သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူကုန္ကူးခံ ႐ိုဟင္ဂ်ာကေလး ၄၀ ခန္႔ မေလးရွားအာဏာပိုင္ေတြ ကယ္တင္


မေလးရွားရဲတပ္ဖြဲ႔က ကယ္ဆယ္ခဲ့တဲ့ ႐ုိဟင္ဂ်ာလူငယ္မ်ား။ (ဓာတ္ပုံ - Jabatan Immigration)

(Zawgyi / Unicode)

မေလးရွားႏိုင္ငံ ကြာလာလမ္ပူအနီးက မ်က္ႏွာဖံုး (Mask) ေတြခ်ဳပ္လုပ္တဲ့ စက္႐ုံမွာ လုပ္အားခမေပးဘဲ ခိုင္းေစခံထားရတဲ့ UNHCR လက္မွတ္ ကိုင္ေဆာင္ထားတဲ့ ႐ုိဟင္ဂ်ာကေလး ၄၀ နီးပါးကို မေလးရွားရဲက ကယ္ဆယ္ခဲ့ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

မေလးရွားႏုိင္ငံ ကြာလာလမ္ပူအနီးက မ်က္ႏွာဖံုးေတြခ်ဳပ္လုပ္တဲ့ စက္႐ုံကုိ မေလးရွားႏုိင္ငံ လူကုန္ကူးမႈတုိက္ဖ်က္ေရးဌာန၊ မေလးရွားရဲတပ္ဖဲြ႔၊ ျပည္ထဲေရးဌာနတို႔ ပူးေပါင္းၿပီး ဝင္ေရာက္ရွာေဖြခဲ့ရာမွာ လုပ္အားခမေပးဘဲ ခိုင္းေစခံထားရတဲ့ ႐ုိဟင္ဂ်ာကေလး ၃၈ ဦးကို ကယ္ဆယ္ႏုိင္ခဲ့တယ္လုိ႔ မေလးရွား Japatan လဝက က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒီအေၾကာင္းနဲ႔ပတ္သက္လို႔ မေလးရွားႏိုင္ငံမွာ အေနၾကာ ေနထုိင္ေနတဲ့ ျမန္မာႏုိင္ငံသားတဦးျဖစ္တဲ့ ဦးသန္းထြန္းက အခုလိုေျပာျပပါတယ္။

“ကြာလာလမ္ပူနဲ႔ အနီးအနားက Mask ေတြခ်ဳပ္လုပ္တဲ့ စက္႐ုံေပါ့။ အလုပ္ခိုင္းၿပီး လစာမေပးတာေပါ့။ အသက္ ၁၃ ႏွစ္ကေန ၁၇ ႏွစ္ၾကား ႐ုိဟင္ဂ်ာကေလးေတြ လူငယ္ေလးေတြ ၃၈ ဦးေပါ့။ အဲဒီစက္႐ုံ ကုမၸဏီက အလုပ္ခုိင္းၿပီး လစာမေပးတာေပါ့။ မေလးရွားရဲက သူတုိ႔ကုိ ကယ္ထုတ္လိုက္တဲ့ သေဘာေပါ့။”

လုပ္အားခမေပးဘဲ ခိုင္းေစခံထားရဲ႕ ကေလးေတြဟာ UNHCR ကုလသမဂၢ မဟာမင္းႀကီး႐ုံးက ဒုကၡသည္ျဖစ္ေၾကာင္း ထုတ္ေပးထားတဲ့ အေထာက္အထားေတြ ကုိင္ေဆာင္ထားတယ္လုိ႔လည္း ေျပာျပပါတယ္။

“သူတို႔က UNHCR ကတ္ ကုိင္ထားတဲ့ ႐ုိဟင္ဂ်ာ ကေလးေတြေပ့ါ။ သူတို႔သူေဌး စက္႐ုံပုိင္ရွင္က သူတို႔ကုိ အလုပ္ေခၚခိုင္းတာ တရက္ကုိ မေလးရွားရင္းဂစ္ ၄၅ ေပးမယ္ေပါ့၊ သူတို႔ကို အလုပ္ေခၚခိုင္းတာ ၂ ပတ္တႀကိမ္ လုပ္အားခရွင္းမယ္ေျပာတယ္။ သူတို႔ကိုခိုင္းထားတာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာကတည္းက လုပ္အားခမေပးဘဲ ခိုင္းထားတာ။ မေလးရွားရဲက ကယ္ထုတ္လိုက္တာ။ လူ႔အခြင့္အေရး ခ်ဳိးေဖာက္တဲ့သေဘာေပါ့။ Mask စက္႐ုံကလည္း ေလာ့ေဒါင္းကာလ (ကန္႔သတ္ပိတ္ဆို႔မႈေတြ လုပ္ထားတဲ့ကာလ) မွာလည္း Mask စက္႐ုံဆုိေတာ့ အလုပ္ေတြကေတာ့ လုပ္ေနရတယ္။”

ကေလးေတြကုိ လုပ္အားခမေပးဘဲ ခိုင္းေစထားတဲ့ တာဝန္ရွိသူ လူ ၆ ဦးထက္မနည္းကိုလည္း မေလးရွားအာဏာပုိင္ေတြက ဖမ္းဆီးခဲ့ၿပီး စံုစမ္းစစ္ေဆးမႈေတြ လုပ္ေနပါတယ္။ ဒီစက္႐ုံမွာေတာ့ UNHCR ကတ္ ကုိင္ေဆာင္ထားတဲ့ အရြယ္ေရာက္ၿပီးသား လူ ၁၅၀ ေက်ာ္လည္း အလုပ္လုပ္ကုိင္ေနၾကတယ္လို႔ ဆုိပါတယ္။

မေလးရွားႏို္င္ငံမွာေတာ့ လက္ရွိ ကိုဗစ္ကပ္ေရာဂါ ျဖစ္ပြားမႈႏႈန္းေတြ တုိးလာတာေၾကာင့္ ႏိုင္ငံျခားသား အလုပ္သမားေတြကိုလည္း ပုိမုိတင္းက်ပ္ၿပီး စစ္ေဆးေနသလို ၾသဂုတ္လအထိ တႏုိင္ငံလံုး ကုိဗစ္အေရးေပၚကာလအျဖစ္ သတ္မွတ္ေၾကညာထားပါတယ္။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၀၀ နီးပါး၊ ကူးစက္သူ ၁၅၅,၀၀၀ ေက်ာ္ရွိေနတဲ့ မေလးရွားႏုိင္ငံမွာ ဒီရက္ပုိင္းအတြင္း ေန႔စဥ္္ လူဦးေရေထာင္ဂဏန္းေလာက္ ကပ္ေရာဂါပိုး ကူးစက္ေနတာေတြေၾကာင့္္ တရားမဝင္ ႏုိင္ငံျခားသား အလုပ္သမားေတြကို ပုိမိုတင္းက်ပ္စြာ စစ္ေဆးေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

လူကုန်ကူးခံ ရိုဟင်ဂျာကလေး ၄၀ ခန့် မလေးရှားအာဏာပိုင်တွေ ကယ်တင်

မလေးရှားနိုင်ငံ ကွာလာလမ်ပူအနီးက မျက်နှာဖုံး (Mask) တွေချုပ်လုပ်တဲ့ စက်ရုံမှာ လုပ်အားခမပေးဘဲ ခိုင်းစေခံထားရတဲ့ UNHCR လက်မှတ် ကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာကလေး ၄၀ နီးပါးကို မလေးရှားရဲက ကယ်ဆယ်ခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူအနီးက မျက်နှာဖုံးတွေချုပ်လုပ်တဲ့ စက်ရုံကို မလေးရှားနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန၊ မလေးရှားရဲတပ်ဖွဲ့၊ ပြည်ထဲရေးဌာနတို့ ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေခဲ့ရာမှာ လုပ်အားခမပေးဘဲ ခိုင်းစေခံထားရတဲ့ ရိုဟင်ဂျာကလေး ၃၈ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ မလေးရှား Japatan လဝက က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံမှာ အနေကြာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ ဦးသန်းထွန်းက အခုလိုပြောပြပါတယ်။

“ကွာလာလမ်ပူနဲ့ အနီးအနားက Mask တွေချုပ်လုပ်တဲ့ စက်ရုံပေါ့။ အလုပ်ခိုင်းပြီး လစာမပေးတာပေါ့။ အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြား ရိုဟင်ဂျာကလေးတွေ လူငယ်လေးတွေ ၃၈ ဦးပေါ့။ အဲဒီစက်ရုံ ကုမ္ပဏီက အလုပ်ခိုင်းပြီး လစာမပေးတာပေါ့။ မလေးရှားရဲက သူတို့ကို ကယ်ထုတ်လိုက်တဲ့ သဘောပေါ့။”

လုပ်အားခမပေးဘဲ ခိုင်းစေခံထားရဲ့ ကလေးတွေဟာ UNHCR ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ဒုက္ခသည်ဖြစ်ကြောင်း ထုတ်ပေးထားတဲ့ အထောက်အထားတွေ ကိုင်ဆောင်ထားတယ်လို့လည်း ပြောပြပါတယ်။

“သူတို့က UNHCR ကတ် ကိုင်ထားတဲ့ ရိုဟင်ဂျာ ကလေးတွေပေ့ါ။ သူတို့သူဌေး စက်ရုံပိုင်ရှင်က သူတို့ကို အလုပ်ခေါ်ခိုင်းတာ တရက်ကို မလေးရှားရင်းဂစ် ၄၅ ပေးမယ်ပေါ့၊ သူတို့ကို အလုပ်ခေါ်ခိုင်းတာ ၂ ပတ်တကြိမ် လုပ်အားခရှင်းမယ်ပြောတယ်။ သူတို့ကိုခိုင်းထားတာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကတည်းက လုပ်အားခမပေးဘဲ ခိုင်းထားတာ။ မလေးရှားရဲက ကယ်ထုတ်လိုက်တာ။ လူ့အခွင့်အရေး ချိုးဖောက်တဲ့သဘောပေါ့။ Mask စက်ရုံကလည်း လော့ဒေါင်းကာလ (ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ထားတဲ့ကာလ) မှာလည်း Mask စက်ရုံဆိုတော့ အလုပ်တွေကတော့ လုပ်နေရတယ်။”

ကလေးတွေကို လုပ်အားခမပေးဘဲ ခိုင်းစေထားတဲ့ တာဝန်ရှိသူ လူ ၆ ဦးထက်မနည်းကိုလည်း မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဒီစက်ရုံမှာတော့ UNHCR ကတ် ကိုင်ဆောင်ထားတဲ့ အရွယ်ရောက်ပြီးသား လူ ၁၅၀ ကျော်လည်း အလုပ်လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာတော့ လက်ရှိ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုနှုန်းတွေ တိုးလာတာကြောင့် နိုင်ငံခြားသား အလုပ်သမားတွေကိုလည်း ပိုမိုတင်းကျပ်ပြီး စစ်ဆေးနေသလို သြဂုတ်လအထိ တနိုင်ငံလုံး ကိုဗစ်အရေးပေါ်ကာလအဖြစ် သတ်မှတ်ကြေညာထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀၀ နီးပါး၊ ကူးစက်သူ ၁၅၅,၀၀၀ ကျော်ရှိနေတဲ့ မလေးရှားနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း နေ့စဉ် လူဦးရေထောင်ဂဏန်းလောက် ကပ်ရောဂါပိုး ကူးစက်နေတာတွေကြောင့် တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ပိုမိုတင်းကျပ်စွာ စစ်ဆေးနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG