သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသား နောက်ထပ် ၁၇၀ ကျော် မလေးရှားကနေ အိမ်ပြန်ခွင့်ရ


မလေးရှားနိုင်ငံကနေ နေရပ်ပြန်ကြမယ့် မြန်မာနိုင်ငံသားများ။ (ဒီဇင်ဘာ ၅၊ ၂၀၂၀)
မလေးရှားနိုင်ငံကနေ နေရပ်ပြန်ကြမယ့် မြန်မာနိုင်ငံသားများ။ (ဒီဇင်ဘာ ၅၊ ၂၀၂၀)

(Zawgyi / Unicode)

မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံသား နောက်ထပ် အယောက် ၁၇၀ ကျော် ဒီကနေ့ နေရပ်ပြန်ရာမှာ ထိန်းသိမ်းရေးစခန်း ၁၃ ခုက လွတ်ရက်စေ့ အကျဉ်းသားတွေလည်း ပါဝင်ပါတယ်။ အပြည့်အစုံကို ထိုင်းအြခေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ကိုဗစ်ကပ်ရောဂါကာလ မလေးရှားနိုင်ငံမှာ သောင်တင်နေသူတွေနဲ့ ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့နေရာမှာ ဒီကနေ့ ပြန်ခွင့်ရသူတွေထဲ အကျဉ်းကျပြီးသားလူတွေလည်း ပါတယ်လို့ မလေးရှားအခြေစိုက် မြန်မာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

“ကမ့်ပ်ထဲက ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၃၀၊ ပြင်ပကနေ ပတ်စ်ပို့သမားတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အားလုံးက ၄၅ ယောက် စုစုပေါင်း ၁၇၅ ယောက် ညနေပိုင်းမှာပဲ MAI လေကြောင်းလိုင်းနဲ့ မြန်မာနိုင်ငံကို ပြန်သွားပါတယ်။ ထိန်းသိမ်းရေးစခန်းကတော့ လူတွေ ဝင်လိုက်ထွက်လိုက်ပဲ၊ မလေးရှားမှာ အကြောင်းအမျိုးမျိုးကြောင့် နေထိုင်မှု အထောက်အထားမဲ့တွေလည်း အများကြီးပဲ။ ပြန်တဲ့သူတွေလည်း ပြန်ကြသလို အဖမ်းခံရသူတွေလည်း ရှိနေတော့ အဝင်အထွက်တွေပဲ ဖြစ်နေတယ်။”

ကပ်ဘေးကာလမှာ နိုင်ငံတွင်း တရားမဝင် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေ နေရပ်ပြန်ချင်တယ်ဆိုရင် သတ်မှတ်ထားတဲ့ ဒဏ်ကြေးငွေ ပေးဆောင်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့ကနေ ရှေ့နှစ် ဇွန်လ ၃၀ အတွင်း ပြန်နိုင်ကြောင်း မလေးရှား တာဝန်ရှိသူတွေက ခွင့်ပြုထားပါတယ်။

ဒါ့အပြင် ထိန်းသိမ်းရေးစခန်းက လွက်ရက်စေ့သူတွေ အမည်မည်းစာရင်း မဝင်သူတွေ အနေနဲ့ အလုပ်လုပ်မယ်ဆိုရင်လည်း အလုပ်ရှင်တွေက ငှားရမ်းနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် မြန်မာအကျဉ်းသားတွေ အတွက်ကတော့ အလုပ်အကိုင် ရရှိရေးအတွက် အထောက်အထားတွေကို ရရှိဖို့ စောင့်ရမှာကြောင့် အခက်အခဲတွေ ရှိနိုင်တယ်လို့လည်း ဦးစန်းဝင်းက ပြောပါတယ်။

“ထိန်းသိမ်းရေးစခန်းက လူတွေကတော့ အလုပ်ရရှိရေးအတွက်က အခက်အခဲတွေရှိမယ်။ အခက်အခဲရှိတာက အလုပ်လုပ်မယ်ဆို ပတ်စ်ပို့လိုမယ်၊ မြန်မာနိုင်ငံသား ဖြစ်မယ်ဆိုရင် မှတ်ပုံတင်တို့ သန်းခေါင်စာရင်းတို့ လိုမယ်၊ အထောက်အထားတွေ လိုမယ်၊ အထောက်အထားရှိမှ အလုပ်လုပ်ဖို့ ပတ်စ်ပို့လျှောက်ရမယ်။ မြန်မာနိုင်ငံသား စိစစ်တာကလည်း လေးငါးခြောက်လလောက် ကြာတယ်။ ဒီမှာကြေညာသလို လွယ်လင့်တကူ မရနိုင်ဘူး။”

ထိန်းသိမ်းရေးစခန်း ၁၃ ခုက လွတ်ရက်စေ့ မြန်မာအကျဉ်းသား ၁,၀၀၀ ကျော်ကို မလေးရှားအစိုးရ အစီအစဉ်နဲ့ရော မြန်မာသံရုံး အစီအစဉ်နဲ့ပါ နိုဝင်ဘာလအတွင်း နေရပ်ပြန်ပို့ပေးခဲ့ပါတယ်။ ကျန်နေတဲ့သူတွေကို ဒီဇင်ဘာလမှာလည်း ထပ်ပို့ပေးနေတာ ဖြစ်ပါတယ်။

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅ သိန်းခွဲလောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားမှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် နေရပ်ပြန်ဖို့ မြန်မာသံရုံးမှာ စာရင်းပေးသွင်းထားသူ ၁၀,၀၀၀ ကျော် ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)










XS
SM
MD
LG