သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးေရာက္ျမန္မာေတြကို ဌာေနျပန္ေခၚမယ့္ ေလယာဥ္ေရာက္မလာ ခရီးစဥ္ဖ်က္သိမ္း


ေဖ ေဖၚ၀ါရီလ ၁ရက္မွာ ကယ္ဆယ္ေရးေလယာဥ္ဖ်က္သိမ္းလိုက္တဲ့အတြက္ အက်ဥ္းစခန္းေတြဆီကုိျပန္ပို့ခံရတဲ့ျမန္မာအက်ဥ္းသားမ်ား( ျမန္မာလူမူ ့ကူညီေရးအသင္း (မေလးရွား)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္ၿပီးေနာက္ မေလးရွားႏိုင္ငံမွာ ကုိဗစ္ကပ္ေရာဂါကာလ ပိတ္မိေနသူေတြနဲ႕ ထိန္းသိမ္းခံထားရတဲ့ အက်ဥ္းသားေတြ အပါအ၀င္ ျမန္မာႏုိင္ငံသား ၁၀၀ ေက်ာ္ လိုက္ပါမယ့္ ေလယာဥ္ခရီးစဥ္ ဖ်က္ခဲ့ရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါကာလ မေလးရွားမွာ ေသာင္တင္ေနသူေတြနဲ႔ ထိန္းသိမ္းေရးစခန္းက လြတ္ရက္ေစ့ အက်ဥ္းသားေတြကုိ ကယ္ဆယ္ေရး ေလယာဥ္ေတြနဲ႔ ပုိ႔ေေဆာင္ေပးေနရာမွာ ဒီကေန႔ပုိ႔ေဆာင္မယ့္ အစီအစဥ္ ပ်က္ခဲ့ၿပီးေနာက္ ဖမ္းဆီးခံရသူေတြလည္း အက်ဥ္းစခန္းေတြ ျပန္ပုိ႔ခဲ့ရပါတယ္။ ကယ္ဆယ္ေရးေလယာဥ္ေတြတပတ္ကို ၃ႀကိ္မ္ထိ တိုးျပီး ပ်ံသန္းမယ့္ ခရီးစဥ္စတင္မယ့္ ဒီေန႔မွာပဲ ျမန္မာႏုိင္ငံက ေလယာဥ္ေရာက္မလာတဲ့အတြက္ ခရီးစဥ္ပ်က္ခဲ့ရေၾကာင္း မေလးရွားအေျခစုိက္ျမန္မာလူမႈ႕ကူညီေရးအသင္းဥကၠဌ ဦးစန္း၀င္းက ေျပာျပပါတယ္။

“ ၄၆ႀကိမ္ေျမာက္ ျမန္မာကယ္ဆယ္ေရးေလယာဥ္အစီစဥ္က ဒီေန႕ေနခင္း၃နာရီမွာ မေလးရွားကေန ထြက္ခြာဖို႔ စီစဥ္ထားေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေလေၾကာင္းအစီစဥ္ ဖ်က္သိမ္းလိုက္တယ္။ ျမန္မာျပည္ကေန ေလယာဥ္မလာႏိုင္လို႕ဆုိျပီးေၾကညာပါတယ္။ ဒါေတာ့ျမန္မာျပည္ထဲက အေျခအေနနဲ႔ ပတ္သက္မယ္လုိ႕ က်ေနာ္တုိ႕ ထင္ပါတယ္။ အဲဒီလိုဖ်က္သိမ္းလိုက္တဲ့အတြက္ ျမန္မာႏုိင္ငံသားအက်ဥ္းသားေတြ ဖမ္းဆီးခံထားရသူ ၅၀နဲ႕ ျမန္မာႏိုင္ငံသား ၁၀၀ေက်ာ္က ျပန္ခြင့္မရခဲ့ဘူး ။ ေလေႀကာင္းအစီအစဥ္ ပ်က္သြားပါတယ္ အက်ဥ္းသားေတြနဲ့ အက်ဥ္းဦးစီးက လူေတြပါတယ္။ အက်ဥ္းသားေတြကုိေတာ့ က်ေနာ္တုိ႔ ေစတနာရွင္ေတြက လွဴဒါန္းတဲ့ အစားအေသာက္ေတြ ေက်ြးေမြးၿပီး သူတို႔ကုိ သက္ဆုိင္ရာ ဖမ္းဆီးထိန္းသိမ္းထားတဲ့ စခန္းေတြကိုျပန္ပို႔လိုက္ၾကပါတယ္။”

ကိုဗစ္ကပ္ေဘးကာလမွာ မေလးရွားမွာပိတ္မိေနသူေတြကို ေနရပ္ျပန္ပုိ႔ေနရာမွာ ေဖေဖၚ၀ါရီလ ၁ရက္ေန႔ကစတင္ၿပီး တပတ္ကို ၃ရက္ ကယ္ဆယ္ေရးေလယာဥ္ေတြစီစဥ္ထားေႀကာင္း ျမန္မာႏိုင္ငံျခားေရးဌာနကေၾကညာထားတာပါ။ မေလးရွားႏိုင္ငံမွာလည္း ေနရပ္ျပန္ဖို႔အတြက္ ျမန္မာသံရံုးကို စာရင္းေပးသြင္းထားသူ လူဦးေရ တေသာင္းေက်ာ္ရွိေနၿပီး ထိန္းသိမ္းေရးစခန္းမွာလည္း လြတ္ရက္ေစ့ေနတဲ့ ျမန္မာအက်ဥ္သား ေထာင္ဂဏန္းေလာက္ရွိေနတာပါ ။

မေလးရွားအစိုးရကလည္း တရားမ၀င္ ေနထုိင္သူေတြ အေနနဲ႕ ဒဏ္ေၾကးေပးျပီး ေနရပ္ျပန္ႏိုင္ဖုိ႔လမ္းကိုလည္း ဖြင့္ထားပါတယ္။ မေလးရွားႏိုင္ငံမွာ အလုပ္အကုိင္အခက္အခဲ ႀကံဳေနရတ့ဲ ျမန္မာႏိုင္ငံသားေတြ ထုိင္းႏုိင္ငံနယ္စပ္ေဒသေတြကေန တရားမ၀င္ျပန္ဖုိ႔ ႀကိဳးစားရာက ဖမ္းဆီးမႈေတြလည္းႀကံဳေနရပါတယ္။ ျမန္မာအစိုးရကေတာ့ ေနရပ္ျပန္မယ့္သူေတြျမန္ျမန္ဆန္ဆန္ျပန္ႏိုင္ေရးအတြက္ ေဖေဖၚ၀ါရီလ ၁ ရက္ေန႔ စတင္ျပီး ကယ္ဆယ္ေရး ေလယာဥ္ခရီးစဥ္ေတြ တုိးခ်ဲ႕ပ်ံသန္းမယ္ဆိုျပီးေၾကညာခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

မလေးရောက်မြန်မာတွေကို ဌာနေပြန်ခေါ်မယ့် လေယာဉ်ရောက်မလာ ခရီးစဉ်ဖျက်သိမ်း

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကာလ ပိတ်မိနေသူတွေနဲ့ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော် လိုက်ပါမယ့် လေယာဉ်ခရီးစဉ် ဖျက်ခဲ့ရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကာလ မလေးရှားမှာ သောင်တင်နေသူတွေနဲ့ ထိန်းသိမ်းရေးစခန်းက လွတ်ရက်စေ့ အကျဉ်းသားတွေကို ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ ပို့ေဆောင်ပေးနေရာမှာ ဒီကနေ့ပို့ဆောင်မယ့် အစီအစဉ် ပျက်ခဲ့ပြီးနောက် ဖမ်းဆီးခံရသူတွေလည်း အကျဉ်းစခန်းတွေ ပြန်ပို့ခဲ့ရပါတယ်။ ကယ်ဆယ်ရေးလေယာဉ်တွေတပတ်ကို ၃ကြိမ်ထိ တိုးပြီး ပျံသန်းမယ့် ခရီးစဉ်စတင်မယ့် ဒီနေ့မှာပဲ မြန်မာနိုင်ငံက လေယာဉ်ရောက်မလာတဲ့အတွက် ခရီးစဉ်ပျက်ခဲ့ရကြောင်း မလေးရှားအခြေစိုက်မြန်မာလူမှု့ကူညီရေးအသင်းဥက္ကဌ ဦးစန်းဝင်းက ပြောပြပါတယ်။

“ ၄၆ကြိမ်မြောက် မြန်မာကယ်ဆယ်ရေးလေယာဉ်အစီစဉ်က ဒီနေ့နေခင်း၃နာရီမှာ မလေးရှားကနေ ထွက်ခွာဖို့ စီစဉ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လေကြောင်းအစီစဉ် ဖျက်သိမ်းလိုက်တယ်။ မြန်မာပြည်ကနေ လေယာဉ်မလာနိုင်လို့ဆိုပြီးကြေညာပါတယ်။ ဒါတော့မြန်မာပြည်ထဲက အခြေအနေနဲ့ ပတ်သက်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ အဲဒီလိုဖျက်သိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံသားအကျဉ်းသားတွေ ဖမ်းဆီးခံထားရသူ ၅၀နဲ့ မြန်မာနိုင်ငံသား ၁၀၀ကျော်က ပြန်ခွင့်မရခဲ့ဘူး ။ လေကြောင်းအစီအစဉ် ပျက်သွားပါတယ် အကျဉ်းသားတွေနဲ့ အကျဉ်းဦးစီးက လူတွေပါတယ်။ အကျဉ်းသားတွေကိုတော့ ကျနော်တို့ စေတနာရှင်တွေက လှူဒါန်းတဲ့ အစားအသောက်တွေ ကျွေးမွေးပြီး သူတို့ကို သက်ဆိုင်ရာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စခန်းတွေကိုပြန်ပို့လိုက်ကြပါတယ်။”

ကိုဗစ်ကပ်ဘေးကာလမှာ မလေးရှားမှာပိတ်မိနေသူတွေကို နေရပ်ပြန်ပို့နေရာမှာ ဖေဖေါ်ဝါရီလ ၁ရက်နေ့ကစတင်ပြီး တပတ်ကို ၃ရက် ကယ်ဆယ်ရေးလေယာဉ်တွေစီစဉ်ထားကြောင်း မြန်မာနိုင်ငံခြားရေးဌာနကကြေညာထားတာပါ။ မလေးရှားနိုင်ငံမှာလည်း နေရပ်ပြန်ဖို့အတွက် မြန်မာသံရုံးကို စာရင်းပေးသွင်းထားသူ လူဦးရေ တသောင်းကျော်ရှိနေပြီး ထိန်းသိမ်းရေးစခန်းမှာလည်း လွတ်ရက်စေ့နေတဲ့ မြန်မာအကျဉ်သား ထောင်ဂဏန်းလောက်ရှိနေတာပါ ။

မလေးရှားအစိုးရကလည်း တရားမဝင် နေထိုင်သူတွေ အနေနဲ့ ဒဏ်ကြေးပေးပြီး နေရပ်ပြန်နိုင်ဖို့လမ်းကိုလည်း ဖွင့်ထားပါတယ်။ မလေးရှားနိုင်ငံမှာ အလုပ်အကိုင်အခက်အခဲ ကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံနယ်စပ်ဒေသတွေကနေ တရားမဝင်ပြန်ဖို့ ကြိုးစားရာက ဖမ်းဆီးမှုတွေလည်းကြုံနေရပါတယ်။ မြန်မာအစိုးရကတော့ နေရပ်ပြန်မယ့်သူတွေမြန်မြန်ဆန်ဆန်ပြန်နိုင်ရေးအတွက် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စတင်ပြီး ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်တွေ တိုးချဲ့ပျံသန်းမယ်ဆိုပြီးကြေညာခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG