သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားထောင်တွင်း လွတ်ရက်စေ့မြန်မာတချို့ နေရပ်ပြန်


ဇန်နဝါရီလ ၂၀ ရက်နေ့က ထိန်းသိမ်းရေးစခန်းတွေကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတချို့။ (ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဇန်နဝါရီ ၂၀၊ ၂၀၂၁)
ဇန်နဝါရီလ ၂၀ ရက်နေ့က ထိန်းသိမ်းရေးစခန်းတွေကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတချို့။ (ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဇန်နဝါရီ ၂၀၊ ၂၀၂၁)

[Zawgyi/Unicode]

ကိုဗစ်ကပ်ဘေးကာလ မလေးရှားနိုင်ငံမှာ ပိတ်မိနေသူတွေနဲ့ ထိန်းသိမ်းခံထားရတဲ့အကျဉ်းသားတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော် ဒီကနေ့ပဲ နေရပ်ပြန်ခွင့်ရခဲ့ကြတဲ့အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကာလ မလေးရှားနိုင်ငံမှာ သောင်တင်နေသူတွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ လွတ်ရက်စေ့နေတဲ့ မြန်မာတွေကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့နေရာမှာ နောက်ထက် ၁၀၀ ကျော် ပြန်ခွင့်ရခဲ့ကြတာပါ။ ဒီကနေ့ နေရပ်ပြန်ခွင့်ရသူတွေကိုတော့ ကိုဗစ်ရောဂါပိုး ကင်းရှင်းကြောင်း စစ်ဆေးပြီးမှ ခွင့်ပြုခဲ့တာလို့လည်း မလေးရှားနိုင်ငံအခြေစိုက် မြန်မာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

"ထိန်းသိမ်းစခန်းထဲက ပြန်ခွင့်ရသူတွေက ၁၇ ယောက်ပါတယ်။ မိန်းကလေး ၁၂ ယောက် ယောက်ျားလေး ၅ ယောက်ပါ။ မလေးရှား ထိန်းသိမ်းရေးစခန်းမှာကို ကိုဗစ်ကာလမှာ ကျန်းမာရေးပိုပြီး စိစစ်မှုတွေရှိတယ်။ တကယ်ကျန်းမာပြီး နေကောင်းတဲ့သူတွေ ကျန်းမာရေး စီစစ်မှု အောင်မြင်တဲ့သူတွေကိုပဲ ပြန်ပို့တာပါ။ တချို့ ထိန်းသိမ်းစခန်းတွေမှာက ကျန်းမာရေးမကောင်းလို့ ပြန်မယ့်သူတွေကို ပြန်ခါနီးမှာ လူစာရင်းတွေ လျှော့ချလိုက်တာလည်း ရှိတယ်။ ထိန်းသိမ်းရေးစခန်းမှာလည်း ကျန်းမာရေး မကောင်းတဲ့သူတွေ ရှိနေကြတာပဲ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်နေကြတာဆိုတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ကျန်းမာရေးအရ တကယ့်ကို စစ်ဆေးတယ်။ ပြန်ရမယ့်သူတွေကိုတော့ ကျန်းမာရေး ၁၀၀ ရာခိုင်နှုန်းပြည့်ကောင်းမှသာ သက်ဆိုင်ရာနေရပ်ရင်းနိုင်ငံကို ပြန်ပို့တယ်။ မကောင်းရင်တော့ ပြန်ခွင့်မပေးဘူး။ စောင့်ကြည့်ရေးစင်တာမှာ ထားပြီး ဆေးဝါး ကုသပေးပါတယ်။ ထိန်းသိမ်းရေးစခန်းမှာ သီးသန့်ထားပေးပါတယ်။"

ဇန်နဝါရီလ ၂၀ ရက်နေ့က ထိန်းသိမ်းရေးစခန်းတွေကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတချို့။ (ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဇန်နဝါရီ ၂၀၊ ၂၀၂၁)
ဇန်နဝါရီလ ၂၀ ရက်နေ့က ထိန်းသိမ်းရေးစခန်းတွေကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတချို့။ (ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဇန်နဝါရီ ၂၀၊ ၂၀၂၁)

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် အရေးပေါ် အခြေအနေ ကြေညာထားရတဲ့ မလေးရှားနိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတချို့မှာပါ ရောဂါကူးစက်မှုတွေ စစ်ဆေးတွေ့ရှိထားပါတယ်။ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ အသွားအလာတွေနဲ့ လူစုလူဝေးမဖြစ်အောင် ကန့်သတ်ထားချိန်မှာ ထိန်းသိမ်းရေးစခန်းတွေမှာလည်း လူတွေလျှော့ချနေတယ်လို့ လူမှုကူညီရေးအသင်းက ဦစန်းဝင်းကပြောပါတယ်။

"မလေးရှား လဝကစခန်းက အရာရှိတွေက ပြောတယ်။ ထိန်းသိမ်းရေးစခန်းတွေမှာတော့ ကပ်ရောဂါကာလမှာ အရင်လို ကြပ်ပိတ်ပြီးထားတာမျိုး မရှိဘူး။ အဆင်ပြေအောင်ထားတဲ့အကြောင်း ပြောပြကြတယ်။"

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀၀ ကျော်ကူးစက်သူ ၁၆၅,၀၀၀ ကျော်ရှိနေတဲ့ မလေးရှားနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း နေ့စဉ် လူဦးရေထောင်ဂဏန်းလောက် ကပ်ရောဂါပိုး ကူးစက်နေချိန်မှာ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG