သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားမွာ ပိတ္မိေနတဲ့ ျမန္မာ ၁၇၀ ေက်ာ္ ေနရပ္ျပန္ပို႔ခဲ့


ထိန္းသိမ္းစခန္းက ျမန္မာမ်ား ဒီဇင္ဘာလ ၁၄ ရက္ေန့က ေနရပ္ျပန္တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ျမန္မာလူမူ ့ကူညီေရးအသင္း (မေလးရွား) - ဒီဇင္ဘာ ၁၄၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေဘးကာလ မေလးရွားႏိုင္ငံမွာေရာက္ေနၾကတဲ့ ျမန္မာႏုိင္ငံသား ေနာက္ထပ္ အေယာက္ ၁၇၀ ေက်ာ္ကုိ ေနရပ္ျပန္ပုိ႔ရာမွာ ထိန္းသိမ္းေရးစခန္းေတြထဲက လြတ္ရက္ေစ့အက်ဥ္းသား ၅၀ နီးပါး ပါ၀င္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကပ္ရာဂါကာလ မေလးရွားႏုိင္ငံမွာ ေသာင္တင္ေနသူေတြနဲ႔ ထိန္းသိမ္းခံထားရသူ ျမန္မာႏုိင္ငံသားေတြကုိ သံ႐ုံးအစီအစဥ္နဲ႔ ေနရပ္ျပန္ပုိ႔ေနရာမွာ ေနာက္ထပ္အေယာက္ ၁၇၀ ေနရပ္ျပန္ပုိ႔ခဲ့တာပါ။ မေန႔တုန္းက ျပန္ခြင့္ရသူေတြထဲမွာေတာ့ လူ၀င္မႈႀကီးၾကပ္ေရး စခန္းေတြမွာ ထိန္းသိမ္းခံခဲ့ရသူေတြလည္း ပါ၀င္ခဲ့ေၾကာင္း မေလးရွားႏုိင္ငံအေျခစုိက္ ျမန္မာလူမူကူညီေရးအသင္းဥကၠ႒ ဦးစန္း၀င္းက ေျပာပါတယ္။

“ျမန္မာႏိုင္ငံသားစုစုေပါင္းက ၁၇၃ ဦး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထိန္းသိမ္းေရးစခန္းထဲက ထိန္းသိမ္းထားတဲ့ camp ထဲကသူ ၄၇ ဦးပါတယ္။ အမ်ိဳးသမီးေတြလည္း ၁၀ ဦး ပါတယ္တေယာက္နဲ႔ တေယာက္လြတ္ရက္ေတြ မတူၾကဘူး။ မေလးရွားလ၀က ဌာနက ခြင့္ျပဳမွ ျပန္ခြင့္ရၾကတာပါ။ အခုျပန္ရတာ အခု ၄၇ ေယာက္ကေတာ့ ျပန္ခြင့္ရတဲ့သူေတြပါ။ တခ်ိဳ႕က ၅ လ ထိေနခဲ့ရတယ္။ တခ်ိဳ႕လည္း ၃ လ ရွိတယ္။ တခ်ိဳ႕က ၇ လထိေနခဲ့ရတယ္။ ျမန္မာသံအမတ္ႀကီး အသစ္ကုိယ္တိုင္သူတို႔ကုိ လာေရာက္ေတြ႔ဆံုတယ္။ ျမန္မာျပည္ျပန္ေရာက္ရင္လည္း က်န္းက်န္းမာမာေနထိုင္ၾကဖို႔ကုိ သံအမတ္ႀကီးကုိယ္တိုင္ လာေရာက္ေျပာဆုိသြားပါတယ္။”

အက်ဥ္းစခန္းကေန ေနရပ္ျပန္သူေတြကိုေတာ့ မေလးရွားႏို္င္ငံကျမန္မာပရဟိတအဖဲြ ့အစည္းေတြကအစားအေသာက္နဲ႔ အ၀တ္အစားေတြကုိ လွဴဒါန္းေပးခဲ့ပါတယ္။

ကုိဗစ္ကပ္ေဘးကာလမွာ ႏုိင္ငံတြင္း တရားမ၀င္ေရာက္ရွိေနတဲ့ ျမန္မာႏုိင္ငံသားေတြ အပါအ၀င္ ႏုိင္ငံျခားသားေတြ ေနရပ္ျပန္ခ်င္တယ္ဆုိရင္ သတ္မွတ္ထားတဲ့ ဒဏ္ေၾကးေငြ ေပးေဆာင္ၿပီး ႏုိ၀င္ဘာလ ၁၆ ရက္ေန႔ကေန ေရွ႕ႏွစ္ ဇြန္လ ၃၀ အတြင္း ျပန္ႏုိင္ေၾကာင္း မေလးရွား တာ၀န္ရွိသူေတြက ခြင့္ျပဳထားပါတယ္။ ထိန္းသိမ္းေရးစခန္းက လြတ္ရက္ေစ့သူေတြကေတာ့ ဒဏ္ေၾကးေပးစရာမလုိဘဲ ျပန္ခြင့္ျပဳထားပါတယ္။ ကပ္ေရာဂါကာလမွာ ထိမ္းသိမ္းေရးစခန္း ၁၃ ခုက ျမန္မာ ၁,၀၀၀ ေက်ာ္ကို ႏို၀င္ဘာလထဲမွာ ေနရပ္ျပန္ပုိ႔ခဲ့ျပီး အခုေနာက္ထပ္လည္း လြတ္ရက္ေစ့သူေတြကုိ ျပန္လႊတ္ေပးေနတာပါ။

ခန႔္မွန္းေျခ ျမန္မာႏုိင္ငံသား ၅၅,၀၀၀ ေလာက္အလုပ္လုပ္ကုိင္ေနတဲ့ မေလးရွားမွာ ကုိဗစ္ကပ္ေရာဂါကာလအတြင္း စား၀တ္ေနေရးနဲ႔ အလုပ္အကုိင္ အခက္အခဲေတြေၾကာင့့့္ ေနရပ္ျပန္ဖုိ့ ျမန္မာသံရံုးမွာ စာရင္းေပးသြင္းထားသူ ၁၀,၀၀၀ ေက်ာ္ရွိေနပါတယ္။ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၄၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၈၅,၀၀၀ ေလာက္ ရွိေနတဲ့ မေလးရွားႏုိင္ငံမွာ ေနာက္ထပ္ ကူးစက္မႈေတြ တုိးလာေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံသားေတြ ေနရပ္ျပန္ေနၾကတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားမှာ ပိတ်မိနေတဲ့ မြန်မာ ၁၇၀ ကျော် နေရပ်ပြန်ပို့ခဲ့

ကိုဗစ်ကပ်ဘေးကာလ မလေးရှားနိုင်ငံမှာရောက်နေကြတဲ့ မြန်မာနိုင်ငံသား နောက်ထပ် အယောက် ၁၇၀ ကျော်ကို နေရပ်ပြန်ပို့ရာမှာ ထိန်းသိမ်းရေးစခန်းတွေထဲက လွတ်ရက်စေ့အကျဉ်းသား ၅၀ နီးပါး ပါဝင်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကပ်ရာဂါကာလ မလေးရှားနိုင်ငံမှာ သောင်တင်နေသူတွေနဲ့ ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့နေရာမှာ နောက်ထပ်အယောက် ၁၇၀ နေရပ်ပြန်ပို့ခဲ့တာပါ။ မနေ့တုန်းက ပြန်ခွင့်ရသူတွေထဲမှာတော့ လူဝင်မှုကြီးကြပ်ရေး စခန်းတွေမှာ ထိန်းသိမ်းခံခဲ့ရသူတွေလည်း ပါဝင်ခဲ့ကြောင်း မလေးရှားနိုင်ငံအခြေစိုက် မြန်မာလူမူကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

ထိန္းသိမ္းစခန္းက ျမန္မာမ်ား ဒီဇင္ဘာလ ၁၄ ရက္ေန့က ေနရပ္ျပန္တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ျမန္မာလူမူ ့ကူညီေရးအသင္း (မေလးရွား) - ဒီဇင္ဘာ ၁၄၊ ၂၀၂၀)
ထိန္းသိမ္းစခန္းက ျမန္မာမ်ား ဒီဇင္ဘာလ ၁၄ ရက္ေန့က ေနရပ္ျပန္တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ျမန္မာလူမူ ့ကူညီေရးအသင္း (မေလးရွား) - ဒီဇင္ဘာ ၁၄၊ ၂၀၂၀)

“မြန်မာနိုင်ငံသားစုစုပေါင်းက ၁၇၃ ဦး အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းရေးစခန်းထဲက ထိန်းသိမ်းထားတဲ့ camp ထဲကသူ ၄၇ ဦးပါတယ်။ အမျိုးသမီးတွေလည်း ၁၀ ဦး ပါတယ်တယောက်နဲ့ တယောက်လွတ်ရက်တွေ မတူကြဘူး။ မလေးရှားလဝက ဌာနက ခွင့်ပြုမှ ပြန်ခွင့်ရကြတာပါ။ အခုပြန်ရတာ အခု ၄၇ ယောက်ကတော့ ပြန်ခွင့်ရတဲ့သူတွေပါ။ တချို့က ၅ လ ထိနေခဲ့ရတယ်။ တချို့လည်း ၃ လ ရှိတယ်။ တချို့က ၇ လထိနေခဲ့ရတယ်။ မြန်မာသံအမတ်ကြီး အသစ်ကိုယ်တိုင်သူတို့ကို လာရောက်တွေ့ဆုံတယ်။ မြန်မာပြည်ပြန်ရောက်ရင်လည်း ကျန်းကျန်းမာမာနေထိုင်ကြဖို့ကို သံအမတ်ကြီးကိုယ်တိုင် လာရောက်ပြောဆိုသွားပါတယ်။”

အကျဉ်းစခန်းကနေ နေရပ်ပြန်သူတွေကိုတော့ မလေးရှားနိုင်ငံကမြန်မာပရဟိတအဖွဲ့အစည်းတွေကအစားအသောက်နဲ့ အဝတ်အစားတွေကို လှူဒါန်းပေးခဲ့ပါတယ်။

ကိုဗစ်ကပ်ဘေးကာလမှာ နိုင်ငံတွင်း တရားမဝင်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေ နေရပ်ပြန်ချင်တယ်ဆိုရင် သတ်မှတ်ထားတဲ့ ဒဏ်ကြေးငွေ ပေးဆောင်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့ကနေ ရှေ့နှစ် ဇွန်လ ၃၀ အတွင်း ပြန်နိုင်ကြောင်း မလေးရှား တာဝန်ရှိသူတွေက ခွင့်ပြုထားပါတယ်။ ထိန်းသိမ်းရေးစခန်းက လွတ်ရက်စေ့သူတွေကတော့ ဒဏ်ကြေးပေးစရာမလိုဘဲ ပြန်ခွင့်ပြုထားပါတယ်။ ကပ်ရောဂါကာလမှာ ထိမ်းသိမ်းရေးစခန်း ၁၃ ခုက မြန်မာ ၁,၀၀၀ ကျော်ကို နိုဝင်ဘာလထဲမှာ နေရပ်ပြန်ပို့ခဲ့ပြီး အခုနောက်ထပ်လည်း လွတ်ရက်စေ့သူတွေကို ပြန်လွှတ်ပေးနေတာပါ။

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅,၀၀၀ လောက်အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားမှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် နေရပ်ပြန်ဖို့ မြန်မာသံရုံးမှာ စာရင်းပေးသွင်းထားသူ ၁၀,၀၀၀ ကျော်ရှိနေပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၄၀၀ ကျော်နဲ့ ကူးစက်သူ ၈၅,၀၀၀ လောက် ရှိနေတဲ့ မလေးရှားနိုင်ငံမှာ နောက်ထပ် ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်နေကြတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG