သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားေရာက္ ျမန္မာႏိုင္ငံသား ၁၀၀ ေက်ာ္ ေနရပ္ျပန္


ထိန္းသိမ္းေရးစခန္းေတြကေန ေနရပ္ျပန္ခြင့္ရတဲ့ ျမန္မာမ်ား။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္ၿပီးေနာက္ မတည္မၿငိမ္ အေျခအေနေတြ ႀကံဳေနရခ်ိန္မွာပဲ မေလးရွားႏုိင္ငံမွာ ကုိဗစ္ကပ္ေဘးကာလ ပိတ္မိေနသူ ၁၀၀ ေက်ာ္ ဒီကေန႔ ေနရပ္ျပန္ခဲ့ၾကပါတယ္။ မေလးရွားႏိုင္ငံက ထိန္းသိမ္းေရး စခန္းေတြမွာ လြတ္ရက္ျပည့္ေနတဲ့ သူေတြအပါအ၀င္ ျမန္မာႏုိင္ငံသားေတြ ျမန္မာသံ႐ုံးအစီအစဥ္နဲ႔ ေနရပ္ျပန္ခြင့္ရခဲ့ၾကတာပါ။ အျပည့္အစုံကုိေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ဗြီအုိေအျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာ ေျပာျပေပးမွာပါ။

ထိန္းသိမ္းေရးစခန္းေတြကေန ေနရပ္ျပန္ခြင့္ရတဲ့ ျမန္မာမ်ား။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)
ထိန္းသိမ္းေရးစခန္းေတြကေန ေနရပ္ျပန္ခြင့္ရတဲ့ ျမန္မာမ်ား။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

မေလးရွားႏို္င္ငံမွာရွိတဲ့ ထိန္းသိမ္းေရးစခန္းေတြက လြတ္ရက္ေစ့ေနသူေတြ အပါအ၀င္ ကပ္ေဘးကာလ ပိတ္မိေနတဲ့ ျမန္မာႏုိင္ငံသားေတြကုိ ၁ ပတ္ ၃ ႀကိမ္ ေနရပ္ျပန္ဖုိ႔ စီစဥ္ေပးေနရာမွာ ဒီကေန႔ တနလၤာေန႔မွာလည္း ၁၀၀ ေက်ာ္ ေနရပ္ျပန္ခြင့္ရခဲ့ၾကတာပါ။ ဒီကေန႔ ေနရပ္ျပန္သူေတြထဲမွာ ထိန္းသိမ္းေရးစခန္းက ျပန္လြတ္လာသူ အမ်ဳိးသမီးတခ်ဳိ႕လည္း ပါ၀င္တယ္လုိ႔ မေလးရွားႏို္င္ငံအေျခစုိက္ ျမန္မာလူမႈကူညီေရးအသင္းဥကၠ႒ ဦးစန္း၀င္းက ေျပာပါတယ္။

“ဒီေန႔ ၅၁ ႀကိမ္ေျမာက္ကယ္ဆယ္ေရးေလယာဥ္မွာေတာ့ မေလးရွားႏို္င္ငံထဲက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထိန္းသိမ္းခံထားရတဲ့ ျမန္မာႏို္င္ငံသား ၄၀ ျပန္တယ္။ ဒီထဲမွာအမ်ိဳးသမီး ၆ ဦး ပါတယ္။ အားလံုးေပါင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကယ္ဆယ္ေရးေလယာဥ္မွာ ပါသြားသူ ၁၇၀ ပါသြားပါတယ္။"

ျပီးခဲ့တဲ့အပတ္ထဲမွာပဲ ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီက မေလးရွားအစိုးရနဲ႔ ညိွႏိႈင္းျပီး မေလးရွား ထိန္းသိမ္းေရးစခန္းေတြက ျမန္မာေတြကို ေရလမ္းကေန အစုလိုက္အျပံဳလုိက္ျပန္ေခၚႏိုင္ေရး ေဆြးေႏြးေနတယ္လို႔လည္း ေျပာပါတယ္။ ညိိွႏိႈင္းမႈေတြအဆင္ေျပရင္ေတာ့ ဒီလထဲမွာပဲ ေရေၾကာင္းခရီးစဥ္နဲ႔ ျပန္ခြင့္ရမယ္လို႔ ခန္႔မွန္းရေၾကာင္းလည္း ဦးစန္း၀င္းကေျပာပါတယ္။

“မေလးရွားမွာ ဒီလထဲမွာ ႏွစ္ႏုိ္င္ငံ လက္ရွိကေတာ့ ညိွႏိႈင္းေနတယ္ သိရတယ္။ ညိွႏိႈင္းမႈေတြ ေရေၾကာင္းျဖတ္ေက်ာ္မႈေတြ ညိွႏိႈင္းျပီးရင္ ဒီလထဲမွာ ပထမဦးဆံုး အသုတ္အေနနဲ႔ ရက္ ၂၀ ေက်ာ္မွာ ျပန္ပုိ႔မယ္လို႔ သိရပါတယ္။ ျပန္ပုိ႔မွာကေတာ့ လူ ၁,၂၀၀ ေလာက္လို႔ ျပင္ပသတင္းေတြအရ သိရပါတယ္။”

ျပီးခဲ့တဲ့ႏွစ္တုန္းကေတာ့ ကပ္ေဘးကာလမွာ မေလးရွားထိန္းသိမ္းေရးစခန္းက ေထာင္နဲ႔ခ်ီ ရွိတဲ့အက်ဥ္းသားေတြ ေနရပ္ျပန္ဖုိ႔ရွိေပမဲ့ ႏုိင္ငံသားမွန္၊ မမွန္စစ္ေဆးေနတာမို ့ၾကန္႔ၾကာမႈေတြရွိေနတာပါ။ ဒီေနာက္မွာေတာ့ ျပီးခဲ့တဲ့ႏွစ္ကုန္ကစျပီး ကယ္ဆယ္ေရးေလယာဥ္ေတြမွာ လြတ္ရက္ေစ့အက်ဥ္းသားေတြကုိ ထည့္ေပးခဲ့ျပီး ေနရပ္ျပန္ခြင့္ျပဳခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားရောက် မြန်မာနိုင်ငံသား ၁၀၀ ကျော် နေရပ်ပြန်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မတည်မငြိမ် အခြေအနေတွေ ကြုံနေရချိန်မှာပဲ မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကာလ ပိတ်မိနေသူ ၁၀၀ ကျော် ဒီကနေ့ နေရပ်ပြန်ခဲ့ကြပါတယ်။ မလေးရှားနိုင်ငံက ထိန်းသိမ်းရေး စခန်းတွေမှာ လွတ်ရက်ပြည့်နေတဲ့ သူတွေအပါအဝင် မြန်မာနိုင်ငံသားတွေ မြန်မာသံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ခွင့်ရခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာ ပြောပြပေးမှာပါ။

မလေးရှားနိုင်ငံမှာရှိတဲ့ ထိန်းသိမ်းရေးစခန်းတွေက လွတ်ရက်စေ့နေသူတွေ အပါအဝင် ကပ်ဘေးကာလ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ၁ ပတ် ၃ ကြိမ် နေရပ်ပြန်ဖို့ စီစဉ်ပေးနေရာမှာ ဒီကနေ့ တနင်္လာနေ့မှာလည်း ၁၀၀ ကျော် နေရပ်ပြန်ခွင့်ရခဲ့ကြတာပါ။ ဒီကနေ့ နေရပ်ပြန်သူတွေထဲမှာ ထိန်းသိမ်းရေးစခန်းက ပြန်လွတ်လာသူ အမျိုးသမီးတချို့လည်း ပါဝင်တယ်လို့ မလေးရှားနိုင်ငံအခြေစိုက် မြန်မာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

“ဒီနေ့ ၅၁ ကြိမ်မြောက်ကယ်ဆယ်ရေးလေယာဉ်မှာတော့ မလေးရှားနိုင်ငံထဲက အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၄၀ ပြန်တယ်။ ဒီထဲမှာအမျိုးသမီး ၆ ဦး ပါတယ်။ အားလုံးပေါင်း အကြောင်းအမျိုးမျိုးကြောင့် ကယ်ဆယ်ရေးလေယာဉ်မှာ ပါသွားသူ ၁၇၀ ပါသွားပါတယ်။"

ပြီးခဲ့တဲ့အပတ်ထဲမှာပဲ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီက မလေးရှားအစိုးရနဲ့ ညှိနှိုင်းပြီး မလေးရှား ထိန်းသိမ်းရေးစခန်းတွေက မြန်မာတွေကို ရေလမ်းကနေ အစုလိုက်အပြုံလိုက်ပြန်ခေါ်နိုင်ရေး ဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်။ ညှိနှိုင်းမှုတွေအဆင်ပြေရင်တော့ ဒီလထဲမှာပဲ ရေကြောင်းခရီးစဉ်နဲ့ ပြန်ခွင့်ရမယ်လို့ ခန့်မှန်းရကြောင်းလည်း ဦးစန်းဝင်းကပြောပါတယ်။

“မလေးရှားမှာ ဒီလထဲမှာ နှစ်နိုင်ငံ လက်ရှိကတော့ ညှိနှိုင်းနေတယ် သိရတယ်။ ညှိနှိုင်းမှုတွေ ရေကြောင်းဖြတ်ကျော်မှုတွေ ညှိနှိုင်းပြီးရင် ဒီလထဲမှာ ပထမဦးဆုံး အသုတ်အနေနဲ့ ရက် ၂၀ ကျော်မှာ ပြန်ပို့မယ်လို့ သိရပါတယ်။ ပြန်ပို့မှာကတော့ လူ ၁,၂၀၀ လောက်လို့ ပြင်ပသတင်းတွေအရ သိရပါတယ်။”

ပြီးခဲ့တဲ့နှစ်တုန်းကတော့ ကပ်ဘေးကာလမှာ မလေးရှားထိန်းသိမ်းရေးစခန်းက ထောင်နဲ့ချီ ရှိတဲ့အကျဉ်းသားတွေ နေရပ်ပြန်ဖို့ရှိပေမဲ့ နိုင်ငံသားမှန်၊ မမှန်စစ်ဆေးနေတာမို့ကြန့်ကြာမှုတွေရှိနေတာပါ။ ဒီနောက်မှာတော့ ပြီးခဲ့တဲ့နှစ်ကုန်ကစပြီး ကယ်ဆယ်ရေးလေယာဉ်တွေမှာ လွတ်ရက်စေ့အကျဉ်းသားတွေကို ထည့်ပေးခဲ့ပြီး နေရပ်ပြန်ခွင့်ပြုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG