[Zawgyi/Unicode]
ဒီေန႔မြန္းလြဲပိုင္းက ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ႐ုံးခ်ဳပ္ကို လုံၿခဳံေရးတပ္ဖြဲ႕ေတြ ဝန္းရံပိတ္ဆို႔ခဲ့ၿပီး ရွာေဖြမႈေတြ လုပ္ခဲ့ပါတယ္။ လုံၿခံဳေရးတပ္ဖြဲ႕ေတြ ပါတီဌာနခ်ဳပ္ကို ဝိုင္းထားတဲ့ ေနရာကို ရန္ကုန္ၿမိဳ႕ထဲမွာ ဆႏၵျပသူေတြ ေရာက္လာတဲ့အတြက္လည္း တင္းမာမႈေတြ ႀကံဳခဲ့ရပါတယ္။ အျပည့္အစုံကိုေတာ့ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက ေျပာျပေပးပါမယ္။
NLD ႐ုံးခ်ဳပ္ကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ဝင္အင္အား အလုံးအရင္းနဲ႔ ဝိုင္းထားၿပီး ဗဟိုေကာ္မတီဝင္ တခ်ိဳ႕ကို အာဏာပိုင္ေတြ ရွာေဖြခဲ့ၾကတာပါ။ ဒါေပမဲ့လည္း သူတို႔႐ွာတယ္လို႔ဆိုတဲ့ NLD ပါတီ ဗဟိုေကာ္မတီဝင္ေတြကို မေတြ႕တာေၾကာင့္ ၀ိုင္းထားတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ေတြ နာရီအပိုင္း အၾကာမွာ ျပန္႐ုပ္သိမ္းသြားတယ္လို႔လည္း အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘမ်ိဳးသိန္းက ဗြီအိုေအကို ေျပာပါတယ္။
"သူတို႔ ျပန္ထြက္ဖို႔လုပ္ေနတယ္။ ပစၥည္းေတြကေတာ့ မရွာဘူး။ လူပဲရွာတယ္။ ဦးေအာင္ၾကည္ၫႊန႔္ရယ္၊ ေဒါက္တာေမဝင္းျမင့္ရယ္ကိုလာ ရွာတာ။ ျငိမ္းျငိမ္းခ်မ္းခ်မ္းနဲ႔ လူစုကဲြေအာင္၊ တဘက္ကလည္း ေအးေအးေဆးနဲ႔ ဆုတ္သြားလို႔ရေအာင္ အခုလုပ္ေနတယ္ေပါ့ေနာ္။"
ဒီကေန႔ ေန႔လယ္ပိုင္းကစလို႔ ဗဟန္းေ႐ႊဂုံတိုင္ လမ္းေပၚက NLD ႐ုံးခ်ဳပ္ကို တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ အေယာက္ ၁၀၀ နီးပါးက ကား အသြားအလာေတြပါ ပိတ္ၿပီး အလုံအရင္းနဲ႔ ဝိုင္းခဲ့တာျဖစ္ပါတယ္။
ပါတီဝင္ ၁ ဒါဇင္ေက်ာ္ေလာက္ ရွိေနတဲ့ ဌာနခ်ဳပ္႐ုံးကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ ဝိုင္းထားတဲ့ အေစာပိုင္းက အေျခအေနကိုလည္း ဌာနခ်ဳပ္မွာ ရွိေနတဲ့ ဦးဘမ်ိဳးသိန္းက ျပန္ေျပာျပပါတယ္။
"ဌာနခ်ဳပ္ကို ဝိုင္းထားတာ စစ္တပ္ရယ္၊ ရဲရယ္ဝိုင္းထားတယ္။ ပတ္ဝန္းက်င္ ၁၀၀ ေလာက္ေတာ့ရွိမယ္ အနည္းဆံုး။ ျပည္သူေတြကေတာ့ ဟိုဘက္ထိပ္၊ ဒီဘက္ထိပ္ရွိတယ္။ မီဒီယာသမားေတြလည္းေရာက္ေနၿပီ။ သူတို႔က တံခါးဖြင့္ခိုင္းတယ္။ မဖြင့္ေပးဘူး။ ဖြင့္မေပးဘဲနဲ႔ လြန္ခဲ့တဲ့ရက္ကပဲ လာစီးသြားတယ္ေပါ့ေနာ္။ ေျခရာ၊ လက္ရာမပ်က္ထားထားတယ္။ အမႈဖြင့္ထားတယ္။ ပုဒ္မေတာ့မတပ္ရေသးဘူး။ အဲဒါေတြ ေျပာျပလိုက္ေတာ့ ရဲ႕မွဴးအဆင့္ရွိသူ သံုးေယာက္ေလာက္ပါတယ္။ သူတို႔ကေတာ့ ျပန္ၿပီးေတာ့ အစည္းအေဝးထိုင္တယ္။"
လုံၿခဳံေရးတပ္ဖြဲ႕ေတြ ဝိုင္းထားတဲ့အခ်ိန္မွာပဲ ေထာင္ဂဏန္းရွိတဲ့ NLD ပါတီ ေထာက္ခံသူေတြ စုေဝးေရာက္ရွိလာၿပီး ဆႏၵျပခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၉ ရက္ေန႔ ညဘက္ကလည္း NLD ပါတီ ႐ုံးခ်ဳပ္ကို စစ္တပ္က ဝင္ေရာက္ရွာေဖြတာေတြ လုပ္ခဲ့ပါတယ္။
တပ္မေတာ္က အာဏာသိမ္းလိုက္ၿပီးေနာက္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္ အပါအဝင္ အစိုးရနဲ႔ NLD ပါတီ ထိပ္ပိုင္းေခါင္းေဆာင္ေတြကို ဖမ္းဆီးခဲ့တာပါ။ ေနာက္ပိုင္းမွာလည္း အစိုးရအဖြဲ႕ဝင္ေတြ၊ ေ႐ြးေကာက္ပြဲေကာ္မရွင္ အရာရွိေတြ၊ တက္ႂကြလႈပ္ရွားသူေတြကို ဖမ္းဆီးမႈေတြ ရွိခဲ့သလို ေနာက္ထပ္ ဖမ္းဆီးဖို႔ အာဏာပိုင္ေတြ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။ ကုလသမဂၢနဲ႔ အေမရိကန္ အပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝန္းကေတာ့ ဖမ္းဆီးထားသူေတြကို ခ်က္ျခင္းျပန္လႊတ္ဖို႔နဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူေတြကို ေနာက္ထပ္ ဖမ္းဆီးေနတာေတြ ႏွိမ္နင္းတာေတြ မလုပ္ဖို႔လည္း ေတာင္းဆိုထားပါတယ္။
[Unicode Version]
NLD ရုံးချုပ် လုံခြုံရေးတပ်တွေပိတ်ဆို့ ရှာဖွေ
ဒီနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်ကို လုံခြုံရေးတပ်ဖွဲ့တွေ ဝန်းရံပိတ်ဆို့ခဲ့ပြီး ရှာဖွေမှုတွေ လုပ်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ ပါတီဌာနချုပ်ကို ဝိုင်းထားတဲ့ နေရာကို ရန်ကုန်မြို့ထဲမှာ ဆန္ဒပြသူတွေ ရောက်လာတဲ့အတွက်လည်း တင်းမာမှုတွေ ကြုံခဲ့ရပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပေးပါမယ်။
NLD ရုံးချုပ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်အင်အား အလုံးအရင်းနဲ့ ဝိုင်းထားပြီး ဗဟိုကော်မတီဝင် တချို့ကို အာဏာပိုင်တွေ ရှာဖွေခဲ့ကြတာပါ။ ဒါပေမဲ့လည်း သူတို့ရှာတယ်လို့ဆိုတဲ့ NLD ပါတီ ဗဟိုကော်မတီဝင်တွေကို မတွေ့တာကြောင့် ဝိုင်းထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ နာရီအပိုင်း အကြာမှာ ပြန်ရုပ်သိမ်းသွားတယ်လို့လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းက ဗွီအိုအေကို ပြောပါတယ်။
"သူတို့ ပြန်ထွက်ဖို့လုပ်နေတယ်။ ပစ္စည်းတွေကတော့ မရှာဘူး။ လူပဲရှာတယ်။ ဦးအောင်ကြည်ညွှန့်ရယ်၊ ဒေါက်တာမေဝင်းမြင့်ရယ်ကိုလာ ရှာတာ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူစုကွဲအောင်၊ တဘက်ကလည်း အေးအေးဆေးနဲ့ ဆုတ်သွားလို့ရအောင် အခုလုပ်နေတယ်ပေါ့နော်။"
ဒီကနေ့ နေ့လယ်ပိုင်းကစလို့ ဗဟန်းရွှေဂုံတိုင် လမ်းပေါ်က NLD ရုံးချုပ်ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင် အယောက် ၁၀၀ နီးပါးက ကား အသွားအလာတွေပါ ပိတ်ပြီး အလုံအရင်းနဲ့ ဝိုင်းခဲ့တာဖြစ်ပါတယ်။
ပါတီဝင် ၁ ဒါဇင်ကျော်လောက် ရှိနေတဲ့ ဌာနချုပ်ရုံးကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဝိုင်းထားတဲ့ အစောပိုင်းက အခြေအနေကိုလည်း ဌာနချုပ်မှာ ရှိနေတဲ့ ဦးဘမျိုးသိန်းက ပြန်ပြောပြပါတယ်။
"ဌာနချုပ်ကို ဝိုင်းထားတာ စစ်တပ်ရယ်၊ ရဲရယ်ဝိုင်းထားတယ်။ ပတ်ဝန်းကျင် ၁၀၀ လောက်တော့ရှိမယ် အနည်းဆုံး။ ပြည်သူတွေကတော့ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်ရှိတယ်။ မီဒီယာသမားတွေလည်းရောက်နေပြီ။ သူတို့က တံခါးဖွင့်ခိုင်းတယ်။ မဖွင့်ပေးဘူး။ ဖွင့်မပေးဘဲနဲ့ လွန်ခဲ့တဲ့ရက်ကပဲ လာစီးသွားတယ်ပေါ့နော်။ ခြေရာ၊ လက်ရာမပျက်ထားထားတယ်။ အမှုဖွင့်ထားတယ်။ ပုဒ်မတော့မတပ်ရသေးဘူး။ အဲဒါတွေ ပြောပြလိုက်တော့ ရဲ့မှူးအဆင့်ရှိသူ သုံးယောက်လောက်ပါတယ်။ သူတို့ကတော့ ပြန်ပြီးတော့ အစည်းအဝေးထိုင်တယ်။"
လုံခြုံရေးတပ်ဖွဲ့တွေ ဝိုင်းထားတဲ့အချိန်မှာပဲ ထောင်ဂဏန်းရှိတဲ့ NLD ပါတီ ထောက်ခံသူတွေ စုဝေးရောက်ရှိလာပြီး ဆန္ဒပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ ညဘက်ကလည်း NLD ပါတီ ရုံးချုပ်ကို စစ်တပ်က ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့ပါတယ်။
တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် အစိုးရနဲ့ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့တာပါ။ နောက်ပိုင်းမှာလည်း အစိုးရအဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲကော်မရှင် အရာရှိတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ ရှိခဲ့သလို နောက်ထပ် ဖမ်းဆီးဖို့ အာဏာပိုင်တွေ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကတော့ ဖမ်းဆီးထားသူတွေကို ချက်ခြင်းပြန်လွှတ်ဖို့နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို နောက်ထပ် ဖမ်းဆီးနေတာတွေ နှိမ်နင်းတာတွေ မလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။