သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆိုက္ဘာလံုၿခံဳေရးဥပေဒၾကမ္း အေပၚ ျမန္မာႏိုင္ငံမွာ စီးပြားေရးလုပ္ေနတဲ႔ အေနာက္တိုင္းကုန္သည္ႀကီးမ်ား စိုးရိမ္


ကုန္သည္ႀကီးမ်ားအသင္း ၈ ခုက ဆိုက္ဘာလံုၿခံဳေရးဥပေဒၾကမ္းနဲ႔ ပတ္သက္ၿပီး ေၾကညာခ်က္ထုတ္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံတြင္းမွာ စီးပြားေရးလုပ္ကိုင္ေနတဲ့ အေမရိကန္ကုန္သည္ႀကီးမ်ားအသင္း၊ ဥေရာပကုန္သည္ႀကီးမ်ားအသင္း အပါအဝင္ ကုန္သည္ႀကီးမ်ားအသင္း ၈ ခုက ျမန္မာႏုိင္ငံမွာ ျပဌာန္းဖို႔ရွိတဲ့ ဆိုက္ဘာလံုၿခံဳေရး ဥပေဒမူၾကမ္းအတြက္ အထူးစိုးရိမ္ေၾကာင္း ေဖေဖၚဝါရီလ ၁၅ ရက္ေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။ ဒီမူၾကမ္းကို ဆန္းစစ္ဖို႔ ေဖေဖၚဝါရီလ ၉ ရက္ေန႔မွာ အာဏာသိမ္းထားတဲ့ စစ္ေကာင္စီက ေပးပို႔ခဲ့တာျဖစ္ပါတယ္။

အေမရိကန္ကုန္သည္ႀကီးမ်ားအသင္း - ျမန္မာႏိုင္ငံ AMCHAM က ေဖေဖၚဝါရီ ၉ ရက္ေန႔မွာ လက္ခံရရွိခဲ့တဲ့ ျမန္မာႏုိင္ငံအတြက္ ျပဌာန္းဖို႔ရွိတဲ့ ဆိုက္ဘာလံုၿခံဳေရး ဥပေဒမူၾကမ္းနဲ႔ ပတ္သက္ၿပီး တနလၤာေန႔ ေၾကညာခ်က္ ထုတ္ျပန္ရာမွာ ဒီမူၾကမ္းပါ အခ်က္ေတြဟာ ႏိုင္ငံတကာစံႏႈန္းနဲ႔ေရာ ဆိုင္ဘာလံုၿခံဳေရးဥပေဒဆိုင္ရာ အေကာင္းဆံုးက်င့္ထံုးေတြနဲ႔ပါ ကိုက္ညီမႈ မရွိတဲ့အတြက္ အထူးစိုးရိမ္ေၾကာင္း ေျပာပါတယ္။

သတင္းအခ်က္လက္ လြတ္လြတ္လပ္လပ္ မစီးဆင္းႏိုင္တာနဲ႔ ပုဂၢိဳလ္ေရးအခ်က္အလက္ ေပါက္ၾကားမယ့္ အႏၱရာယ္ရွိေနတဲ့ ဘယ္လိုဥပေဒမ်ိဳးကို မဆို အေမရိကန္ ကုန္သည္ႀကီးမ်ားအသင္းအေနနဲ႔ အထူးစိုးရိမ္တယ္လို႔ေျပာပါတယ္။ ဒါ့အျပင္ ဒီမူၾကမ္းထဲမွာ အခ်က္အလက္ သိမ္းဆည္းမႈဆိုင္ရာ ကန္႔သတ္ခ်က္ေတြနဲ႔အတူ မလုိက္နာရင္ ဝန္ေဆာင္မႈပိတ္ပင္တာ ဒါမွမဟုတ္ အေရးယူဒဏ္ခတ္တာေတြ လုပ္ဖို႔အထိ ၿခိမ္းေျခာက္မႈေတြရွိတာေၾကာင့္ ဒါစာ စီးပြားေရးလုပ္ငန္းေတြကို ထိခိုက္ေစႏုိင္တဲ့ အျပင္ ျမန္မာႏိုင္ငံရဲ႕ အင္တာနက္ဝန္ေဆာင္မႈကို သံုးမယ့္ အနာဂတ္ရင္းႏွီးျမဳပ္ႏွံမႈေတြ အတြက္ပါ ထိခိုက္ေစႏိုင္ေၾကာင္းလည္း ေျပာပါတယ္။

သတင္းအခ်က္အလက္ လြတ္လပ္စြာစီးဆင္းေအာင္ လုပ္ေပးေရးဟာ ျမန္မာႏိုင္ငံတြင္း စီးပြားေရးလုပ္ငန္းနဲ႔ အသိုင္းဝိုင္းေတြ အတြက္ အဓိက လိုအပ္တဲ့အေျခေနတရပ္ျဖစ္ေၾကာင္းလည္း ေထာက္ျပပါတယ္။

ျမန္မာႏိုင္ငံမွာ သတင္းအခ်က္လက္ေတြ လြတ္လြတ္လပ္လပ္ စီးဆင္းႏိုင္ေရးအတြက္ သက္ဆိုင္ရာ အဖြဲ႔အစည္းအားလံုးကို ႏုိင္ငံတြင္းရွိတယ္လီဖုုန္း ဆက္သြယ္ေရးစံနစ္အားလံုုး ကေနတဆင့္ အခ်က္အလက္ေတြ အကန္႔အသတ္မရွိ ရပိုင္ခြင့္ေပးဖို႔လည္း အရင္ ေဖေဖာ္ဝါရီ ၄ ရက္ေန႔က ထုတ္ျပန္ထားတဲ့အတိုင္း ျပတ္ျပတ္သားသား ထပ္မံ ေတာင္းဆိုလိုက္ေၾကာင္းလည္း ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္၊ ဥေရာပ ၊ ျပင္သစ္၊ ဂ်ာမဏီ၊ ၿဗိတိန္၊ ဂရိ၊ နယူးဇီလန္နဲ႔ အီတလီ ႏိုင္ငံေတြရဲ့ ကုန္သည္ႀကီးမ်ားအသင္းေတြက ဒီဆိုင္ဘာဥပေဒမူၾကမ္း အတြက္ အထူး စိုးရိမ္ေၾကာင္း တညီတညြတ္ထည္း ပူးတြဲ ေၾကညာခ်က္တေစာင္ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။


............

ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်း အပေါ် မြန်မာနိုင်ငံမှာစီးပွားရေးလုပ်နေတဲ့ အနောက်တိုင်းကုန်သည်ကြီးများ စိုးရိမ်

(Unicode)

မြန်မာနိုင်ငံတွင်းမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ အမေရိကန်ကုန်သည်ကြီးများအသင်း၊ ဥရောပကုန်သည်ကြီးများအသင်း အပါအဝင် ကုန်သည်ကြီးများအသင်း ၈ ခုက မြန်မာနိုင်ငံမှာ ပြဌာန်းဖို့ရှိတဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းအတွက် အထူးစိုးရိမ်ကြောင်း ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ဒီမူကြမ်းကို ဆန်းစစ်ဖို့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ပေးပို့ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ကုန်သည်ကြီးများအသင်း - မြန်မာနိုင်ငံ AMCHAM က ဖေဖေါ်ဝါရီ ၉ ရက်နေ့မှာ လက်ခံရရှိခဲ့တဲ့ မြန်မာနိုင်ငံအတွက် ပြဌာန်းဖို့ရှိတဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး တနင်္လာနေ့ ကြေညာချက် ထုတ်ပြန်ရာမှာ ဒီမူကြမ်းပါ အချက်တွေဟာ နိုင်ငံတကာစံနှုန်းနဲ့ရော ဆိုင်ဘာလုံခြုံရေးဥပဒေဆိုင်ရာ အကောင်းဆုံးကျင့်ထုံးတွေနဲ့ပါ ကိုက်ညီမှု မရှိတဲ့အတွက် အထူးစိုးရိမ်ကြောင်း ပြောပါတယ်။

သတင်းအချက်လက် လွတ်လွတ်လပ်လပ် မစီးဆင်းနိုင်တာနဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် ပေါက်ကြားမယ့် အန္တရာယ်ရှိနေတဲ့ ဘယ်လိုဥပဒေမျိုးကို မဆို အမေရိကန် ကုန်သည်ကြီးများအသင်းအနေနဲ့ အထူးစိုးရိမ်တယ်လို့ပြောပါတယ်။ ဒါ့အပြင် ဒီမူကြမ်းထဲမှာ အချက်အလက် သိမ်းဆည်းမှုဆိုင်ရာ ကန့်သတ်ချက်တွေနဲ့အတူ မလိုက်နာရင် ဝန်ဆောင်မှုပိတ်ပင်တာ ဒါမှမဟုတ် အရေးယူဒဏ်ခတ်တာတွေ လုပ်ဖို့အထိ ခြိမ်းခြောက်မှုတွေရှိတာကြောင့် ဒါစာ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေနိုင်တဲ့ အပြင် မြန်မာနိုင်ငံရဲ့ အင်တာနက်ဝန်ဆောင်မှုကို သုံးမယ့် အနာဂတ်ရင်းနှီးမြုပ်နှံမှုတွေ အတွက်ပါ ထိခိုက်စေနိုင်ကြောင်းလည်း ပြောပါတယ်။

သတင်းအချက်အလက် လွတ်လပ်စွာစီးဆင်းအောင် လုပ်ပေးရေးဟာ မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းနဲ့ အသိုင်းဝိုင်းတွေ အတွက် အဓိက လိုအပ်တဲ့အခြေနေတရပ်ဖြစ်ကြောင်းလည်း ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ သတင်းအချက်လက်တွေ လွတ်လွတ်လပ်လပ် စီးဆင်းနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို နိုင်ငံတွင်းရှိတယ်လီဖုန်း ဆက်သွယ်ရေးစံနစ်အားလုံး ကနေတဆင့် အချက်အလက်တွေ အကန့်အသတ်မရှိ ရပိုင်ခွင့်ပေးဖို့လည်း အရင် ဖေဖော်ဝါရီ ၄ ရက်နေ့က ထုတ်ပြန်ထားတဲ့အတိုင်း ပြတ်ပြတ်သားသား ထပ်မံ တောင်းဆိုလိုက်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၊ ဥရောပ ၊ ပြင်သစ်၊ ဂျာမဏီ၊ ဗြိတိန်၊ ဂရိ၊ နယူးဇီလန်နဲ့ အီတလီ နိုင်ငံတွေရဲ့ ကုန်သည်ကြီးများအသင်းတွေက ဒီဆိုင်ဘာဥပဒေမူကြမ်း အတွက် အထူး စိုးရိမ်ကြောင်း တညီတညွတ်ထည်း ပူးတွဲ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG