ေနရတယ္။ အဲေတာ့ ကုလသမဂၢကပဲျဖစ္ျဖစ္၊ ႏိုင္ငံတကာ အသိုင္းအ၀ိုင္းကပဲျဖစ္ျဖစ္ ေရွးေဟာင္းနည္းေတြနဲ႔ ျမန္မာျပည္ကို ေျပာင္းလဲဖို႔ မရဘူးဆိုတာလည္း သိၾကတယ္လို႔ ယူဆပါတယ္။ ဒါေၾကာင့္ ကုလသမဂၢဘက္က ေဆာင္ရြက္မႈေတြဟာလည္း အထူးကိုယ္စားလွယ္ေျပာသလိုေပါ့ ေစာင့္ၾကည့္ေနၿပီးေတာ့၊ အတိုင္းအတာလြန္လာလို႔ရွိရင္ လြန္လာတဲ့အေလ်ာက္ အေရးယူေဆာင္ရြက္မႈရွိႏိုင္တယ္။ တနည္းအားျဖင့္ ကုလသမဂၢလံုၿခံဳေရးေကာင္စီက ေၾကညာခ်က္ စာရြက္သာမက အေရးယူေဆာင္ရြက္မႈေတြ လာႏိုင္တယ္လို႔ က်ေနာ္ ယူဆတယ္ခင္ဗ်။

၁၉၉၀ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေဒါက္တာတင့္ေဆြကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

..............

လွှတ်တော်ကိုယ်စားပြု CRPH နှင့် ကုလတုံ့ပြန်နိုင်ခြေ (ဒေါက်တာတင့်ဆွေ အမြင်)

(Unicode)

CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင် (၃၀၀) ကျော် ဖမ်းဆီးဖို့ ကြိုးပမ်းမယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ကုလသမဂ္ဂရဲ့ပြင်းထန်တဲ့ တုန့်ပြန်ချက်ကို ရင်ဆိုင်ရလိမ့်မယ်လို့ မြင်ကြောင်း ၁၉ ၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ကြေညာချက်မှာလည်း တပ်မတော်ဘက်က အင်အားလွန်လွန်ကျူးကျူး အသုံးပြုမယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေရှိလာလိမ့်မယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ဗွီဒီယိုကွန်ဖရင့် ဆွေးနွေးပွဲမှာ ပြောကြားခဲ့တယ်လို့ဖေါ်ပြထားပါတယ်။

CRPH ကို ဖိနှိပ်ဖို့ စစ်ကောင်စီက ဆောင်ရွက်လာတဲ့အပေါ်မှာ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာတင့်ဆွေကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင် (၃၀၀)ကျော်ကို သက်ဆိုင်ရာ မြို့နယ် ရဲစခန်းတွေမှာ ဖမ်းဝရမ်းထုတ်ထားတယ်လို့ ကျမတို့ စုံစမ်းသိရှိရပါတယ်။ အဲတော့ အခုဒီတကြိမ် စစ်ကောင်စီက လွှတ်တော်အမတ်တွေ ဖမ်းဆီးဖို့ ကြိုးပမ်းလာတဲ့ အခြေအနေနဲ့ အရင် ၁၉၉၀ပြည့် ရွေးကောက်ပွဲတုန်းက ဆရာတို့လို အနိုင်ရ လွှတ်တော်အမတ်တွေကို စစ်အစိုးရက ဖမ်းဆီးတဲ့ အခြေအနေနဲ့ ဘယ်လိုကွာခြားချက်တွေရှိနေသလဲ။

ဒေါက်တာတင့်ဆွေ။ ။ ၁၉၉၀ နဲ့ အခု ၂၀၂၁ ကတော့ ပြည်သူလူထုလှုပ်ရှားမှုကရော နောက်တခါ ရွေးချယ်ခံအမတ်တွေရဲ့ ဆောင်ရွက်မှုတွေကရော ကွာခြားပါတယ်ခင်ဗျ။ ၁၉၉၀ တုန်းက အမတ်တွေကို ကျနော်တို့ ဂန္ဓီ အစည်းအဝေးမှာ စပြီးတော့ နောက်ယောင်ခံလိုက်ပြီးတော့ နှိမ်နင်းမှု လုပ်ပါတယ်။ နှိမ်နင်းမှုလုပ်တဲ့အခါမှာ အများစုကို အတင်းအဓမ္မသဘောပေါ့နော် အမတ်အဖြစ်က နုတ်ထွက်ဖို့ လက်မှတ်တွေထိုးခိုင်းတဲ့ကိစ္စလုပ်ပါတယ်။ နောက်တခါ မထိုးတဲ့လူတွေကို ဖမ်းပါတယ်၊ ဖမ်းဆီးထိန်းသိမ်းတယ် ။ နှစ်တွေကြာအောင်လည်း ထောင်ချတယ်ပေါ့ ။ နောက်ကျနေ်ာအပါအဝင် အမတ် ၃၅ ဦးကတော့ ပြည်ပကို ထွက်ပြေးကြပါတယ်ခင်ဗျ။ အဲဒီ သူတို့အလိုမလိုက်တဲ့ အမတ်တွေကျတော့ ရှောင်သွားတဲ့လူရော လက်မှတ်မထိုးတဲ့လူရောကို အမတ်တွေသာမက အမတ်တွေရဲ့ မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေ၊ ကူညီရိုင်းပင်းတဲ့ ပြည်သူတွေကိုပါ နည်းအမျိုးမျိုးနဲ့ နှစ်ပေါင်းမြောက်များစွာ နှိတ်စက်မှုတွေ လုပ်ခဲ့ပါတယ်။ အခုအခြေအနေကတော့ တမျိုးဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ အခု လွှတ်တော်အမတ်တွေကို စစ်ကောင်စီကနေပြီးတော့ ဖမ်းဆီးဖိနှိပ်တဲ့ ကြိုးပမ်းလာတဲ့အခြေအနေမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီအနေနဲ့ သူတို့ ဘယ်လိုရှေ့ဆက်လုပ်နိုင်ဖို့အလားအလာ ဆရာ ဘယ်လိုသုံးသပ်မိသလဲရှင့်။

ဒေါက်တာတင့်ဆွေ။ ။ဒီမေးခွန်းကိုလည်း ၁၉၉၀ အတွေ့အကြုံကို အခြေခံပြီး တင်ပြဆွေးနွေးအကြံပြု ပါရစေ။ ၁၉၉၀ တုန်းကတော့ ကျနော်တို့ အမတ်တွေဟာ ဂန္ဓီ အပြီးမှာ လွှတ်တော်ခေါ်ပေးမှာမဟုတ်ဘူးဆိုတာ သေချာတဲ့အချိန်မှာ အသက်အားဖြင့် အရွယ်လတ် ၊ နောက်ပါတီတွင်း တာဝန်အားဖြင့်လည်း အလတ်အပိုင်းမှာရှိတဲ့အမတ်တွေက စုစည်းပြီးတော့ နည်းလမ်းကျနော်တို့ ရှာကြပါတယ်။ အဲဒီအချိန်တုန်းကလည်း သံံဃာတော်တွေအနေနဲ့ ပတ္တနိကုစ္စနကံ ဆောင်နေတဲ့ အချိန်ပါ။ ကျနော်တို့ လျှိူဝှက်ဆွေးနွေးမှုတွေ နေရာအမျိုးမျိုးမှာ ဆောင်ရွက်ပါတယ်။ အများစုကတော့ ရန်ကုန်ထက် ပိုပြီးတော့ စုစည်းရတာ နေရာကျယ်တဲ့ မန္တလေးမှာ အခြေပြုပါတယ်။ အဲဒီအခါမှာ ကျနော်တို့က နည်းလမ်းတွေအမျိုးမျိုး စဉ်းစားပါတယ်။ ဖြစ်နိုင်တဲ့ စဉ်းစားမှုထဲမှာ ယှဉ်ပြိုင်အစိုးရဖွဲ့ရေးကို ရွေးချယ်ကြပါတယ်။ ဒါပေမယ့် အဲဒီနည်းလမ်းကို ကျနော်တို့ မရွေးခဲ့ကြပါဘူး။ နောက်ဒုတိယနည်းလမ်းကတော့ သံရုံးတွေပေါ့၊ သူတို့အကာအကွယ်နဲ့ ကျနော်တို့ ဖွဲ့မလား ၊ နောက်ဆုံးတတိယကတော့ ထိုင်းနယ်စပ်မှာရှိတဲ့ လွတ်မြောက်နယ်မြေကိုသွားပြီးတော့ တိုင်းရင်းသားအင်အားစုတွေနဲ့ ဆွေးနွေးပြီးတော့ ယှဉ်ပြိုင်အစိုးရဖွဲ့မလားဆိုပြီးတော့ နည်းလမ်း ၃ ခုမှာ နောက်ဆုံးနည်းလမ်းကိုရွေးပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ အခု ၂၀၂၁ ကတော့ အခြေအနေမတူပါဘူးခင်ဗျ။ အထဲက ပုဂိုလ်တွေက ကျနော်တို့ထက်ပိုပြီးတော့ တကယ့်မျက်မြင်အခြေအနေကို သူတို့သိကြပါတယ်၊ အခက်အခဲနဲ့ ဖြစ်နိုင်ခြေကို သိကြတဲ့အတွက် လက်ရှိ CRPH မှာ ပါတဲ့အမတ်တွေက ခေါင်းချင်းရိုက်ပြီးတော့ နည်းလမ်းတွေရှာကြမယ်လို့ ယူဆပါတယ်။ ဒီအတွက်လည်း အခုလို ဝရမ်းထုတ်တဲ့ကိစ္စတွေကို ကြိုတင် မျှော်လင့်ပြီးသားလို့ ကျနော်ယူဆပါတယ်။

မအင်ကြင်းနိုင်။ ။ အခုတပ်မတော်ရဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner-Burgener တို့ Video conference ဆွေးနွေးပွဲလုပ်ခဲ့တယ် အဲဒီမှာဆိုရင် သူတို့ တပ်မတော်ဘက်က ထုတ်ပြန်ချက်နဲ့ ကုလသမဂ္ဂ ဘက်က ထုတ်ပြန်ချက်က တော်တော်လေး ကွာတာတွေ့ရတယ်။ ဆရာဘယ်လိုမြင်ပါသလဲရှင့်။

ဒေါက်တာတင့်ဆွေ။ ။ ဟုတ်ကဲ့ ကျနော် ၂ ဖက်လုံးက ထွက်လာတဲ့ သတင်းနဲ့ အချက်အလက်တွေကို ကျနော်ကြည့်တဲ့အခါမှာ ဒီ စစ်ကောင်စီဘက်ကတော့ အကုန်လုံးကောင်းတယ် ၊ ကျနော်တို့ အကုန်လုံးကောင်းအောင်လုပ်နေတယ် ဘာမှ လိုလေသေးမရှိပေါ့ဗျာ ၊ COVID-19 အပါအဝင်ပေါ့ အကုန်ကောင်းတယ်လို့ ပြောပါတယ်။ ဒီဟာကို ကုလသမဂ္ဂကလည်း မယုံ ၊ ပြည်သူလူထုကလည်း မယုံတဲ့အချက်ပါပါ။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ဒီမိုကရေစီနိုင်ငံက နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာပြည်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို ဖေဖော်ဝါရီ ၁ ရက်က စပြီး ၂၄ နာရီ မပျက် စောင့်ကြည့်ပါတယ်။ စောင့်ကြည့်ပြီးတော့ လုပ်သင့်တာတွေလည်း လုပ်နေပါတယ်။ အခုနောက်ဆုံး အခြေအနေအပေါ် မူတည်ပြီးတော့ တိုးပြီးတော့ လာစရာရှိတယ်လို့ ကျနေ်ာယူဆပါတယ်။

အင်ကြင်းနိုင် ။ ။ ဒီနေရာမှာ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်တို့ ဗွီဒီယိုကွန်ဖရင့်နဲ့ စကားပြောတဲ့နေရာမှာ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရဆိုရင် တပ်မတော်အနေနဲ့ လွန်လွန်ကျူးကျူးတုန့်ပြန်မယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေရှိလာလိမ့်မယ်လို့ အထူးကိုယ်စားလှယ်က တပ်မတော်ဘက်ကို ပြောကြားခဲ့တယ်လို့ဖေါ်ပြထားပါတယ်။ ဒေါက်တာတင့်ဆွေအနေနဲ့ ဘယ်လိုသုံးသပ်လဲရှင့်။

ဒေါက်တာတင့်ဆွေ။ ။ ဒီစကားလုံးနဲ့ ဆွေးနွေးချက်ဟာ အင်မတန်မှ အရေးကြီးတယ်။ သံတမန်ရေးရာစကားလုံးအရဆိုရင် ပြင်းထန်တဲ့ခင်ဗျ။ နောက်လက်တွေ့ကျတဲ့ သူ့ရဲ့ follow up ပေါ့။ ကုလသမဂ္ဂဘက်က လာမယ်လို့ မျှော်လင့်ပါတယ်။ ကုလသမဂ္ဂကတော့ သိတဲ့အတိုင်းပဲ။ နိုင်ငံတကာ အစိုးရတွေရဲ့ အဖွဲ့အစည်းကြီးဖြစ်တော့ သူ့ရဲ့ ဆောင်ရွက်ချက်တွေဟာ ကန့်သတ်ချက် တော်တော်ကြီးပါတယ်။ သို့သော် တကယ်တမ်းလက်တွေ့အရေးယူဆောင်ရွက်မှုကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဖြစ်ပါတယ်။ အဲတော့ လုံခြုံရေးကောင်စီမှာ သိတဲ့အတိုင်း အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံမှာ တရုတ်နဲ့ ရုရှားက အစဉ်အဆက်ဆိုသလို စစ်အစိုးရဘက် လိုက်ခဲ့တယ်။ သို့သော်လည်း ဒီကနေ့ ၂၀၂၁ ဟာ ၁၉၈၈၊ ၁၉၉၀ ကာလတွေနဲ့ မတူတဲ့ အနေအထားတရပ်၊ တနည်းအားဖြင့် ပိုဆိုးတဲ့အခြေအနေကို မြန်မာပြည်က ရင်ဆိုင်နေရတယ်။ အဲတော့ ကုလသမဂ္ဂကပဲဖြစ်ဖြစ်၊ နိုင်ငံတကာ အသိုင်းအဝိုင်းကပဲဖြစ်ဖြစ် ရှေးဟောင်းနည်းတွေနဲ့ မြန်မာပြည်ကို ပြောင်းလဲဖို့ မရဘူးဆိုတာလည်း သိကြတယ်လို့ ယူဆပါတယ်။ ဒါကြောင့် ကုလသမဂ္ဂဘက်က ဆောင်ရွက်မှုတွေဟာလည်း အထူးကိုယ်စားလှယ်ပြောသလိုပေါ့ စောင့်ကြည့်နေပြီးတော့၊ အတိုင်းအတာလွန်လာလို့ရှိရင် လွန်လာတဲ့အလျောက် အရေးယူဆောင်ရွက်မှုရှိနိုင်တယ်။ တနည်းအားဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြေညာချက် စာရွက်သာမက အရေးယူဆောင်ရွက်မှုတွေ လာနိုင်တယ်လို့ ကျနော် ယူဆတယ်ခင်ဗျ။

၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာတင့်ဆွေကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းခဲ့တာပါ။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG