သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားမွာ ထိန္းသိမ္းခံခဲ့ရသူေတြအပါအဝင္ ျမန္မာ ၁၇၀ ေက်ာ္ ေနရပ္ျပန္ခြင့္ရ


မေလးရွားႏိုင္ငံကေန ေနရပ္ျပန္ပို႔ခဲ့တဲ့ ျမန္မာႏုိင္ငံသားတခ်ိဳ႕။(ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း(မေလးရွား) - ဒီဇင္ဘာ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

မေလးရွားႏိုင္ငံမွာ ကုိဗစ္ကပ္ေဘးကာလ မေလးရွားႏိုင္ငံမွာ ေရာက္ေနၾကတဲ့ ျမန္မာႏုိင္ငံသား ေနာက္ထပ္ အေယာက္ ၁၇၀ ေက်ာ္ကုိ မေန႔က ေနရပ္ျပန္ပုိ႔ရာမွာ ထိန္းသိမ္းေရးစခန္းေတြထဲက လြတ္ရက္ေစ့အက်ဥ္းသား ၅၀ နီးပါး ပါ၀င္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကပ္ရာဂါကာလ မေလးရွားႏုိင္ငံမွာ ေသာင္တင္ေနသူေတြနဲ႔ ထိန္းသိမ္းခံထားရသူ ျမန္မာႏုိင္ငံသားေတြကုိ သံ႐ုံးအစီအစဥ္နဲ႔ ေနရပ္ျပန္ပုိ႔ေနရာမွာ ေနာက္ထပ္အေယာက္ ၁၇၀ ေက်ာ္ေနရပ္ျပန္ပုိ႔ခဲ့တာပါ။ မေန႔တုန္းက ျပန္ခြင့္ရသူေတြထဲမွာေတာ့ လူ၀င္မႈႀကီးၾကပ္ေရး စခန္းေတြမွာ ထိန္းသိမ္းခံခဲ့ရသူေတြလည္း ပါ၀င္ခဲ့ေၾကာင္း မေလးရွားႏုိင္ငံအေျခစုိက္ ျမန္မာလူမႈကူညီေရးအသင္းဥကၠ႒ ဦးစန္း၀င္းက ေျပာပါတယ္။

"၃၇ ႀကိ္မ္ေျမာက္ကယ္ဆယ္ေရးေလယာဥ္မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရတဲ့ ျမန္မာႏို္င္ငံသား ၄၅ ဦးနဲ႔ ကေလးငယ္ေတြအပါအ၀င္ အားလံုးေပါ့ေလ... ၁၇၄ ဦး ျမန္မာႏို္င္ငံကုိျပန္သြားပါတယ္။"

ကိုဗစ္အေရးေပၚကာလမွာ မေလးရွားႏို္င္ငံထဲကုိ ခိုး၀င္ခဲ့တဲ့ သူေတြကုိ ဖမ္းဆီးရာမွာ ကေလးငယ္ရွိတဲ့ အမ်ိဳးသမီးေတြ ကုိယ္၀န္ေဆာင္ေတြပါ ပါ၀င္တာေၾကာင့္ မေန႔က ေနရပ္ျပန္ပုိ႔တဲ့အထဲမွာ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ ပါ၀င္တယ္လို႔ ဆိုပါတယ္။

"ကေလးေတြက အငယ္ဆံုးကေလးက ၂၂ ရက္ပဲ ရွိေသးတယ္။ သူက ကုိယ္၀န္ႀကီးနဲ႔ အဖမ္းခံရတယ္။ အဖမ္းခံရျပီး ေထာင္ထဲမွာေမြးတာ ေမြးျပီးျပန္ရက္ေစ့တဲ့အခါ သူျပန္သြားရတာ။ အိမ္ေထာင္စုက ၂ စုပါပါတယ္။ အိမ္ေထာင္တစုကေတာ့ သူ့တို႔အိမ္က လန္ကာ၀ီမွာ သူတို႔က ထုိင္းနယ္စပ္ကေန တက္လာတာ သူ႔အိမ္ကုိ ၀င္ဖမ္းတဲ့အခါမွာ ၄ ႏွစ္ရြယ္သမိီး ေလးတေယာက္နဲ႔ ၂ ႏွစ္ခဲြအရြယ္သမီးေလး တေယာက္၊ အားလံုးေပါင္းဆို ၃ ေယာက္၊ ရက္သားအရြယ္ကေလးနဲ႔ဆို အားလံုးေပါင္း ၃ ေယာက္ပါသြားတယ္။"

အမ်ိဳးသမီးေတြဟာ ထုိင္းမေလးနယ္စပ္ကေန ခိုး၀င္ၾကသူေတြျဖစ္ျပီး ကုိဗစ္အေရးေပၚကာလ ေအာ္ပေရာစီစစ္ဆင္ေရးေတြနဲ႔ ဖမ္းဆီးခံရသူေတြျဖစ္ၾကပါတယ္။

မေလးရွားႏိုင္ငံကေန ေနရပ္ျပန္ပို႔ခဲ့တဲ့ ျမန္မာႏုိင္ငံသားတခ်ိဳ႕။(ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း(မေလးရွား) - ဒီဇင္ဘာ ၁၆၊ ၂၀၂၀)
မေလးရွားႏိုင္ငံကေန ေနရပ္ျပန္ပို႔ခဲ့တဲ့ ျမန္မာႏုိင္ငံသားတခ်ိဳ႕။(ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း(မေလးရွား) - ဒီဇင္ဘာ ၁၆၊ ၂၀၂၀)

အက်ဥ္းစခန္းကေန ေနရပ္ျပန္သူေတြကိုေတာ့ မေလးရွားႏို္င္ငံက ျမန္မာပရဟိတအဖဲြ ့အစည္းေတြနဲ႔ ေစတနာရွင္ေတြက အစားအေသာက္နဲ႔ အ၀တ္အစားေတြ အေႏြးထည္ေတြကုိ လွဴဒါန္းေပးခဲ့ပါတယ္။

ကပ္ေရာဂါကာလမွာ ထိန္းသိမ္းေရးစခန္း ၁၃ ခုက ျမန္မာ ၁,၀၀၀ ေက်ာ္ကို ႏို၀င္ဘာလထဲမွာ ေနရပ္ျပန္ပုိ႔ခဲ့ျပီး အခုေနာက္ထပ္လည္း ဒီဇင္ဘာလထဲမွာ လြတ္ရက္ေစ့သူေတြကုိ ျပန္လႊတ္ေပးေနတာပါ။

ခန္႔မွန္းေျခ ျမန္မာႏုိင္ငံသား ၅၅၀,၀၀၀ ေလာက္ အလုပ္လုပ္ကုိင္ေနတဲ့ မေလးရွားမွာ ကုိဗစ္ကပ္ေရာဂါကာလအတြင္း စား၀တ္ေနေရးနဲ႔ အလုပ္အကုိင္ အခက္အခဲေတြေႀကာင့့့္ ေနရပ္ျပန္ဖုိ႔ ျမန္မာသံရံုးမွာ စာရင္းေပးသြင္းထားသူ ၁၀,၀၀၀ ေက်ာ္ရွိေနပါတယ္။ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၄၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၈၇,၀၀၀ ေက်ာ္ ရွိေနတဲ့ မေလးရွားႏုိင္ငံမွာ ေနာက္ထပ္ ကူးစက္မႈေတြ တုိးလာေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံသားေတြ ေနရပ္ျပန္ေနၾကတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားမှာ ထိန်းသိမ်းခံခဲ့ရသူတွေအပါအဝင် မြန်မာ ၁၇၀ ကျော် နေရပ်ပြန်ခွင့်ရ

မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကာလ မလေးရှားနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသား နောက်ထပ် အယောက် ၁၇၀ ကျော်ကို မနေ့က နေရပ်ပြန်ပို့ရာမှာ ထိန်းသိမ်းရေးစခန်းတွေထဲက လွတ်ရက်စေ့အကျဉ်းသား ၅၀ နီးပါး ပါဝင်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကပ်ရာဂါကာလ မလေးရှားနိုင်ငံမှာ သောင်တင်နေသူတွေနဲ့ ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့နေရာမှာ နောက်ထပ်အယောက် ၁၇၀ ကျော်နေရပ်ပြန်ပို့ခဲ့တာပါ။ မနေ့တုန်းက ပြန်ခွင့်ရသူတွေထဲမှာတော့ လူဝင်မှုကြီးကြပ်ရေး စခန်းတွေမှာ ထိန်းသိမ်းခံခဲ့ရသူတွေလည်း ပါဝင်ခဲ့ကြောင်း မလေးရှားနိုင်ငံအခြေစိုက် မြန်မာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

"၃၇ ကြိမ်မြောက်ကယ်ဆယ်ရေးလေယာဉ်မှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၄၅ ဦးနဲ့ ကလေးငယ်တွေအပါအဝင် အားလုံးပေါ့လေ... ၁၇၄ ဦး မြန်မာနိုင်ငံကိုပြန်သွားပါတယ်။"

ကိုဗစ်အရေးပေါ်ကာလမှာ မလေးရှားနိုင်ငံထဲကို ခိုးဝင်ခဲ့တဲ့ သူတွေကို ဖမ်းဆီးရာမှာ ကလေးငယ်ရှိတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တွေပါ ပါဝင်တာကြောင့် မနေ့က နေရပ်ပြန်ပို့တဲ့အထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

"ကလေးတွေက အငယ်ဆုံးကလေးက ၂၂ ရက်ပဲ ရှိသေးတယ်။ သူက ကိုယ်ဝန်ကြီးနဲ့ အဖမ်းခံရတယ်။ အဖမ်းခံရပြီး ထောင်ထဲမှာမွေးတာ မွေးပြီးပြန်ရက်စေ့တဲ့အခါ သူပြန်သွားရတာ။ အိမ်ထောင်စုက ၂ စုပါပါတယ်။ အိမ်ထောင်တစုကတော့ သူ့တို့အိမ်က လန်ကာဝီမှာ သူတို့က ထိုင်းနယ်စပ်ကနေ တက်လာတာ သူ့အိမ်ကို ဝင်ဖမ်းတဲ့အခါမှာ ၄ နှစ်ရွယ်သမီး လေးတယောက်နဲ့ ၂ နှစ်ခွဲအရွယ်သမီးလေး တယောက်၊ အားလုံးပေါင်းဆို ၃ ယောက်၊ ရက်သားအရွယ်ကလေးနဲ့ဆို အားလုံးပေါင်း ၃ ယောက်ပါသွားတယ်။"

အမျိုးသမီးတွေဟာ ထိုင်းမလေးနယ်စပ်ကနေ ခိုးဝင်ကြသူတွေဖြစ်ပြီး ကိုဗစ်အရေးပေါ်ကာလ အော်ပရောစီစစ်ဆင်ရေးတွေနဲ့ ဖမ်းဆီးခံရသူတွေဖြစ်ကြပါတယ်။

မေလးရွားႏိုင္ငံကေန ေနရပ္ျပန္ပို႔ခဲ့တဲ့ ျမန္မာႏုိင္ငံသားတခ်ိဳ႕။(ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း(မေလးရွား) - ဒီဇင္ဘာ ၁၆၊ ၂၀၂၀)
မေလးရွားႏိုင္ငံကေန ေနရပ္ျပန္ပို႔ခဲ့တဲ့ ျမန္မာႏုိင္ငံသားတခ်ိဳ႕။(ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း(မေလးရွား) - ဒီဇင္ဘာ ၁၆၊ ၂၀၂၀)

အကျဉ်းစခန်းကနေ နေရပ်ပြန်သူတွေကိုတော့ မလေးရှားနိုင်ငံက မြန်မာပရဟိတအဖွဲ့အစည်းတွေနဲ့ စေတနာရှင်တွေက အစားအသောက်နဲ့ အဝတ်အစားတွေ အနွေးထည်တွေကို လှူဒါန်းပေးခဲ့ပါတယ်။

ကပ်ရောဂါကာလမှာ ထိန်းသိမ်းရေးစခန်း ၁၃ ခုက မြန်မာ ၁,၀၀၀ ကျော်ကို နိုဝင်ဘာလထဲမှာ နေရပ်ပြန်ပို့ခဲ့ပြီး အခုနောက်ထပ်လည်း ဒီဇင်ဘာလထဲမှာ လွတ်ရက်စေ့သူတွေကို ပြန်လွှတ်ပေးနေတာပါ။

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားမှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် နေရပ်ပြန်ဖို့ မြန်မာသံရုံးမှာ စာရင်းပေးသွင်းထားသူ ၁၀,၀၀၀ ကျော်ရှိနေပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၄၀၀ ကျော်နဲ့ ကူးစက်သူ ၈၇,၀၀၀ ကျော် ရှိနေတဲ့ မလေးရှားနိုင်ငံမှာ နောက်ထပ် ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်နေကြတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG