သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မႏၱေလး CDM လႈပ္ရွားမႈ နဲ႔ ႏွိမ္နင္းမႈ အေျခအေန


မႏၱေလးကဆႏၵျပသူေတြကို အာဏာပိုင္ေတြဘက္က အၾကမ္းဖက္ၿဖိဳခြင္းခဲ့

(Zawgyi/Unicode)

စစ္တပ္က အာဏာသိမ္းမႈအေပၚ ၿငိမ္းခ်မ္းစြာဆႏၵျပေနၾကတဲ့ မႏၱေလးကဆႏၵျပသူေတြကို အာဏာပိုင္ေတြဘက္က မေန႔က အၾကမ္းဖက္ၿဖိဳခြင္းခဲ့တဲ့အေပၚ ရႈတ္ခ်တယ္လို႔ ဆႏၵျပေခါင္းေဆာင္တဦးက ေျပာလိုက္ပါတယ္။ အာဏာပိုင္ေတြဘက္က အၾကမ္းဖက္ၿဖိဳခြင္းခဲ့တာေၾကာင့္ ဆႏၵျပျပည္သူတခ်ိဳ႕ထိခုိက္ဒဏ္ရာရတာေတြ ဖမ္းဆီးခံရတာေတြရွိခဲ့ပါတယ္။ ဒါ့အျပင္ႏုိင္ငံတကာအသိုင္းအ၀ိုင္းအေနနဲ႔ ျမန္မာ့ဒီမုိကေရစီေရးကို တတ္ႏုိ္င္သေလာက္ ၀ိုင္း၀န္းကူညီပံ့ပိုးၾကဖို႔လည္း ေတာင္းဆုိလိုက္ပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္ၿပီး ဆႏၵျပေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုေတဇာဆန္းကို ကိုရန္ႏုိင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုရန္နိုင္။ ။ ကိုေတဇာဆန္းေရ၊ မႏၱေလးမွာ အာဏာပိုင္ေတြက ဆႏၵျပတဲ့ဥစၥာေတြ အၾကမ္းဖက္ျဖိဳခြင္းတာေတြ ရွိပါတယ္။ ေနာက္ဆံုးအေျခအေနေလး ေျပာျပပါဦး။

ကိုေတဇာဆန္း။ ။ ဟုတ္ကဲ့၊ ဒီေန ့ညေနပိုင္းမွာေပါ့ေနာ္။ က်ေနာ္တို ့ ျမန္မာ့စီးပြားေရးဘဏ္ေရွ ့မွာ က်ေနာ္တို ့ျငိမ္းခ်မ္းစြာဆႏၵျပေနတဲ့ ျပည္သူေတြေပၚကို ရဲတပ္ဖြဲ ့ေနျပီးေတာ့ေပါ့ေနာ္ ေသနတ္နဲ ့ပစ္တယ္။ ေနာက္ျပီးေတာ့ေပါ့ ဒီ ရာဘာတုတ္ေတြနဲ ့ေပါ့ ဒီ အၾကမ္းဖက္ရိုက္နွက္တယ္ အင္မတန္ကို ဆိုးဆိုး၀ါး၀ါး ရုိက္တာပါ။ အဲဒီေနရာမွာ က်ေနာ္တို ့သိရတာေတာ့ အနည္းဆံုး မိန္းကေလး ေလး ေယာက္ေလာက္ေပါ့ အဖမ္းခံရတယ္။ ရိုက္နွက္တဲ့ အတြက္ ဒဏ္ရာျပင္းျပင္းထန္ထန္ရသြားတဲ့ ပုဂၢိဳလ္ေတြလည္း ရွိတယ္လို ့က်ေနာ္တို ့သိရပါတယ္ခင္ဗ် ဟုတ္ကဲ့။

ကိုရန္ႏိုင္။ ။ ဒဏ္ရာရတဲ့ ဘယ္ေလာက္မ်ားရွိတယ္လို ့ၾကားမိလဲ ။ အခုေနာက္ဆံုးအေျခအေနအရ။

ကိုေတဇာဆန္း။ ။ က်ေနာ္တို ့သိရသေလာက္ကေတာ့ အဲဒီေန ့မွာ၊ အဲဒီေနရာမွာပဲေပါ့ေနာ္။ ဒဏ္ရာရတာကိုက ေတြ ့ရတာကိုက၊ သိရတာကိုက ေလးငါးေယာက္မကဘူးေပါ့။ ထြက္ေျပးသြားတယ္လည္း ဒီ ကစဥ့္အလ်ားေပါ့ ။ ေတာ္ေတာ္ကို ဆိုးပါတယ္။ ပစ္တာကလဲေလ။ ေနာက္ဆံုး အိမ္ေပၚကေန ဓာတ္ပံုလွမ္းရိုက္တာ၊ ဗြီဒီယိုလွမ္းရိုက္တာကအစ ပစ္တယ္ ဆိုတာမ်ိဴးေတြ က်ေနာ္တို ့သိရတယ္ေပါ့ေနာ္။ ဖမ္းမိျပီးသားလူေတြကိုလည္း ရိုက္နွက္ထားတဲ့ ဗီြဒီယိုေတြဖိုင္ ကိုလည္း က်ေနာ္တို ့ေတြ ့ေနရတယ္ခင္ဗ်။ ဒီေန ့ ျဖိဴခြဲတဲ့ပံုစံက ေတာ္ေတာ္ကို ဆိုးဆိုး၀ါး၀ါး ျပင္းျပင္းထန္ထန္ လို ့ေျပာရမွာပါခင္ဗ်။

ကိုရန္ႏိုင္။ ။ ထိခိုက္ဒဏ္ရာရရွိမႈအေနအထားကေရာ ဘယ္လိုရိွလဲခင္ဗ်။

ကိုေတဇာဆန္း။ ။ ေသနတ္ကေတာ့ ရာဘာက်ည္ဆံနဲ ့ပဲခင္ဗ်။ ဒါေပမယ့္ တုတ္နဲ ့ရိုက္တာ ၊ ရာဘာတုတ္နဲ ့ရိုက္တာကေတာ့ ေတာ္ေတာ္ေလးခံရတယ္လို ့က်ေနာ္တို ့သိရတယ္။ ေနာက္ျပီးေတာ့ ရာဘာက်ည္ဆံနဲ ့မွန္တဲ့ သူေတြလည္း ေတာ္ေတာ္ေလးရွိတယ္။ ေနာက္ျပီးေတာ့ အဖမ္းခံသြားရတဲ့ ပုဂၢိဳလ္ေတြလည္း က်ေနာ္တို ့ေတာ္ေတာ္ေလး အဆက္အသြယ္လည္းမရဘူး။ ေနာက္ျပီး ဘာသတင္းမွ မၾကားရေတာ့ဘူးေပါ့ေနာ္။

ကိုရန္ႏိုင္။ ။ က်ေနာ္လည္းဒီေန ့ေတြ ့လိုက္ပါတယ္။ မႏၱေလးမွာ ဗြီဒီယိုေတြတက္လာေတာ့ အာဏာပိုင္ေတြဘက္က အိမ္ထဲကေနဆြဲျပီးေတာ့ ဖမ္းတာေတြ၊ ရိုက္တာေတြ အဲဒါမ်ိဴးေတြအထိပါရွိခဲ့တယ္။ ဆိုေတာ့ ဒီလိုမ်ိဴး ျငိမ္းျငိမ္းခ်မ္းခ်မ္းနဲ ့ဆႏၵျပေနၾကတဲ့ ဥစၥာကို အာဏာပိုင္ေတြဘက္က အခုလိုအၾကမ္းဖက္ျဖိဳခြင္းလာတဲ့အေပၚမွာေရာ ဘယ္လိုျမင္ပါလဲ။ ဘာေၾကာင့္လို ့ေျပာလို ့ရနိုင္မလဲ။

ကိုေတဇာဆန္း။ ။ အဲဒီေတာ့ က်ေနာ္တို ့ျပည္သူေတြကေတာ့ က်ေနာ္တို ့ရဲ့ မူလရပိုင္ခြင့္ အခြင့္အေရးျဖစ္တဲ့ ျငိမ္းခ်မ္းစြာ မိမိတို ့ရဲ့ ဆႏၵကို ထုတ္ေဖၚေနၾကျခင္းျဖစ္ပါတယ္။ ဒါက ဒီအာဏာပိုင္ေတြ၊ လုံျခံဳေရးတပ္ဖြဲ ့ေတြက က်ေနာ္တို ့အေပၚမွာ အတင္းအဓမၼေပါ့ လက္နက္အားကိုးျပီးေတာ့ အၾကမ္းဖက္လုပ္ရပ္ေတြကို က်ဴးလြန္ေနၾကျခင္းျဖစ္ပါတယ္။ က်ေနာ္တို ့ျပည္သူေတြကေတာ့ လံုး၀ က်ေနာ္တို ့ဘက္က အၾကမ္းဖက္လုပ္တာေတြ စတင္က်ဴးလြန္ျခင္း၊ ခ်ိဴးေဖာက္ျခင္းဘာမွမရွိဘူး။ ဒီလိုမ်ိဴး သူတို ့ဘက္ကလုပ္တဲ့ လုပ္ရပ္ေတြသည္ က်ေနာ္တို ့ျပည္သူေတြအတြက္ နာက်ည္းတဲ့စိတ္ေတြ၊ က်ေနာ္တို ့ျပည္သူေတြဘက္က သူတို ့အေပၚ ဆန္ ့က်င္တဲ့စိတ္ေတြ တိုးလာေစမွာပဲ ျဖစ္ပါတယ္။ ဒါေတြကေတာ့ အင္မတန္ ကန္ ့ကြက္ရႈတ္ခ်ရမယ့္ လုပ္ရပ္ေတြလို ့ပဲ က်ေနာ့္အေနနဲ ့ ျမင္ပါတယ္ခင္ဗ်။

ကိုရန္နိုင္။ ။ ျပီးခဲ့တဲ့ရက္ေတြမွာဆိုရင္လည္း မႏၱေလးဘက္မွာလို ညပိုင္းေတြမွာ အာဏာပိုင္ေတြဘက္ လိုက္လံဖမ္းဆီးတဲ့ အေျခအေနေတြရွိပါတယ္။ အခုေနာက္ပိုင္းမွာေရာ ဘယ္လို အေျခအေနေတြရွိပါသလဲ။

ကိုေတဇာဆန္း။ ။ ဟုတ္ပါတယ္ခင္ဗ်။ က်ေနာ္တို ့ဒီ အေရွ႕ရက္ေတြမွာဆိုရင္ ဆက္တိုက္ေပါ့။ က်ေနာ္တို ့ညပိုင္းေတြမွာဆိုရင္၊ အထူးသျဖင့္ သန္းေခါင္အခ်ိန္ေတြ၊ ညလင္းအားၾကီးခ်ိန္ေတြမွာဆိုရင္ က်ေနာ္တို ့ဒီ CDM လွုပ္ရွားမွုေတြမွာ ဦးေဆာင္ပါ၀င္ေနတဲ့ ၀န္ထမ္းေတြ၊ က်ေနာ္တို ့ဆႏၵျပ သပိတ္စစ္ေၾကာင္းေတြမွာ ဦးေဆာင္ေနတဲ့သူေတြဆီကို လာဖမ္းတာေတြေပါ့ေနာ္ ။ အမ်ားၾကီးရွိတယ္။ အထူးသျဖင့္ ညပိုင္းေတြမွာဆိုရင္ေပါ့ သူတို ့ရဲ႕စစ္ကားႀကီးေတြ၊ တင့္ကားၾကီးေတြနဲ ့လွည့္တာမ်ိဴးေတြေပါ့ေနာ္ ။ လူေတြကို စိတ္ဓာတ္ ကစဥ့္ကလ်ားျဖစ္ေအာင္ စိတ္ဓာတ္စစ္ဆင္တဲ့သေဘာေပါ့ေနာ္ ျဖစ္တယ္။ မေန ့ညကဆိုရင္ အဲလို စစ္ကားၾကီးေတြ လွည့္ေနတဲ့ဟာကို ဗြီဒီယိုရုိက္တဲ့အတြက္ဆိုျပီးေတာ့ ဗီြဒီယို အိမ္ထဲက ရိုက္တဲ့သူကို ေသနတ္နဲ ့လွမ္းပစ္တယ္ဆိုျပီးေတာ့ က်ေနာ္တို ့ မႏၱေလးမွာျဖစ္ေနတယ္။ ညပိုင္းဆိုလို ့ရွိရင္လည္း ေကာင္းကင္မွာ Drone ေတြ ပ်ံျပီေတာ့ေပါ့ေနာ္ အဓိက က်ေနာ္တို ့ထင္တာကေတာ့ လူေတြကို စိတ္ဓာတ္စစ္ဆင္ေရး ေပါ့ေနာ္။ က်ေနာ္တို ့မွာက ျပည္သူလူထုမွာ ေန ့မွာလည္း ဆႏၵေတြျပၾကရတယ္။ ညပိုင္းလည္း ေကာင္းေကာင္းမအိပ္ရဘူးေပါ့ေနာ္။ က်ေနာ္တို ့လူေတြကို စိတ္ဓာတ္ ပ်က္ျပားေအာင္၊ စိတ္ဓာတ္စစ္ဆင္ေရးပံုစံမ်ိဴးလုပ္ေနၾကတယ္။ က်ေနာ္တို ့ရပ္ကြက္ေတြထဲမွာ ကိုယ္ထူကိုယ္ထ ကင္းေစာင့္ရတယ္ဆိုတာမ်ိဴးအထိ လုပ္ေနရပါတယ္ခင္ဗ်။ က်ေနာ္တို ့အေနအထားကေလ။

ကိုရန္နိုင္။ ။ အခုဆိုရင္ နိုင္ငံအနွံ ့မွာ CDM လွုပ္ရွားမႈမွာ ပါ၀င္လာၾကတာေတြ ့ရတယ္။ မႏၱေလးဘက္က CDM လႈပ္ရွားမႈရဲ႕ ေနာက္ဆံုးအေျခအေနကိုလည္း ေျပာျပပါဦး ခင္ဗ်။

ကိုေတဇာဆန္း ။ ။ က်ေနာ္တို ့မႏၱေလးအပါအ၀င္ တနိုင္ငံလံုး CDM လွုပ္ရွားမႈကေတာ္ေတာ္ကို အားရစရာေကာင္းပါတယ္။ မႏၱေလးမွာဆိုရင္ထင္ရွားတာက တကၠသိုလ္ဆိုရင္ တကၠသိုလ္တခုလံုး၊ တကၠသိုလ္အလိုက္ ဆရာမေတြေရာ၊ ေက်ာင္းသားေတြပါ CDM တကၠသိုလ္၊ CDM ေက်ာင္းေတြျဖစ္ကုန္ၾကၿပီ။ ေနာက္က်ေနာ္တို ့အဓိက ေဆးရံုၾကီးေတြအားလံုး ပိတ္ထားရတဲ့ အဆင့္အထိ က်ေနာ္တို ့ဆရာ၀န္ေတြ၊ သူနာျပဳ၀န္ထမ္းေတြ၊ က်န္းမာေရး လုပ္သားေတြအားလံုး တညီတညြတ္ထဲ က်ေနာ္တို ့ CDM ပါ၀င္ေနၾကျခင္းျဖစ္ပါတယ္။

ေနာက္တခုက ၀န္ထမ္းေတြက က်ေနာ္တို ့CDM မွာပါတဲ့အျပင္ သူတို ့ကိုယ္တိုင္ လမ္းမထြက္၊ ျငိမ္းခ်မ္းစြာဆႏၵျပေတာင္းဆိုေနၾကတဲ့ အဆင့္အထိလည္း ပါ၀င္ေနၾကျခင္းျဖစ္ပါတယ္။ အဲဒီေတာ့ CDM လွုပ္ရွားမႈက က်ေနာ္တို ့အားရစရာ အင္မတန္ရွိပါတယ္။ က်ေနာ္တို ့ျပည္သူေတြဘက္ကလည္း က်ေနာ္တို ့CDM မွာပါ၀င္ေနတဲ့ ၀န္ထမ္းေတြအတြက္ CDM ေထာက္ပံ့ကူညီေရးဆိုတဲ့ လုပ္ငန္းေတြကို မိမိတို ့ တတ္နိုင္တဲ့ ပံုစံမ်ိဴးစံုနဲ ့ေဆာင္ရြက္ေနၾကပါတယ္။ ေနာက္ CDM မွာ မပါေသးတဲ့ ၀န္ထမ္းေတြကို လည္း ဆက္လက္ စြဲေဆာင္စည္းရံုးေနၾကပါတယ္ခင္ဗ်။

ဆႏၵျပေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုေတဇာဆန္းကို ကိုရန္ႏုိင္က ဆက္သြယ္ေမးျမန္းခဲ့တာပါ။

မႏၱေလး CDM လႈပ္ရွားမႈ နဲ႔ ႏွိမ္နင္းမႈ အေျခအေန
please wait

No media source currently available

0:00 0:07:41 0:00
တိုက္႐ိုက္ လင့္ခ္
မႏၱေလး CDM လႈပ္ရွားမႈ နဲ႔ ႏွိ္မ္နင္းမႈ အေျခအေန
please wait

No media source currently available

0:00 0:08:09 0:00

................

မန္တလေး CDM လှုပ်ရှားမှု နဲ့ နှိမ်နင်းမှု အခြေအနေ

(Unicode)

စစ်တပ်ကအာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ မန္တလေးကဆန္ဒပြသူတွေကို အာဏာပိုင်တွေဘက်က မနေ့က အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အပေါ် ရှုတ်ချတယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးက ပြောလိုက်ပါတယ်။ အာဏာပိုင်တွေဘက်က အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြပြည်သူတချို့ထိခိုက်ဒဏ်ရာရတာတွေ ဖမ်းဆီးခံရတာတွေရှိခဲ့ပါတယ်။ ဒါ့အပြင်နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့ဒီမိုကရေစီရေးကို တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပံ့ပိုးကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ကိုတေဇာဆန်းကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

စစ်တပ်က အာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ မန္တလေးကဆန္ဒပြသူတွေကို အာဏာပိုင်တွေဘက်က မနေ့က အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အပေါ် ရှုတ်ချတယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးက ပြောလိုက်ပါတယ်။ အာဏာပိုင်တွေဘက်က အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြပြည်သူတချို့ထိခိုက်ဒဏ်ရာရတာတွေ ဖမ်းဆီးခံရတာတွေရှိခဲ့ပါတယ်။ ဒါ့အပြင်နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့ဒီမိုကရေစီရေးကို တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပံ့ပိုးကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ကိုတေဇာဆန်းကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုရန်နိုင်။ ။ ကိုတေဇာဆန်းရေ၊ မန္တလေးမှာ အာဏာပိုင်တွေက ဆန္ဒပြတဲ့ဥစ္စာတွေ အကြမ်းဖက်ဖြိုခွင်းတာတွေ ရှိပါတယ်။ နောက်ဆုံးအခြေအနေလေး ပြောပြပါဦး။

ကိုတေဇာဆန်း။ ။ ဟုတ်ကဲ့၊ ဒီနေ့ညနေပိုင်းမှာပေါ့နော်။ ကျနော်တို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ကျနော်တို့ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေပေါ်ကို ရဲတပ်ဖွဲ့နေပြီးတော့ပေါ့နော် သေနတ်နဲ့ပစ်တယ်။ နောက်ပြီးတော့ပေါ့ ဒီ ရာဘာတုတ်တွေနဲ့ပေါ့ ဒီ အကြမ်းဖက်ရိုက်နှက်တယ် အင်မတန်ကို ဆိုးဆိုးဝါးဝါး ရိုက်တာပါ။ အဲဒီနေရာမှာ ကျနော်တို့သိရတာတော့ အနည်းဆုံး မိန်းကလေး လေး ယောက်လောက်ပေါ့ အဖမ်းခံရတယ်။ ရိုက်နှက်တဲ့ အတွက် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်လို့ကျနော်တို့သိရပါတယ်ခင်ဗျ ဟုတ်ကဲ့။

ကိုရန်နိုင်။ ။ ဒဏ်ရာရတဲ့ ဘယ်လောက်များရှိတယ်လို့ကြားမိလဲ ။ အခုနောက်ဆုံးအခြေအနေအရ။

ကိုတေဇာဆန်း။ ။ ကျနော်တို့သိရသလောက်ကတော့ အဲဒီနေ့မှာ၊ အဲဒီနေရာမှာပဲပေါ့နော်။ ဒဏ်ရာရတာကိုက တွေ့ရတာကိုက၊ သိရတာကိုက လေးငါးယောက်မကဘူးပေါ့။ ထွက်ပြေးသွားတယ်လည်း ဒီ ကစဉ့်အလျားပေါ့ ။ တော်တော်ကို ဆိုးပါတယ်။ ပစ်တာကလဲလေ။ နောက်ဆုံး အိမ်ပေါ်ကနေ ဓာတ်ပုံလှမ်းရိုက်တာ၊ ဗွီဒီယိုလှမ်းရိုက်တာကအစ ပစ်တယ် ဆိုတာမျိူးတွေ ကျနော်တို့သိရတယ်ပေါ့နော်။ ဖမ်းမိပြီးသားလူတွေကိုလည်း ရိုက်နှက်ထားတဲ့ ဗွီဒီယိုတွေဖိုင် ကိုလည်း ကျနော်တို့တွေ့နေရတယ်ခင်ဗျ။ ဒီနေ့ ဖြိူခွဲတဲ့ပုံစံက တော်တော်ကို ဆိုးဆိုးဝါးဝါး ပြင်းပြင်းထန်ထန် လို့ပြောရမှာပါခင်ဗျ။

ကိုရန်နိုင်။ ။ ထိခိုက်ဒဏ်ရာရရှိမှုအနေအထားကရော ဘယ်လိုရှိလဲခင်ဗျ။

ကိုတေဇာဆန်း။ ။ သေနတ်ကတော့ ရာဘာကျည်ဆံနဲ့ပဲခင်ဗျ။ ဒါပေမယ့် တုတ်နဲ့ရိုက်တာ ၊ ရာဘာတုတ်နဲ့ရိုက်တာကတော့ တော်တော်လေးခံရတယ်လို့ကျနော်တို့သိရတယ်။ နောက်ပြီးတော့ ရာဘာကျည်ဆံနဲ့မှန်တဲ့ သူတွေလည်း တော်တော်လေးရှိတယ်။ နောက်ပြီးတော့ အဖမ်းခံသွားရတဲ့ ပုဂ္ဂိုလ်တွေလည်း ကျနော်တို့တော်တော်လေး အဆက်အသွယ်လည်းမရဘူး။ နောက်ပြီး ဘာသတင်းမှ မကြားရတော့ဘူးပေါ့နော်။

ကိုရန်နိုင်။ ။ ကျနော်လည်းဒီနေ့တွေ့လိုက်ပါတယ်။ မန္တလေးမှာ ဗွီဒီယိုတွေတက်လာတော့ အာဏာပိုင်တွေဘက်က အိမ်ထဲကနေဆွဲပြီးတော့ ဖမ်းတာတွေ၊ ရိုက်တာတွေ အဲဒါမျိူးတွေအထိပါရှိခဲ့တယ်။ ဆိုတော့ ဒီလိုမျိူး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဆန္ဒပြနေကြတဲ့ ဥစ္စာကို အာဏာပိုင်တွေဘက်က အခုလိုအကြမ်းဖက်ဖြိုခွင်းလာတဲ့အပေါ်မှာရော ဘယ်လိုမြင်ပါလဲ။ ဘာကြောင့်လို့ပြောလို့ရနိုင်မလဲ။

ကိုတေဇာဆန်း။ ။ အဲဒီတော့ ကျနော်တို့ပြည်သူတွေကတော့ ကျနော်တို့ရဲ့ မူလရပိုင်ခွင့် အခွင့်အရေးဖြစ်တဲ့ ငြိမ်းချမ်းစွာ မိမိတို့ရဲ့ ဆန္ဒကို ထုတ်ဖေါ်နေကြခြင်းဖြစ်ပါတယ်။ ဒါက ဒီအာဏာပိုင်တွေ၊ လုံခြုံရေးတပ်ဖွဲ့တွေက ကျနော်တို့အပေါ်မှာ အတင်းအဓမ္မပေါ့ လက်နက်အားကိုးပြီးတော့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေကြခြင်းဖြစ်ပါတယ်။ ကျနော်တို့ပြည်သူတွေကတော့ လုံး၀ ကျနော်တို့ဘက်က အကြမ်းဖက်လုပ်တာတွေ စတင်ကျူးလွန်ခြင်း၊ ချိူးဖောက်ခြင်းဘာမှမရှိဘူး။ ဒီလိုမျိူး သူတို့ဘက်ကလုပ်တဲ့ လုပ်ရပ်တွေသည် ကျနော်တို့ပြည်သူတွေအတွက် နာကျည်းတဲ့စိတ်တွေ၊ ကျနော်တို့ပြည်သူတွေဘက်က သူတို့အပေါ် ဆန့်ကျင်တဲ့စိတ်တွေ တိုးလာစေမှာပဲ ဖြစ်ပါတယ်။ ဒါတွေကတော့ အင်မတန် ကန့်ကွက်ရှုတ်ချရမယ့် လုပ်ရပ်တွေလို့ပဲ ကျနော့်အနေနဲ့ မြင်ပါတယ်ခင်ဗျ။

ကိုရန်နိုင်။ ။ ပြီးခဲ့တဲ့ရက်တွေမှာဆိုရင်လည်း မန္တလေးဘက်မှာလို ညပိုင်းတွေမှာ အာဏာပိုင်တွေဘက် လိုက်လံဖမ်းဆီးတဲ့ အခြေအနေတွေရှိပါတယ်။ အခုနောက်ပိုင်းမှာရော ဘယ်လို အခြေအနေတွေရှိပါသလဲ။

ကိုတေဇာဆန်း။ ။ ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ဒီ အရှေ့ရက်တွေမှာဆိုရင် ဆက်တိုက်ပေါ့။ ကျနော်တို့ညပိုင်းတွေမှာဆိုရင်၊ အထူးသဖြင့် သန်းခေါင်အချိန်တွေ၊ ညလင်းအားကြီးချိန်တွေမှာဆိုရင် ကျနော်တို့ဒီ CDM လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေတဲ့ ဝန်ထမ်းတွေ၊ ကျနော်တို့ဆန္ဒပြ သပိတ်စစ်ကြောင်းတွေမှာ ဦးဆောင်နေတဲ့သူတွေဆီကို လာဖမ်းတာတွေပေါ့နော် ။ အများကြီးရှိတယ်။ အထူးသဖြင့် ညပိုင်းတွေမှာဆိုရင်ပေါ့ သူတို့ရဲ့စစ်ကားကြီးတွေ၊ တင့်ကားကြီးတွေနဲ့လှည့်တာမျိူးတွေပေါ့နော် ။ လူတွေကို စိတ်ဓာတ် ကစဉ့်ကလျားဖြစ်အောင် စိတ်ဓာတ်စစ်ဆင်တဲ့သဘောပေါ့နော် ဖြစ်တယ်။ မနေ့ညကဆိုရင် အဲလို စစ်ကားကြီးတွေ လှည့်နေတဲ့ဟာကို ဗွီဒီယိုရိုက်တဲ့အတွက်ဆိုပြီးတော့ ဗွီဒီယို အိမ်ထဲက ရိုက်တဲ့သူကို သေနတ်နဲ့လှမ်းပစ်တယ်ဆိုပြီးတော့ ကျနော်တို့ မန္တလေးမှာဖြစ်နေတယ်။ ညပိုင်းဆိုလို့ရှိရင်လည်း ကောင်းကင်မှာ Drone တွေ ပျံပြီတော့ပေါ့နော် အဓိက ကျနော်တို့ထင်တာကတော့ လူတွေကို စိတ်ဓာတ်စစ်ဆင်ရေး ပေါ့နော်။ ကျနော်တို့မှာက ပြည်သူလူထုမှာ နေ့မှာလည်း ဆန္ဒတွေပြကြရတယ်။ ညပိုင်းလည်း ကောင်းကောင်းမအိပ်ရဘူးပေါ့နော်။ ကျနော်တို့လူတွေကို စိတ်ဓာတ် ပျက်ပြားအောင်၊ စိတ်ဓာတ်စစ်ဆင်ရေးပုံစံမျိူးလုပ်နေကြတယ်။ ကျနော်တို့ရပ်ကွက်တွေထဲမှာ ကိုယ်ထူကိုယ်ထ ကင်းစောင့်ရတယ်ဆိုတာမျိူးအထိ လုပ်နေရပါတယ်ခင်ဗျ။ ကျနော်တို့အနေအထားကလေ။

ကိုရန်နိုင်။ ။ အခုဆိုရင် နိုင်ငံအနှံ့မှာ CDM လှုပ်ရှားမှုမှာ ပါဝင်လာကြတာတွေ့ရတယ်။ မန္တလေးဘက်က CDM လှုပ်ရှားမှုရဲ့ နောက်ဆုံးအခြေအနေကိုလည်း ပြောပြပါဦး ခင်ဗျ။

ကိုတေဇာဆန်း ။ ။ ကျနော်တို့မန္တလေးအပါအဝင် တနိုင်ငံလုံး CDM လှုပ်ရှားမှုကတော်တော်ကို အားရစရာကောင်းပါတယ်။ မန္တလေးမှာဆိုရင်ထင်ရှားတာက တက္ကသိုလ်ဆိုရင် တက္ကသိုလ်တခုလုံး၊ တက္ကသိုလ်အလိုက် ဆရာမတွေရော၊ ကျောင်းသားတွေပါ CDM တက္ကသိုလ်၊ CDM ကျောင်းတွေဖြစ်ကုန်ကြပြီ။ နောက်ကျနော်တို့အဓိက ဆေးရုံကြီးတွေအားလုံး ပိတ်ထားရတဲ့ အဆင့်အထိ ကျနော်တို့ဆရာဝန်တွေ၊ သူနာပြုဝန်ထမ်းတွေ၊ ကျန်းမာရေး လုပ်သားတွေအားလုံး တညီတညွတ်ထဲ ကျနော်တို့ CDM ပါဝင်နေကြခြင်းဖြစ်ပါတယ်။

နောက်တခုက ဝန်ထမ်းတွေက ကျနော်တို့CDM မှာပါတဲ့အပြင် သူတို့ကိုယ်တိုင် လမ်းမထွက်၊ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုနေကြတဲ့ အဆင့်အထိလည်း ပါဝင်နေကြခြင်းဖြစ်ပါတယ်။ အဲဒီတော့ CDM လှုပ်ရှားမှုက ကျနော်တို့အားရစရာ အင်မတန်ရှိပါတယ်။ ကျနော်တို့ပြည်သူတွေဘက်ကလည်း ကျနော်တို့CDM မှာပါဝင်နေတဲ့ ဝန်ထမ်းတွေအတွက် CDM ထောက်ပံ့ကူညီရေးဆိုတဲ့ လုပ်ငန်းတွေကို မိမိတို့ တတ်နိုင်တဲ့ ပုံစံမျိူးစုံနဲ့ဆောင်ရွက်နေကြပါတယ်။ နောက် CDM မှာ မပါသေးတဲ့ ဝန်ထမ်းတွေကို လည်း ဆက်လက် စွဲဆောင်စည်းရုံးနေကြပါတယ်ခင်ဗျ။

ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ကိုတေဇာဆန်းကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG