သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားေရာက္ ျမန္မာ ေနာက္ထပ္ ၁၃၀ အိမ္ျပန္ခြင့္ရ


ေဖေဖာ္၀ါရီလ ၄ ရက္ေန႔က ထိန္းသိမ္းေရးစခန္းကေန ေနရပ္ျပန္ကာတဲ့ ျမန္မာႏိုင္ငံသားမ်ား (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ေဖေဖာ္ဝါရီ ၄၊ ၂၀၂၁)

[Zawgyi/Unicode]

မေလးရွားႏုိင္ငံက ထိန္းသိမ္းေရးစခန္းေတြမွာ လြတ္ရက္ေစ့လုိ႔ ျပန္ဖုိ႔ေစာင့္ဆုိင္းေနသူေတြ အပါအဝင္ ကုိဗစ္ကပ္ေဘးကာလ ပိတ္မိေနသူ ျမန္မာႏုိင္ငံသားေတြထဲက ေနာက္ထပ္ ၁၃၀ ေက်ာ္ ဒီေန႔ပဲ ေနရပ္ျပန္ခြင့္ရခဲ့ၾကပါတယ္။ ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္တဲ့ေန႔က ေနရပ္ျပန္ေရးအစီအစဥ္ ပ်က္ခဲ့ၿပီးေနာက္ ဒုတိယအသုတ္အျဖစ္ ေနရပ္ျပန္ခြင့္ရခဲ့ၾကတာလည္း ျဖစ္ပါတယ္။ အျပည့္အစုံကုိေတာ့ ဗြီအုိေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

မေလးရွားႏိုင္ငံမွာ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ဖမ္းဆီးထိန္းသိမ္းခံထားရသူေတြနဲ႔ ကပ္ေဘးကာလ တရားမဝင္ေနထုိင္ေနသူေတြ ပါ၀င္တဲ့ ျမန္မာႏုိင္ငံသား ၁၃၀ ေက်ာ္ဟာ ဒီကေန႔ပဲ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ေနရပ္ျပန္ခဲ့ၾကေၾကာင္း မေလးရွားႏို္င္ငံအေျခစိုက္ ျမန္မာလူမႈကူူညီေရးအသင္းဥကၠ႒ ဦးစန္း၀င္းက ေျပာပါတယ္။

ေဖေဖာ္၀ါရီလ ၄ ရက္ေန႔က ထိန္းသိမ္းေရးစခန္းကေန ေနရပ္ျပန္ကာတဲ့ ျမန္မာႏိုင္ငံသားမ်ား (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ေဖေဖာ္ဝါရီ ၄၊ ၂၀၂၁)
ေဖေဖာ္၀ါရီလ ၄ ရက္ေန႔က ထိန္းသိမ္းေရးစခန္းကေန ေနရပ္ျပန္ကာတဲ့ ျမန္မာႏိုင္ငံသားမ်ား (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ေဖေဖာ္ဝါရီ ၄၊ ၂၀၂၁)

"ဒီေန႔က ၄၇ ႀကိ္္မ္ေျမာက္ ကယ္ဆယ္ေရး ေလယာဥ္နဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ဖမ္းဆီးခံရတဲ့ ထိန္းသိမ္းစခန္းက အက်ဥ္းသား ၄၀ ေလာက္ပါပါတယ္။ ထိန္းသိမး္ေးစခန္းထဲမွာ ၈ လေလာက္ေနခဲ့ရပါတယ္ အဲဒီထဲမွာ အမ်ိဳးသမီး ၃ ဦးပါပါတယ္။ သူတို႔က ထုိင္းႏိုင္ငံဘက္ကုိ ျဖတ္အကူးမွာ ဖမ္းဆီးခံရပါတယ္။ က်န္တဲ့သူေတြက ပိတ္မိေနတဲ့ သူေတြ စုစုေပါင္း ၁၃၀ ေက်ာ္က MAI ေလေႀကာင္းနဲ႔ ျပန္သြားၾကပါတယ္။ ဒီတပတ္မွာေနာက္ဆံုးပဲ တနလၤာ၊ ဗုဒၶဟူး၊ ၾကာသပေလးလို႔ တပတ္ ၃ ရက္ သတ္မွတ္ထားပါတယ္။

မေလးရွားႏုိင္ငံမွာ ကပ္ေရာဂါကူးစက္မႈေတြေၾကာင့္ အလုပ္အကုိင္နဲ႔ စား၀တ္ေနေရး အခက္အခဲႀကံဳေနရတဲ့ ျမန္မာႏုိင္ငံသားေတြ တရား၀င္ေရာ၊ တရားမ၀င္ နည္းလမ္းေတြနဲ႔ပါ ေနရပ္ျပန္ဖုိ႔ ႀကိဳးစားေနၾကတာပါ။ မေလးရွား အစုိးရကေတာ့ တရားမ၀င္ေနထုိင္ေနသူေတြ ဒဏ္ေၾကးေငြ သက္သာခြင့္ေပးၿပီး ေနရပ္ျပန္ခြင့္ျပဳတဲ့ အစီအစဥ္ကုိ ဇြန္လအထိ သတ္မွတ္ထားတာေၾကာင့္ ေနရပ္ျပန္ဖို႔ စာရင္းေပးသြင္းသူေတြ မ်ားလာတယ္လုိ႔လည္း ဦးစန္း၀င္းကေျပာပါတယ္။

"မေလးရွား အစုိးရသတ္မွတ္ခ်က္ကေတာ့ ၂၀၂၀ ႏို၀င္ဘာလကေန ၂၀၂၁ ဇြန္လအထိ ဒဏ္ေၾကးကုိ လူတေယာက္ကုိ ရင္းဂစ္ ၅၀၀ ထိေလွ်ာ့ေပါ့ သတ္မွတ္ထားပါတယ္။ တရားမဝင္ေတြအတြက္ေတာ့ အခုျပန္ႏိုင္တဲ့အေျခအေနရွိပါတယ္။ အရင္တုန္းကေတာ့ ဒဏ္ေၾကးက ရင္းဂစ္ ၃,၁၀၀ ရွိပါတယ္။ အခုကေတာ့ ဒဏ္ေၾကး ၅၀၀နဲ႔ ေလယာဥ္ခပဲရွိေတာ့ ျပန္ႏိုင္တဲ့အေျခအေနရွိႀကပါတယ္။"

ျမန္မာႏို္င္ငံသား ခန္႔မွန္းေျခ ၅၅၀,၀၀၀ ေလာက္ အလုပ္လုပ္ကုိင္ေနတဲ့ မေလးရွားႏုိ္င္ငံမွာ ကုိဗစ္ကပ္ေဘးကာလ အခက္အခဲေတြေၾကာင့္ ေနရပ္ျပန္ဖုိ႔ စာရင္းေပးထားသူ ေသာင္းဂဏန္းေလာက္ ရွိေနပါတယ္။ ျမန္မာအစိုးရကေတာ့ ေဖေဖၚ၀ါရီလ ပထမအပတ္ကစတင္ျပီး တပတ္ကုိ ၃ ရက္ ကယ္ဆယ္ေရး ေလယာဥ္ေတြနဲ႔ ေနရပ္ျပန္ႏုိင္ေအာင္ စီစဥ္ထားခဲ့ေပမဲ့ ပထမဆုံးေန႔မွာပဲ စစ္တပ္က အာဏာသိမ္းလုိက္တာေၾကာင့္ ခရီးစဥ္ပ်က္ခဲ့ရပါတယ္။ ဒါေပမဲ့လည္း မေန႔ကစၿပီး ခရီးစဥ္ေတြ ျပန္စခဲ့ၿပီး ဒီကေန႔နဲ႔ဆုိရင္ ဒီတပတ္ထဲမွာ ခရီးစဥ္ ၂ ႀကိမ္ ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားရောက် မြန်မာ နောက်ထပ် ၁၃၀ အိမ်ပြန်ခွင့်ရ

မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ လွတ်ရက်စေ့လို့ ပြန်ဖို့စောင့်ဆိုင်းနေသူတွေ အပါအဝင် ကိုဗစ်ကပ်ဘေးကာလ ပိတ်မိနေသူ မြန်မာနိုင်ငံသားတွေထဲက နောက်ထပ် ၁၃၀ ကျော် ဒီနေ့ပဲ နေရပ်ပြန်ခွင့်ရခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နေ့က နေရပ်ပြန်ရေးအစီအစဉ် ပျက်ခဲ့ပြီးနောက် ဒုတိယအသုတ်အဖြစ် နေရပ်ပြန်ခွင့်ရခဲ့ကြတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေနဲ့ ကပ်ဘေးကာလ တရားမဝင်နေထိုင်နေသူတွေ ပါဝင်တဲ့ မြန်မာနိုင်ငံသား ၁၃၀ ကျော်ဟာ ဒီကနေ့ပဲ ကယ်ဆယ်ရေးလေယာဉ်နဲ့ နေရပ်ပြန်ခဲ့ကြကြောင်း မလေးရှားနိုင်ငံအခြေစိုက် မြန်မာလူမှုကူူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

"ဒီနေ့က ၄၇ ကြိ်မ်မြောက် ကယ်ဆယ်ရေး လေယာဉ်နဲ့ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရတဲ့ ထိန်းသိမ်းစခန်းက အကျဉ်းသား ၄၀ လောက်ပါပါတယ်။ ထိန်းသိမ်းေးစခန်းထဲမှာ ၈ လလောက်နေခဲ့ရပါတယ် အဲဒီထဲမှာ အမျိုးသမီး ၃ ဦးပါပါတယ်။ သူတို့က ထိုင်းနိုင်ငံဘက်ကို ဖြတ်အကူးမှာ ဖမ်းဆီးခံရပါတယ်။ ကျန်တဲ့သူတွေက ပိတ်မိနေတဲ့ သူတွေ စုစုပေါင်း ၁၃၀ ကျော်က MAI လေကြောင်းနဲ့ ပြန်သွားကြပါတယ်။ ဒီတပတ်မှာနောက်ဆုံးပဲ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပလေးလို့ တပတ် ၃ ရက် သတ်မှတ်ထားပါတယ်။

ေဖေဖာ္၀ါရီလ ၄ ရက္ေန႔က ထိန္းသိမ္းေရးစခန္းကေန ေနရပ္ျပန္ကာတဲ့ ျမန္မာႏိုင္ငံသားမ်ား (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ေဖေဖာ္ဝါရီ ၄၊ ၂၀၂၁)
ေဖေဖာ္၀ါရီလ ၄ ရက္ေန႔က ထိန္းသိမ္းေရးစခန္းကေန ေနရပ္ျပန္ကာတဲ့ ျမန္မာႏိုင္ငံသားမ်ား (ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) - ေဖေဖာ္ဝါရီ ၄၊ ၂၀၂၁)

မလေးရှားနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေ တရားဝင်ရော၊ တရားမဝင် နည်းလမ်းတွေနဲ့ပါ နေရပ်ပြန်ဖို့ ကြိုးစားနေကြတာပါ။ မလေးရှား အစိုးရကတော့ တရားမဝင်နေထိုင်နေသူတွေ ဒဏ်ကြေးငွေ သက်သာခွင့်ပေးပြီး နေရပ်ပြန်ခွင့်ပြုတဲ့ အစီအစဉ်ကို ဇွန်လအထိ သတ်မှတ်ထားတာကြောင့် နေရပ်ပြန်ဖို့ စာရင်းပေးသွင်းသူတွေ များလာတယ်လို့လည်း ဦးစန်းဝင်းကပြောပါတယ်။

"မလေးရှား အစိုးရသတ်မှတ်ချက်ကတော့ ၂၀၂၀ နိုဝင်ဘာလကနေ ၂၀၂၁ ဇွန်လအထိ ဒဏ်ကြေးကို လူတယောက်ကို ရင်းဂစ် ၅၀၀ ထိလျှော့ပေါ့ သတ်မှတ်ထားပါတယ်။ တရားမဝင်တွေအတွက်တော့ အခုပြန်နိုင်တဲ့အခြေအနေရှိပါတယ်။ အရင်တုန်းကတော့ ဒဏ်ကြေးက ရင်းဂစ် ၃,၁၀၀ ရှိပါတယ်။ အခုကတော့ ဒဏ်ကြေး ၅၀၀နဲ့ လေယာဉ်ခပဲရှိတော့ ပြန်နိုင်တဲ့အခြေအနေရှိကြပါတယ်။"

မြန်မာနိုင်ငံသား ခန့်မှန်းခြေ ၅၅၀,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကာလ အခက်အခဲတွေကြောင့် နေရပ်ပြန်ဖို့ စာရင်းပေးထားသူ သောင်းဂဏန်းလောက် ရှိနေပါတယ်။ မြန်မာအစိုးရကတော့ ဖေဖေါ်ဝါရီလ ပထမအပတ်ကစတင်ပြီး တပတ်ကို ၃ ရက် ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ နေရပ်ပြန်နိုင်အောင် စီစဉ်ထားခဲ့ပေမဲ့ ပထမဆုံးနေ့မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ခရီးစဉ်ပျက်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း မနေ့ကစပြီး ခရီးစဉ်တွေ ပြန်စခဲ့ပြီး ဒီကနေ့နဲ့ဆိုရင် ဒီတပတ်ထဲမှာ ခရီးစဉ် ၂ ကြိမ် ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG